မင်းသုတရဲ့ဒဿန

zaw winMarch 3, 20131min651

• သစ္စာမရှိ ကတိမတည်
လူ့ရွာတွင် ဘယ်ခါသုံးမရ။
• ရပ်နေသူနဲ့ သွားနေသူ
ဘယ်သူပိုသာသလဲ။
• သူများဆီကရဖို့ထက်
ကိုယ့်ဆီကမပါဖို့ အရေးကြီးတယ်။
• မတရား မနိုင်ချင်နဲ့
အရှုံးကြီးရှုံးလိမ့်မယ်။
• တိုက်စစ်ဆင်မယ်ဆိုရင်
ခံစစ်လုံအောင်ပိတ်ပါ။
• အခက်ခဲဆုံးပြဿနာ
အလွယ်ဆုံးမှစ၍ ဖြေရှင်းပါ။
• သူတပါးကို ကဲ့ရဲ့ချင်ရင်
ကိုယ့်အလှည့်ပြန်ခံရမှာကို သတိရပါ။
• ပြဿနာဖြစ်လာလျှင် စုပေါင်းဖြေရှင်းပါ။
တကိုယ်ကောင်းဆန်စွာ ရုန်းမထွက်ပါနဲ့။
• ဘာလုပ်လုပ် စေတနာထား၍လုပ်ပါ၊
အောင်မြင်အကျိုးပေးပါလိမ့်မည်။
• သူများဒုက္ခရောက်တော့ဝမ်းသာ
ကိုယ်ဒုက္ခရောက်တော့ ဟိုလူကယ်ပါ၊ ဒီလူကယ်ပါ
• မိမိအတွင်းစိတ်မှာ သူတပါးအပေါ် မနာလိုဖြစ်နေရင်
မိမိဘဝမှာ အခွင့်အရေးတွေ တစတစ ဆုံးရှုံးလာတယ်။
• ကိုယ်က သူတပါးအပေါ် လူ-ငွေ-လုပ်ပိုင်ခွင့်
နှုတ်၏စောင်မခြင်းတို့နှင့်အတူ အကူအညီမပေးနိုင်ရင်
စကားနဲ့စိတ်ချမ်းသာအောင် အားပေးပါ၊ မေတ္တာပို့ပါ။
• မိမိလက်ရှိခံစားနေတဲ့ အောင်မြင်မှုတွေ
ချမ်းသာကြွယ်ဝမှုတွေအပေါ်မှာ
မိမိကိုယ်မိမိဟုတ်လှပြီလို့ အထင်ကြီး မာန်တက်မနေပါနဲ့။

မင်းသုတ
10.7.2010

One comment

  • ဒါ .. မင်းသုတရဲ့ ဒဿန တွေပေါ့ဗျာ ..
    ဟီးး ပြောတာ ပြောရတာ ..
    ဒဿနာ ဆိုတာ ဘာမွှန်းဂို သိဝူးးရယ် …
    သိရင် ပေါဘာအုံးရို့ … :mrgreen:

Leave a Reply