– ဘောလုံးကန်တဲ့ အခါ ပွဲမပြီးခင် “ဂိုး”တွေ ရထားပါမှ ပွဲပြီးရင် မိမိအနိုင်ရမှာ သေချာတယ်…အဲဒါမှလွတ်လပ်မှာ.အဲဒါမှ ပျှော်ရွှင်ရမှာ..အခုတော့ကြိုးစားထား အချိန်ပြီးခါနီး မင်းတို့”ဂိုး” ရလိမ့်မယ်လို့ မသေချာ မရေရာသောစကားကိုပြောတာနဲ့ တူနေတယ်…

– ထို့အတူလွတ်လပ်ရေးဆိုတာလည်း မသေခင်က လွတ်လပ်ရေးကိုရထားပါမှ လွတ်လပ်ရေး ရဲ့ အရသာကိုသိနိုင်တယ်…သေပြီးမှ လွတ်လပ်မယ်ဆိုတာ အဲဒီလွတ်လပ်မှုကို သူဘယ်လိုလုပ်သိမလဲ?….

– ကိုယ်ဖေါက်တဲ့ လမ်းမှန်တယ်ဆိုရင်….ဆင်ကြီးတကိုယ်လုံး ၀င်နိုင်မှတော့ အမြီးဆိုတာ ဘယ်လိုမှ မ၀င်နိုင်စရာ အကြောင်းမရှိဘူး..အခုတော့ မဟုတ်ဘူး ဆင်ကြီး ကိုအတင်းမောင်းနှင်ပြီး…မကြာခင်လမ်းကျယ်ရောက်မယ်ဆိုပြီးပြောနေတာ….အဲဒီလမ်းကျယ်ကို သူတကယ်မြင်တာ ဟုတ်လို့လား?…

– နောက်ပြီးပြောကြသေးတယ်….”အရိပ်ကိုလိုသော် နေပူကစောင့်”…အရိပ်ကိုမြင်မှတော့ တခါတည်းအရိပ်ထဲကို ပြေးဝင်လိုက်ရင်ကောမရဘူးလား?….အခုလည်း သေတဲ့ အခါချောင်ချောင်ချိချိနေရမယ်ဆိုတာကို သေချာမြင်မှတော့ ဘာဖြစ်လို့ အသက်ရှင်စဉ် ..ကြပ်ကြပ်တည်းတည်းနေရမှာလဲ?….

– အပယ်ပိတ်တရား လို့ဟောဟောနေကြတယ်….အပယ်တံခါးပွင့်တာ ဘယ်သူမြင်လို့လဲ?…ပွင့်တာကို မမြင်ရင် တကယ်ရောပိတ်ချင်ကြရဲလား? …..မသေခင် အပယ်တခါးပိတ်မပိတ်ဆိုတာကို သိဖို့က ပိုအရေးကြီးတယ်…

About Ko out of...

Ko out of... has written 91 post in this Website..