အမုန်းတွေနဲ့ မရှင်သန်ပါနဲ့ကွာ

အပြုံးလေးများပေးကမ်းရင် အေးချမ်းတဲ့

မေတ္တာရိပ်အောက်မှာ မင်းတစ်ခဏလောက်တော့ ခိုနားကြည့်ပါ

သောကတွေနဲ့ မတိုးပွားစေချင်ဘူး

မနိုးကြားသေတဲ့ စိတ်နှလုံးသားကို လှုပ်ခက်နိုင်တာလဲ

မေတ္တာအေးရိပ်ပါဘဲ

ကမ္ဘာကြီးဘယ်လောက်ကျယ်ကျယ် ဒေါသ မောဟ မာနတွေနဲ့ယှဉ်လိုက်ရင်

သိပ်ကျဉ်းမြောင်းတာ မင်းသိလာလိမ့်မယ်လေ

မုန်းတော့လဲဒီစိတ် ချစ်တော့လဲဒီစိတ်

စိတ်အထွေထွေ အရောင်ဘယ်လောက်ဘဲပြောင်းပြောင်း

မပြောင်းလဲတဲ့ အဖြူရောင်မေတ္တာလေးကို

လက်ကမ်းကြိုရင်း အပူသောကတွေ ငြိမ်းအေးစေမယ်ဆိုရင်

မင်းလေးတစ်ယောက်သိတဲ့တစ်နေ့ စည်းစိမ်မချမ်းသာရင်တောင်

မင်းသိလာလိမ့်မယ်လေ………………….

ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..