မျှော်လင့်ရင်း ဝေး

ဖော်မဲ့လမ်းမှာ

အထီးကျန်စွာလျှောက်လှမ်း

နောက်မဆုတ်တမ်းဆိုပေမယ့်

လိုနေတဲ့ တစ်နေရာ

ရင်ထဲမှာ ဟာတာတာနဲ့

လာပါကွဲ့လို့ ဖိတ်ခေါ်သော်လည်း

နားလေးတဲ့မြားနတ်မောင်

ဟိုယောင်ဒီယောင်နဲ့မို့

မျက်ရည်မစို့ပေမယ့်

ချို့တဲ့ခဲ့ ချစ်ကြမ္မာ

ဆန်းသစ်တာ မရှိသောလမ်း

မေ့မောတမ်းတ

မှန်းဆ လွမ်းရ နွမ်းလျခဲ့သူကို

ဘယ်သူကြိုလို့ ဆီးမည်နည်း ၊

1

5 comments

  • ဗုံဗုံ

    March 5, 2013 at 11:51 am

    ခေါင်းပေါ်က ဆံပင် ဆုံးရှုံးခံနိုင်ရင် ကြိုနေမယ့် နေရာတွေ အများကြီးရှိပါတယ် ယောက်ခမဂျီးရယ် :mrgreen:

  • ခိုင်ဇာ

    March 5, 2013 at 1:27 pm

    တောက်။
    ဒီ မြှားနတ်မောင် နားလေးနေတာဟုတ်မှာပဲ။
    အရေးဆို ခေါ်မကြား၊ အော်မကြား။ :mrgreen:

    မဟုတ်တဲ့ အချိန်ဆို
    “မြှားလေးထုတ်ခါကွယ်,၊ တကဲကဲ ပစ်မယ်ရွယ်၊ ချစ်မြှားရှင်ရဲ့၊ မကျီစားပါနဲ့ကွယ်။”

    :harr:

  • မောင် ပေ

    March 5, 2013 at 8:48 pm

    ငှက်ဆိုတာ ပျံရင်းသေ
    လူဆိုတာ ကြံရင်းကေ (အိုကေတဲ့)
    အဲဒါ အဲဒါ
    ကြံသာကြံ ပါ ကိုမျိုးသန် ့
    ဆင်ကြံ ကြံ တယ်ဆိုတဲ့ စကားလဲ ရှိတာပဲနော

  • garuda

    March 6, 2013 at 5:55 pm

    ♪ရင်မှာဟာတာတာနဲ့… တစ်ခုလိုအပ်နေလို့
    ♪မင်းကိုဝေးရင်…စိတ်ဓါတ်ကျလာတယ်
    ♪တကယ်ကို… အထီးကျန်တဲ့နေ့တွေ
    ♪ကိုယ်သိပ်လွမ်းနေတဲ့…. ညတွေ
    ♪ဒီလို ဆက်တိုက်ကြီးဆို…. ရူးတော့မှာဘဲ…။

    (ကြေကွဲနေ့ညတွေ-၁၉း၁၈)

  • ကတောက်စ် …
    ရှေ့က အသည်းပုံတွေက တော်တော်ကို ရှုပ်တယ်
    နောက်ကဟာ ကြည့်ချင်ပါတယ်ဆိုနေမှ …
    အအေးပုလင်းကတော့ သေချာတယ် ..
    ခရက်ရှာပဲ ဖြစ်ရမယ် .. :mrgreen:

Leave a Reply