အလင်းဆက်နှင့် လမ်းလျှောက်နေသော ဒဿနများ

alinsettMarch 5, 20132min922

5555

သူနှင့်ကျွန်တော်….

ယခုမှ …စ တွေ ့ခြင်းဖြစ်သည် ။

တွေ ့တွေ ့ခြင်း မှာပင်… သူက ထူးဆန်းသောမေးခွန်းတစ်ခု ကို..မေးတော့သည် ။

မင်း…..လောကဆီက ဘာတွေရပြီးပြီလဲ…….?????

ကျွန်တော်…… စကားများများမပြောတတ်ပါ ။

ကျွန်တော့်မှာ..ရှိ ရှိသမျှ အရာများစွာထဲမှ……

ကျွန်တော်..အပြချင်ဆုံးသော.. အရာများကို ရွေး ထုတ်ပြ ပစ် လိုက်သည် ။

ကျွန်တော် ပြလိုက်သမျှ …အရာရာများမှာ……….

လောကဒဏ် ၏ နှိပ်စက် ထိုးနှက် တိုက်ခိုက်ခြင်းများကြောင့်..ရ ထားသော… ဒဏ်ရာ ဒဏ်ချက်များ….ဖြစ်သည် ။

ထို့နောက်……..

သူနှင့်ကျွန်တော်…. အလွန်ခင်မင် ရင်းနှီးသော..မိတ်ဆွေရင်းချာ ဆက်ဆံရေးဖြင့်..

တစ်ယောက်ကိုတစ်ယောက်…ခင်မင်တွယ်တာသွားကြသည် ။

( သူ ့ထံမှာလည်း….. ကျွန်တော့် လောက်နီးနီး …ဒဏ်ရာ ဒဏ်ချက်များ..ရှိနေသည်ပဲ..လေ…. ။ )

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

သူက ပြောသည် ။

ငါတို့ အတူတူ လမ်းလျှောက်ကြရအောင်……

အေး..လျှောက်ပေါ့ကွာ.. ။ ငါ့အတွက်ကတော့….

ရပ်တန့်ခြင်းနဲ ့နောက်ပြန်ဆုတ်ခြင်း.ဆိ်ုတာ မရှိတော့ပါဘူး ။

ထိုသို့ဖြင့်……

ကျွန်တော်တို ့.. လက်ချင်းတွဲပြီး…. ခရီးရှည်လမ်းမ တစ်ခုပေါ်…

အေးအတူ ပူအမျှ ဖြတ်လျှောက်ကြပါသည် ။

666
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

“ ဟော……”

“ ဟော…”

တစ်နေရာ အရောက်မှာ…..

ကျွန်တော်တို့နှစ်ယောက်လုံး….

မြင်ကွင်းတစ်ခုကို ပြိုင်တူ..မြင်လိုက်ရပါသည် ။

မိတ်ဆွေက….. ထိုမြင်ကွင်းကို.. မှတ်ချက်ချသည် ။

မကြာခင်…. လူသားတစ်ယောက်… လူ ့လောကထဲ… သက်ရှင် ဝင်ရောက်လာတော့မယ်…

ကျွန်တော်လည်း…. မှတ်ချက်တစ်ခုတော့…ချချင်ပါသေးသည် ။

အင်း…… လူသား အသစ်တစ်ယောက်….

သေမိန် ့ကျပြီးသား….ရှင်သန်လာတော့မယ်.. ။

ကျွန်တော့်စကားကို… သူကလည်း… သဘောတူပါသည် ။

ကျွန်တော်တို့နှစ်ယောက်လုံး…. မြင်နေရသော….

(မွေးဖွားခါနီး ကိုယ်ဝန်ဆောင် အမျိုးသမီး ၏ )

နာကျင်စွာ..အော်ဟစ်နေသံကို….ကြားနေရပါသည် ။

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

7777
တည်ငြ်ိမ်စွာ…….ဆက်လျှောက်လာကြသော်လည်း……

ဆူဆူညံညံ အသံ တချို ့ကြောင့်………

အာရုံတို့က… ထိုနေရာင်္ဆီကို ရောက်သွားသည် ။

လှမ်းကြည့်တာချင်း….အတူတူသူက အရင်.. စပြောပါသည် ။

ဘာပွဲများလဲ..လို ့….။ လက်စသတ်တော့…. နတ်ကနားပွဲကြီးကိုး…..

အင်း..ဟိုစာတန်းကိုလည်း ကြည့်ပါဥိးဗျ ။ တစ်ခုခု မှားနေတယ်…

ကျွန်တော်.. ညွှန်ပြ ရာကို..ကြည့်ပြီး… သူ….. မျက်မှောင် ကြုတ် သွားသည် ။ ပြီးမှ……..

ဘယ်လိုကြီးရေးထားတာလဲဗျ ။ စာလုံးပေါင်း မှားနေတယ်နော် ။ ၉ ကွယ်မှု ဖြစ်နေတယ် ။ အမှန်က.. ကိုးကွယ်မှု ဖြစ်ရမှာ….နော် ။

ကျွန်တော်….တစ်ခုခုတော့… ထပ်ပြောဦးမှ ဖြစ်မည် ။

အင်း… ကိုးကွယ်မှု….. မှားနေတာလေ..။

ဒါနဲ ့….. ခင်ဗျား..အခုရောက်နေတာ.. ဘယ်နိုင်ငံလဲ…….သိလား..ဗျ။

သေချာတော့..မသိပါဘူး …. ဟဲဟဲ..

ဒါက.မြန်မာနိုင်ငံလေ.ဗျာ….။ အဲဒါကြောင့်ပါ….

:kwi:

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

ထို့နောက်.. လမ်းခရီး တလျှောက်မှာ….

ကြုံတွေ ့ရသမျှကို… တစ်ယောက်နှင့်တစ်ယေောက်.. ဝေမျှ ပြောဆိုကြပါသည် ။

အဲဒါ… အတ္တတွေလေ….

အင်း…ဟိုဟာကတော့… မနာလိုဝန်တိုမှု…

ဒါပေမယ့်..ဒီဟာကတော့…. အချစ် အမုန်း… မရေရာတဲ့ ပြောင်းလဲမှု…

ဟိုစာချုပ်တွေကတော့….. ရက်စက်မှုပေါ့ဗျာ …

စစ်မြေပြင်သစ် တစ်ခုတောင် ဖြစ်လာနိုင်တယ်..ဆိုပါလားဗျ…..
သဘောထားလည်း.မပြောင်းလဲပါဘူး.ဆိုတော့… အင်း…. မြစ်ဆုံကိစ္စ သွား .သတိရတယ်ဗျာ..။ အင်းးးးးးး လာဦးမယ်ထင်တယ် ။

သူတို့ ဘာလုပ်နေကြတာလဲ..ဗျ ။

အလကားပါဗျာ…။ လုပ်ပြီး/လုပ်ဆဲ / လုပ်လတ္တံ့ ဆိုတဲ ့စကားလုံးတွေ အပြင်.. ဘာမှ ဖြစ်မလာနိုင်တာတွေပါ….

သူကရော.. ဘာတွေ လုပ်နေတာလဲဗျ

အင်းးးးးး သူက လုပ်စရာ ရှိတာ လုပ်သွားပြီးရင်….

ရှုပ်ထွေး.ကျန်ရစ်မယ့်အရာ မှန်သမျှ… နောက်တစ်ယောက်က ရှင်းပေးရတော့မယ်လေ….။

ဒါပေမယ့် မလွယ်လောက်ပါဘူးဗျာ…။

အစကတည်းက..ရှင်းမရလောက်အောင်.. အဆက်ဆက် ရှုပ်ခဲ့ကြပြီးသားကြီးကို…..

:kwi:

:kwi:

:kwi:
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

တစ်နေရာမှာတော့………….

မီးခိုးခေါင်းတိုင်တစ်ခုကို….တွေ ့ရသည် ။

မီးခိုးများ…တလူလူ ထွက်လာတာ မြင်ရသလို….

ငိုကြွေးသံများ…လည်း… ပူပူညံညံ ကြားလိုက်ရသည် ။

8888

မိတ်ဆွေက.. စပြောပါသည် ။

အင်း..တစ်ယောက်တော့..နိဂုံးချုပ်ပြီပေါ့……နော်

သူ ့စကားကို… ကျွန်တော့် စကားဖြင့်… အသိအမှတ်ပြုရပါလိမ့်မည် ။

အဲဒါ…. နိဂုံချုပ်ခြင်းတစ်ခု ဖြစ်သလို…. နောက်ထပ် နိဒါန်းတစ်ခု စတင်ခြင်းလည်း.ဖြစ်တယ် ။

သူ……သေသွားတာဟာ… အပြီးသတ်ဆုံးခန်းတိုင်သွားတာ မဟုတ်လောက်သေးဘူး …။

ပြန်လည် စတင်ဖို ့…… နိဂုံးချုပ်ချင်ယောက် ဆောင်လိုက်တာ…..ပေါ့

သူ ….ကျွန်တော့်စကားကို… စဉ်းစားပြိးမှ…လက်ခံ ခေါင်းညိတ်ပြပါသည် ။ ထို့နောက်..သူက… မေးခွန်းတစ်ခုကို…

အလောတကြီးမေးတော့သည် ။

ဒါဖြင့်…… ငါတို့ရဲ ့အဆုံးသတ်က …ဘယ်တော့လဲ..

ဘယ်နေရာမှာလဲ…

ဘယ်နေရာမှာ…

အဆုံးသတ်ရမလဲ..တော့… သိပါတယ် ။ ဘယ်တော့မှ…. အဲဒီ အဆုံးသတ်နေရာကို…ရောက်မလဲ..တော့.. သေချာမပြောနိုင်ပါဘူး ။
ကျွန်တော်တို ့..ဖြည့်..ယူ ရမှာတွေ..အများကြီး..ကျန်သေးတယ်လေ…။

သူ…ခေါင်းတညိတ်ညိတ်….လုပ်နေတုန်း….

ကျွန်တော်..ဆက်ပြောလိုက်သည် ။

လာ…..လောလောဆယ်..အဆုံး မသတ်ခင်မှာ..အဆုံးသတ်ဆီရောက်ဖို ့…. ဆက်လျှောက်ကြရအောင်…..ဗျာ..။

ကျွန်တော်နှင့်…သူ………..

ဆက်လျှောက်နေကြသည် ။

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

သူကပြောသည် ။

ငါတို့..လမ်းမမှားဖို့တော့..လိုတယ် ။

လမ်းမမှားဖို့ ဆိုရင်…

အလင်းကောင်းကောင်းရဖို့လည်း..လိုတယ်

ကျွန်တော်…ခေါင်းညိတ် ပြုံးပြပြီး….. သူ ့ကို ပြောလိုက်ပါသည် ။

အင်း…..

လမ်းမမှားဖို ့…..

အလင်း…ရဖို ့

ဟော…..

ဟိုမှာ..တွေ ့လား…..

တရားစခန်းတစ်ခု……

လာအဲဒီကို..သွားရအောင်………

9999

$$$$$$$$$$$$$$$$$$$$$$$$$$$$$

လေးစားစွာဖြင့်…..

အလင်းဆက်

26 . 2 .2013 . 20 း 45 pm

ကျိုက်ကလော့စေတီတော်ရင်ပြင်

alinsett.art@gmail.com

2 comments

  • padauk moe

    March 5, 2013 at 8:35 pm

    ရေးသားချက်တွေကတော့လန်းတယ်ဟေ့ တော်တော်လေးကိုတိုးတက်နေပြီဘဲ လိုက်မှီအောင် မနည်းကြိုးစားယူနေရတော့မယ် အားကျတယ်ဟေ့ ဆက်လက်တင်ပြနိုင်ပါစေနော် သူငယ်ချင်း
    အကောင်းမြင်တက်တဲ့ လောကကြီးအလည်မှာ သူငယ်ချင်းတစ်ယောက် သောကတွေရှင်းပြီး အလင်းဆက်မဟုတ်တဲ့ အလင်းတန်းရဲ့အောက်မှာ အေးငြိမ်းနိုင်ပါစေကွာ

  • အလင်းဆက်

    March 5, 2013 at 8:42 pm

    ကျေးကျေး..ဘာ..
    သက်ကယ်ချင်း..
    မြန်မာပြည်နဲ ့

    အလင်ဆးက် ..
    .မင်းပြန်လာမယ့်နေ့ကို စောင့်နေသေးတယ်နော် ။
    မမေ့နဲ ့
    မမေ့ပါနဲ ့
    🙂

Leave a Reply