အမှန်အကန်ငြိကြမယ့် ချန်ပီယံလိဂ်ည

မောင် ပေMarch 5, 20131min956

မင်ဂလာပါ ဗျို ့ …….
ဒီကနေ ့ ၅.၃.၂၀၁၃ အင်ဂါညနှောင်းပိုင်း ၊ ဗုဒ္ဓဟူးနေ ့မနက်အစောကြီးပိုင်းမှာ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့တွေကို ကန်ကြပါတော့မယ်
၂.၁၅ မှာ မန်ချက်စတာယူနိုက်တက် နဲ ့ရီးရဲမက်ဒရစ် တို ့ဟာ မန်ချက်စတာ ယူနိုက်တာ အသင်းရဲ ့ အိမ်ကွင်း “ အိုးထရက်ဖို ့” မှာ ကန်ကြမှာ ဖြစ်သလို …….
၂.၁၅ မှာပဲ ဒေါ့မွန် အသင်းရဲ ့ အိမ်ကွင်း “ စစ်ကနယ် ဒျူနာ ” မှာ ဒေါ့မွန် နဲ ့ ရှက်တာဒိုးနက် တို ့ကန်ကြမှာ ဖြစ်ပါတယ် ။

*********************

မန်ချက်စတာယူနိုက်တက် – ရီးရဲမက်ဒရစ်

ပထမအကျော့ ရီးရဲမက်ဒရစ် အိမ်ကွင်း ဘာနေဗျူ မှာ ကန်ခဲ့တုန်းက ၁-၁ သရေကျခဲ့ပါတယ်

258773hp2

credit to www.goal.com

မန်ချက် အခုပွဲမကန်ခင် ကစားခဲ့တဲ့ပွဲတွေကတော့
2.3.2013 မန်ချက် ၄-ဝ နော့ဝစ်
23.2.2013 ကျူပီအာ ဝ-၂ မန်ချက်
18.2.2013 မန်ချက် ၂-၁ ရီဒင်း (အက်ဖ်အေ)
13.2.2013 ရီးရဲ ၁-၁ မန်ချက်
10.2.2013 မန်ချက် ၂-ဝ အဲဗာတန်

ရီးရဲ အခုပွဲမကန်ခင် ကစားခဲ့တဲ့ပွဲတွေကတော့
2.3.2013 ရီးရဲ ၂-၁ ဘာစီလိုနာ
26.2.2013 ဘာစီလိုနာ ၁-၃ ရီးရဲ (ဘုရင့်ဖလား)
23.2.2013 ဒီပို ့ ၁-၂ ရီးရဲ
17.2.2013 ရီးရဲ ၂-ဝ ဗယ်လကာနို
13.2.2013 ရီးရဲ ၁-၁ မန်ယူ

မန်ယူ ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ

254274_news

credit to www.goal.com

ဂိုး De Gea
နောက် Rafael, Evans, Ferdinand, Evra
လယ် Carrick, Cleverley
လယ် Welbeck, Rooney, Kagawa
ရှေ ့ Van Persie

ရီးရဲ ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားတွေကတော့

ဂိုး Lopez
နောက် Arbeloa, Varane, Ramos, Coentrao
လယ် Khedira, Alonso
လယ် Di Maria, Ozil, Ronaldo
ရှေ ့ Benzema

ရီးရဲ ပထမဂိုးသမား ကားစီးလက် ဟာ လက်ကျိုးရာကနေ ပြန်ကောင်းလာပြီး ၊ လေ့ကျင့်ခန်း ဆင်းနေပြီ ဖြစ်ပေမယ့် ၊ သည်ပွဲမှာတော့ ပြန်မကစားနိုင်သေးပါဘူး ။
ဘယ်နောက်ခံလူ မာဆယ်လို ဟာလဲ ဒဏ်ရာကနေ ပြန်ကောင်းလာပြီ ဆိုပေမယ့် မကစားနိုင်သေးပါဘူး ။
မော်ရင်ဟို တို ့ကြယ်စင်စုအဖွဲ ့ဟာ အဓိက ကစားသမားတွေ မစုံလင်ပေမယ့် လဲ ၊ ပြီးခဲ့တဲ့ ရှေ ့နှစ်ပွဲမှာ ““ ဘာစီလိုနာ ”” ကို အဝေးကွင်းရော ၊ အိမ်ကွင်းမှာပါ နှိပ်ကွက် ခဲ့ပါတယ်
ဘာစီလိုနာ ကွင်းမှာ ကစားတုန်းက ပိုဆိုးတယ် ။ ၃-၁ နဲ ့ နှိပ်တာ
စနေနေ ့ညတုန်းက အိမ်ကွင်းမှာ တွေ ့ပြန်တော့လဲ ၊ ဒုတိယပိုင်းမှ ဝင်လာတဲ့ ရော်နယ်ဒို ရဲ ့ဖရီးကစ် ၃လုံးဟာ ဂိုးမဖြစ်ခဲ့ပေမယ့် တစ်ကယ်ကို ကမ္ဘာ့နံပါတ် ၁ ဆိုတာ ကြည့်မိတဲ့လူတိုင်း ငြင်းနိုင်မယ် မထင်ပါဘူး ။
ပထမအကျော့တုန်းက ရော်နယ်ဒို ကို အပိုင်ချုပ်နိုင်ခဲ့တဲ့ မန်ချက် နောက်ခံလူ ဖီးလ်ဂျုံး ဟာ သည်ပွဲမှာ ပါဖို ့မသေချာပါဘူး ။
နော့ဝစ်ကို ဂိုးမိုးရွာခဲ့တဲ့ ပွဲတုန်းက ဖျားနေခဲ့တဲ့ ဖာဒီနန် ကတော့ သည်ပွဲမှာ ပြန်ပါလာမှာပါ
ရီးရဲမက်ဒရစ် ကွင်းလယ်လူ ဒီမာရီယာ ဟာ သည်ချန်ပီယံလိဂ်ရာသီမှာ ဂိုး ၄ဂိုး သွင်းနိုင်ဖို ့ ဖန်တီးပေးနိုင်ခဲ့ပါတယ်
ဖာဂူဆန် ဟာ မော်ရင်ဟို နဲ ့ ၁၅ပွဲ ရင်ဆိုင်ခဲ့ဖူးရာမှာ ၂ ပွဲ ပဲ နိုင်ခဲ့ပါတယ်
မော်ရင်ဟို ဟာ သည်ပွဲမှာ နိုင်ရင် ၊ အရင်တုန်းက သူလုပ်ခဲ့သလိုမျိုး ပြေးပြီးအောင်ပွဲခံတာမျိုး မလုပ်ဘူး လို ့ပြောထားပါတယ် ။
ရော်နယ်ဒို က လဲ အိုးထရက်ဖို ့မှာ ဂိုးသွင်းရတာ ချစ်စရာကောင်းတယ်လို ့ဆိုထားပါတယ်
ဈေးအနေအထားအရ ရီးရဲ သရေဆိုရင် ၅ဝ အရှုံးကို ရီးရဲ သရေ ဆိုရင် ၄ဝပတ်ချာလည် အရှုံးဖွင့်လာပါတယ် ။
ဂိုးဈေးကတော့ သုံးဂိုး ဆိုရင်သရေ ကို သုံးဂိုးသွင်းရင် ၁ဝ ပတ်ချာလည် အနိုင်ပေးလာပါတယ် ။
ဈေးအနေအထားအရ ဆိုရင်တော့ မန်ချက် ကို အားပေးရမှာ ဖြစ်ပေမယ့် ၊ အခုအဆင့်လိုမျိုး အမှားလုံးဝ ဖြစ်လို ့မရတဲ့အချိန်မှာ ဈေးလှည့်ကွက် တွေ အများကြီး ရှိနေနိုင်ပါတယ် ။
သည်ပွဲမှာတော့ ဂိုးဈေးအနောက်ကို လိုက်ခြင်း ဟာ ဘော်ဒီ ရွေးတာထက် စာရင် ပိုဖြစ်နိုင်ချေများပါလိမ့်မယ် ။
ပထမအကျော့ တုန်းက ၁-၁ သရေ ကျခဲ့တာကို ၊ ဒုတိယအကျော့မှာ ၂ဂိုး အရှုံးလောက် မဖြစ်လာပဲ ၊ သုံးဂိုးသွင်းရင် အနိုင် ခပ်ပါးပါးပေးလာတာ ဆိုတော့
သည်ပွဲမှာ
““““ နှစ်ဘက် သွင်းဂိုး အနဲ ”””” ကို အားပေးရင် ပျော်ရွှင်ရဖို ့၆ဝရာခိုင်နှုန်းကျော် သေချာပါတယ်

*********************

ဒေါ့မွန် – ရှက်တာဒိုးနက်

ပထမကျော့တုန်းက ၂-၂ သရေ ကျခဲ့ပါတယ်

ဒေါ့မွန် အခုပွဲမကန်ခင် ကစားခဲ့တဲ့ပွဲတွေကတော့
2.3.2013 ဒေါ့မွန် ၃-၁ ဟန်နိုဗာ
27.2.2013 ဘိုင်ယန်မြူးနစ် ၁-ဝ ဒေါ့မွန် (ပိုကယ်ဖလား)
24.2.2013 မိုချင်ဂလာဘတ် ၁-၁ ဒေါ့မွန်
16.2.2013 ဒေါ့မွန် ၃-ဝ ဖရန် ့ဖတ်
13.2.2013 ရှက်တာဒိုးနက် ၂-၂ ဒေါ့မွန်

ရှက်တာဒိုးနက် အခုပွဲမကန်ခင် ကစားခဲ့တဲ့ပွဲတွေကတော့
13.2.2013 ရှက်တာဒိုးနက် ၂-၂ ဒေါ့မွန်
ဒီဇင်ဘာ ၅ ၂၀၁၂ မှာ ရှက်တာဒိုးနက် ဟာ ဂျူဗင်တပ် ကို ၁-ဝ နဲ ့ရှုံးခဲ့တဲ့ ပွဲ နောက်ပိုင်း ၊ တစ်ခြားပွဲကန်ခဲ့ခြင်းမရှိပါဘူး ။

ဒေါ့မွန် ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ

ဂိုး Weidenfeller
နောက် Piszczek, Subotic, Santana, Schmelzer
လယ် Gundogan, Bender
လယ် Blaszczykowski, Gotze, Reus
ရှေ ့ Lewandowksi

ရှက်တာဒိုးနက် ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ

ဂိုး Pyatov
နောက် Srna, Chygrynskiy, Rakitskiy, Rat
လယ် Hubschman, Fernandinho
လယ် Teixeira, Mkhitaryan, Taison
ရှေ ့ Luiz Adriano

ဒေါ့မွန် ဟာ ဒီပွဲမတိုင်ခင် ကန်ခဲ့တဲ့ ပြိုင်ပွဲစုံ၆ပွဲမှာ ၂ပွဲ ပဲ နိုင်ခဲ့ပါတယ်
ဒေါ့မွန် အသင်းဟာ သည်နှစ် ချန်ပီယံလိဂ်ရာသီ အုပ်စု အဆင့်မှာ ရှုံးပွဲမရှိခဲ့ပါဘူး ။ နောက်ပြီး သူ ့အိမ်ကွင်းမှာ ကန်ခဲ့သမျှ အုပ်စုပွဲအားလုံး နိုင်အောင် ကန်ခဲ့ပါတယ် ။
ရှက်တာဒိုးနက် ဟာ ယူရိုပါဖလားကို ၂၀၀၉ ယူရိုပါလိဂ်ဖိုင်နယ်ပွဲမှာ ဝါဒါဘရီမင် အသင်းကို နိုင်ခဲ့ပြီး ရခဲ့ပါတယ် ။
ယူကရိန်းကလပ်ဟာ သည်ရာသီ ချန်ပီယံလိဂ်အဝေးကွင်း ၁၁ပွဲကန်ခဲ့ရာမှာ ၂၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။
ဈေးအနေအထားအရ ဒေါ့မွန် တစ်ဂိုးသွင်းရင် သရေ အနေအထားကို ဒေါ့မွန် တစ်ဂိုးသွင်းရင် ၂၅ ပတ်ချာလည် အနိုင်ပေးလာတာဟာ ဈေးတော်တော်ပြင်းလွန်းပါတယ် ။
ဂိုးဈေးကတော့ သုံးဂိုးသွင်းရင် သရေ အနေအထားကို သုံးဂိုးသွင်းရင် ၁၅ ပတ်ချာလည် အနိုင်ပေးထားပါတယ် ။
သည်ပွဲမှာ ပကျော့တုန်းက ၂-၂ သရေ ကျခဲ့တာမို ့ ၊ ဒေါ့မွန်အနေနဲ ့ဝ-ဝ / ၁-၁ ဆိုရင်ကို နောက်တစ်ဆင့်တက်ပါပြီ ။
ရှက်တာဒိုးနက်ဘက်ကတော့ သေချာပေါက် တစ်ဂိုးအရင်ရအောင် ဖွင့်ကစားလာမယ့် အနေအထား ရှိပါတယ် ။ ရှက်တာဒိုးနက် သာ ဂိုးအရင်ရသွားရင် လုံးဝ ခံစစ်နဲ ့ပိတ်ကစားသွားမှာပါ ။
ဆိုတော့က
သည်ပွဲမှာ
““ ရှက်တာဒိုးနက် ”” နဲ ့ ““ ဂိုးအနဲ ”” ဟာ အာရကေ လိုချင်သူများ အတွက် မှန်ကန်တဲ့ ရွေးခြယ်မှုပါပဲ ။

*********************

******* အားလုံး အောင်မြင် ပျော်ရွှင်နိုင်ပါစေ *******

6 comments

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 5, 2013 at 9:59 pm

    မန်ယူ & ရီရဲလ် ပွဲမှာတော့ ဈေးအနေအထားအရ မြန်မာဒိုင်က ဘယ်လိုပဲပေးပေး
    အဝေးကွင်းဖြစ်တဲ့ ရီရဲလ်က ပေးထားတဲ့အတွက် ရီရဲလ် အောင်မယ့်သဘောပါပဲ……
    ဒါပေမယ့် ငယ်ရှုံးဘာစီလိုနာကို နှစ်ပွဲစလုံး အနိုင်ကစားထားတဲ့ အတွက် မန်ယူကိုလည်း
    မနိုင်စရာအကြောင်းမရှိဘူးလို့ ထင်စရာလေးပါ…….
    ခြေစွမ်းကောင်းကောင်း မကောင်းကောင်း
    မန်ယူအနိမ့်ဆုံးသရေ ရသွားပါလိမ့်မယ်…………
    +++++++++++
    ဂိုးပေါင်း ကညော့ချင်သူတွေအတွက်ကတော့
    ချန်ပီယံရှစ်က
    ချာတန်ပွဲ ဂိုးအများ
    ဝက်ဖို့ဒ်ပွဲ ဂိုးအနည်း………….

    • Foreign Resident

      March 6, 2013 at 6:58 am

      ” အဝေးကွင်းဖြစ်တဲ့ ရီရဲလ်က ပေးထားတဲ့အတွက် ရီရဲလ် အောင်မယ့်သဘောပါပဲ ”

      ဒိုင်တွေက တော်တယ်နော် ။ မှန်းနိုင်တယ် ။ ကြိုသိနေသလိုပဲ ။
      မြန်မာပြည်မှာက ဘယ်ဈေး ခေါ်ခေါ် / ဖွင့်ဖွင့် ၊
      အသင်းစွဲ နှင့် မန်ယူဖက်ကနေမယ့်သူက အများစုဆိုတော့ ၊
      ဒီ ည တော့ ဒိုင်တွေ အချီကြီး ဝိုက်ပြီ ထင်တယ် ။

  • ကျုပ်ကတော့ လောင်းသူ မဟုတ် …
    ဝါသနာ အရ အားပေး ကြည့်ရှုသူ ….
    ဘယ်ပွဲ ကြည့်မတုန်းမေး …
    မန်ယူ .. ရီးယဲလ် ပွဲပေါ့ဗျာ …
    ဘယ်အသင်းဘက်က အားပေးမလဲမေး …
    ကျုပ်က မော်ရင်ဟို ပရိသတ် ခဗျာ …
    ဒါဘာဗျဲ … ဟဲဟဲ … :mrgreen:

    • Myo Thant

      March 6, 2013 at 12:15 am

      ဆရာအံစာ

      ကျုပ်ကတော့ ဈေးဖြစ်ဖြစ် ကြေးဖြစ်ဖြစ် မူးယစ်နေရင်တောင်မှ အလံမထူလည်း မန်ယူပါပဲကွယ်

      ပိုက်ပိုက်က ရှာလို့ရပေမယ့် ချစ်သူနဲ့တန်းတူ မန်ယူပါပဲဗျာ

      🙂

  • surmi

    March 5, 2013 at 11:55 pm

    မရောက်တာ ကြာလို့ အမြင်တွေဆန်းနေတယ် ။
    မန်ယူ ကြိုက်သဗျာ ။
    သတိလည်း ရပါတယ်

  • we R one

    March 9, 2013 at 10:57 am

    နာနီကို အနီကတ် ပြခဲ့တာ့ တူရကီဒိုင်လည်း မုန်းဒယ်…
    ချေပဂိုး သွင်းပေးခဲ့တဲ့ မို့ဒရစ် လည်းမုန်းဒယ်…….
    အနိုင်ဂိုသွင်းသွားတဲ့ ငဒို ကိုလည်းမုန်းဒယ်………………………….။
    :'(

Leave a Reply