ပြည့်တန်ဆာ တစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်

ムラカミMarch 3, 20131min25920

ကျနော်တို့ဟာ ကန္တာရထဲမှာ လမ်းပျောက်နေပါတယ်
အတိအကျပြောရရင် Reno မြို့ ကိုမရောက်ခင် အိုင် ၃ဝ အကွာမှာပေါ့

အဲ့သည့်ကို လမ်းညွှန်ပေးနိုင်ဖို့ ဖုန်းခေါ်တော့ ဖုန်းနံပ့တ်ရဲ့နောက်ဆုံး
ဂဏန်း လေးလုံးဟာ (ဂဏန်းတွေရဲ့ သက်ဆိုင်ရာ စာလုံးဟာ )
F.U.C.K ဖြစ်နေတာကို သတိပြုမိအောင် ပြုမိလိုက်ပါသေးရဲ့

သည်လိုနဲ့ ကျနော်တို့ မြို့ထဲရောက်တော့ လမ်းအမှတ် 69
ကိုလိုက်ရှာပါတယ် အဲ့သည့်ရောက်တော့ ဟောသည့် ဆိုင်းဘုတ်က
ကျနော်တို့ကို အဆင်သင့် ဆီးကြိုနေပါတော့တယ်ဗျာ
Best Whorehouse in the West ပါတဲ့
သေခြာတာကတော့ သည်နေရာမှာ ကျနော်တို့ ဇာတ်လမ်းလေး
တစ်ပုဒ်ကို နားထောင်ရဖို့ရှိတာပါပဲ

ဒါဟာ Nevada State မှာ တရားဝင် ဖွင့်လှစ်တဲ့ ဆောင်ကြာမြိုင်ပေါင်း
အခု ၃ဝ လောက်ရှိတဲ့အထဲက ကျော်ကြားတဲ့ တခုဖြစ်ပါတယ်
ဆိုင်ထဲကို ဝင်လိုက်တော့ သက်လတ်ပိုင်းမိန်းမ တယောက်က
ကောင်မလေးတွေ လာရှာတာလား လို့ ဆီးကြို မေးမြန်းပါတော့တယ်
ကျနော်တို့လည်း ကျနော်တို့ဟာ ဖောက်သည်တွေ မဟုတ်ကြောင်းနဲ့
April Luv ဆိုတဲ့ သည်ဆိုင်က မိန်းကလေးတစ်ယောက်ကို
ဓာတ်ပုံရိုက်ဖို့လာခြင်းဖြစ်ကြောင်း ရှင်းပြရပါတော့တယ်

သည်တော့မှ အနှီ အမျိုးသမီးက ကျနော်တို့ကို ကျဉ်းမြောင်းလှတဲ့ လျောက်လမ်းမ
မှတဆင့် အခန်းခပ်ငယ်ငယ်လေးတခုစီကို ခေါ်သွားပေးပါ တော့တယ် ဟုတ်ပါတယ်
ဒီနေရာလေးဟာ April တယောက် စီးပွားရှာရာနေရာပါ

ရောက်တော့ April က ကျနော်တို့ကို လက်ဝှေ့ယမ်းပြလိုက်ရင်း
သူ့မိတ်ကပ်ပြင်ဆင်နေမှုကို လက်စသပ်နေပါတယ်
မှန်တင်ခုံပေါ်မတော့ ဘီယာတခွက်နဲ့ လိင်ကစားစရာတခုက
အလှပြင်ပစ္စည်းတွေနဲ့အပြိုင် နေရာယူလို့ရယ်ပေါ့
ထိုင်စရာဆိုလို့ သူမရဲ့ ကုတင်ပဲ ရှိနေလေတော့ ကျနော်တို့
မတ်တပ်ရပ်ပြီးပဲ စကားစမြည်ပြောဆိုခဲ့ပါတယ်.

20130303-171249.jpg

အော်. မိတ်ဆက်ပေးရဦးမယ် April Luv ဆိုတာ
လွန်ခဲ့တဲ့ ခြောက်လလောက်က HBO ရုပ်သံလိုင်းက
Cathouse ဆိုတဲ့ အစီအစဉ်တခုအနေနဲ့ ထုတ်လွှင့်ခဲ့လို့
နာမည်ကြီးခဲ့တဲ့ ဟောသည့် ဆောင်ကြာမြိုင်က အသက်
အငယ်ဆုံး လိင်လုပ်သား မိန်းကလေးငယ် တစ်ဦးဖြစ်ပါတယ်

တကယ်တော့ အစက ဒါကို မိုက်မဲမှုတခုလို့ ကျမယူဆခဲ့ပါတယ်
အထက်တန်းကျောင်းသူ ဘဝကို ပြန်လည်အောက်မေ့ရင်း April
က ဆိုလာပါတယ် ။ လမ်းမပေါ်က မိန်းမပျက်တွေကို ရှင်တို့ ဘယ်လို
မျက်လုံးမျိုးနဲ့ ကြည့်တတ်ကြသလဲ ဆိုတာကို တွေးကြည့်ရင်
ကျမဆိုလိုချင်တာကို သဘောပေါက်မယ်ထင်ပါတယ်။

သူမက ဆက်ပြောပါသေးတယ် သူမကို ပြည့်တန်ဆာ
ဖာ စသည်ဖြင့် ရင့်ရင့်သီးသီး သုံးနှုန်းတဲ့ ဖောက်သည်မျိုးနဲ့
ဆုံရတဲ့အခါ သူမဟာ သူမကိုယ်သူမ မှီခိုရာကင်းတဲ့
ဝန်ဆောင်မှုပေးသူ independent contract သာဖြစ်ပါသတဲ့
အဲ့သလိုာသုံးနှုံးစေပါသတဲ့. ။

Escort girls ဆိုတာ အပြင်ထွက် ပိုက်ဆံရှာသူတွေ ဖြစ်ပြီး
Prostitute ကတော့ လမ်းပေါ်မှာ လှုပ်ရှားသူတွေ ဖြစ်ပါတယ်
ကျမဟာ ကျမ ဘာဆိုတာ ရှင်းရှင်းလင်းလင်း သိရှိထားပါတယ်
ကျမဟာ ပျော်ရွှင်နေပြီး ကိုယ့်ဘဝကိုကိုယ် ကျေနပ်ရောင့်ရဲနှစ်သက်ပါတယ်

April ဟာ တပါတ်မှာ ၅ရက် တိတိ ၁၂ နာရီ shift နဲ့ သည်ဆောင်ကြာမြိုင်မှာ
အလုပ်လုပ်ပါတယ် မနေ့ကတင် အမျိုးသား ၃ယောက်ဟာ သူမနဲ့
အချိန် တစ်နာရီကြာပျော်ပါးရဖို့ တယောက်ချင်းစီ ဒေါ်လာ ၅၀၀၀
ခန့်ကို ကျေကျေနပ်နပ်သုံးစွဲသွားခဲ့ကြောင်း သူမက ဖြည့်ပြောပါသေးတယ်

လုပ်ငန်းသဘောအကြောင်းကိုလည်း သူမက အခုလို ပြောပြပါသေးတယ်

ဖောက်သည်တွေရောက်လာလို့ ကျမတို့ကို ကြည့်ချင်တယ်ဆိုတဲ့အခါ
သည်မှာရှိသမျှ မိန်းကလေး နှစ်ဒါဇင်လောက်ဟာ high heel ကောက်စွပ်ပြီး
ခန်းမကျယ်ဆီကို အရောက်လာကြရတာပါပဲ ။ နောက်ကျတဲ့ ချာတိတ်မဟာဖောက်သည်မရဖြစ်နိုင်တာမို့ အားလုံး နိုးနိုးကြားကြားရှိကြရသပေါ့ရှင်

တခါတလေတော့လည်း ဖောက်သည်တွေဟာ သူတို့ ဘယ်သူ့ ကိုအလိုရှိတယ်ဆိုတာ
နဂိုကတည်းက သိရှိ ဆုံးဖြတ်ထားပြီးလည်း ဖြစ်နေတာမျိုးလည်း ရှိတတ်သေးတယ်ရှင့်

ကျမဟာ ဒီနေရာမှာ အိမ် ၂လုံး ၃ လုံး နဲ့ စီးပွားရေးလုပ်ငန်းငယ်လေးတခု
စတင်နိုင်တဲ့ အချိန်လောက်ထိ နေနေမယ် မှန်းပါတယ်. ကျမက အလှပြင်လုပ်ငန်း
ဒါမှမဟုတ် အိမ်ခြံမြေလုပ်ငန်းတွေထဲက တခုခု လုပ်ကိုင်ဖို့ စိတ်ကူးမိပါတယ်ရှင်

ဒီအလုပ်မျိုးမဟုတ်ဘဲ လူတောတိုးတဲ့ သာမန်လုပ်သားဘဝမျိုး
ဘာကြောင့်မရွေးချယ်ခဲ့သလဲ လို့မေးတော့ သူမက.
ကျမ အထက်တန်းကျောင်းသူ ဘဝတုန်းကပေါ့
အိမ်နားက စတိုးဆိုင်တစ်ဆိုင်မှာ အလုပ်ဝင်ဖြစ်တယ်
မစွံပါဘူးရှင် တပါတ်မှာ နာရီ ၄ဝ အလုပ်လုပ်ရပြီး ဒေါ်လာ ၃၅ဝ လောက်ပဲ ဝင်ငွေ
ရတဲ့ အလုပ်ကိုး. ဒီငွေပမာဏဟာ ကျမအတွက် အိမ်လခတောင်အနိုင်နိုင်
ပေးသွင်းရမှာ မဟုတ်လားရှင့်.

ဟုတ်ပါတယ် သူမဟာ Reno မြို့မှာ တိုက်ခန်းတခု ပိုင်ပါတယ်
သူဟာ အဲ့သည့်မှာ တပါတ် ၂ရက်သာနေပြီး ကျန်၅ရက်ကတော့
ယခု ပြောနေတဲ့ ဆောင်ကြာမြိုင် Bunny Ranch မှာ နေတာ ဖြစ်ပါတယ်
သူမမွေးထားတဲ့ ခွေးလေးတွေကိုတော့ သူမမရှိတဲ့ အချိန်တွေမှာ
သူမနဲ့ အခန်း share လုပ်ပြီးနေတဲ့ သူငယ်ချင်းက ကြည့်ရှု စောင့်ရှောက်ထားပေး
ပါသတဲ့

April ဟာ လက်ရှိ ဘဝအကြောင်းသာ နာရီပေါင်းများစွာ ပြောပြချင်စိတ်ရှိပြီး
ငယ်ဘဝအကြောင်းကိုတော့ အသေးစိတ် မပြောလိုတာ ကျနော်တို့ တွေ့ရပါတယ်

ရှင်တို့သိလား. ဒီမှာ ရှိတဲ့ လူတိုင်းဟာ ငယ်ဘဝမှာ အပယ်ခံ ကလေးတွေ ဖြစ်ခဲ့ရတာတို့
မုဒိန်းသားကောင် တို့ ဖြစ်ခဲ့ကြတာ မဟုတ်ပါဘူး.
လို့ သူမက ဆိုလာပါတယ်

သူမရဲ့ မိဘတွေ အကြောင်းမေးကြည့်မိတော့ သူမက သူမအသက်
၅ နှစ် မှာ မိဘတွေ ကွာရှင်းခဲ့ကြတာလို့ ပြောပြပါတယ်
ဒါပေမယ့် ကျမဟာ ကျမ အဖေကို ဘယ်တော့မှ ပြန်မတွေ့ ရတာမျိုးတော့မဟုတ်ပါဘူး
(ရံခါ တွေ့ခွင့်ရတဲ့ သဘောကိုဆိုလိုချင်တာဖြစ်ပါလိမ့်မယ် )

သူမက ဆက်ပြောပါတယ်.
ကျမက သာမန်ပျော်ရွှင်စရာကောင်းတဲ့ ကလေးဘဝကို ရိုးရိုးလေးဖြတ်သန်းခဲ့တာပါ
ကျမမိဘတွေက ကျမအပေါ်ကောင်းတယ် ကျမကလေးဘဝမှာ abuse
တခါမှ မကြုံခဲ့ဖူးဘူး ပြီးတော့ ကျမ အသက် ၁၆-၁ရ လောက်အထိလည်း လိင်ဆက်ဆံမှု မပြုခဲ့ဘူးလေ.

သူမဟာ ကျောင်းမှာလည်းပဲ ပေါ်ပြူလာဖြစ်တဲ့ မိန်းကလေးငယ်တစ်ယောက်
ဖြစ်ပြီး ပန်းပွား ကတဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်ခဲ့ဖူးပါသတဲ့

သူမကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဒီအလုပ်ကို လုပ်ဖို့ အတင်းအကျပ်
ဖိအားပေးတာ စေခိုင်းတာမျိုးမရှိခဲ့ဘူးလို့ သူမက ဆိုလာပါတယ်
သူမရဲ့ရွေးချယ်မှုအပေါ်လူတွေ အထင်လွဲကြ အထင်သေးကြတာကိုလည်း
သူမက မှားယွင်းမှုတခုလို့ သုံးသပ်ပါသေးတယ်

20130303-171757.jpg

April ဟာ သူမရဲ့ အမေ နဲ့ပါတ်သတ်ပြီးလည်း အခုလိုပြောလာပါသေးတယ်
မေမေက ကျမဘာလုပ်နေလဲ ဆိုတာကို သိရှိပါတယ်
သူမ က လက်ခံနားလည်ပေးထားပါတယ်.
ကောလိပ်ကိုသွားဘွဲ့ ယူ အိမ်ထောင်ပြု ကလေးတွေနဲ့ သိုက်သိုက်ဝန်းဝန်းနေ
ဒါမျိုးဘဝ ကိုတော့ ပိုမို လိုလားမယ် ဆိုတာအမှန်ပေါ့လေ.
တဲ့

သူမက အလုပ်အကြောင်း ဆက်လက် ပြောပြပါသေးတယ်
ကျမအလုပ်က တကယ်တော့ မဆိုးပါဘူး.
ယောကျာ်းတွေဆိုတာ အများစုက အဖော်လိုအပ်နေကြတာရှင့်
ခေတ်သစ် လူနေမှု ဘဝပုံစံအရ အထီးကျန်ဆန်မှုတွေ ကို
ဖြေဖျောက်ဖို့ အတွက် လိုအပ်မှုတချက်လို့ သူမက ဆိုလိုချင်ဟန်ရှိပါတယ်

တခါက အမျိုးသားတယောက်ဆိုရင် သူနဲ့အတူတူ အားကစားပွဲတခု ကြည့်ရှုပေးဖို့
ကျမကို အပြင်ကို ခေါ်တယ်လေ
လို့ သူမက ဖြည့်စွက်ပြောပြပါသေးတယ်

အလုပ်ခွင်မှာ နိုင်လိုမင်းထက်ရှိတဲ့ ညစ်ပတ်တဲ့ ဆိုးရွားတဲ့ ဖောက်သည်မျိုးနဲ့ကြုံရတဲ့
အချိန်တွေ အကြောင်းမေးကြည့်တော့ သူမ က သူမမှာ ဒီဖောက်သည်ရဲ့
ကမ်းလှမ်းမှုကို ငြင်းဆန် ဖယ်ရှားခွင့်အပြည့်အဝ ရရှိနေပြီး ထိရောက်တဲ့
အကာအကွယ် အစောင့်အရှောက် ရရှိကြောင်း ပြောပြလာပါတယ်

သူမက လုပ်ဖော်ကိုင်ဘက်တွေနဲ့ ပါတ်သတ်ပြီးတော့လည်း
ကျမတို့ဟာ မိသားစုလိုမျိုးဆက်ဆံရေး ရှိနေကြသူ ဘဝတူတွေ
စုဝေးထားတဲ့ ပုံစံမျိုးပါ အားလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေပြီး
အကုန်လုံး သာယာပျော်ရွှင်နေကြပါတယ်.
ကျမတို့ဟာ တက္ကသိုလ် တခုကို တက်ရောက်နေကြသလိုပါပဲ
ဘဝ တက္ကသိုလ် ပေါ့. အဲ့ ပြင်ပက တကယ့်တက္ကသိုလ်နဲ့ကွာတာကတော့
ဒီတက္ကသိုလ်ကတော့ တက်ရောက်မှုအတွက် ပိုက်ဆံ ရရှိတယ်လေ.

လို့ ကမာ္ဘတလွှားက စိတ်ဝင်စားစရာကောင်းတဲ့ အမျိုးမျိုးသော ယောကျာ်းသား
တွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ April Luv က နိဂုံးချုပ် ပြောပြခဲ့ပါတော့တယ် ဗျာ

 

Rf: One Hundred Young Americans : April Luv 18 Nevada ကို
စီလျှော်အောင် ပြန်ဆိုသည်

စာကြွင်း

ဖြစ်ရပ်ကတော့ ရိုးရိုးလေးပါပဲဗျာ. တရားဥပဒေစိုးမိုးတာ
လူ့အခွင့်အရေးအပြည့်အဝရတာ ဆိုတဲ့ ဝန်းကျင်တခုက
ပြည့်တန်ဆာမလေး တစ်ယောက်အကြောင်းဆိုပါတော့
မိဘ မချမ်းသာဘူး စာမတော်ဘူး (မထူးချွန်ဘူး) ပေါ့လေ
ရုပ်ရည် ပြေပြစ်တဲ့ မိန်းကလေးငယ်တွေ အတွက် ဖြတ်လမ်းက
ဘဝတက်လမ်း သဖွယ်တောင် ဖြစ်နေတဲ့ အမေရိက ပြည့်တန်ဆာ လောက
လို့တောင် ဆိုချင်ပါတယ်. တကယ်က ဖြတ်လမ်းလို့တောင်
သုံးလို့ ရပါ့မလားမသိ. သူဟာ သူ့ ဂုဏ်သိက္ခာကိုပေးဆပ်ပြီး
ရင်းနှီးပြီး ရှာရတဲ့ အမြတ်အစွန်း (ငွေပမာဏအားဖြင့်) များတဲ့
စီးပွားတစ်ခုကို ဥပဒေဘောင်အတွင်းက လုပ်ကိုင်နေသူ
လို့မြင်ကြည့်လို့ ရမလားပဲ. ပြောရရင် တရားပါတယ်.
သူထိုက်သင့်တဲ့ အဖိုးအခကို ကြေငြာထားတယ်
သတ်မှတ် ဝန်ဆောင်မှုကိုပေးတယ် ကြိုက်ရောင်းကြိုက်ဝယ်
ဘောင်တွေ စည်းတွေ သတ်မှတ်ထားပြီး ကျန်းမာရေးအရရော
ဥပဒေရေးရာအရရော လိုက်နာပြီး တစ်ဦးရဲ့ ဆန္ဒရမ္မက် ပြည့်ဝဖို့နဲ့
တစ်ဦးရဲ့ ငွေးကြေးရမ္မက်ပြည့်ဝဖို့ ကုန်ကူးကြတယ်လို့ ပြောလို့ရမလား မဆိုနိုင်
အနည်းဆုံးတော့ဗျာ သူဌေးတွေဆီ ကီပင်ခေါ်လား တိတ်တိတ်ပုန်းမယား
ခေါ်လား ချူစားချိန်းခြောက်စားတတ်တဲ့ မိန်းမမျိုးတွေထက်တော့ တန်းတခုမြင့်တာ
အမှန်ပါ. ဒါတွေရေးနေတာ ရဲ့ ရည်စူးချက်ကတော့.
ဘုရားမပွင့်မီ ကတည်းက ရှိတဲ့ ဒီလုပ်ငန်းကို ကျနော်တို့တိုင်းပြည်မှာ
ဥပဒေရေးရာအရ တရားဝင်မဖြစ်နေတာ. ကျန်းမာရေးအသိပညာနည်းပါးနေတာ
စတာတွေ ကောင်းလာစေချင်လို့ပါပဲ. သူတို့လိုတောင် လုပ်ငန်းထူထောင်ဖို့
အိုစာနာစာရှာဖို့မဟုတ် လက်တလော စားဝတ်နေရေးပြေလည်ရအောင်ကို
ခန္ဒာကိုယ် ကိုရင်းနေရတဲ့ ချာတိတ်မတွေ တွေ့နေရတာ တန်ရာတန်ကြေးမရတာ
ခေါင်းပုံဖြတ်ခံရတာ အထင်သေးအမြင်သေးနဲ့ လူတောမတိုးနိုင်တာ ရောဂါပေါင်းစုံ
ရဲ့ သားကောင်ဖြစ်ရရှာတာ. စိတ်မချမ်းသာလွန်းလို့ပါဗျာ.

လူရယ်လို့ ဖြစ်လာတဲ့ ဘဝမှာ တန်ဖိုး ဂုဏ်သိက္ခာ စတာတွေ ကိုချနင်းပြီး
အသက်ဆက်ရှင်အောင် ထမင်းနပ်မှန်အောင် မဖြစ်လွန်းလို့( မဖြစ်လွန်းလို့)
လုပ်ကိုင်စားသာက်ရတဲ့ လူတန်းစားဟာ ဘာအခြေခံ လူ့အခွင့်အရေးမှ
မရရှိဘူး ဆိုတာကတော့. ကျနော်တို့ကိုယ်ကျနော်တို့ လူယဉ်ကျေးတို့ရဲ့
ဌာနေလား ဆိုတာ ပြန်လည် သုံးသပ်ဖို့လိုနေပါကြောင်း.

ကွန်ဇာဗေးတစ်ဗ် ပါတီဝင်များ ဆဲကြဇေသဒီးးး
တော်သေးဘီ.

ဒုတေိယ စာကြွင်း.
သမ္မတ အိုဘားမားတယောက်လည်း part time jobs တွေ ဝင်ငွေ ပိုရဖို့
လူမှုဖူလုံရေးတွေ ပညာရေးအထောက်အပံ့ ငွေကြေးကိစ္စတွေ
ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ဖို့ မီးမောင်းထိုးပြလိုက်တဲ့ case study
လို့ ယူစမိပါရဲ့ဗျာ. နို့မို့ဆို သည်ငတိမ story ကို ဖတ်မိတဲ့ သိပ်မထူးချွန်သော
ရုပ်ရည်နည်းနည်းရှိသော ပင်ပန်းဆင်းရဲမှုကို ကြောက်တတ်သော
အမေရိကန် ဆယ်ကျော်သက် ချာတိတ်မများအတွက် လမ်းဖွင့်ပေးထားသလို
ဖြစ်နေတဲ့ industry အနေနဲ့ အန္တရာယ်မသေးလှပါကြောင်း သုံးသပ်မိပါသည် ဗျိုး

တော်သေးဘီ
ခင်တဲ့
ဂီ

 

 

 

20 comments

  • ခိုင်ဇာ

    March 3, 2013 at 3:37 pm

    မဖတ်ဖူးတဲ့ ပုံစံမျိုးပါပဲကွယ်။

    မြန်မာဝတ္ထု အနေနဲ့ကတော့ ဆရာ မောင်သာရ နဲ့ ဆရာ မ နုနုရည် (အင်းဝ) ရေးထားတာ တစ်အုပ်စီရှိတယ်။ ဖတ်ဖူးတယ်။

    ဟိုတလောကတော့ ဟောင်ကောင်ရုပ်ရှင်ကားတစ်ခုကြည့်လိုက်ရတာက
    – ပိုက်ဆံရှာချင်တဲ့ ကျောင်းသူတွေ
    – အိမ်စားရိတ်မလောက်တဲ့ အိမ်ရှင်မတွေ
    – စိတ်လေနေတဲ့ သူဌေးသမီးလေးတွေ
    – ဒါမျိုးကို ဝါသနာ အရ လုပ်ချင်တဲ့ ကလေးမတွေ စသည်ဖြင့် အမျိုးမျိုးပါဝင်တဲ့ အုပ်စုကို အွန်လိုင်းကနေ ဖောက်သည်ရှာပေးတာမျိုး ဇာတ်လမ်းပဲ။

    တစ်ခါတစ်ခါ ကိုယ့် ရွေးချယ်မှုကြောင့်လို့ ပြောလို့ရသလို တစ်ခါတစ်ခါလည်း မလွှဲမရှောင်သာတဲ့ ကိစ္စမျိုးတွေလည်း အများကြီးပဲ။
    သူတို့ဘဝတွေကို တွေးမိတိုင်း ကျုပ် ဘာစကားကို သွားသွား သတိရတုန်းဆို…..

    “”လုပ်ချင်တဲ့ အလုပ်ကို မလုပ်ရရင်၊ ခုလုပ်နေတဲ့ အလုပ်မှာ ပျော်အောင်လုပ်၊ ထူးချွန်အောင်လုပ်”” ဆိုတာမျိုးလေ။

    လိုက်နာဖို့ အတော် ထော်လော်ကန့်လန့် ကြီးပါအေ။
    ဒါပဲပြောတတ်တယ်။
    🙁

  • lele

    March 3, 2013 at 4:19 pm

    “လူရယ်လို့ ဖြစ်လာတဲ့ ဘဝမှာ တန်ဖိုး ဂုဏ်သိက္ခာ စတာတွေ ကိုချနင်းပြီး
    အသက်ဆက်ရှင်အောင် ထမင်းနပ်မှန်အောင် မဖြစ်လွန်းလို့( မဖြစ်လွန်းလို့)
    လုပ်ကိုင်စားသာက်ရတဲ့ လူတန်းစားဟာ ဘာအခြေခံ လူ့အခွင့်အရေးမှ
    မရရှိဘူး ဆိုတာကတော့. ကျနော်တို့ကိုယ်ကျနော်တို့ လူယဉ်ကျေးတို့ရဲ့
    ဌာနေလား ဆိုတာ ပြန်လည် သုံးသပ်ဖို့လိုနေပါကြောင်း”
    ဂီဂီရဲ ့အကြံပြုချက် ကိုထောက်ခံပါတာယ်. Human Right လို ့ဆိုတဲ ့မွေးရာပါလူ ့အခွင့်အရေးတွေ အပြည့်အဝ ရကြပါရဲ ့ လား…???

  • Mr. MarGa

    March 3, 2013 at 5:49 pm

    ဒါကိုဖတ်မိတော့ တစ်လောလေးက ဖတ်ထားတာ သွားသတိရတယ်
    လူထုဦးလှတို့ လူငယ်ဘဝကပါ။
    အောက်လွှတ်တော်မှာ အမတ်တစ်ယောက်က အဆိုတစ်ခု တင်တယ် (အဲလေ တင်ဖို့လုပ်တယ်။ မတင်ရသေးဘူး)။
    ဘာ အဆိုလဲ ဆိုတော့ ပြည့်တန်ဆာ များကို သီးသန့်ရပ်ကွက် ထားရှိပေးရေး တဲ့
    အဲဒီအဆိုနဲ့ ပတ်သက်လို့ အမျိုးသမီး အသင်းများက ကန့်ကွက်ကြတာနဲ့
    အမတ်လဲ အဲဒီအဆိုကို မတင်ဖြစ်တော့ပါဘူး တဲ့။
    အဲဒီအချိန်ကသာ ဒီအဆိုကို လွှတ်တော်မှာ တင်ဖြစ်ခဲ့ရင်
    အခု အချိန်မှာ အဲဒီကိစ္စတွေဟာ တစ်မျိုးတမည် ပြောင်းသွားမယ် ထင်ပါကြောင်း

  • ကိုဇင်ရော်မာလာပုလဲ

    March 3, 2013 at 6:02 pm

    အမှန်တော ့ တုးံတဲ ့လူတွေက နားမလည်းကြတာပါလေ…
    ပြောပြမယ်နော်…။ (ဈေး အစ ဇာတ်အလယ် ဖာအဆုးံ)တဲ ့ ဒီစကားကို ကြားဖုူးကြမှာပေါ ့လေ…။
    ဝါသနာပါတဲ ့လူလည်းရှိမယ်..။ အဆင်မပြေတဲ ့လူလည်းရှိမယ်…။
    သင်ရော ကူညီပေးနိင်လို ့လား…။
    ဘယ်သူမပြုမိမိမူ ပါဘဲကွယ်….။

  • padonmar

    March 3, 2013 at 10:35 pm

    ရန်ကုန်မြို့လည်က ဟိုတယ်ကြီးတစ်ခုမှာ မှတ်ပုံတင်ထားတဲ့ လိင်လုပ်သားမိန်းကလေးတွေရှိပါတယ်တဲ့။
    သူတို့တွေလောက်တော့ ဆေးကုသခွင့် ကွန်ဒုံးတရားဝင်ဆောင်ခွင့်ရှိတယ်လို့ကြားဖူးပါတယ်။
    သူတို့ဖောက်သည်က နိုင်ငံခြားသားတွေပါ။

    ဂရုဓမ္မဇာတ်မှာ သီလအစောင့်ဆုံးပုဂ္ဂိုလ်က ပြည့်တန်ဆာမလေး(ဇာတ်ပေါင်းတော့ ဥပ္ပလဝဏ်ထေရီ-ဥမ္မာဒန္တီ)ပါတဲ့။
    ပြည့်တန်ဆာဆိုတာ ရှေးရှေးဘုရားရှင်တွေလက်ထက်ကတည်းကရှိခဲ့ပါတယ်။
    မရှောင်နိုင်ကြမှတော့ တရားဝင်လုပ်ပြီး ရသင့်တဲ့ ဆေးကုသခွင့်တွေပေးရပါမယ်။
    သူတို့ကို သီးသန့်ထားမှ ဒီအလုပ်လုပ်စားသူမဟုတ်တဲ့ မိန်းကလေးတွေလည်း အထင်လွဲစော်ကားခံရခြင်းကင်းပါမယ်။
    သူတို့ ဒီအလုပ်မလုပ်ချင်တော့ရင်လည်း အဲဒီရပ်ကွက်မှာ မနေတော့ရင် ရှင်းပြီပေါ့။

  • padonmar

    March 3, 2013 at 10:38 pm

    ဒို့သဂျီးရဲ့ မိုင်တစ်ထောင်ခရီးက အဲဒီ Reno Lake ကိုသွားတာမဟုတ်လား။
    April နဲ့များတွေ့ခဲ့လေရော့သလားကွယ်။

    • မျောင်းဘေး Resident

      March 3, 2013 at 11:02 pm

      စဉ်းစားဂျဇေလိုဘာဒယ် ဆိုတာကို ရေးပါအုံးမယ်

    • Foreign Resident

      March 4, 2013 at 12:01 pm

      ” ဒို့သဂျီးရဲ့ မိုင်တစ်ထောင်ခရီးက အဲဒီ Reno Lake ကိုသွားတာမဟုတ်လား။
      April နဲ့များတွေ့ခဲ့လေရော့သလားကွယ် ”

      ဥက္ကဋ္ဌကြီးတို့များ ၊
      မှတ်ဉာဏ်လဲကောင်း ၊ အမြင်လဲ စူးရှပါပေတယ် ။
      ကဲ ၊ သူကြီး ငြင်းမနေနှင့်တော့ ၊ ဝန်ခံလိုက် ၊ ဝန်ခံလိုက် ။
      ဟီ ဟိ ။ 😛

    • kai

      March 4, 2013 at 2:55 pm

      ရီနို(Reno)က.. မြို့ပါ..
      လပ်စ်ဗေးဂတ်မြို့ရှိတဲ့.. နီဗားဒါးပြည်နယ်မြောက်ဖက်က.. မြို့ပေါ့…
      အဲဒီနား.. လိပ်တာဟိုး(Lake Tahoe)ဆိုတာရှိတယ်…

      ဒီဇင်ဘာလဆို.. နှင်းတွေနဲ့.. ကားတက်လို့မရတာများတယ်လေ..။ အဲဒါ.. မိုင်၁၀၀ဝ ခရီးစဉ်ထဲထည့်ဆွဲထားပြီးမှ.. နှင်းမုန်တိုင်းနဲ့တိုးလို့.. ဟော်တယ်ခဆုံးပြီး မရောက်ပဲ ပြန်လှည့်လာရတာလေ..
      အေပရယ်နဲ့ မတွေ့ရပါဘူး..
      မတော် အေပရယ်လောက်သွားရင်.. တွေ့ချင်တွေ့မှာ..
      ဒေါ်လာ၅ထောင်လည်း မပေးနိုင်ပါဘူး..
      မတော် မြန်မာငွေ၅ထောင်ဆိုရင်တော့ .. ရွာထဲကကာလသားတွေအတွက်.. အင်တာဗျူးလုပ်ခဲ့ပေးချင်သား.. :kwi:

      ဆိုတော့.
      ဂီဂီတယောက်..စာအုပ်ကြီးရပြီပေါ့..
      ဖက်များအိပ်နေရင်.. ဈာန်သွင်းနေသလားပဲ..
      မကြာခင်နှစ်တွေမှာ.. မြန်မာလူငယ်များဇတ်လမ်းတွေတွေ လာမည်.. မျှော်.. :harr:

      • Ghi Ghi ThE KiD

        March 4, 2013 at 3:06 pm

        စာအုပ်ကြီးရတာ ကြာပါပြီ သိပ်မဖတ်ဖြစ်တာ ပုံလောက်ပဲလျောက်ကျိနေတာ..
        အေပရယ်ဇာတ်လမ်းနောက်မှာ ဘာသာရေးကိုင်းရှိုင်းတဲ့ daddy’s girl
        အကြောင်းလေး ဆက်ရေးမယ် အောက်မေ့တာပါပဲ…
        အဲ့လို သာမီးမိန်းကလေးမျိုးကို ဂျပန်မှာတော့ 箱入り娘 hako iri musume လို့ခေါ်သဗျ..
        သေတ္တာထဲထည့်သိမ်းထားတဲ့ သမီးပျို ပေါ့လေ..။

        မြန်မာလူငယ်ဇာတ်လမ်းတွေက ကျောင်းပြီးကာစ အလုပ်ခွင်ဝင်မယ့် ယောင်တောင်ပေါင်တောင်လေးတွေကို
        ဗျူးချင်မိသား ..။(ဇနပုဒ်ပို့ထားတဲ့ ကျောင်းတွေရဲ့ အတင်းလေးတွေ နားဆင်ခြင်လို့..)
        အိမ်က ညီတော်မောင်ကို အရင်ဗျူးရမယ် ထင့် … မက်ကာထရောနစ်တဲ့
        ရေမော်တာ ပလပ်ဖြုတ်ထားတာတောင် မသိဘူး ပျက်ပါဘီ ဆိုပြီး ပြင်ဆရာသွားခေါ်လာတယ်..
        အံ့ရော..
        :kwi:

      • padonmar

        March 10, 2013 at 12:02 am

        ဆောဒီးပါ သဂျီးရေ။
        Reno မြင်လိုက်တာနဲ့ သဂျီးကို နှိပ်ကွပ်ရတော့မယ်ဆိုပြီး
        မြို့မှန်းမသိ ကန်မှန်းမသိ ရွှီးလိုက်တာ။

        မောင်ဂီ့ ဒက်ဒီ့ဂဲလ်လေးလည်း ဖတ်ချင်ပါတယ်ဗျို့။

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 4, 2013 at 1:32 am

    ဗဟုသုတ အလိုငှာ ဝင်ဖတ်သွားပါ၏………
    ပြည့်တန်ဆာ ဆိုတာဘာကိုပြောတာလဲဗျ………………..
    ဒေါ်လှ ၅၀၀ဝ ဆိုပါလား………………………………

  • Wow

    March 4, 2013 at 11:00 am

    Human Right အပြည့်ရတဲ့နိုင်ငံက ကိုယ့်အသက်မွေးဝမ်းကြောင်းကိုယ်ကျေနပ်နေတဲ့… မိန်းကလေးတစ်ယောက် အကြောင်းပေါ့…
    မှန်တယ် မှားတယ်ဆိုတာထက် ကိုယ့်ဖောက်သယ်ကိုယ် ငြင်းပယ်ခွင့်ရှိတဲ့ သူ့လောက်တောင် ဒီက လူလတ်တန်းစားတွေ အခွင့်အရေးမရကြပါလားလို့… :buu:

  • ဦးကြောင်ကြီး

    March 4, 2013 at 11:28 am

    အဲလိုအတွေးအခေါ်နဲ့ ဖာလုပ်ကြ ကကလုပ်စားကြတာ တိုးတက်တဲ့နိုင်ငံက မြို့ပြကြီးတွေမှာ များတယ်။ ဆင်းရဲလို့ထက် ငွေလွယ်လွယ် ရချင်လို့ ချမ်းသာချင်လို့ပါ။ အဲဒါအထိ ပြသနာ မဟုတ်သေးဘူး၊ သူ့အမေပေးတဲ့ လယ်တကွက် ဘယ်သူထွန်ထွန် ဖြစ်ပေမဲ့ သူတို့နဲ့တင် မပီးဘူး၊ အခြားသူများ အားကျလိုက်လုပ်တဲ့အခါ လောကစည်းကမ်း ပေါက်တော့တယ်။ လူနဲ့ရင်း ငွေရှာသလို အလုပ်ထဲမှာ ရာထူးတက်ဖို့၊ နေရာမြဲဖို့ လူဂျီးနဲ့အိပ်တယ်၊ မအိပ်သူက နောက်ကောက်ကျတယ်။ အဲဒီမှာတင် အပျို အအို အိမ်ထောင်ရှိ မရှိ စတာတွေ ဂရုမစိုက်တော့ဘူး၊ ကျောင်းမှာလည်း အမှတ်ကောင်းဖို့ ဆရာနဲ့ အိပ်တယ်။ ဖြတ်လမ်းနည်း သုံးတာလေ၊ သဂျီးစကားနဲ့ဆို နည်းလမ်း အရေးမကြီးဗူး ပန်းတိုင်သာ အဆုံးအဖြတ်ပဲ။ သိပ်မြှောက်မပေးနဲ့ မောင်ဂီရေ… တချို့အရာတွေက ကောင်းပေမဲ့ လူအချို့အတွက်ပဲ အသုံးကျတယ်။

  • Foreign Resident

    March 4, 2013 at 11:47 am

    ” မနေ့ကတင် အမျိုးသား ၃ယောက်ဟာ သူမနဲ့
    အချိန် တစ်နာရီကြာပျော်ပါးရဖို့ တယောက်ချင်းစီ ဒေါ်လာ ၅၀၀၀
    ခန့်ကို ကျေကျေနပ်နပ်သုံးစွဲသွားခဲ့ကြောင်း ”

    ဪ သူတို့များ ရုပ်ရည် ကိုယ်လုံး နှင့် အရွယ် လေးရှိတော့ ၊
    ပိုက်ဆံ ရှာရတာ တယ်လွယ်ပါလား ။

    အဘတို့လို ရုပ်ကြမ်းကြီး နှင့် သက်ကြားအိုတွေများ ၊
    ဒေါ်လှ ၅၀၀ဝ ရဖို့ ၊ ရေခြား မြေခြား အန္တရာယ်ကြားမှာ ၊
    တစ်လ လုံးလုံး အလုပ်လုပ်ရတယ် ။

    ဪ ၊ ဘယ်တတ်နိုင်မလဲ ။
    သူ့ ကံ နှင့် သူ ပဲလေ ၊
    ဟိုအရင်ဘဝက ၊ ဆုတောင်း ကောင်းခဲ့ပုံရတယ် ။
    မုဒိတာ ပွားပါတယ် ။

    ဩဇီမှာ အဘ မိန်းမ ရဲ့ လူနာ တစ်ချို့ကလဲ ပြည့်တန်ဆာတွေလေ ။
    သူတို့လည်း ဝင်ငွေ အရမ်း ကောင်းကြတယ် ပြောတယ် ။

    ဩဇီမှာ တက္ကသိုလ် လာတက်ရင်း ကျောင်း စားရိတ် ရှာကြတဲ့ ၊
    အာရှတိုက်က ကျောင်းသူလေးတွေလဲ ရှိတယ် ။
    သူတို့ကတော့ တစ်ခါတွေ့ 100$ လောက်ပဲ ရှိတယ် ပြောတယ် ။

    အင်း ၊ အဘ ကလည်း ကိုယ်တိုင်တော့ တစ်ခါမှ မရောက်ဖူးတော့ ၊
    တိတိ ကျကျ တော့ မ ပြောနိုင်ဘူးပေါ့လေ ။ ဟီ ဟိ ။

    • ဦး ကျောက်ခဲ

      March 4, 2013 at 12:19 pm

      အင်း ၊ အဘ ကလည်း ကိုယ်တိုင်တော့ တစ်ခါမှ မရောက်ဖူးတော့ ၊
      တိတိ ကျကျ တော့ မ ပြောနိုင်ဘူးပေါ့လေ ။ ဟီ ဟိ ။

      အဘရဲ့ ဟီ ဟိ ဆိုတဲ့ ရယ်သံကြီးက တစ်မျိုးကြီးပဲ…
      ဟိုးရှေးရှေးက အဘရဲ့ ကွန်မန့်တွေပြန်ယူလာပြီး… အစဖော်မှပဲ…
      မောင်ကျောက်ဆိုရင် “ရှော့” ရှိလို့ ဝင်ကိုမမန့်ဘူး…
      မတော်ဖြေရှင်းချက်ပေးနေရဦးမယ်… ဟီး ဟီး
      :harr:

      • Foreign Resident

        March 4, 2013 at 12:33 pm

        ” မတော်ဖြေရှင်းချက်ပေးနေရဦးမယ်… ဟီး ဟီး ”

        အောင်မယ် ၊ ကပ်ကြွားသွားသေးတယ် ။
        သူ့မှာ ဖြေရှင်းချက်ပေးရမယ့်သူပဲ ရှိနေသလိုလို ပေါ့ ။

  • uncle gyi

    March 4, 2013 at 10:52 pm

    အဓိကကတဦးချင်းဝင်ငွေနိမ့်လို့ဖြစ်မယ်ထင်ပါတယ်
    ဝါသနာပါလို့ဆိုတာထက်ဝင်ငွေကြောင့်လုပ်တဲ့သူပိုများတာသေချာပါတယ်
    ဒါကြောင့်တဦးချင်းဝင်ငွေမြင့်အောင်ဝိုင်းကြိုးစားပေးတာကသူတို့
    အတွက်ပိုအဆင်ပြေမယ်လို့မန့်ပါတယ်ဗျာ

  • ဦးဦးပါလေရာ

    March 5, 2013 at 2:24 am

    ပြည့်တန်ဆာလုပ်ငန်းကို နေရာသီးသန့်မှာ တရားဝင်လုပ်ခွင့်ပေးသင့်ပါတယ်။
    အဲဒါ
    ပြည့်တန်ဆာလုပ်ငန်းကို ချီးမြှောက်လို လို့ပြောတာမဟုတ်ပဲ
    ပြည့်တန်ဆာနဲ့ ရိုးရိုးမိန်းမကောင်းတွေ သီးသန့်ကွဲပြားစေချင်လို့ ပြောတာပဲ ဖြစ်ပါတယ်။

    ကိုယ့်ဘာသာ ပြည့်တန်ဆာလုပ်တာ ဘယ်သူ့ထိခိုက်လို့လဲ လို့မေးရင်
    ဒီလိုဖြေပါမယ်…
    ပြည့်တန်ဆာလုပ်တာ
    ကိုယ် ကိုယ်တိုင်လဲ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဂုဏ်သိက္ခာဆိုင်ရာအရ ထိခိုက်ပါတယ်။
    ကိုယ့်မိဘ ကိုယ့်ဆွေမျိုး ကိုယ့်အသိုင်းအဝိုင်း ကိုယ့်(လူကောင်း)မိတ်ဆွေတွေရဲ့ ဂုဏ်သိက္ခာလဲ ထိခိုက်ပါတယ်။
    ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်လူ့အဖွဲ့အစည်းကိုလဲ သွယ်ဝိုက်သောနည်းလမ်းများစွာနဲ့ ထိခိုက်စေပါတယ်…
    အဆိုးတကာ့ အဆိုးဆုံးကတော့
    ကိုယ့်သားသမီးကို နောင် လူတောမတိုးနိုင်တော့အောင်ကို ထိခိုက်စေပါတယ်။

    ပြည့်တန်ဆာအလုပ်ဟာ မကောင်းတဲ့အလုပ်ပါ….။

    ကွန်ဆာဗေးတစ်ဂိုဏ်းချုပ်
    ှုှုဦးပါ
    :harr:

    • kai

      March 5, 2013 at 3:50 am

      ဒီလိုဆို.. ပြည့်တန်ဆာကနေ.. နာမယ်ပြင်လိုက်လေ..
      စပွန်ဆာရှိတဲ့မိန်းမလို့..
      တိုတိုပေါင်းခေါ်ရင်.. “စွန်ဆိ”ပေါ့.. :kwi:

Leave a Reply