ရတနာပုံနေပြည်တော် သတင်းစာ ထွက်လာပါပြီ  သစ်ထူးလွင်ဆိုဒ်က နေပြီး ဖတ်ရတာပါ  ……

     ရွာသား တွေထဲက စိတ်တူကိုယ်တူ ရှိတဲ့ ဒိုးနတ် အဖွဲ့ရဲ့ အလှူ ဂုဏ်ပြုမှတ်တမ်း ဓါတ်ပုံနဲ့ တကွ ပါတယ် … နောက်ပြီး ဂဇတ် မန်ဘာဝင်တွေ ဟိုးးးးးတလောက ဆုပေးပွဲနဲ့ တွေ့ဆုံပွဲ ရွာသားတွေ မှတ်တမ်းတင် ဓါတ်ပုံနဲ့တကွ ဖော်ပြတာကို  ဖတ်ရပါတယ်… အလှူ အတွက် သာဓု ပါခင်ဗျားးးးးးး

ဂဇတ်ရွာထဲမှာ ကဗျာ ဆြာတွေ များပါတယ် ဒါပေမဲ့ စာမျက်နှာ (၁၀) မှာ ဂဇတ်ကဗျာ ဆိုပြီး ပါလာပေမဲ့  ရေးသားသူ မှိုင်း(ဆေး၂) ဆိုပြီး ပါလာတယ်ပေါ့  ရွာသား တဦး ဟုတ်မဟုတ် တော့ မသိရပါဘူး.. မဟုတ်ရင်တော့ ရွာထဲက ကဗျာဆြာတွေကို စိတ်မကောင်းဖြစ်မိတယ်……….ကဗျာတော့ နားမလည်ပါဘူး :cry:

ရွာသားကြီး ကိုပေါက်(မန္တလေး) ရဲ့ မြနန်းစံကျော် ရွှေနန်းတော်သို့ အလည်တခေါက်  ဆောင်းပါးလို့ခေါ်မလား အဲဒါလဲ ဓါတ်ပုံတွေနဲ့ ဝေေ၀ဆာဆာ ဖော်ပြထားတာ တွေ့ရတယ်  …..   ဂုဏ်ယူပါတယ် ကိုပေါက်ရေ

ဦးမင်းကိုနိင်၊ ဦးမိုးသီဇွန်တို့နဲ့ အရေးခင်ကာလ မှာ လက်တွဲခဲ့တဲ့ ဦးသန်းလွင်ထွန်း (VOA မြန်မာပိုင်း ဌာနမှုး) အကြောင်း အင်တာဗျူး ပါလာတယ် နိပွန်မနဲ့ အိမ်ထောင်ပြုပြီး အစဉ်ပြေနေတော့ ဦးမင်းကိုနိင်ကို  သနားမိတယ် ….အတွေးလေးတစ်ခု ၀င်လာတယ် ဒီတစ်ခါ နောက်ကြောင်းပြန်လှည့်ရင်တော့…..ဟတ်…….ချိုး

တခောတ်တစ်ခါက နာမည်ကြီး စန္ဒယား ခင်နုနု နဲ့ အင်တာဗျူးရောပါသေးတယ်ခင်ဗျ  မေးတဲ့သူက ဗီလိန်လို့ ပြောဆိုနေပေမဲ့ သူဖြေတဲ့ပုံစံက ဇာတ်ပို့ လို့ အသုံးများတာကိုတွေ့ရတယ် … ဘာပဲဖြစ်ဖြစ်သူလဲ သရုပ်ဆောင်ကောင်းတစ်ယောက်ပါပဲ… ဘိုကလေးသူ ဆိုပဲ 

Asia New Star Model  ပြိုင်ပွဲမှာ  မြန်မာနိင်ငံသား ထွန်းကိုကို Grand Prize ဆုဆွတ်ခူးတဲ့ သတင်းလေးလဲ ဖော်ပြထားတယ်  သတင်းရယူသူရဲ့(သို့) ပေးပို့သူ နာမည်တော့ မတွေ့မိဘူး   ဓါတ်ပုံမှာတော့ အနောက်တိုင်းဝတ်စုံနဲ့ပါ  မဆီမဆိုင်  တွေးမိတာက ရေကူ ၀တ်စုံနဲ့ ပုံသာရှိရင် တော်တော် နာမည်ကြီးသွားနိင်တယ်လို့… :oops:

ကြော်ငြာတွေအများကြီးထဲက ကြော်ငြာတစ်ခုပါ အမေရိက မှာ အောင်သပြေပန်း လိုချင်ရင် ရပြီဆိုတဲ့ အကြောင်း   လိုတရ နိင်ငံကြီး ဆိုမှ တော့…

အလှပန်းခင်းကဏ္ဍ မှာ နာဂ တိုင်းရင်သူလေး ပုံကြည့်မိတယ်  သူ့ကို မြန်မာပြည် ပြန်လာပြီး အနုပညာ လုပ်စားရင် ရုပ်ရှင်လောကမှာ တိုင်းရင်သားတွေ စုံသလောက်ရှိပြီ လို့ ထင်မိတယ်…

 သရုပ်ဆောင် အလိုရှိသည်တဲ့ ကြော်ငြာပါလာတယ်  လော့ကျနေတဲ့အိမ်(ခရတ်ဒစ်တူ မသိ) မှာပါ   ခေါင်းဆောင် မင်းသား၊မင်းသမီး နဲ့  ဇာတ်ပို့ ဇာတ်ရန် ၂ ဦးစီ (ကျား၊မ)  အဖေ အမေ (မိဘ)နေရာသရုပ်ဆောင်နိင်သူရောပါသေး  ဆိုတော့ စိတ်ဝင်စားရင် ၀ါသနာပါရင် သွားရောက် အရေွးခံကြပေါ့ ..ကျွန်တော့အမြင် ပြောရရင်တော့ ဧရာဝတီတိုင်းဒေသကြီးဘက်က အနုပညာရှင် ပေါတယ် ဗီဇ ပါလာကြလို့လားမသိဘူး  စန္ဒယား ခင်နုနု ကိုပဲကြည့် ဘိုကလေးသူ….. အဲဒီတော့ ရွာသား တွေထဲက  ပန်တနော်သူား ၀ါးခယ်မသူား ဒေးဒရဲ သူား မအူပင် သူားတွေ ၀ါသနာပါရင် ပိုပြီး အရွေးခံရနိင်တယ် လို့ မြင်တယ် .. မင်းသားမင်းသမီးနေရာက ၀င်ရောက်အရွေးခံရင် ပိုပြီးအစဉ်ပြေနိင်တယ် ဘာကြောင့်လဲ ဆိုတော့ အသက် ( ၁၈ ..၂၀ ) နှစ်အတွင်း လို့ ဆိုထားတာကိုးးးးး :harr:

 ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားသွားတုန်း ၀တ်တဲ့ ဖတ်ရှင်တွေ ဂျာနယ်တွေမှာ နာမည်ကြီးနေတယ်

 

542556_117924601717997_670060086_n[1]

ဒေါင်းတောင်ကို ထမီ မှာ အလှ ဆင်ထားတာ

ဒီပုံကို ဘယ်သူကိုမှ ခရတ်ဒစ် မပေးဘူး ကြိုက်တဲကသူပြော .. :evil:

 တော်ပီဗျာ… သီးခံပြီးဖတ်ပေးပါ

About တညင်သား

has written 13 post in this Website..