ဆယ့်နှစ်ရာသီစာအလွမ်းသာမရှိရင်……..

april snowMarch 5, 20131min3164

ကမ်းလှမ်းလာခြင်းမရှိခဲ့တဲ့လက်အစုံကို
ဆွဲငင်ယူခြင်းမရှိ
ဖိတ်ခေါ်ခြင်းမရှိဘဲနဲ့
ဟိုးအဝေးတနေရာက ခပ်ငေးငေး
တခါတခါ ဝေ့ခနဲတစ်ချက် ငေးကြည့်ဖူးသလား
ဒဏ်ရာဆိုတာ ဝေဒနာပေးမှရှိတာမှမဟုတ်တာ
လူမသိသူမသိ မိုးလေဝသရဲ့ မုတ်သုန်ရာသီမှာ
အခါလွန်လျှပ်ပန်းနွယ်တွေရဲ့ ငိုခြင်းချသံစဉ်ကို
မိုးစက်တွေက အလှဆင်သွားလေရဲ့
သွားပါတော့ကွယ်
ပြန်လာခြင်းမရှိတဲ့ အဖြစ်မျိူးလို့ပဲ သတ်မှတ်လိုက်ပါရဲ့
ဘဝတစ်ဆစ်ချိူးက ခပ်ထူထူအနားသတ်တွေကို
ဖုတ်ဖက်ခါပြီး လွမ်းခွင့် ငါ့မှာမရှိဘူးလေ
ငါတို့…….ငါတို့ …. ငါတို့တွေရဲ့အဖြစ်တွေကနေ
ငါ ဆိုတဲ့ မလိုလားအပ်တဲ့သူတစ်ယောက်ပဲ
အဝေးက ငေးကြည့်ကျန်နေခဲ့တယ် ။
ငါငိုတာကိုနင်မသိ……..ငါလိုအပ်တာကိုလည်းနင်မသိပါဘူးလေ
ဘယ်ဘက်ပါးကို လက်ဝါးနဲ့ပွတ်သပ်နေတဲ့ညနေခင်းမှာ
ငါ့လမ်းငါလျှောက်ရင်း လမ်းပျောက်ဖူးတယ်
ခပ်ဖြေးဖြေးလေးတွဲထားတဲ့လက်ကို ခါချဖူးတယ်
နင်ကြောင့်ငါ အချစ်ပေါင်းမြောက်မြားစွာကွဲအက်ခဲ့ဖူးတယ်
တကယ်တော့
ရက်ပေါင်းခြောက်ဆယ်စာ တွယ်တာခြင်းကို ရက်ပေါင်းခြောက်ထောင်လောက်
တမ်းတမ်းစွဲမိတဲ့ငါဟာ… အမှားတွေနဲ့လူပါကွယ်
နင့်အတွက်ငါ့ရဲ့အိပ်မက်ဟာလည်း တိတ်တခိုးသံစဉ်တွေဝေလို့
နင့်အတွက်ငါ့ရဲ့ ဖြစ်တည်မှုဟာလည်း မြူမှုန်တစ်စလိုလွင့်လို့
ခုနေများ ပြန်လိုချင်မလား … ဆုတောင်းသာတစ်ခုသာပြုမိနိုင်မယ်ဆိုရင်
ငါမတောင့်တမလိုချင်တော့ပါဘူး
နင်ဖြစ်တည်ဖူးခဲ့တဲ့ တစ်နေရာသောအတိတ်က ညနေခင်းတွေမှာ
နင်လက်ဝါးအပ်ခဲ့တဲ့ ဘယ်ဘက်ပါးပြင် ရဲ့ အနီးဆုံးမှာ
နင် အောင်မြင်ပျော်ရွှင်နေမယ်ဆိုရင် ငါမြူမှုန်လိုလွင့်ကျန်နေလည်း
အဆင်ပြေပါတယ်
ဆယ့်နှစ်ရာသီစာအလွမ်းသာမရှိရင်……..
နင့်ကို ခိုးခိုးကြည့်မိတဲ့ငါ့မျက်ဝန်း
နင်နားမလည်တဲ့ ငါ့မာန………….
ငါလေ……….နင့်ကိုသိပ်ချစ်ခဲ့ဖူးတယ် ….။

4 comments

  • ခိုင်ဇာ

    March 5, 2013 at 9:08 am

    နင် အောင်မြင်ပျော်ရွှင်နေမယ်ဆိုရင် ငါမြူမှုန်လိုလွင့်ကျန်နေလည်း
    အဆင်ပြေပါတယ်
    ဆယ့်နှစ်ရာသီစာအလွမ်းသာမရှိရင်……..
    နင့်ကို ခိုးခိုးကြည့်မိတဲ့ငါ့မျက်ဝန်း
    နင်နားမလည်တဲ့ ငါ့မာန………….
    ငါလေ……….နင့်ကိုသိပ်ချစ်ခဲ့ဖူးတယ် __________ ။

    :byae:

  • ညလေး

    March 5, 2013 at 10:15 am

    နင့်ကြောင့် ငါ့ အချစ်ပေါင်း မြောက်များစွာ ကွဲအက်ခဲ့ ဖူးတယ်…..
    ဒါမယ့် …..
    နင့်ကြောင့်ငါ အချစ်ပေါင်း မြောက်များစွာ….ခံစားဖြစ်တည် ချစ်တတ် ခဲ့အောင် သင်ပေးခဲ့သည့် အတွက်….
    ……………..

  • မောင် ပေ

    March 5, 2013 at 8:04 pm

    ဆယ့်နှစ်ရာသီ နွေမိုးဆောင်း ပြောင်းသလို…….
    အချစ်တွေ ဘယ်အခါမှ မဟောင်းဘူးကွယ်…..
    မက်ချ် အေပရယ် မေ တန်ခူးလ သင်္ကြန်…….
    တို ့နှစ်ယောက် လက်တွဲ လို ့ပျော်ကြမယ်….
    (အယ်ခွန်းရီ သီချင်း စာသားမှ)

  • ဟိုက်စ် …
    နံမယ်ဂျီးနဲ့ပါလားဟ …
    ဒါဆို ငါ မဟုတ်တာတော့ သေချာဘီ .. :mrgreen:

    နောက်တာပါဗျို့ …..။
    မခံစားတတ်လို့ နောက်တယ် ပြောင်တယ်တော့ မထင်လိုက်နဲ့နော် ..
    ကျုပ်လည်း ခံစားတတ်တယ် …
    တစ်ခါတစ်ခါ ကျပြန်တော့လည်း အဲ့ဒီ ခံစားချက်တွေကို ဥပေက္ခာပြုလို့
    လှောင်ပြောင် နေလိုက်တာဟာ အကောင်းဆုံးလို့ ထင်မိပြန်သေးတယ် ..
    ဘာမှ မဖြစ်တဲ့ အထာလေးနဲ့ပေါ့ ….

Leave a Reply