ဗုဒ္ဓအား အမြင်တင့်တယ်ပါစေ

 

images

 

ခုတလော fb မှာ ဘုရားဆင်းတုတွေကို မရိုမသေ ပြုနေတဲ့ ပုံတွေ တွေ့နေရပါတယ်. မခံချင် ဖြစ်လို့ ရှဲကြတယ်.. ဗုဒ္ဒဘာသာ ကို စော်ကားလို့ ရှုတ်ချတယ် တယ်ဆိုပြီးရှဲကြတယ်.. ဆဲကြတယ်.. ဆက်ပြီး ဖြန့်ဝေပေးပါဆိုပြီးလဲ ရှဲကြတယ်.. ခင်ဗျားတို့ သေသေချာချာစဉ်းစားကြစေချင်ပါတယ်.. အဲလိုပုံတွေကို တွေ့ရတာ ကျွန်တော် တို့လို့ စိတ်မချမ်းသာပါဘူး.. မခံချင်ပါဘူး.. ဒါပေမယ့်

  1. ကြည့်မိလိုက်တဲ့ အတွက် ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရတယ်.. မခံချင်ဖြစ်ရတယ်..
  2. အဲလိုဖြစ်တဲ့အခါ ငါတို့ဘာသာကို စော်ကားလေခြင်းဆိုပြီး ဒေါသထွက်ရတယ်.. ဒေါသထွက်မိတဲ့ အတွက် အကုသိုလ်ဖြစ်ရတယ်
  3. ဒါသထွက်ပြီး ဘယ်သူမှန်းမသိတဲ့ လုပ်တဲ့သူတွေကို ဆဲဆိုတယ်.. ကျိန်ဆဲတယ်.. ဒုတိယံပိ အကုသိုလ်ဖြစ်ရတယ်
  4. အဲဒီပုံဟာ ဘယ်သူက ဘယ်လိုဘာကြောင့် လုပ်ထားတယ် ဆိုတာတောင် မသိဘဲ မျက်စိမှိတ် ရမ်းတုတ်တယ်.. တကယ်ပြုလုပ်တဲ့သူကို ဘာလုပ်နိုင်မှာလဲမေးတော့ ဘာမှ မလုပ်နိုင်ဘူး
  5. အဲဒါကို ထပ်ရှဲတယ်.. ထပ်ရှဲတဲ့အတွက် တွေ့တဲ့သူက ခုနလို (1-4) ကိစ္စဟာ အဲဒီ ပုံကို တွေ့ရတဲ့ သူမှာ လဲ ထပ်ဖြစ်တယ်..

ဟုတ်ပြီ
ရှဲကြတယ်
ရှဲကြတော့ ဘာဖြစ်သလဲ
(1)များများမြင် များများအကုသိုလ်ရကြတယ်
(2) ဘာသာခြားတွေက တွေ့တဲ့ အခါ ဘာအမှန်းမသိပဲ ကျူပ်တို့ ဘုရားကို အမြင်မှားမယ်.. ကျုပ်တို့ဘာသာကိုအထင်သေးမယ်..

ခင်ဗျားတို့ ရှင်းတာက နောက် မြင်ကြမှာ ကအရင်.. 

သူများယောင်တိုင်း မယောင်ပဲ လုပ်သင့် မလုပ်သင့်.. ဆိုတာရယ် ဖြစ်လာ မယ့် အကျိုးဆက်ရယ်ကိုု ကိုယ်ဖာသာလေးလဲ စဉ်းစားကြပါ. အရပ်ကတို့ရေ..

မျက်ကန်းဗုဒ္ဓဘာသာဝင် မျက်ကန်းမျိုးချစ်များဘဝမှ လွတ်မြောက်ကြပါစေ

15 comments

  • ခိုင်ဇာ

    March 4, 2013 at 7:06 pm

    ဟုတ်ပါ့။ ပြောချင်နေတာ။
    မကြိုက်ဘူး၊ မလုပ်သင့်ဘူးဆိုဆိုပြီး ရှယ်ကြတော့ ဖြန့်ဝေသလိုတောင်ဖြစ်နေသေး။
    ခက်တယ်။
    ဟုတ်ဟုတ်၊ မဟုတ်ဟုတ်က နောက်တပိုင်း။

  • မောင် ပေ

    March 4, 2013 at 8:55 pm

    ကျုပ်ကတော့ ၉၆၉ ကို အားပေးတယ်
    ဘိုအုပ် ပြောတဲ့ ပုံကို မြင်ခဲ့ရပေမယ့် ၊ ကျော်ခဲ့တာပါပဲ
    မြန်မာဒက်ဖန် ့လိဂ် ကို အမြဲအားပေးတယ် အားပေးဦးမယ်

    • Foreign Resident

      March 5, 2013 at 8:31 am

      ကိုပေ ရဲ့ ၊
      အဘ ဖတ်ကြည့်ချင်လို့ ၊
      အဲဒီ ၉၆၉ စာတွေ ဘယ်မှာ စုစု ဝေးဝေး ရှိသတုန်း ။

      အဘ ဖတ်ကြည့် မိသလောက်တော့ ၊
      အဲဒီ ၉၆၉ စာတွေ က သိပ် မဆိုးဘူး ၊
      သူက သူများကို သွားမတိုက်ခိုက်ဘဲ ၊
      ကိုယ့် ဘာသာ ရဲ့ သက်လုံ ကောင်းအောင် ပဲ ၊
      ဦးစားပေး လုပ်နေပုံ ရတယ် ။

      ဥပမာ ။ ။
      ဘာသာခြား ပစ္စည်း မဝယ် မသုံး ဘူး ။
      ဘာသာခြား နှင့် မယူဘူး ။
      အဲဒါမျိုး အထိ အဘ တို့ အားပေးလို့ ရတယ် ။ အားပေး တယ် ။

      ဘာသာခြား ဟာ လူယုတ်မာ ဘာသာ ဖြစ်တယ်လို့ သွားပြောတာ ၊
      ဘာသာခြား ပစ္စည်းကို ဖျက် ၊ လူကို သတ် ဆိုပြီး ပြောရင်တော့ ၊
      အဘ တို့ လက်ခံလို့ မ ရဘူးပေါ့နော် ။

  • Good™

    March 4, 2013 at 10:20 pm

    ဟုတ်ပါတယ် လုပ်တဲ့ သူ သူ့ အပြစ်နဲ့ သူ ရှိပါစေ။
    လုပ်နိုင် ချင် တယ် အဲဒါမျိုး cloud ထဲ က ပုံတွေ မှန်သမျှ တွေ့တာ နဲ့ ဘယ်မှ မပြန့် တော့အောင် auto delete မဲ့ hacker လေ။

  • ကထူးဆန်း

    March 4, 2013 at 11:00 pm

    ဘုရားပုံတော်ပေါ် မိန်းမ ထိုင်နေတဲ့ ပုံကိုပြောတာလား မသိ .
    အဲ့ဒီ့ပုံဆိုရင်တော့ ထုံးစံ အတိုင်းဖွ တယ်လို့ထင်ပါတယ် ။
    ထုထားတဲ့ သူရဲ့ ရည်ရွယ်ချက် မသိနိုင်ပေမဲ့ စဉ်းစားကြည့် သိနိုင်ပါတယ် ။ ပုံ က ဘုရား တရားထိုင် မပျက်ပါဘူး ။ မာတုဂါမ လာပြီးမြူဆွယ်တာတောင်မှ တရားထိုင် မပျက် မြူဆွယ်လို့ မရဘူးဆိုတဲ့ ပုံကိုထုထားတယ် လို့ ယူဆပါတယ် ။

    • Foreign Resident

      March 5, 2013 at 8:01 am

      ဟုတ်ဘူး ကထူးဆန်းရဲ့ ။
      အဲဒီ ဝစ်လစ်စလစ် မာတုဂါမ နှင့် တွဲတဲ့ပုံက ၊
      တိဘက် မဟာယာန ဗုဒ္ဓဘာသာ ကျင့်စဉ်တွေ ထဲက ၊
      ကာမမုဒြာ ကျင့်စဉ် တဲ့ဗျ ။
      ( http://en.wikipedia.org/wiki/Karmamudr%C4%81 )
      လောကီ ဈာန် ကျင့်စဉ် ၊ ယောဂ ကျင့်စဉ်တွေ ထဲက တစ်ခုဗျ ။
      တစ်ချို့ ပြန် ရှင်းပြထားတာ ဖတ်ရတယ် ။

      • ကထူးဆန်း

        March 5, 2013 at 10:55 am

        ကျေးဇူး ဘဖော ။ လက်ရာက တိဘက် လက်ရာ ပေါက်နေတာတော့ သတိထားမိတယ်။

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 5, 2013 at 12:30 am

    ကထူးဆန်းရဲ့ အကောင်းမြင်ဝါဒ အယူအဆအလေးကိုလည်း တစ်နည်း နှစ်သက်မိပါ၏………
    အက်ဖ်ဘီမှာ တွေ့တွေ့နေရတာတွေနဲ့ ပတ်သတ်လို့ကတော့ ဘာမှအထွေအထူး
    ပြောမနေလိုတော့ပါဘူး…………………………..

  • Wow

    March 5, 2013 at 4:31 pm

    လူမိုက်အားပေး… အကုသိုလ်ဖြန့်ချီ… ဘာသာရေးအဓိကရုန်းလှုံ့ဆော်သူများ ဖစ်မှာဆိုးလို့ Wall ပေါ်မှာ တောင် ဖျက်လိုက်တယ် ပုံကို…

  • Anonymous

    March 5, 2013 at 9:41 pm

    ်အပြည့်အဝထောက်ခံပါတယ် ဆြာအုပ် 🙂

  • padonmar

    March 5, 2013 at 11:12 pm

    ဟုတ်တယ် စာအုပ်ရေ
    သဘောတူရင် Like မလုပ်ပါနဲ့ shareပေးပါလို့တောင်ပါသေးတယ်။
    မကောင်းတာကို ပြန့်အောင် ဖြန့်ပေးနေမိတဲ့ထဲ ငါပါပါနေပါလား ဆိုတာ မစဉ်းစားကြတော့ပဲ မျက်ကန်းတွေ ဖြစ်နေကြတယ်။

  • surmi

    March 6, 2013 at 12:35 am

    ဆရာအုပ် ကိုသဘောတူပါ၏
    နဲနဲမှစိတ်မချမ်းသာဘူးဗျာ ….. ။
    မရှယ်တာမှ ကောင်းသေး ….။

  • ပေးဒဲ့ ဆုနဲ့ တစ်လုံး တစ်ဝဒဲ
    ပြည့်စုံဘာစေရို့ ….
    ကျုပ်ဂဒေါ့ အိုက်ထဲ ပါဘာဝူးးလို့ …
    အိုက်ဒါ .. အိုက်ဒါ .. (ခွက်ဒစ်တူ ပေဂျီး)

  • ရွှေတိုက်စိုး

    March 6, 2013 at 11:26 am

    ဟုတ်ပဗျို. ကိုအုပ်ရေ တရပ်ထဲသားချင်းဆိုပေမယ့် ကိုရင်ပြောတာ မှန်သဗျာ..
    ဒေါသထွက်နေလို.လဲ ဘာထူးမှာဒုံး.. ရှဲကြတော့ ပိုတောင်ပြန်.သွားသေးတယ်.. လုပ်တဲ့သူက ပျော်လို.နေမှာပေါ့…

Leave a Reply