ဖော်မဲ့လမ်းမှာ

အထီးကျန်စွာလျှောက်လှမ်း

နောက်မဆုတ်တမ်းဆိုပေမယ့်

လိုနေတဲ့ တစ်နေရာ

ရင်ထဲမှာ ဟာတာတာနဲ့

လာပါကွဲ့လို့ ဖိတ်ခေါ်သော်လည်း

နားလေးတဲ့မြားနတ်မောင်

ဟိုယောင်ဒီယောင်နဲ့မို့

မျက်ရည်မစို့ပေမယ့်

ချို့တဲ့ခဲ့ ချစ်ကြမ္မာ

ဆန်းသစ်တာ မရှိသောလမ်း

မေ့မောတမ်းတ

မှန်းဆ လွမ်းရ နွမ်းလျခဲ့သူကို

ဘယ်သူကြိုလို့ ဆီးမည်နည်း ၊

1

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..