ထိတို့ခွင့်မရှိသူများ

naywoon niMarch 5, 20131min809

မျက်စေ့ အလင်းမရသူများက
အကြားအာရုံပိုကောင်းတယ်ဆိုပဲ……။
ဒါဆိုရင်
ငါတို့တစ်တွေကလည်း
မျက်စေ့မမြင်ရသူများသာပ…….။
ဘာလို့ဆို………
ငါတို့လည်း ………..
အသံတွေပဲကြားနေရပြီး
ရုပ်ဒြပ် တို့ကို မမြင်ရ ထိတို့ခွင့်မရ
အသံကြားနဲ့ခရီးဆက်နေရသူတွေ
အသံတွေ ပွက်လောရိုက်အောင်ဆူညံနေပေမဲ့
ဘာကိုမှလည်းမမြင်ရ ထိတွေ့ခံစားလို့မရနဲ့
တစ်ချိန်က “ ခိုင်ထူး” ရဲ့သီချင်းကိုသာသတိရမိတော့…….။
“ ပုဇင်းရင်ကွဲတွေ အော်နေကြတယ် ကြားတော့ကြားတယ် မမြင်နိုင်တယ်” တဲ့
ခုလည်း …………
အသံတွေတော့ကြားနေရတယ်
ငါတို့ကတော့ ဘာမှ ထိတို့လို့ ခံစားလို့ မရသေးပါဘူးလေ………..

နေဝန်းနီ

9 comments

  • pooch

    March 5, 2013 at 10:26 pm

    ဟလို အဘနီ မတွေ့တာ ကြာပေါ့
    ကျန်းခန့်သာလို့ မာပါစေ

    ကျမလည်း ကိုယ့်ကိုယ်ကို ပုစဉ်းရင်ကွဲတွေလို ရင်ကွဲနေရမှာစိုးလို့ ခုနောက်ပိုင်း မအော်ချင်တော့ဘူး

    မသိသလို မကြားသလို ပဲ ခပ်ထုံထုံ ဖြစ်အောင် နေနေတော့တယ်

    မောသွားလို့ အားယူနေတာ :mrgreen:

  • တစ်ချိန်က “ ခိုင်ထူး” ရဲ့သီချင်းကိုသာသတိရမိတော့…….။
    “ ပုဇင်းရင်ကွဲတွေ အော်နေကြတယ် ကြားတော့ကြားတယ် မမြင်နိုင်တယ်” တဲ့
    ခုလည်း …………”

    ဘိုနေ အဲလိုအော်ခဲ့တာ ခိုင်ထူး မဟုတ်ဘူး
    ဖိုးချို……………………..

  • ဥနေ ပေါဒလို …
    ပုဇင်း ရင်ဂွဲဒွေ အော်နေဒါ …
    ခိုင်ထူးဘဲ ဖစ်ဖစ် …
    ဖေပေါက်ဂျီး ပေါဒလို ….
    ဖိုးချို ဘဲ ဖစ်ဖစ် …..
    အိုက်တီချင်း ကျိုက်ဒယ် ဆိုဒါလေး ပေါဂဲ့ဂျင်ရို့ဘာလို့ ….

    ဒါနဲ့ … ဟိုးး တစ်လောက …
    မျက်မမြင် ပုဏ္ဏား ခြောက်ယောက် ဆင်ကြီးကို စမ်းသပ်နေဒဲ့ ပုံစံ ကာတွန်းလေးတစ်ခု တွေ့ခဲ့ရတယ် …
    ဆင်းရဲသား နဲ့တူတဲ့ မျက်မမြင် ပုဏ္ဏား ခြောက်ယောက်က
    တင်သွင်းလာတဲ့ ကားသစ် နဲ့ တူတဲ့ ဆင်ကြီးကို စမ်းသပ်နေပြီး …
    ဘယ်သို့ ဘယ်ပုံ ဆိုတာ ပြောနေကြတဲ့ လှောင်ပုံလေးပဲ …
    ဒါဂ ကျုံဒုံးလေး ဝင်ပေါဒါဘာလို့ ….

  • ခိုင်ဇာ

    March 6, 2013 at 8:35 am

    ခေါ်သံတွေ …
    ကြားလား၊
    ကြားလား၊
    ကြားလား၊
    ကြားရဲ့လား။

    :mrgreen:

  • kyeemite

    March 6, 2013 at 9:09 am

    အင်း..အသံတွေကြားနေရသေးတာပဲ…ကံကောင်းနေသေးတာလို့ပဲမှတ်ပါတယ်ဗျာ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 6, 2013 at 9:48 am

    ( မျက်စေ့ အလင်းမရသူများက
    အကြားအာရုံပိုကောင်းတယ်ဆိုပဲ……။
    ဒါဆိုရင်
    ငါတို့တစ်တွေကလည်း
    မျက်စေ့မမြင်ရသူများသာပ…….။
    ဘာလို့ဆို………
    ငါတို့လည်း ………..
    အသံတွေပဲကြားနေရပြီး
    ရုပ်ဒြပ် တို့ကို မမြင်ရ ထိတို့ခွင့်မရ
    အသံကြားနဲ့ခရီးဆက်နေရသူတွေ
    အသံတွေ ပွက်လောရိုက်အောင်ဆူညံနေပေမဲ့
    ဘာကိုမှလည်းမမြင်ရ ထိတွေ့ခံစားလို့မရနဲ့ )
    …………………………………………………..
    ဒီအကြောင်းကို အနုစိတ်ကြည့်လိုက်တော့ ပိဋကတ်ကို ဗုဒ္ဓမြတ်စွာရဲ့ တပည့်သာဝကတွေ အာဂုံဆောင်ခဲ့တယ်ဆိုတဲ့
    အချက်အလက်တွေကို ဆက်စပ်တွေးတောလို့ရလာတယ်ဗျို့ ( ဆားပုလင်းအောင်ဘုလေသံဖြင့် )
    ဆိုခြင်တာက ဗုဒ္ဓမြတ်စွာက ပရိတ်နိဗ္ဗာန်ပြုခါနီးမှာ အကျဉ်းချုပ်ဟောကြားခဲ့တဲ့
    မမေ့မလျှော့သော သတိနဲ့နေကြ ဆိုတဲ့ဆုံးမတော်ဟာ အာရုံတွေဖက်ပြန်ရောက်တယ်ဗျို့
    အာရုံတွေများတဲ့အတွက် သတိတွေမကောင်းနိုင်ဘူး သတိတွေမကောင်းတဲ့အတွက်
    မှတ်ဉာဏ်တွေ မှတ်သားနိုင်မှု့အားနည်းသွားတယ်
    အလွယ်ပြောရရင်တော့ ပိဋကတ်ကို ထိမ်းသိမ်းခဲ့တဲ့ မြတ်စွာဘုရားသာဝကတွေဟာ
    အာရုံတွေမများဘူး သတိအိန္ဒြေတွေကောင်းတယ်
    ( ဒါကတော့ အကြမ်းဖျင်းပါ )

  • တညင်သား

    March 6, 2013 at 9:55 am

    ဖိုးချို အရင်ဆိုဘူးလားလို့ အဲ့ဒီသီချင်း ဘယ်တော့မှ မမေ့ဘူး ကျောင်းမှာ အဲဒီ သီချင်းစာသားလေးပဲ ငြီးမိတာ ဆရာမ က ထိုင်ထ အခါ ၂ဝ လုပ်ခိုင်းဘူးတယ်…..:(
    ကဗျာကတော့ ရေးတေးတေးပဲ သိတယ်….

  • MaMa

    March 6, 2013 at 5:18 pm

    ဘိုနီခုတလော ခြေလှမ်းတွေ သွက်နေတယ်။ :kwi:

  • နေဝန်းနီ

    March 6, 2013 at 7:52 pm

    @ ပုရှ် ရေ မတွေ့တာကြာဆို လိုင်းကမကောင်းဘူးကွဲ့ ရွာပြင်ကနေငေးပြီး သော့ပျောက်လို့ရွာထဲဝင်မရတဲ့ ရွာစောင့်လို လို ကောနက်ရှင်က ဒုက္ခပေးနေတာ ကြာပေါ့ …..။
    @ ကိုပေါက်ရေ…။ အမှန်ပြင်ပေးလို့ ကျေးဇူးနော် အသက်တွေကြီးလာတော့လည်းမေ့ပြီ ဗျာ
    @ အံဇာရေ ကျားကြီးပဲ စမ်းစမ်း ဆင်ကြီးပဲစမ်းစမ်း ကားသစ်ကြီးပဲစမ်းစမ်း သူတို့က လက်တွေစမ်းသပ်ခွင့်ကြုံရသေးရဲ့ တို့များတော့ ဟိုဟာပြောင်းနေပြီ ဒီဟာပြောင်းနေပြီ ဘာကဘာဖြစ်တော့မှာ အသံတွေသာမျိုးစုံကြားနေရတယ် တို့တစ်တွေမှာ ဘာမှမပြောင်းလဲသေးပါဘူး ဘာကိုမှလည်းတို့ထိခွင့်မရှိသေးပါဘူး တို့ထိလို့လည်းမရသေးပါဘူးရယ် နော် ပြောင်းလဲမှုတွေ ဘယ်သူတွေဘယ်လောက်ခံစားရပြီလဲ ဒါကအဓိက ကျပါလိမ့်မယ် …။ ပြောင်းလဲမှုတွေ တို့လည်းပါဝင်ခံစားချင်တာပေါ့ရယ် နော် သိတယ်မဟုတ်လား ..။ ဒါပေမဲ့တို့မှာ ပညာက ဟိုမရောက်ဒီမရောက် အသိက ယောင်ဝါးဝါး စည်းကမ်းကခပ်မဲ့မဲ့ အရွယ်က တတိယအရွယ် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိရယ်နဲ့ သူများတွေပြောင်းလဲကုန်ပြီပြောတဲ့အကြားကိုယ်လည်း ပြောင်းလဲချင်ပါရဲ့ ဘာက စပြီးပြောင်းရမှန်းမသိ ဆက်ပြီးငြိတွယ်ချင်ပါသေးရဲ့ …………
    @ ခိုင်ဇာရေ ခေါ်သံတွေကြားပါရဲ့ ဘယ်ကခေါ်နေတာမှန်းမသိ ဘယ်အထိလိုက်ရမယ်မသိ ဘယ်နေရာမှာပန်းတိုင်ရှိတယ်ဆိုတာ မသိပါဘူးကွယ် လမ်းပြကြယ်လုပ်ပေးမလား ဒါမှမဟုတ် အသံရဲ့ သံတမာန် လုပ်ပေးပါကွယ် …။ နန်းခင်ဇေယျာ လေးတောင် ဘော သံတမာန် ဖြစ်နေပြီဆိုပဲ………..။
    @ ဟုတ်ပါ့ ကိုကြီးမိုက်ရေ….။ အသံတွေကြားရတာပဲ ကံကောင်းနေသေးတယ်လို့မှတ်ရမှာပဲ ….။ ပြီးတော့လည်း ပြီးသွားမှာလားမသိပါဘူး ….။ မျှော်လင့်ချက်နဲ့ အသက်ရှင်နေသူတွေအတွက် မျှော်လင့်ချက်လေးပေးနေတာ ဝမ်းသာစရာလို့မှတ်ယူမိပါရဲ့ မျှော်လင့်စရာမရှိသေးတာနဲ့စာရင် တော်သေးတာပေါ့နော်
    @ ဘုဘုရေ နင်နဲ့ပြိုင်မပြောနိုင်ပါဘူး ပိဋိကတ် အိုးကွဲမှာစိုးလို့ နော်
    @ တညင်သားရေ………. ကိုပေါက်ပြောတာအမှန်လို့မှတ်လိုက်ပါ နောက် အပ်ဒိတ်ပြန်လုပ်လိုက်ပါ့မယ် ဖိုးချို လို့
    @ မမရေ…….. ခုတစ်လောလိုင်းကောင်းနေလို့ပါဗျာ လိုင်းမကောင်းရင် လိုဂျင်တောင်ဝင်မရလို့ ဒီအတိုင်းထိုင်ကြည့်နေရတာကြာပေါ့ ………..။

Leave a Reply