ရတနာပုံနေပြည်တော် သတင်းစာ

တညင္သားMarch 3, 20131min16716

 ရတနာပုံနေပြည်တော် သတင်းစာ ထွက်လာပါပြီ  သစ်ထူးလွင်ဆိုဒ်က နေပြီး ဖတ်ရတာပါ  ……

     ရွာသား တွေထဲက စိတ်တူကိုယ်တူ ရှိတဲ့ ဒိုးနတ် အဖွဲ့ရဲ့ အလှူ ဂုဏ်ပြုမှတ်တမ်း ဓါတ်ပုံနဲ့ တကွ ပါတယ် … နောက်ပြီး ဂဇတ် မန်ဘာဝင်တွေ ဟိုးးးးးတလောက ဆုပေးပွဲနဲ့ တွေ့ဆုံပွဲ ရွာသားတွေ မှတ်တမ်းတင် ဓါတ်ပုံနဲ့တကွ ဖော်ပြတာကို  ဖတ်ရပါတယ်… အလှူ အတွက် သာဓု ပါခင်ဗျားးးးးးး

ဂဇတ်ရွာထဲမှာ ကဗျာ ဆြာတွေ များပါတယ် ဒါပေမဲ့ စာမျက်နှာ (၁၀) မှာ ဂဇတ်ကဗျာ ဆိုပြီး ပါလာပေမဲ့  ရေးသားသူ မှိုင်း(ဆေး၂) ဆိုပြီး ပါလာတယ်ပေါ့  ရွာသား တဦး ဟုတ်မဟုတ် တော့ မသိရပါဘူး.. မဟုတ်ရင်တော့ ရွာထဲက ကဗျာဆြာတွေကို စိတ်မကောင်းဖြစ်မိတယ်……….ကဗျာတော့ နားမလည်ပါဘူး 😥

ရွာသားကြီး ကိုပေါက်(မန္တလေး) ရဲ့ မြနန်းစံကျော် ရွှေနန်းတော်သို့ အလည်တခေါက်  ဆောင်းပါးလို့ခေါ်မလား အဲဒါလဲ ဓါတ်ပုံတွေနဲ့ ဝေဝေဆာဆာ ဖော်ပြထားတာ တွေ့ရတယ်  …..   ဂုဏ်ယူပါတယ် ကိုပေါက်ရေ

ဦးမင်းကိုနိင်၊ ဦးမိုးသီဇွန်တို့နဲ့ အရေးခင်ကာလ မှာ လက်တွဲခဲ့တဲ့ ဦးသန်းလွင်ထွန်း (VOA မြန်မာပိုင်း ဌာနမှုး) အကြောင်း အင်တာဗျူး ပါလာတယ် နိပွန်မနဲ့ အိမ်ထောင်ပြုပြီး အစဉ်ပြေနေတော့ ဦးမင်းကိုနိင်ကို  သနားမိတယ် ….အတွေးလေးတစ်ခု ဝင်လာတယ် ဒီတစ်ခါ နောက်ကြောင်းပြန်လှည့်ရင်တော့…..ဟတ်…….ချိုး

တခောတ်တစ်ခါက နာမည်ကြီး စန္ဒယား ခင်နုနု နဲ့ အင်တာဗျူးရောပါသေးတယ်ခင်ဗျ  မေးတဲ့သူက ဗီလိန်လို့ ပြောဆိုနေပေမဲ့ သူဖြေတဲ့ပုံစံက ဇာတ်ပို့ လို့ အသုံးများတာကိုတွေ့ရတယ် … ဘာပဲဖြစ်ဖြစ်သူလဲ သရုပ်ဆောင်ကောင်းတစ်ယောက်ပါပဲ… ဘိုကလေးသူ ဆိုပဲ 

Asia New Star Model  ပြိုင်ပွဲမှာ  မြန်မာနိင်ငံသား ထွန်းကိုကို Grand Prize ဆုဆွတ်ခူးတဲ့ သတင်းလေးလဲ ဖော်ပြထားတယ်  သတင်းရယူသူရဲ့(သို့) ပေးပို့သူ နာမည်တော့ မတွေ့မိဘူး   ဓါတ်ပုံမှာတော့ အနောက်တိုင်းဝတ်စုံနဲ့ပါ  မဆီမဆိုင်  တွေးမိတာက ရေကူ ဝတ်စုံနဲ့ ပုံသာရှိရင် တော်တော် နာမည်ကြီးသွားနိင်တယ်လို့… 😳

ကြော်ငြာတွေအများကြီးထဲက ကြော်ငြာတစ်ခုပါ အမေရိက မှာ အောင်သပြေပန်း လိုချင်ရင် ရပြီဆိုတဲ့ အကြောင်း   လိုတရ နိင်ငံကြီး ဆိုမှ တော့…

အလှပန်းခင်းကဏ္ဍ မှာ နာဂ တိုင်းရင်သူလေး ပုံကြည့်မိတယ်  သူ့ကို မြန်မာပြည် ပြန်လာပြီး အနုပညာ လုပ်စားရင် ရုပ်ရှင်လောကမှာ တိုင်းရင်သားတွေ စုံသလောက်ရှိပြီ လို့ ထင်မိတယ်…

 သရုပ်ဆောင် အလိုရှိသည်တဲ့ ကြော်ငြာပါလာတယ်  လော့ကျနေတဲ့အိမ်(ခရတ်ဒစ်တူ မသိ) မှာပါ   ခေါင်းဆောင် မင်းသား၊မင်းသမီး နဲ့  ဇာတ်ပို့ ဇာတ်ရန် ၂ ဦးစီ (ကျား၊မ)  အဖေ အမေ (မိဘ)နေရာသရုပ်ဆောင်နိင်သူရောပါသေး  ဆိုတော့ စိတ်ဝင်စားရင် ဝါသနာပါရင် သွားရောက် အရွေးခံကြပေါ့ ..ကျွန်တော့အမြင် ပြောရရင်တော့ ဧရာဝတီတိုင်းဒေသကြီးဘက်က အနုပညာရှင် ပေါတယ် ဗီဇ ပါလာကြလို့လားမသိဘူး  စန္ဒယား ခင်နုနု ကိုပဲကြည့် ဘိုကလေးသူ….. အဲဒီတော့ ရွာသား တွေထဲက  ပန်တနော်သူား ဝါးခယ်မသူား ဒေးဒရဲ သူား မအူပင် သူားတွေ ဝါသနာပါရင် ပိုပြီး အရွေးခံရနိင်တယ် လို့ မြင်တယ် .. မင်းသားမင်းသမီးနေရာက ဝင်ရောက်အရွေးခံရင် ပိုပြီးအစဉ်ပြေနိင်တယ် ဘာကြောင့်လဲ ဆိုတော့ အသက် ( ၁၈ ..၂၀ ) နှစ်အတွင်း လို့ ဆိုထားတာကိုးးးးး :harr:

 ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားသွားတုန်း ဝတ်တဲ့ ဖတ်ရှင်တွေ ဂျာနယ်တွေမှာ နာမည်ကြီးနေတယ်

 

542556_117924601717997_670060086_n[1]
ဒေါင်းတောင်ကို ထမီ မှာ အလှ ဆင်ထားတာ
ဒီပုံကို ဘယ်သူကိုမှ ခရတ်ဒစ် မပေးဘူး ကြိုက်တဲကသူပြော .. 👿

 တော်ပီဗျာ… သီးခံပြီးဖတ်ပေးပါ

16 comments

  • MaMa

    March 3, 2013 at 4:40 pm

    တော်ရုံတန်ရုံစာမရေးတဲ့ တညင်သားရဲ့ ရှားရှားပါးပါး စာလေးပါလား။ :kwi:
    ့မြစ်ဝကျွန်းပေါ်က အနုပညာရှင်ပေါတယ်ဆိုတာ မှန်တယ်။ :hee:
    အသက်ကန့်သတ်ချက်ကို ၁၈နှစ်အစား ပြောင်းပြန်ဖတ်ပြီး ချက်ခြင်းတောင် သွားအရွေးခံလိုက်ချင်တယ်။ :harr:

    • တညင်သား

      March 3, 2013 at 7:38 pm

      မမကို ကြောက်လို့ပါ ခုလို လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးနော်မမ ….

  • မောင် ပေ

    March 3, 2013 at 7:16 pm

    ကျုပ် ဘောလုံးခန် ့မှန်းချက်တွေ ပုံမှန်ယူချင်ရင်
    ဝက်ဆိုက်ကရတဲ့ ဆယ်ဂဏန်း ထက် တော့ ပိုပေးရမယ်လို ့
    ပြောပေးပါဗျို ့
    ဟီဟိ

    • ဒီလူဂျီးလိုဘဲ …
      ကျုပ် ကဗျာဒွေ ယူသုံးမယ် ဆိုရင်လည်း
      ဆယ်ဂဏန်း ထက် ပိုပေးရဘာမယ် .. ငွင်းး ငွင်းး

      • MaMa

        March 3, 2013 at 7:51 pm

        ကြယ်လေးလုံးပိုင်ရှင်ကြီးတွေဆိုတော့ ပြောအားရှိတာပေ့ါနော်။ :kwi:

        • မောင် ပေ

          March 3, 2013 at 8:07 pm

          ဝေးဟေးးးး
          အခုမှပဲ ကယ်တင်ရှင် ကို တွေ ့ရတယ်
          ကြယ်တစ်လုံး ဖြုတ်ရောင်းချင်လို ့
          အနိမ့်ဆုံးဈေး မြန်မာငွေ ကျပ်၁ဝသိန်းပဲ
          သဘောတူရင် အမြန်ဆုံး ဆက်သွယ်ပါ
          ပွဲစား ပါလျှင်လဲ ရပါသည်
          ပွဲခ ၂% ပေးမည်
          ဟီဟိ

    • တညင်သား

      March 3, 2013 at 9:50 pm

      ကျွန်တော် ပေးမယ်ဗျာ …. ဆက်သွယ်ပါ
      စိတ်မရှိပါနဲ့ ဘပေ

    • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

      March 4, 2013 at 1:21 am

      ဘကြီးပေရဲ့ ဘောခန့်မှန်းမှုတွေကို တစ်ရာသီစာ စာချုပ်နဲ့ ရယူလိုပါတယ်…..
      ပြောင်းပြန်ရိုက်ပီး ပလပ်ထွက်လာတဲ့အခါကျ ဘကြီးပေ တောင်းတဲ့ဈေး
      ဆယ်ဂဏန်းမက ပေးနိုင်ပါတယ်……………..
      :harr:

  • padonmar

    March 3, 2013 at 10:12 pm

    10 လကျော်ကြာမှ ပို့စ်တစ်ပုဒ်တွေ့ရတဲ့ တညင်သားရဲ့ ကြော်ငြာစေတနာလေးကြောင့် ဖတ်ချင်စရာ။
    စာမျက်နှာ ၄ဝတောင် ဖတ်ရမှာလည်းပျင်း၊အဲတော့ ဒို့ရွာသူားတွေပုံနဲ့ စာတွေပဲ ကြည့်တော့မယ်။

  • တညင်သား

    March 3, 2013 at 10:31 pm

    အန်တီ ပဒုမ္မာ ကိုတော့ လေးစားမိပါတယ် ကျွန်တော်မတွက်မိဘူး ဟုတ်ပါတယ် ၁ဝ လ ကျော် ကြာပြီ ပေါ့ နောက်လ ဆိုရင် သင်္ကြန်ကျပြီလေ …ကျေဇူးပါအန်တီလေး ………..

    • pooch

      March 5, 2013 at 11:35 pm

      အော် စာတပုဒ်ကို ၁ဝ လာခြားပြီး ရေးတာပေါ့လေ အတော် ရေးအားကောင်းတာပါလား :mrgreen:

      အဲ့ဒီ က နွေဦးပွဲလေး ဘာလေး ဓာတ်ပုံတင်ပါ့လား မြင်ဖူးချင်လို့

      • တညင်သား

        March 6, 2013 at 9:28 am

        ဘာမှလဲ မဆိုင်ပဲ ကြွက်တက်နင်းမိလို့ စိမ်းသွားတယ် :harr:
        အန်တီ ပူး(ချ်) ရေ ကျွန်တော် က ဖတ်တာပဲ ဝါသနာ ပါသလားမသိဘူး(စာ)
        ကြိုးစားကြည့်ပါ့မယ်ခင်ဗျ……

    • padonmar

      March 6, 2013 at 2:21 am

      တညင်သားရေ ၄ မစားပါနဲ့လေ။
      မမက တော်ရုံစာမရေးတဲ့ တညင်သားဆိုလို့
      View all post by တညင်သား ကနေ နောက်ဆုံး post ရှာဖတ်ကြည့်တော့ ဧပြီလလို့ တွေ့လို့ပါ။

      • တညင်သား

        March 6, 2013 at 9:40 am

        အန်တီလေးရေ .. စာက ဘာရေးရမှန်းလဲ မသိ
        သိပြန်တော့လဲ မရေးတက်
        အချစ်အကြောင်း ရေးဖို့လဲ လက်တွေ့မသိ
        အီးဇီးကွတ်ရေးရအောင်လဲ မချက်မပြုတ်တက်
        စီးပွါးရေး ဝေဖန်ရအောင်လဲ ကျွန်တော်ကငမွဲ
        ခုတောင် ဒေါ်စု ထမီ လေး ရွာသား တွေမြင်ရအောင်လို့

  • kai

    March 4, 2013 at 3:20 pm

    တညင်သားရေ..
    သတင်းစာကို ခြုံပြီးဝေဖန်ပေးတာကျေးကျေးနော..
    ဖတ်လိုက်တဲ့.. တခြားရွာသူားများလည်း.. ဝေဖန်စေချင်.. :kwi:

  • ကျနော်က တော့ မဖတ်ရသေးတော့ ပြောလို့ရသေးဘူး။
    အဲဒီမြနန်ုးစံကျော်က တော့ ကျနော်ရေးတဲ့ စာထဲမှအကြာဆုံးပါဘဲ။
    မတ်လလောက် က စတည်ထားတာ ဇွန်လရောက်တာတောင်မပြီး
    ရေးလိုက် ဖျက်ပစ်လိုက်နဲ့
    နောက်က တွန်းအားပေးသူ ကိုကြည်တို့ကြောင့် အပြီးသတ်ရေးဖြစ်သွားတာ။
    ကျေးကျေးပါခင်င်္ဗျာ။

Leave a Reply