တောင်ကိုရီးယား၏ နည်းပညာကုမဏီကြီးတစ်ခုဖြစ်သော ဆမ်ဆောင်းမှ ၄င်း၏ Galaxy S Series စမတ်ဖုန်းမျိုးဆက်သစ်တစ်မျိုးကို တီထွင်လျက်ရှိကြောင်း ကောလဟ ထွက်လျက်ရှိပါသည်။ ဆမ်ဆောင်းအနေဖြင့် လူအများ မျှော်လင့်စောင့်စားနေသော S4 စမတ်ဖုန်းသစ်ကို မတ်လ ၁၄ ရက်နေ့တွင် စတင်ဖြန့်ချီတော့မည်ဟု ကြေငြာခဲ့ပါသည်။

ဆမ်ဆောင်းအနေဖြင့် မတ်လ ၁၄ ရက်နေ့၌ နယူးယောက်ြမို့တွင် ယခင်က မပြုလုပ်ခဲ့ဖူးသော ပွင့်လင်းမြင်သာသည့် ဆမ်ဆောင်းပြပွဲတစ်ခုကို ကျင်းပပြုလုပ်မည် ဖြစ်ပေသည်။ ၄င်းပြပွဲတွင် S4 စမတ်ဖုန်းကို ပွဲထုတ်လိမ့်မည် ဖြစ်ပေသည်။

 

s4 သည် Android ၏ version ဖြစ်သော 4.2.2 Jelly Bean ကို အသုံးပြုထားသည်ဟု အများက ပြောဆိုနေကြပါသည်။ ဖုန်းသည် ၄.၉၉ လက်မအရွယ်ရှိပြီး Super AMOLED display ကို အသုံးပြုကာ Exynos Processors ရှစ်လုံးတပ်ဆင်ထားပါသည်။ ရုပ်ပုံထွက်ရှိမှု ကောင်းစေရန် သီးခြား Processing Unit ရှစ်ခုကိုလည်း တင်ဆင်ထားပါသည်။

RAM 2GB ရှိပြီး နောက်ပိုင်းကင်မရာအရည်အသွေးမှာ ၁၃-mgapixel ရှိ၍ Video အရည်အသွေးအနေဖြင့် 1080P ရှိပါသည်။ ထို့ပြင်လုံခြုံရေးဆော့ဖ်ဝဲလ်ဖြစ်သော Knox ကိုလည်း တပ်ဆင်ထားသဖြင့် S4 သည် ပြီးပြည့်စုံသော စမတ်ဖုန်းတစ်လုံးဖြစ်လာပေတော့မည်။

www.thetechjournal.com

gala

http://thetechjournal.com/electronics/mobile/samsung-plans-a-times-square-event-related-to-galaxy-s4-announcement.xhtml/attachment/samsung-galaxy-s4-event

 

အလုပ်မအားတာနဲ့မတင်ဖြစ်တာပါ…သတင်းတွေကတော့ ပြန်ထားတာတွေရှိပါတယ်…

ရွာသား၊ရွာသူတွေအနေနဲ့ နိုင်ငံတကာနည်းပညာစစ်သတင်းတွေစိတ်ဝင်စားရင်လည်း တင်ပြပေးချင်ပါတယ်။

About Mr WorldWide

Mr WorldWide has written 99 post in this Website..

လက်ထောက်ကထိက (Member of DASA)