ပညတ်တော် ၁ဝ ပါး

အောက်တိုဘာ ၂၁ ကျော်ဖြစ်ခဲ့ပြီးတဲ့နောက်

ကိုယ်လျှောက်ခဲ့တဲ့လမ်းကို ကိုယ်ပြန်ကြည့်

ဪ ငါမသိခဲ့တာ များလှပါလား

အဲဒီလိုပဲ မရှိခဲ့တာတွေလည်း တော်တော်များပေါ့

ဒါဖြင့် ငါ မသိခဲ့တာ ဘာလဲ

ဝါသနာကိုသာ အရင်းတည် အချင်းမညီတဲ့ စက်ဝိုင်းတွေကြား

ဗျာများခဲ့ရတာလေ

ပြီးတော့ ၈ဝကျော် [၁၉၈ဝခုနှစ်]ကတည်းက

ချစ်မယ်နော်လို့ ကြွေးကြော်ရင်း

ဘေးချော်ခြင်းတွေနဲ့သာတွေ့

အချစ်ရေ့ နေလို့မှ ကောင်းရဲ့လား ဂျေမောင်မောင် တေးသွားနဲ့

ကိုယ့်ကိုယ်ကို နှစ်သိမ့် သစ်ဆိမ့်ပင်အောက်မှာ ငါကြေကွဲ

နေမြဲဆိုတာလို  ဘာမှကို မထူးခြား

ရူးမသွားခဲ့တာ ငါကံဆိုး ၉ဝ ခုနှစ်လောက်ရယ်အထိပေါ့

နောက်တော့ နောက်တော့

လျှောက်မချော့တတ်တဲ့ငါ

အဲဒီ အချစ်ဆိုတာကြီးနဲ့တွေ့

ဟန်ပဟေ့ လို့ လက်ခမောင်းခတ်ပြီးတဲ့နောက်

ဘဝဟာဇောက်ထိုးကျ

မှောက်ထိုးလဲလိုက်တာကမှ တော်ပါဦးမယ်ကွယ်

ကဲပါလေ တိုရှင်း လိုရင်းပြောရရင်

မချောလှရင်နေပါ သေရွာအထိလက်တွဲမယ့်အဖော်

ကျွန်တော်ရှာနေပါတယ်

ဒါပေမယ့် အတွေ့အကြုံတွေအရ  စည်းမျဉ်းတော့ ချထားတယ်နော်

၂ဝ ကျော်မကလို့ ၃ဝကျော် ၄ဝလောက်ပဲဖြစ်ဖြစ်

၁။ အချစ်ကို နားမလည်ရင်နေ ကိုကိုရေ လို့ခေါ်တတ်ရင် ရပါတယ်

၂။ ကြက်ဥကို တူးအောင်ပြုတ်တတ်သူပဲဖြစ်ဖြစ် ငါ့ကို ချစ်ဖို့နံပါတ်တစ်

၃။နင် ဘယ်လောက်ရှာနိူင်လို့တုန်း ဆိုတဲ့ ခြေရာတိုင်းမယ့် စကားမျိုး

မပြောတတ်ပဲ ငါးပိရည်ကျဲကျဲနဲ့လည်း စားတတ်နိူင်ရပါလိမ့်မယ်

၄။ယောကျင်္ားတစ်ယောက်မှာအစဉ်အကြံမဟာ ရှိသင့်ပေမယ့် အဆင်တန်ဆာကိုသာ

မျှော်တတ်တဲ့မိန်းမ မဖြစ်စေရ

၅။ခေတ်ကာလနဲ့အညီပေါ့ ဂျီတော့ဆိုတာ ပေါ်နေပေမယ့်ငါမသိတဲ့ရက်တွေမှာ

စုံစီနဖာ အကောင့်တွေနဲ့ စောင့်နေတဲ့ အွန်လိုင်းမုဆိုးတွေကြား ဗျာများတတ်တာမို့

အင်တာနက်ဆိုတာ မသိသူဖြစ်ရပါလိမ့်မယ်

၆။သားကိုသခင် လင်ကိုဘုရား အဲဒီစကားတွေလောက် မဖြစ်ရင်နေ

အသစ်တင်တာတွေမှန်သမျှ သွားရည်ကျသူတော့ မဖြစ်ရပါ

၇။Lady First ဆိုတဲ့စကား ဒီခေတ်မှာ မှား ဘတ်စ်ကား မကြောက်သူ ဖြစ်ရမည်

၈။အသားအရေ မစိုပြည်လည်း ပြဿနာမရှိ အရက်နံ့ မသိသူဖြစ်ရမည်

၉။ထို့အတူ မိတ်ကပ်နဲ့ နှုတ်ခမ်းနီ လန်းအီစရာ ရေမွှေး မသုံးတတ်သူလေးဖြစ်ရမည်

၁၀။နောက်ဆုံးညီစရာ အချက်   လမ်းမထွက်တတ်သူကို ပို၍ ဦးစားပေးပါမည် ။

 

🙂       🙂      🙂

12 comments

  • ခိုင်ဇာ

    March 5, 2013 at 4:54 pm

    ၁။ အချစ်ကို နားမလည်ရင်နေ ကိုကိုရေ လို့ခေါ်တတ်ရင် ရပါတယ်
    (ကိုကိုရေ၊ မောင်မောင်ရေ၊ ဦးရေ၊ မောင်လေးရေ၊ ကိုကြီးရေ။ အကုန်ခေါ်နေကျ၊ ခေါ်တတ်တယ်ရယ်။ ) :mrgreen:
    .
    .
    ၂။ ကြက်ဥကို တူးအောင်ပြုတ်တတ်သူပဲဖြစ်ဖြစ် ငါ့ကို ချစ်ဖို့နံပါတ်တစ်
    (တူးအောင်ပြုတ်တတ်ရုံမက တူးအောင်လည်းကြော်တတ်တယ်) :mrgreen:
    .
    .
    ၃။နင် ဘယ်လောက်ရှာနိူင်လို့တုန်း ဆိုတဲ့ ခြေရာတိုင်းမယ့် စကားမျိုး မပြောတတ်ပဲ ငါးပိရည်ကျဲကျဲနဲ့လည်း စားတတ်နိူင်ရပါလိမ့်မယ် (ငါးပိရည် အကြိုက်ဆုံးပဲ။ သူများကို ကျွေးဖို့) (ဘယ်လောက်ရှာနိုင်တုန်းမပြောပါဘူး။ ဘယ်လောက် အပ်နိုင်မှာလဲဟင်။) :mrgreen:
    .
    .
    ၄။ယောကျင်္ားတစ်ယောက်မှာအစဉ်အကြံမဟာ ရှိသင့်ပေမယ့် အဆင်တန်ဆာကိုသာ မျှော်တတ်တဲ့မိန်းမ မဖြစ်စေရ
    (မဖြစ်စေရပါဘူး။ မျှော်မနေဘူး။ လုယူမှာ) :mrgreen:
    .
    .

    ၅။ခေတ်ကာလနဲ့အညီပေါ့ ဂျီတော့ဆိုတာ ပေါ်နေပေမယ့်ငါမသိတဲ့ရက်တွေမှာ စုံစီနဖာ အကောင့်တွေနဲ့ စောင့်နေတဲ့ အွန်လိုင်းမုဆိုးတွေကြား ဗျာများတတ်တာမို့ အင်တာနက်ဆိုတာ မသိသူဖြစ်ရပါလိမ့်မယ်
    (အင်တာနက်ဆိုတာ စားစရာလားဟင်။ အွန်လိုင်းဂျလေဘီ ကိုကို တွေ မေးကြည့်ဦးမှပဲ။ ) :mrgreen:
    .
    .
    ၆။သားကိုသခင် လင်ကိုဘုရား အဲဒီစကားတွေလောက် မဖြစ်ရင်နေအသစ်တင်တာတွေမှန်သမျှ သွားရည်ကျသူတော့ မဖြစ်ရပါ (မကျဘူး။ သားရေခံလေး ဆောင်ထားတယ်။) :mrgreen:
    .
    .
    ၇။Lady First ဆိုတဲ့စကား ဒီခေတ်မှာ မှား ဘတ်စ်ကား မကြောက်သူ ဖြစ်ရမည်
    (ဘတ်စကားကြိုက်တယ်။ ကိုယ်တိုင်တော့ မစီး။ ) :mrgreen:
    .
    .
    ၈။အသားအရေ မစိုပြည်လည်း ပြဿနာမရှိ အရက်နံ့ မသိသူဖြစ်ရမည်
    (အနံ့ကို ခံလို့မရတာရယ်။ အနံ့ရတာနဲ့ သောက်ချင်စိတ်တွေ ကထိန်းမရ) :mrgreen:
    .
    .
    ၉။ထို့အတူ မိတ်ကပ်နဲ့ နှုတ်ခမ်းနီ လန်းအီစရာ ရေမွှေး မသုံးတတ်သူလေးဖြစ်ရမည်
    (မှန်တင်ခုံကို မထားတာ။ မှန်တင်ခုံနဲ့ မလောက်လို့) :mrgreen:
    .
    .
    ၁၀။နောက်ဆုံးညီစရာ အချက် လမ်းမထွက်တတ်သူကို ပို၍ ဦးစားပေးပါမည် ။
    (ခြေပဝါးက မှည့်လေးတွေကို အားနာရလောက်အောင် လမ်းမထွက်တတ်သူရယ်ပါ။ အိမ်ကိုပြန်မလာတာ။) :mrgreen:

    ခင်လို့စတာ စိတ်ဆိုးနဲ့နော်။ အဲ့ဒီအချက်တွေနဲ့ ညီတဲ့သူရှိတယ်သိလား။

    အနော့ ဂျီးဒေါ်ကျီး အသက် ၅ဝ လောက်ပဲ ရှိသေးတယ်။ မိတ်ဆက်ပေးမယ်နော်။
    :kwi:

  • Myo Thant

    March 5, 2013 at 5:00 pm

    ၅ဝ ဆို နည်းနည်း များပြီကွယ် ၊
    ၃ဝ ၄ဝ လောက်လုပ်ပါဗျာ

    🙂

    • ခိုင်ဇာ

      March 5, 2013 at 5:03 pm

      ပစ်ညှပ်တော် ဆယ်ပါးနဲ့ အညီက အဲလောက် အသက်မှာပဲရှိတယ်ရယ်..
      :harr:

  • မောင် ပေ

    March 5, 2013 at 8:17 pm

    သည်ပို ့စ်လေး ဖတ်အပြီး
    ရေရှည်ခံမယ့် ထမင်းထုပ်တွေ ထုပ်ရောင်းဖို ့ အကြံရမိသဗျား
    :kwi:

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 5, 2013 at 10:13 pm

    ပညက်တော် ဆယ်ဘားဆိုလို့ ဒီဂအကောင်းမှတ်လို့ ဝင်ဖတ်တာ……..
    လူဇိုးးး ဘာဒွေလျှောက်ရေးထားမှန်းတိဘူးး……..

    • Myo Thant

      March 6, 2013 at 12:02 am

      တောင်းပန်ပါတယ် ဆရာ ( CDMA + GSM ) ရယ်

      ( CDMA + GSM ) = ( အပြုသဘောဆောင်တဲ့ မိုဘိုင်းလ် )

      🙂

  • မာမာအေးသီချင်းလေးရှိတယ်လေ
    ရှာပေအုံးတော့ ထမင်းထုပ်ကြိးနဲ့ လူပါမသိုးရုံဖြင့် မှာလိုက်ချင်သည်.။
    မဟာပထဝီမြေကြီး လှန်လှောက ကုန်းလို့ရှာတော့ တွေ့လိမ့်မထင်ပြိ
    မန်ဒါလီ မြစ်ကိုလွဲ၍ဝမ်းဘဲက ချောင်းထဲရှာသည်တဲ့………………..
    ဘယ်သူရေးတဲ့ ဘယ်သီချင်းထဲမှာလဲ မသိဘူး ကြားဘူးတာ။

  • surmi

    March 6, 2013 at 12:24 am

    အကြော် အလှော်တွေမစားနဲ့ ….. အချစ်ကပြောတယ် … ဝုတ်ကဲ့ ..ဝုတ်ကဲ့ ..
    လမ်းဘေးကဟာတွေမစားနဲ့ ….. အချစ်ကပြောတယ် ……. ဝုတ်ကဲ့ ..ဝုတ်ကဲ ့ ……
    ဆေးဆိုးပန်းရိုက်တွေမဝတ်နဲ့ ….အချစ်ကပြောတယ.် …….ဝုတ်ကဲ့ …ဝုတ်ကဲ့ ……

  • အောင်မငီးးး
    ပညတ်ဒေါ် ဆယ်ဘား …. ဒဲ့ ….။
    ကျုပ်ဒို့လို လူဂျို ချောချောလေးဒွေ ပေါဖို့လဲ ချန်ဘာအုံး …
    ခညားလို သားတီယောက် တောင်မှ စွံနေဒဲ့ လူဂျီးဂ ဂလိုဒွေ ပေါစရာလားလို့ …
    ဂယ်ဘာဘဲ …. :mrgreen:

  • Myo Thant

    March 6, 2013 at 12:57 am

    လူပျိုလေးတွေက ချဉ်ချဉ်တူးတူး မူးပြီးရောဆိုပေမယ့်

    နှောင်းမှချိ အကြောင်းသိသူတွေခမျာ

    ၃ ၄ ၅ ခါ မခံရအောင် ကြံဆောင်မိတာပါကွယ် ၊

    🙂

  • kai

    March 6, 2013 at 5:41 am

    အဲဒါလေးတွေမှီး… သင်္ကြန်သံချပ်ရေးပါဗျို့… :harr:

  • ဗုံဗုံ

    March 6, 2013 at 5:23 pm

    ယောက်ဂမဂျီး ကိုယ့်ဟာကိုယ် ရွှံ့ နဲ့ အရုပ်လုပ်ပြီး အိမ်မှာခေါ်ထားလိုက် :mrgreen: အပြင်မှာတော့ ရှိမှာမဟုတ်ဘူး

Leave a Reply