မြန်မာနိုင်ငံရှိအောက်ခြေဝန်ထမ်းများအား

Lu manMarch 5, 20131min954

ကျွန်တော်တို့နိုင်ငံတော်သစ်တစ်ထောင်နေစဉ်ကာလအတွင်း အချို့သော ဌာနဆိုင်ရာမှ အောက်ခြေဝန်ထမ်းများတို့သည် စကားပြောဆိုယာဉ်ကျေးမှုမရှိခြင်း

ယခင်ကကဲ့သို့ပင် လာဒ်ယူမှုများပြုလုပ်နေဆဲပင်ဖြစ်ပါသည်။ အလွယ်ကူဆုံးဖြစ်သည့်ဖုန်းပြောသည့်ကိစ္စများတွင်ပင်ယခင်ကကဲ့သို့မောက်မာစွာပြောဆိုနေသေး  ကြောင်းတွေ့ရှိခံစားနေရပါသေးသည်။ ယခုတိုးတက်လာသည့် ခေတ်ကြီး တွင် Fax လက်ခံသည့်ကိစ္စ များတွင်အလွန်ပင်သိသာထင်းရှားပါသည်။ အချို့သောဝန်ထမ်းများလက်ခံလျှင် ဘ(၅) လုံးဖြင့်ယခုတိုင်လက်ခံနေသေးကြောင်း တွေ့ရှိနေရပါသဖြင့် အထက်မှ တာဝန်ရှိသူလူကြီးများအနေဖြင့်  သွန်သင်ဆုံးမမှုများပြုလုပ်သင့်ပါကြောင်းအကြံပြုလိုပါသည်။ ထို့ပြင် ၎င်းတို့ကိစöများအားလည်း တရားဝင်တိုင်ကြားလာပါက ထိရောက်စွာအရေး ယူပေးစေလိုကြောင်း အသိပေးအကြံပြုအပ်ပါသည်။

4 comments

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 5, 2013 at 1:49 am

    lu man ပြောတာလေးကို ဝင်ပွားရမယ်ဆိုရင်တော့ဖြင့်
    ဒါက ဒီလိုရှိပါတယ်… ဟိုဟာက ဟိုလိုရှိပါတယ်…….
    အဲ့ဒါကြောင့် အဲ့ဒီလိုဖြစ်နိုင်ပါတယ်……

  • ဦးဦးပါလေရာ

    March 5, 2013 at 1:58 am

    အမ်း……..
    ဒီကိစ္စက အောက်ခြေဝန်ထမ်းများနှင့်အတူ
    တဆင့်မြင့်ဝန်ထမ်းများ အလည်အလတ်ဝန်ထမ်းများနဲ့ အကြီးတန်းဝန်ထမ်းများ အားလုံးနီးပါး
    ဒီအတိုင်းပါပဲဒါကြောင့် ဝန်ထမ်းအားလုံးကို အဆင့်တိုင်းကို တပြိုင်ထဲ လမ်းညွှန်၊ ပညာပေး၊ သတိပေး၊ အရေးယူ အဆင့်ဆင့် လက်တွေ့လုပ်သင့်ပါတယ်။

Leave a Reply