ကိုယ့်ရဲ့ တစ်စုံတစ်ယောက်

ဇီဇီMarch 4, 20132min51761

 

 

 

someone special

 

 

တစ် စုံ တစ် ယောက် ရဲ့ စိတ် ထား ကို နှစ် သက် မိ နေတယ်။

 

တစ် စုံ တစ် ယောက် ရဲ့ အ တွေး တွေ ကို မှန်း ဆ မိ နေ တယ်။

 

တစ် စုံ တစ် ယောက ်ရဲ့ စ ကား ကို နား ထောင် မိနေ တယ်။

 

တစ် စုံ တစ် ယောက် ရဲ့ ဝမ်း နည်း မှု တွေ ကို မျှ ယူ မိ နေတယ်။

 

တစ ်စုံ တစ ်ယောက် ရဲ့ မေတ္တာ ကို တွေ့ ရှိ မိ နေ တယ်။

 

တစ် စုံ တစ် ယောက် ရဲ့ နှလုံးသား ကို ယုံ စား မိ နေ တယ်။

 

တစ် စုံ တစ် ယောက် ရဲ့ အချစ် ကို လက် ခံ မိ နေ တယ်။

 

တစ် စုံ တစ် ယောက် ရဲ့ ပျော်ရွှင်မှု တွေ ကို ကြည်နူး မိ နေ တယ်။

 

တစ် စုံ တစ် ယောက် ရဲ့ ခံစားချက် ကို နား လည် မိ နေ တယ်။

 

အဲဒီ တစ်စုံတစ်ယောက်ကို တွေ့ဖို့ ဘယ်အချိန်ထိ စောင့်ရဦးမှာလဲ။

 

(တစ်စုံတစ်ယောက် ကို ရည်ရွယ်ပါတယ်။)

 

61 comments

  • P chogyi

    March 4, 2013 at 8:04 pm

    တစ်စုံဆိုရင် နှစ်ယောက်မှ မှန်ပါမယ်ကွယ်။

  • ဦး ကျောက်ခဲ

    March 4, 2013 at 8:25 pm

    ဟမ်မလေး… နုချက်….
    တစ်စုံတစ်ယောက်ကို ဒီလောက် ရှတတဖြစ်နေရင်…
    အမှတ်ရသွားအောင်…
    ခရက်ဒစ်ကဒ် အကြွေးလေးဆပ်ပေးပါလားလို့…
    ဟီ ဟိ နှစ်ယောက်လုံးအမှတ်တရ….
    :harr:

    • ခိုင်ဇာ

      March 5, 2013 at 8:49 am

      တောက်!
      ဒီလောက် နုလှတဲ့ ခံစားချက်တွေ နားမလည်တဲ့ လူဂျန်းဂျီးမို့ မစွံတာရယ်။
      :kwi:

      • Foreign Resident

        March 5, 2013 at 8:58 am

        ဟုတ်ပါ့ ။
        မ ခိုင်ဇာ တော်တော် နု နေတာပဲ ။

        • ခိုင်ဇာ

          March 5, 2013 at 9:01 am

          စိတ်ခံစားချက်တွေ မို့ပါ ဘဖောရယ်။

          :byae:

  • amatmin

    March 4, 2013 at 8:45 pm

    ဘာဒဲ့ ကြားဖူးတာတော့.
    ရင်ဘတ်ချင်း ဂျပ်ပင်ထိုး (Cd:ကိုဂီထင်ပ )…
    နှလုံးသားချင်းသိပ်ကပ်နေဘီဆို ..ဝေးနေလည်း
    အေးဆေး ဆိုလားး ဘာလားး. 🙂
    တချို့ပြောတော့လည်း တမင်တကာ
    ဟောလီဒေးတောင် ခြားပေးရတယ် ဆို…
    တကယ်တမ်းတော့ ပျော်ရွှင်မှုမှာ နှစ်ဦးအသားကျနေရင်
    ဝေးနေလည်း အိုကေကြတယ်လို့(အဲ့တစုံတယောက်ကို ပြောလိုက်ဘာ)
    ကျုပ်ကိုတော့ ဆြာမတယောက် သေချာသင်ပေးဖူးတာ ရယ်… 🙂

    • ခိုင်ဇာ

      March 5, 2013 at 8:54 am

      အဲ့ ဆြာမ ပြောတိုင်း ယုံမနေနဲ့ရယ်။
      သူ့ဟာသူကို သူ့ သီဝရီနဲ့ ရူးချင်ချင်ဖြစ်နေတာ။
      :buu:

      ဂျပ်ပင်ထိုးတဲ့ ကိစ္စတော့ ကျုပ်မသိ။
      Holidayက အများကြီး မပေးနဲ့ , မခြားနဲ့လို့ ပြောထားတာလေ။ အမှတ်လွဲပြန်ပြီ။

      နှစ်သိမ့်ရမှာလဲ အဲဒီ တစ်စုံတစ်ယောက်ကို မဟုတ်ဘူးလေ။ ကျုပ်ကို။ မှားပြန်ပြီ။

      ဒီ ကျောင်းသား စာမွဲချလိုက်ရ မကောင်းရှိတော့မယ်ရယ်။ :mrgreen:

  • Ghi Ghi ThE KiD

    March 4, 2013 at 9:05 pm

    ကျုပ်ကတော့ တစုံ ၂ယောက်ပဲ
    သင်ချာကြီးရယ် သင်ချာလေးရယ်.

    အာ. ဟိ

    :harr:

    • ခိုင်ဇာ

      March 5, 2013 at 8:57 am

      ခေါင်းကောင်းတဲ့ ဆရာဂီ တို့များကျတော့လည်း ….

      သင်္ချာ အကြီးတွေ ရော၊ အသေးတွေ ရောနော်။

      တွက်နိုင်ချက်။

      :harr:

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 5, 2013 at 12:47 am

    အမှန်တော့ တစ်စုံတစ်ယောက်ဆိုမှဒေါ့
    တစ်စုံ= နှစ်ယောက်+တစ်ယောက်
    ဒီတော့ သုံးယောက်ပေါ့………………..

  • ခင်ခ

    March 5, 2013 at 11:14 am

    ( အဲဒီ တစ်စုံတစ်ယောက်ကို တွေ့ဖို့ ဘယ်အချိန်ထိ စောင့်ရဦးမှာလဲ။ )
    မခိုင်ဇာရဲ့ တစ်စုံတယောက်ကို
    တွေ့ချင်လို့ မျှော်နေတာလား
    တွေ့နေလို့ မျှော်နေတာလား
    စဉ်းစားမိတဲ့အခါ …….
    စောင့်ရပြီး မလာသေးတဲ့ ဒုက္ခ၊
    စောင့်ပြီး မလာတဲ့ ဒုက္ခ၊
    မစောင့်တဲ့အချိန် လာသွားလို့ မတွေ့လိုက်ရတဲ့ ဒုက္ခ၊
    စောင့်တာစောင့်ရတယ် လာ မလာ မသေချာတဲ့ ဒုက္ခ၊
    အမြဲဘဲ စောင့် ရတဲ့ ဒုက္ခ၊
    အဲဒီ စောင့် လေမျိုးနွယ် ဝတ် ငါးသွယ် မှ ကင်းပါစေကြောင်း ဆုတွေတောင်းလိုက်ပါ၏။

    • ခိုင်ဇာ

      March 5, 2013 at 11:29 am

      ကဲပါ ကိုကြီးခ ရယ်။
      စောင့်ရတဲ့ ဒုက္ခတွေက ရှုပ်ပါတယ်။
      လိုက်သွားပြီး တွေ့လိုက်တာအေးပါတယ်။
      သွားတွေ့လိုက်မယ်ဗျာ။

      :kwi:

  • Wow

    March 5, 2013 at 11:33 am

    လွမ်းရတာ ကျမအတွက်အရသာ… ဆိုလား.. ရှေးဟောင်းသီချင်းဂျီးပါအေ… :mrgreen:
    တဂယ်လွမ်း
    လူရှိန်အောင်လွမ်း
    သတိရလို့လွမ်း
    လွမ်းချင်လို့လွမ်း
    လွမ်းလို့မရလို့လွမ်း….
    အို..ငါဟဲ့ အရူးအနှမ်း…
    :harr:

    • ခိုင်ဇာ

      March 5, 2013 at 11:39 am

      လွမ်းတာချင်းတူရင်ကို ကျုပ်က အနှမ်းပိုမယ် ထင်ပါရဲ့။

      ကျုပ်လည်း ရူးခါနီးပြီအေ့။

      :kwi:

      • Wow

        March 5, 2013 at 11:51 am

        Truly, Madly, Deeply ဆိုတာ သီချင်းပဲဆိုလို့ကောင်းတာပါအေ… :buu:

        • ခိုင်ဇာ

          March 5, 2013 at 11:59 am

          အဲဒီ သီချင်းကို Truly, Madly, Deeply ကြိုက်မိတာတောင် ဆို တဲ့သူက အခြောက်ကြီးတဲ့အေ။

          နာ့ ဘဝက အဲလိုပါဆို….

          :buu:

        • Wow

          March 5, 2013 at 3:00 pm

          အခြောက်ယီးတစ်ယောက်နဲ့ ဗျာများနေတဲ့နာ့များ တဲ့တဲ့ပေါရော့သလားကွယ်… :mrgreen:

        • ခိုင်ဇာ

          March 5, 2013 at 3:11 pm

          ဘယ်သူ့မှ မရည်ရွယ်ပါ။
          တိုက်ဆိုင်မှုရှိလျှင် သင့်ကိုပြောခြင်းဖြစ်၏။

          :harr:

      • garuda

        March 6, 2013 at 6:23 pm

        ♪အချစ်များ……အကုန်လုံး
        ♪မင်းအတွက်..ငါလည်းရူးတော့မယ် အချစ်ရာ
        ♪ဆုံးဖြတ်….အချစ်အမုန်း..နောက်ဆုံး….ပြောဦး
        ♪တစ်စုံတစ်ခု…မင်းရွေးချယ်ပေးပါ။

        အဲ..အဲ..အဲလို ရူးမှာလားဟင်:bar: အဲဒါကြောင့် လူဂျိုဂျီး ဆောင်းဦးလှိုင် ကကြောတာပေါ့…အချစ်ကအမှား ဒဲ့ :bar:

  • ဗုံဗုံ

    March 5, 2013 at 12:00 pm

    မမခိုင်ဇာ တစ်စုံတစ်ယောက်က မိဗုံကို မှာလိုက်တယ် ဘိုးဘွားရိပ်သာမှာ တွေ့မယ်တဲ့ စိတ်ဓာတ်မကျနဲ့ သိလား :mrgreen:

    • ခိုင်ဇာ

      March 5, 2013 at 12:11 pm

      မင်ဂါ ဆွမ်းကျွေး အလှူ အတွက် ပေါ့ ဗုံကလေးရဲ့။ :mrgreen:

  • ကြည်ဆောင်း

    March 5, 2013 at 12:03 pm

    ခိုင်ဇာလဲ ရည်ရွယ်သူ (တစ်စုံတစ်ယောက်) ကို တိုက်ရိုက်မပြောဘဲ ဂဇက်မှာလာအော်နေပြန်ပါပြီ…
    :harr:

    • ခိုင်ဇာ

      March 5, 2013 at 12:08 pm

      တိုက်ရိုက်ပြောပြီးပြီ။
      ပြောပြီးမှ လာတင်တာပါ ကြည်ဆောင်းရေ။

      :harr:

  • မောင် ပေ

    March 5, 2013 at 12:50 pm

    ဇာ့ရဲ ့တစ်စုံတစ်ယောက်ကို ဖတ်ပြီး
    ကိုယ်များ ဖြစ်ကောင်းဖြစ်နိုင်ပါလားလို ့
    အတွေးတွေ ဝင်သွားမိတယ်ကွဲ ့
    ဟီဟိ

  • Myo Thant

    March 5, 2013 at 1:09 pm

    အဲဒီ တစ်စုံတစ်ယောက်က ရန်ကုန်မှ ဆိုလား ကြားမိသလိုပဲ

    🙂

    • ခိုင်ဇာ

      March 5, 2013 at 1:19 pm

      ဟယ်။ ဒီ လူဂျီး ။
      ကြားတာကို တိုးတိုးတိတ်တိတ်နေလေ။
      ဘယ်နဲ့ လူသိရှင်ကြား။ :mrgreen:

  • ညလေး

    March 5, 2013 at 4:53 pm

    မမ ခိုင်ဇာရယ်…
    တစ်စုံတစ်ယောက်ဆိုတာက
    တစ်စုံ =2
    တစ်ယောက် =1
    2ယော်ထဲက တစ်ယောက်ကိုများ ရွှေးရခက်နေလား သိဝူးနော်….
    အဟိ နောက်ထှာာာပါ….

    • ခိုင်ဇာ

      March 5, 2013 at 4:59 pm

      ၂ အချိုး ၁ ဆိုတာ ဟုတ်ဘူး ညာတာ~~~
      တကယ်က ၁ အချိုး ၁ ~~~
      ဒါတွေအကုန်လုံးရှင်းပစ်တဲ့အချိန်ကျတော့ ~~
      မင်း ကငါ့ ကို ထားရစ်~~~~

      :mrgreen: :mrgreen:

      • Myo Thant

        March 6, 2013 at 12:48 am

        မမခိုင်ရယ်

        မနိူင်ခဲ့ဘူးတဲ့ ဟိုး တစ်ယောက်က

        ( ၂ အချိုး ၁ ဆိုတာ ဟုတ်ဘူး ညာတာ~~~
        တကယ်က ၁ အချိုး ၁ ~~~
        ဒါတွေအကုန်လုံးရှင်းပစ်တဲ့အချိန်ကျတော့ ~~
        မင်း ကငါ့ ကို ထားရစ်~~~~ )

        အမှားဖြစ်တာ ကျနော်ပါ

        တစ်အချိုးတစ် အဲဒီစနစ်ကိုသုံး

        ဟိုဟာတစ်လုံး ရေတစ်လုံး ဗြုန်းကနဲ လဲကျ

        တရားခံက မမခိုင်ဗျ 🙂

        • ခိုင်ဇာ

          March 6, 2013 at 7:58 am

          ဘယ်နဲ့ မမခိုင်ကို တရားခံ လို့ စွပ်စွပ်စွဲစွဲ။
          ကိုယ့်ဟာကိုယ် တစ်စုံတစ်ယောက်နဲ့ အေးအေးမနေရဘူး။ :mrgreen:

  • htet way

    March 5, 2013 at 5:04 pm

    အင်းးး
    ငယ်သူမို့ မသိ တာပါ ကလား
    ဦးလေး တို့ကတော့ ဒီ တစ်စုံ တစ်ယောက် ၊တစ်စုံတစ်ရာ
    တစ် ခါတရံဆီ…….
    ခံစား ချက်တွေ ကို ကြက် ပျောက် ငှက်ပျောက်
    လွတ်မြှောက် ထွက် ပြေး ဘေးမဲ့ ပေးထားလေတော့
    အင်း တစ်စုံ တစ်ယောက် သာ သိရင် ….

    • ခိုင်ဇာ

      March 5, 2013 at 5:08 pm

      တစ်ရံတစ်ခါတုန်းက
      တန်ခိုးရှိတဲ့ တစ်စုံတစ်ရာ အလယ်မှာ
      တစ်စုံတစ်ယောက်နဲ့တွေ့ပြီး
      တစ်စုံတစ်ခု ဖြစ်ခဲ့တာတွေ
      ပြည်ဖုံးကားချလိုက်ပြီပေါ့နော်။
      :mrgreen:

  • ရွှေ ကြည်

    March 5, 2013 at 5:55 pm

    တစုံတယောက်ကိုလွမ်းနေတယ်
    တစုံတယောက်ကိုပျော်ရွှင်စေချင်တယ်
    တစုံတယောက်ကိုနှစ်သိမ့်ပေးချင်တယ်
    တစုံတယောက်ကိုနားလည်ပေးနေမိတယ်
    တစုံတယောက်ကိုသိစေချင်တယ်
    ————————-
    ဒီနေ့တော့ ဂလောက်ပဲ :mrgreen: :mrgreen: :mrgreen:

    • ခိုင်ဇာ

      March 5, 2013 at 6:02 pm

      ဟွန့်။
      ဂလောက်ပဲ ဂလောက်ပဲ နဲ့ …
      တူ ပြောချင်တာ ဝင်ဝင်ပြောတာ ဘယ်နှစ်ခါရှိဘီဒုန်း။ :mrgreen:

      • ရွှေ ကြည်

        March 5, 2013 at 11:37 pm

        ဘာဒုန်း …
        မမခိုင်ဇာ က ညီမလေး ဂလိုပေါလို့ မကျေနပ်ဘူးပေါ့လေ …
        မကျေနပ်ရင်လည်း ညီမလေး မန့်တော့ဘူး …
        ဒါဗျဲ ..
        ညီမလေး က ကိုယ့်မမဂျီး ပို့စ်ကို ဝင်မန့်တာပဲ …
        ဆိုင်ဆိုင် မဆိုင်ဆိုင် ခွေးလွှတ်ပေးရမှာပေါ့လို့ … ဟွန့် …
        နောက်ခါ ဂလို လာပေါရင် ခေါ်ဒေါ့ဝူးးး ဒါဗျဲ … :mrgreen:

        • ခိုင်ဇာ

          March 6, 2013 at 8:01 am

          ဟယ်။
          ရွှေကြည်က သွားကျိုးလေး ဖြစ်သွားပြီတော့။
          သူ့မောင်ဂလေးနဲ့ ပိုတူသွားဘီ။ :mrgreen:

  • နေဝန်းနီ

    March 5, 2013 at 8:17 pm

    ဟိုသီချင်းလေး နားထဲရောက်လာတယ် ဘာတဲ့ ….။
    တစ်စုံတစ်ရာ ကြယ်တွေကြွေအောင်ပြုလုပ်ပေးနေတယ် xxxx တန်ခိုးရှိတဲ့တစ်စုံရာကိုလေးလှမ်းပြောလိုက်တော့မယ် ဆိုလား ……….။ အဲဒိသီချင်းလေ…….. အရင်တုန်းကတော့ ကောင်မလေးတွေအဆောင်ရှေ့သွားသွားအော်ဖူးလို့ရတယ် ခုတော့ အစအဆုံးမရတော့ဘူး အဲဒိသီချင်းလေးကို လွမ်းလိုက်တာ ခိုင်ဇာရယ် လွမ်းလို့ကျန်ရစ်ခဲ့ပြန်ပြီ…။ ဘယ်သူလာပြီးအားနာပေးမှာလဲဟင်

    • ခိုင်ဇာ

      March 5, 2013 at 8:21 pm

      ဟယ်။
      နေဝန်းနီရယ်။
      ဝေဒနာပေးသလိုဖြစ်ရင် တောင်းပန်ပါတယ်။
      :mrgreen:

  • အလင်းဆက်

    March 5, 2013 at 8:46 pm

    အူးကျောင်ကို ရည်ရွယ်တာလား ။
    ဒါမှမဟုတ်…
    ….

    ဟက်
    ဟက်…
    🙂
    🙂
    ကဂျာလေးက..ရောင်စုံလေး..ရှိုတော့….
    လှတယ်ဂျာ..။

    • ခိုင်ဇာ

      March 5, 2013 at 8:52 pm

      အလက်ဆင်းနော်။
      သူ့ကို ရည်ရွယ်စရာလားလို့။
      :mrgreen:

      လက်တဲ့စမ်းရင်း ရောင်စုံသွားတယ်ကွယ်။
      :harr:

  • pooch

    March 5, 2013 at 10:27 pm

    Somebody wants you, somebody needs you
    Somebody dreams about you every single night
    Somebody can?t breathe, without you it?s lonely
    Somebody hopes that one day you will see
    That somebody’s me, that somebody’s me, yeah………. :mrgreen:

    • ခိုင်ဇာ

      March 6, 2013 at 8:02 am

      Never mind I’ll find “”someone”” like you……………….
      I wish nothing but the best for you two…………………..

      :mrgreen:
      .

  • တစ်စုံတစ်ယောက်ကြောင့် တစ်စုံတစ်ရာအလွမ်းတွေရလာပြီး
    တစ်စုံတစ်ရာအလွမ်းတွေကြောင့်တစ်စုံတစ်ယောက်ို ပိုပိုပြိီးလွမ်းနေတယ်ဆိုရင်
    ယုံမလားဗျာတို့ရယ်။

    • ခိုင်ဇာ

      March 6, 2013 at 8:05 am

      ယုန် လိုက်ပါ့မယ် လေးပေါက်ရယ်။

      ပြောရင်းဆိုရင်း မန်းလေးအထွက် တောကောင်ဆိုင်က ယုန်သားကြော်နံ့လေး မွှေးလာသလိုလို။

      :kwi:

  • ဦးကြောင်ကြီး

    March 6, 2013 at 11:19 am

    တစုံတယောက် စုံထောက် …. ဘာအဓိပါယ်လဲ တိယား………………………..

    • ခိုင်ဇာ

      March 6, 2013 at 11:29 am

      တိဝူး။

      :mrgreen:

  • Mr. MarGa

    March 6, 2013 at 3:41 pm

    ဘာမှ မျင်ရဝူး
    သိကြား နတ်မျက်စိ ပုလင်းကွဲကို အဲ့အရောင်တွေက ကာထားတယ်
    ဘာတွေ ရေးထားသလဲဟင်
    ပြန်ရေးပြ :mrgreen:
    တစ်စုံနဲ့ တစ်ယောက်ထဲကို အဲသလောက်မျက်စိနောက်အောင် ရေးထားရသလား
    လူတွေကို နှိပ်စက်တယ် :mrgreen:

    • ခိုင်ဇာ

      March 6, 2013 at 3:46 pm

      ဟွန့်။
      အချစ်ကို မခံစားတတ်တဲ့ သကြား။
      ဒီ သကြားနဲ့ ပေါင်းရတာ ချောင်းဆိုးတာပဲ အဖတ်တင်တယ်။ :mrgreen:

  • နွေဦး

    March 6, 2013 at 5:16 pm

    အော်….ဘယ်သူများလဲလို့….
    အချိန်တန် ရင် ဖြစ်လာမှာပေါ့ ခလေးရယ်..အရွယ်မလွန်သေးပါဘူးလေ..

    • ခိုင်ဇာ

      March 6, 2013 at 5:23 pm

      Someday ကျရင် Somewhere မှာ Someone နဲ့ တွေ့ရမှာပေါ့နော်။
      :harr:

  • garuda

    March 6, 2013 at 7:05 pm

    ♪နေ့တွေလဟောင်း လတွေနှစ်ပြောင်း
    ♪ဒီနေ့ထက်ထိ တို့မေ့မရတဲ့သူ
    ♪ရင်ခွင်မှာ အချစ်စစ်အတွက်
    ♪အမှတ်တရတွေ အများကြီးနဲ့

    :byae: တစ်ယူသန်စွာမင်းနဲ့ တစ်နေ့နေ့တွေ့ဖို့စိတ်ကူး :byae:

    ♪အချစ်ရာ ဝေးလည်းဝေးရော
    ♪ကိုယ့်မနက်တွေ အလွမ်းနဲ့ပြည့်နှက်
    ♪ညတိုင်းကိုယ် အိပ်စက်မရခဲ့
    ♪အချိန်ရှိတိုင်း မျက်ရည်လည်
    ♪ရှင်သန်စရာ နှလုံးသားလေးမင်း
    ♪အစားထိုးလို့ မရတော့တဲ့နောက်
    ♪ဪ..နေ့တွေညတွေ အချိန်တိုင်း တို့ရူး
    ♪ကိုယ့်အချစ်ရာ..စွဲလမ်းခြင်းက
    ♪ခံနိုင်တာထက် များလွန်းနေတယ်..
    ♪မင်းရဲ့အချစ် ထပ်မရလို့မဖြစ်ဘူးကွယ်
    ♪ဖြေနိုင်စရာ အကြောင်းလည်းမရှိ
    ♪ကိုယ့်အလွမ်းတွေ မင်းကမသိ
    :byae: တစ်ယူသန်စွာ..မင်းနဲ့ တစ်နေ့နေ့ တွေ့ဖို့စိတ်ကူး… :byae:

    ဟီးဟီး..သူများတွေ ဝမ်းနည်းနေတာတွေ့လို့ စိတ်ပြေလက်ပျောက် သီချင်းလေးတွေ တင်ပေးတာပါ…စိတ်မရှိပါနဲ့ဂျာ :hee:

    • ခိုင်ဇာ

      March 7, 2013 at 9:10 am

      ဂလုဒ
      အဲ့ သီချင်းကို ကြိုက်လို့ သီချင်း အတွက် ကျေးဇူးတင်ပါတယ်။
      ဒါပေမဲ့ ကျုပ် ဝမ်းနည်းနေတာဟုတ်ဘူးတော့။
      ဒီစာက ကြည်နူးစိတ်နဲ့ ရေးထားတာ။
      ခက်နေပါပြီတော်။

      :harr:

  • garuda

    March 7, 2013 at 5:57 pm

    တူမကြီးရယ်..ဂလု လဲ မှားတဲ့ အခါ မှားပေ မပေါ့…
    ကဲ.. ဦးကျောက်တုံးကြီး…ပြောဘူးလား မစိုးရိမ်ပါနဲ့ တူကပျော်လို့တဲ့…
    လူဆိုးကြီး…သူကဘဲ….အိုးကမပူ စလောင်းကပူနေတယ်…တကတဲ မှဘဲတော်… :ha:

    • ခိုင်ဇာ

      March 7, 2013 at 8:07 pm

      ဦးကျောက်က စိတ်ပူတယ်တဲ့လား။
      ပျော်နေတယ် ပြောလိုက်ပါလေ။

      :harr:

    • ဦး ကျောက်ခဲ

      March 8, 2013 at 7:28 am

      သယ်ရင်း… ဂလု… မင်း လူမှားနေပြီ…
      ဟီ ဟိ… လည်လှ လည်လှ.. ဒီတစ်ခါတော့ လွဲသွားပြီ…
      :harr:

      • ခိုင်ဇာ

        March 8, 2013 at 7:34 am

        အို !! မရှင်းပါနဲ့ ဦးကျောက်ရယ်။
        :kwi:
        အထင်ခံရ နည်းလားလို့။
        ခိခိခိ။

        :harr:

        • garuda

          March 8, 2013 at 3:08 pm

          မင်းလဲလူမှား..ငါလဲလူမှား ကြိုက်တာကို ရွေးစမ်းကိုယ့်လူ..အာ…တီချင်းနဲ့ မွှားကုန် B..
          အမ်..အမ်..အမ်…ဘာဒွေ ပြောနေ ဂျဒါလဲ? 🙄 🙄
          ထင်စရာလားလို့…အထင်ခံစရာလားလို့ ကိုယ့် တူမတွေဂို…

          အင်း…ဟင်းဟင်း…ခင်သန်းနု နဲ့ ကောလိပ်ဂျင်နေဝင်း နဲ့ :bar: :bar: အို ဖြစ်နိုင်ပါဘူးကွယ်… :eee: :eee:

          ဒေါ်မြလေး ကျောဒလိုဘဲကျောလိုက်တော့ မယ်….“ပြောချင်ဘူး…ပြောချင်ဘူး” :kwi: :kwi:

  • Nay Chi

    March 22, 2013 at 12:31 pm

    အင်းးး သေချာနေပါပြီလေ…။ ခိ ခိ

    • KZ

      March 22, 2013 at 12:36 pm

      ရူးဖို့လား။ ဟီး။ :mrgreen:

  • အော်ရယ် …
    သူဒို့ဒွေ သိပ်သိပ် ပေါ် .. အဲ .. ပျော်နေဂျလေဒယ် ..
    နာ့မှာဒေါ့ .. ဟင့် .. ညက်နှာငယ်လေးနဲ့ …
    နောက်ဆုံးမှ ရောက်လာရဒယ် …
    ဘာကြောကြော တားလည်း လာပီး ကွန်မန့်ပေးဒယ်နော် ..
    မုန့်လည်း ကျွေးအုံး .. ဟီး .. :mrgreen:

Leave a Reply