“အနေကြပ်မှ အသေချောင်တယ်” တဲ့ဗျာ….

Ko out of...March 3, 20131min883

– ဘောလုံးကန်တဲ့ အခါ ပွဲမပြီးခင် “ဂိုး”တွေ ရထားပါမှ ပွဲပြီးရင် မိမိအနိုင်ရမှာ သေချာတယ်…အဲဒါမှလွတ်လပ်မှာ.အဲဒါမှ ပျှော်ရွှင်ရမှာ..အခုတော့ကြိုးစားထား အချိန်ပြီးခါနီး မင်းတို့”ဂိုး” ရလိမ့်မယ်လို့ မသေချာ မရေရာသောစကားကိုပြောတာနဲ့ တူနေတယ်…

– ထို့အတူလွတ်လပ်ရေးဆိုတာလည်း မသေခင်က လွတ်လပ်ရေးကိုရထားပါမှ လွတ်လပ်ရေး ရဲ့ အရသာကိုသိနိုင်တယ်…သေပြီးမှ လွတ်လပ်မယ်ဆိုတာ အဲဒီလွတ်လပ်မှုကို သူဘယ်လိုလုပ်သိမလဲ?….

– ကိုယ်ဖေါက်တဲ့ လမ်းမှန်တယ်ဆိုရင်….ဆင်ကြီးတကိုယ်လုံး ဝင်နိုင်မှတော့ အမြီးဆိုတာ ဘယ်လိုမှ မဝင်နိုင်စရာ အကြောင်းမရှိဘူး..အခုတော့ မဟုတ်ဘူး ဆင်ကြီး ကိုအတင်းမောင်းနှင်ပြီး…မကြာခင်လမ်းကျယ်ရောက်မယ်ဆိုပြီးပြောနေတာ….အဲဒီလမ်းကျယ်ကို သူတကယ်မြင်တာ ဟုတ်လို့လား?…

– နောက်ပြီးပြောကြသေးတယ်….”အရိပ်ကိုလိုသော် နေပူကစောင့်”…အရိပ်ကိုမြင်မှတော့ တခါတည်းအရိပ်ထဲကို ပြေးဝင်လိုက်ရင်ကောမရဘူးလား?….အခုလည်း သေတဲ့ အခါချောင်ချောင်ချိချိနေရမယ်ဆိုတာကို သေချာမြင်မှတော့ ဘာဖြစ်လို့ အသက်ရှင်စဉ် ..ကြပ်ကြပ်တည်းတည်းနေရမှာလဲ?….

– အပယ်ပိတ်တရား လို့ဟောဟောနေကြတယ်….အပယ်တံခါးပွင့်တာ ဘယ်သူမြင်လို့လဲ?…ပွင့်တာကို မမြင်ရင် တကယ်ရောပိတ်ချင်ကြရဲလား? …..မသေခင် အပယ်တခါးပိတ်မပိတ်ဆိုတာကို သိဖို့က ပိုအရေးကြီးတယ်…

3 comments

  • kai

    March 4, 2013 at 4:20 pm

    အဲဒီလိုပါပဲ..
    ပြောတဲ့ဆ. ဆရာတွေကိုယ်တိုင်ကိုက..
    ကိုယ်မရောက်ဖူး.. မသိဖူးတာကို.. အခြေအနေကြည့်.. မှန်းပြောရတာပဲလေ..

    အစာလေးပြ… မျှားခေါ်တာလို့.. ခေါ်မယ်..။ :kwi:

  • etone

    March 4, 2013 at 4:47 pm

    ပြောပြန်လျှင်လည်း ဒေါကန်ကြဦးမယ် … အဟိ …
    ဟိုးတလောထဲက … ဖွဘုတ်ထဲ မိန်းမပျက် အင်္ဂါရပ်25 ချက်ထွက်လာကတည်းက …. ။ ခိခိ… ရယ်ချင်နေတာ … ။
    ရေးထားတဲ့ 25ချက်စလုံးကလည်း လင်ရှိမယား (အိမ်ထောင်ကျပြီးသားလင်ငုတ်တုတ်) မိန်းမကိုပဲ ဆိုလိုပါတယ် …. ။ စီကာ ပတ်ကုံးရေးထားတာ ဆင်ခြင်စရာပေါ့လေ…. ။ ဒါပေမယ် အဲ့ဒီ အချက် 25ချက်ကို ရေးသားသူက … အိမ်ထောင်မကျဖူးတဲ့ ဘုန်းကြီးဖြစ်နေတာရယ်(အဲအဲ … အတွေ့ကြုံ ရှိမှ ရေးတတ်တယ်လို့တော့ မမှတ်ယူထားပေမယ့်၊ တွေးရိုးတွေးစဉ်နဲ့ ကွာဟနေတာကြောင့် စိတ်ကူးယဉ်ဆန်တယ်လို့ မှတ်ချက်ချမိပါတယ်) .. ဒီအချက်တွေထဲက တချက်နှစ်ချက် ငြိစွန်းတာမှသာ မိန်းမပျက်စာရင်းဝင်တာကို ဆိုလိုတာလား ၊ အိမ်ထောင်မကျသေးတဲ့ မိန်းမမျိုးကိုတော့ မိန်းမပျက်စာရင်းထဲ ထည့်ဖို့ ဘာလား .. ညာလား .. ဘာညာလားရယ် ..တွေးရင်း …. ။ ဟေမာနေဝင်း သီချင်း ပဲ ဆိုလိုက်မိပါတယ် …. ခိခိ … :harr:

  • ဦးဦးပါလေရာ

    March 5, 2013 at 2:06 am

    အနေကြပ်မှ အသေချောင်တယ် ဆိုတဲ့စကားကတော့
    ပြောချင်တဲ့သူက ပြောတဲ့စကားပါ
    တရုတ်ကပြောရင် တရုတ်ပြောတဲ့စကားပေါ့
    ကုလားကပြောရင် ကုလားပြောတဲ့စကားပေါ့
    မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာရဲ့ အယူ အဆုံးအမ တော့ လုံးဝမဟုတ်ပါ။

Leave a Reply