လမ်းဘေးဈေးသည်-ရပ်နိုင်ပေ့ (Applause 3)

padonmarMarch 6, 20131min36638

ဦးဦးပါလေရာ အစစ်ရေ

ဦးပါက ပို့စ်တစ်ခုမှာ အစိုးရကို လမ်းဘေးဈေးသည်ပဲ နိုင်အောင် ရှင်းပါအုံး လို့ ရေးထားတာလေး မှတ်မိလိုက်ပါတယ်။

ဘယ်ပို့စ်လဲတော့ မသိတော့ဘူး။

တနင်္ဂနွေနေ့ညနေက ဘိလပ်ပြန် အဘဆွေနဲ့ ရွာသူားတွေ တွေ့ကြပြီးတော့ ဦးပါက ကျမကို မြို့ထဲ လမ်းကြုံပို့ပေးတယ်မလား။

လမ်းထိပ်က စားပွဲခင်းရောင်းတဲ့စားသောက်ဆိုင်(ယခင်)
လမ်းထိပ်က စားပွဲခင်းရောင်းတဲ့စားသောက်ဆိုင်(ယခင်)

စားသောက်ဆိုင်တွေ စားပွဲမခင်းတော့ လမ်းထဲ လွယ်လွယ်ကူကူ ကားမောင်းဝင်နိုင်သွားပြီ(ယခု)
စားသောက်ဆိုင်တွေ စားပွဲမခင်းတော့ လမ်းထဲ လွယ်လွယ်ကူကူ ကားမောင်းဝင်နိုင်သွားပြီ(ယခု)

အဲဒီနေ့က လမ်းမတော်မီးပွိုင့်လွန်ကတည်းက မဟာဗန္ဓုလလမ်းမကြီးရဲ့ ဘယ်ညာမှာ ခင်းထားတဲ့ လမ်းဘေးဈေးဆိုင်တွေ နဲ့

လမ်းလယ်မှာ လူတင်ချတဲ့ ဘတ်စကားတွေကြားက ဘုရားတပြီး စလိုးမိုးရှင်းနဲ့ မောင်းခဲ့ရတယ်လေ။

ကျမတို့ လမ်းထိပ်ရောက်တော့ မဟာဗန္ဓုလလမ်းမကြီးရဲ့ ကတ္တရာလမ်းပေါ် မီးဖိုတွေ၊စားပွဲ ကုလားထိုင်တွေချပြီး

ယာယီအမိုးတဲတွေထိုးပြီး ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေ နဲ့

လမ်းထိပ်မှာ ကန့်လန့်ရပ်ထားတဲ့ စည်းကမ်းမဲ့ကားတွေကြားက အသက်အောင့်ပြီး ကွေ့ဝင်ခဲ့ရတယ်။

နောက်တနေ့ 4.3.2013 တနင်္လာနေ့ညနေ မြို့ထဲရောက်တော့ ထူးထူးဆန်းဆန်းကားတွေရှင်းနေတယ်။

လမ်းပေါ်လည်းရှင်းလို့၊လမ်းကြောင်းရှိလို့များ ရှင်းထားလေသလားလို့ ထုံးစံအတိုင်းတွေးပြီး လမ်းလျှောက်စပ်စုခဲ့တယ်။

စည်းကမ်းထိန်းသိမ်းရေးကားတစ်စီးပေါ်ကနေ မိုက်နဲ့ သတိပေးစကား အော်ပေးနေတာ ကြားခဲ့ တွေ့ခဲ့ရပါတယ်။

လမ်းဘေးဈေးသည်တွေကို သတ်မှတ်ချိန် ညနေ ၃ နာရီက ည ၈နာရီထိသာ ပလက်ဖောင်းပေါ် ဈေးရောင်းချခွင့်ဖြေလျှော့ပေးထားပါတယ်။

ကတ္တရာလမ်းပေါ်မှာ ဆိုင်ခင်းတာ၊မီးဖိုတွေချပြီးချက်ပြုတ်ရောင်းတာ လုံးဝ ခွင့်မပြုပါဘူး။

ယာယီတဲ အမိုးတွေလည်း ထိုးခွင့်မပြုတော့ပါဘူး။

နေအိမ်တွေကနေ ဈေးဆိုင်တွေကို လျှပ်စစ်မီးသွယ်ပေးတာတွေလည်း ခွင့်မပြုတော့ပါဘူး။

အဲဒီလို လမ်းဘေးဈေးသည်တွေကို ထိန်းကွပ်လိုက်တော့ လမ်းပေါ်မှာ သိသိသာသာ ရှင်းသွားပါတယ်။

ကားတွေလည်း ကြိုကြီုကြားကြား တိုးဝှေ့မောင်းနေစရာမလိုတော့သလို

လမ်းသွားလမ်းလာတွေလည်း ဖြောင့်ဖြောင့်ဖြူးဖြူး သွားနိုင်ပါတယ်။

အမြဲတန်း ပိတ်နေတဲ့ လမ်းမတော်မီးပွိုင့်မှာ ချောချောမွေ့မွေ့ မောင်းနှင်ဖြတ်သန်းနိုင်လို့ ဘတ်စကားစီး ခရီးသည်တွေလည်း စိတ်ချမ်းသာကြမှာပါ။

လမ်းသွယ်တွေမှာတော့ လမ်းပိတ်လု ခင်းထားတဲ့ လမ်းဘေးဈေးသည်တွေရှိနေပါသေးတယ်။

ဘာဘဲပြောပြော ထိုက်သင့်သလောက် ရှင်းလင်းသွားတာ ကြည့်ရင် တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည် ဆိုတဲ့ ဆောင်ပုဒ်လေးကို သတိရမိပါတယ်။

အမြဲပိတ်နေတဲ့ လမ်းမတော်မီးပွိုင့်(ယခင်)
အမြဲပိတ်နေတဲ့ လမ်းမတော်မီးပွိုင့်(ယခင်)

ကားရှင်းသွားတဲ့ လမ်းမတော်မီးပွိုင့်(ယခု)
ကားရှင်းသွားတဲ့ လမ်းမတော်မီးပွိုင့်(ယခု)
ဈေးသည်ရှင်း၊ကားရှင်းလို့ ခုမှပဲ စိတ်ချလက်ချ ကူးနိုင်တဲ့ မျဉ်းကျား
ဈေးသည်ရှင်း၊ကားရှင်းလို့ ခုမှပဲ စိတ်ချလက်ချ ကူးနိုင်တဲ့ မျဉ်းကျား

တကယ်တော့ လမ်းဘေးဈေးသည်ဆိုတာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပါးရှားရာကနေ ပေါ်ပေါက်လာတာပါ။

ငွေကြေးဈေးနှုန်းကလည်း မတည်ငြိမ်၊

လျှပ်စစ်မီးက မလုံလောက် ၊

သာတူညီမျှတဲ့ အခွင့်အရေးတွေမရ၊

အစိုးရရဲ့ ပေါ်လစီတွေက တစ်နေ့တစ်မျိုးပြောင်းနေတဲ့ အချိန်မှာ

ဘယ်သူကမှ ငွေကြေး မြှုပ်နှံပြီး စက်ရုံအလုပ်ရုံတွေတည်မယ်၊

ရေရှည် စီမံကိန်းနဲ့ အရင်းအနှီးပြုမယ်ဆိုတာမျိုး စိတ်မဝင်စားကြတော့ပါဘူး။

ဝန်ထမ်းတွေ၊အလုပ်သမားတွေ ခန့်ထားရင် ကိုယ်မလုပ်ချင်တော့တဲ့အခါ လျော်ကြေးပေးရတာ၊

ဝန်ထမ်းတွေကို စည်းကမ်းထိန်းသိမ်းရတာ ခက်ခဲတယ်လို့ မြင်လာကြပါတယ်။

ဒါကြောင့် ဝန်ထမ်းမလိုတဲ့ လွယ်လွယ်ငွေပြန်ပေါ်မယ့်

Hit and Run လို့ခေါ်တဲ့ မြေဝယ်ရောင်းမယ်၊

ကားဝယ်ရောင်းမယ်၊

ပဲ/စပါးဝယ်ရောင်းမယ်၊

ငွေတိုးပေးစားမယ်။

နောက်ဆုံး ဘဏ်ထဲထည့်ပြီး ဘဏ်တိုးထိုင်စားမယ် ဆိုတဲ့လူတွေများလာပါတယ်။

အဲဒီတော့ နိုင်ငံမှာ စက်ရုံအလုပ်ရုံကြီးတွေ နည်းပါးလာတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားလာပါတယ်။

ခရိုနီတွေရဲ့ လုပ်ငန်းတွေကလွဲရင် ကျန်လုပ်ငန်းတွေက တော်တဲ့ တတ်တဲ့ အလုပ်သမားကို ထိုက်တန်တဲ့လစာပေးပြီး အလုပ်မခန့်နိုင်တော့ပါဘူး။

ကျွမ်းကျင်အလုပ်သမားတွေက နိုင်ငံခြားထွက် အလုပ်လုပ်ကြပါတယ်။

နိုင်ငံခြားထွက်ဖို့အဆင်မပြေသူတွေက ကိုယ့်တစ်နိုင်အရင်းလေးနဲ့ ဆိုင်ခန်းခ ရင်းနှီးစရာ မလိုတဲ့ အလုပ်ကို လွယ်လွယ်ကူကူ လုပ်ကြပါတယ်။

လမ်းဘေးဈေးရောင်းတာက စည်ပင်ဝန်ထမ်းကို လက်သိပ်ထိုးပေးပြီး ဖွင့်ရင် ဆိုင်ခန်းခ သိန်းဂဏန်းကို ပေးစရာမလိုတော့ပါဘူး။

အမြတ်ခွန်ဆိုတာကလည်း ရှောင်လို့ရသွားတယ်။

commercial tax, sale tax ဆိုတာတွေတော့ ဝေးရော။

အမှိုက်ခွန်၊စီးပွားရေးလုပ်ငန်းသုံးမီတာခဆိုတာတွေ ဘေးချိတ်။

မီးအာမခံဆိုတာ ခေါင်းထဲတောင်မရှိ။

ဆိုတော့ သူတို့က စားရိတ်စက အကုန်အကျသက်သာသလို ဈေးလည်းလျှော့ရောင်းနိုင်ပါတယ်။

ကျမတို့လူမျိုးစရိုက်ကလည်း လမ်းဘေး ခလုပ်တိုက်မှ ဝယ်ချင်ပါတယ်။

အဲဒီတော့ ဆိုင်ခန်းကြီးနဲ့ ရောင်းတဲ့သူတွေဟာ အလို့သာ ဆိုင်နဲ့ ကနားနဲ့ ရောင်းနေတယ်လို့ပြောချင်ပါတယ်။

တဖြည်းဖြည်းနဲ့ လုံခြုံရေးလိုတဲ့ ရွှေဆိုင်ကလွဲရင် လမ်းပေါ်ကို အကုန်ရောက်ကုန်တော့တာပါပဲ။

ဆိုင်ခန်းသမားတွေ ဈေးရုံကြီးတွေဟာ လူမဝင်လို့ မရောင်းရလို့ ညည်းတွားကုန်ကြပါတယ်။

ကျမတို့လူမျိုးရဲ့ မကောင်းတဲ့ နောက်အကျင့်တစ်ခုက သူများအောင်မြင်ရင် လိုက်လုပ်တာပါပဲ။

တစ်နေရာမှာ ဘိန်းမုန့်ရောင်းကောင်းရင် မလှမ်းမကမ်းမှာ ဘိန်းမုန့်သည်တွေ ပေါ်လာတော့တာပါပဲ။

အဲသလိုနဲ့ လမ်းဘေးဈေးသည်တပ်ကြီး ချီလာလိုက်တာ လမ်းပေါ်မှာ သူတို့နဲ့ ပြည့်ပြီး သွားရေးလာရေး အခက်တွေ့ကြရပါတယ်။

သူတို့ စွန့်ပစ်တဲ့ အမှိုက်တွေနဲ့ လမ်းတွေမှာ ညစ်ပတ်ပေရေ စေပါတယ်။

လူတွေက လမ်းပိတ်တာသာ မကြိုက်တာ ဈေးဝယ်လို့ လမ်းဘေးတင် လွယ်လွယ်ကူကူ မဝယ်ရရင် အပြစ်တင်ချင်ကြပါသေးတယ်။

လမ်းဘေးဈေးမရောင်းရဆိုရင် ရက်စက်တဲ့ နှလုံးသားပိုင်ရှင်ကြီးတွေအဖြစ် ယိုးစွပ်လိုက်ကြတော့တာပဲ။

မရှိလို့ လုပ်စားတာ ဒါကိုပိတ်ပင်ရင် ဖာတန်းရောက်သွားမယ်၊ကြက်တန်းရောက်သွားမယ်လို့ ကန့်ကွက်ကြပါတယ်။

အမှန်တော့ စက်ရုံအလုပ်ရုံ ထူထောင်ချင်သူတွေကို ရင်းနှီးမြှုပ်နှံချင်စရာ တည်ငြိမ်တဲ့ ငွေကြေးဈေးကွက်(အခုတလောတော့ အတော်ငြိမ်နေပါပြီ)

တည်ငြိမ်တဲ့ ပေါ်လစီ(အပေါ်ကြည်ပြီး အောက်မှာ အနယ်အဖတ်တွေရှိနေသေး)

အချိန်မှန်တဲ့ လျှပ်စစ်မီး( အချိန်ပြည့်လို့ မပြောထားပါဘူးနော်)

တန်းတူညီမျှတဲ့ ယှဉ်ပြိုင်ခွင့် (ခုထိတော့ ဦး…ကို ဘယ်ကမ်ပနီမှ မယှဉ်နိုင်သေး)

ဒါတွေ ရလာတဲ့အခါ စက်ရုံအလုပ်ရုံတွေမှာ သင့်တင့်တဲ့ လစာတွေ၊သင့်တင့်တဲ့ ခံစားခွင့်တွေ နဲ့ အလုပ်သမားလူတန်းစားတစ်ရပ်လည်း ပြန်ပြီး အားကောင်းလာရပါမယ်။

အဆောက်အဦးဆောက်လုပ်တဲ့ လုပ်ငန်းခွင်တွေမှာ လုပ်သားတွေရှိပေမယ့် လုပ်သားအင်အားသုံးစွဲကာလ လစ်မစ်ရှိပါတယ်။

အဆောက်အဦဆောက်ပြီးရင် ဒီလုပ်သားအင်အားတွက် အလုပ်ပြီးသွားပါပြီ။

နောက် အဆောက်အဦးထပ်ဆောက်တာက တစ်ပိုင်းပေါ့။

စက်ရုံအလုပ်ရုံတွေလို ဒီ Infrastructure မှာ ရေရှည်လုပ်အားသုံးစွဲသွားတာမျိုး မဟုတ်တဲ့ အတွက်

ဆောက်လုပ်ရေးလုပ်ငန်းထက် စက်မှုလက်မှုလုပ်ငန်းတွေကို ဦးစားပေးစေချင်ပါတယ်။

လယ်ယာစိုက်ပျိုးရေးမှာလည်း လယ်သမားတွေရဲ့ အခွင့်အရေးကာကွယ်ပေးရပါမယ်။

သူတို့ ဈေးကောင်းရမယ့် သီးနှံ၊စိုက်ပျိုးနည်းစနစ်ကောင်း၊သွင်းအားစုလို့ သုံးနှုန်းနေတဲ့ ဓာတ်မြေဩဇာ၊ပိုးသတ်ဆေး စတာတွေကို စနစ်တကျ အသုံးပြုတတ်ဖို့ ၊

နောက်ဆုံး ထွက်လာတဲ့ သီးနှံတွေ ဈေးကောင်းကောင်းရဖို့ ထိန်းမတ်ပေးတဲ့ ဥပဒေ တွေရှိဖို့လိုပါတယ်။

အဲဒီလို လယ်သမားယာသမားတွေ ဝင်ငွေကောင်းလာရင် တောက မြို့ကို ပြောင်းပြေးလာရတဲ့ သူတွေ တောကို ပြန်ပြီး လယ်ပြန်လုပ်ကြမှာပါ။

လမ်းဘေးဈေးရောင်းနေတဲ့သူတွေ မေးကြည့်တော့ တော်တော်များများက နယ်မှာ လယ်တွေ ခြံတွေ ပြုတ်ကုန်လို့ မြို့တက်ဈေးရောင်းရတယ်လို့ ဖြေကြပါတယ်။

Domino Effect လိုပဲ ထိပ်ဆုံးက စတဲ့ လယ်သမားတွေရဲ့ ဘဝ လဲပြိုရင် နောက်ကနေ ဈေးသည်၊ကုန်သည်၊ကမ်ပနီ၊အစိုးရဝန်ထမ်း၊အစိုးရ၊ပြည်သူ တစ်ဆင့်ပြီးတစ်ဆင့် လဲပြိုသွားမှာပါ။

မြေခွေးဟာ သူ့ကိုခဲနဲ့ ပစ်ရင် ခဲကိုပဲ မဲပြီး ဟောင်တတ်ကိုက်တတ်ပါတယ်။

ခြင်္သေ့မင်းကတော့ ခဲကို မကိုက်ပဲ ခဲပစ်သူကို ရှာပြီး ချေမှုန်းသုတ်သင်တတ်ပါတယ်တဲ့။

အဲဒီလိုပဲ လမ်းတွေ ပိတ်ဆို့ရတဲ့ အကြောင်းရင်းတွေမှာ တစ်ခုဖြစ်တဲ့ လမ်းဘေးဈေးသည်ကို ဖြေရှင်းပေးနေတာ သဘောကျပါတယ်။

အရင်လို တစ်ရက် နှစ်ရက် လူကြီးလာတုံး၊လမ်းကြောင်းရှိတုံး ပွဲပြီး မီးသေ မဟုတ်ပဲ ထာဝစဉ်စည်းကမ်းရှိ၊ဥပဒေပေါ် ဘယ်သူမှမရှိစတမ်း ထိန်းသိမ်းစေချင်ပါတယ်။

အရင်ဂဠုန်စစ်ဆင်ရေးခေတ်ကလို လုံးဝဈေးမရောင်းရဆိုပြီး ကားတွေပေါ် ဈေးဗန်းတွေ ဆွဲသိမ်းလို့ ဘဝတွေပျက်ရတဲ့ ဇာတ်လမ်းမျိုး မခင်းတော့ပဲ၊

အကန့်အသတ်နဲ့ စည်းကမ်းရှိရှိရောင်းစေတဲ့ အတွက် ဈေးသည်တွေအတွက်လည်း ခံသာပါတယ်။

ဒါ့အပြင် သူတို့ကိုလည်း ဆောင်သင့်ဆောင်ထိုက်တဲ့ အခွန်အခတွေ ဆောင်ခိုင်းပြီး စနစ်တကျ ထိန်းကွပ်ပေးမယ်။

တစ်ဖက်ကလည်း အလုပ်သမား၊လယ်သမားလူတန်းစားတွေ ရှင်သန်နိုင်မယ့် မူဝါဒတွေ နဲ့ ပြန်လည်ပျိုးထောင်ပေးမယ်ဆိုရင်

ဈေးရောင်းရတဲ့ ဝင်ငွေနဲ့ မကွာတဲ့ ဝင်ငွေတွေရလာမယ်ဆိုရင် ဈေးသည်တွေကနေ ကုန်ထုတ်စွမ်းအားတွေ ဖြစ်လာမှာပါလို့ ပြောချင်ပါတယ်။

ကဲ ဦးဦးပါ အစစ်၊အတု၊ကလုန်း တို့ရေ

ကျမ လျှာရှည်တာ လမ်းဘေးဈေးသည်ကနေ တစ်ပြည်လုံးဖြစ်သွားပြီ၊

အခုတစ်လော လမ်းတွေပိတ်ဆို့တတ်တဲ့ နေရာတွေမှာ ယာဉ်ထိန်းရဲတွေ စောင့်ရှင်းပေးနေတဲ့အတွက် အထိုက်အလျောက် ချောမွေ့ပြီး ကြာသင့်သလောက်သာကြာတော့တာတစ်ချက်၊

လမ်းဘေးဈေးသည်တွေကို စည်းကမ်းထိန်းသိမ်းလိုက်တဲ့ အတွက် စ်ိတ်ချမ်းသာစွာ သွားလာနိုင်တာတစ်ချက်၊

နေပြည်တော်အမြန်လမ်းမကြီးမှာ အရေးပေါ် သူနာပြုစုရေးစခန်းတွေ ဖွင့်လှစ်ပေးထားတယ်ဆိုတဲ့ သတင်း ဖတ်လိုက်ရတာက တစ်ချက်၊

မလိုအပ်တဲ့ ကြန့်ကြာမှုတွေကို ဖြေလျှော့ပေးဖို့ ကုန်အမယ် ၁၃၈ မျိုးထိ ထုတ်ကုန် သွင်းကုန်လိုင်စင်တွေ လျှောက်ဖို့ မလိုတော့ဘူးဆိုတာ တစ်ချက်၊

ဘကြီးစိန်ရဲ့ ၅ နိုင်ငံ ခရီးစဉ်ဓာတ်ပုံတွေမှာ ဟိုအရင်ကလို ဘကြီးက ဆိုဖာပေါ်ထိုင် ကျန်သူတွေက ကြမ်းပေါ်ထိုင် ပြားပြားဝပ်မဟုတ်တော့ပဲ တန်းတူရည်တူ ဝိုင်းဖွဲ့နှုတ်ဆက်တဲ့ ဓာတ်ပုံတွေ့ရတာက တစ်ချက်။

လစဉ် ပြည်သူကို ရှင်းလင်းတင်ပြတဲ့ ဘကြီးစိန်ရဲ့ ရေဒီယိုနှုတ်ခွန်းဆက်ကို နားဆင်ရတာက တစ်ချက် ၊

ပုဂ္ဂလိက သတင်းစာ ၈စောင်ပေးထုတ်တာက တစ်ချက်၊

ရပ်နိုင်ပေ့ လက်ခုပ်လေးတွေ ထပ်တီးပေးချင်ပါတယ်။

38 comments

  • kai

    March 6, 2013 at 4:00 am

    အယ်လ်အေမှာ.. အစိုးရဆီအခွန်ဆောင်.. ဆိုင်ခန်းငှားတရားဝင်ဖွင့်ထားတဲ့.. ရိုးမစားသောက်ဆိုင်ဆိုတာရှိတယ်..
    ကျမ်းမာရေးဌာနကရှောင်တခင်ဝင်စစ်လို့.. သန့်ရှင်းရေး..အစားအသောက်စံနှုန်းတွေ.. ပြန်စစ်ရတာကြောင့် ဆိုင်ခဏပိတ်လုပ်ရတာလည်း.. ရှိတာပေါ့..

    အဟမ်း..
    အနီးနားလေးမှာပဲ.. မြန်မာအိမ်ဆိုင်လေးတွေရှိပါတယ်..။
    အခွန်ဆောင်ရန်မလို.. ကျမ်းမာရေးဌာနဝင်မစစ်.. အဆင်ပြေသလို..ချက်ပြုတ်စားသုံး..
    အဲ.. စည်ကားနေသပေါ့..

    ဆိုုတော့..
    မြန်မာပြည်ရဲ့.. အနာဂတ်မှန်းကြည့်နိုင်အောင်ပါ..။

    မြန်မာသည်..ဘယ်နိုင်ငံရောက်ရောက်.. မြန်မာစရိုက်သာဖြစ်ကြပါသည်.. :kwi:
    ယခုထက်.. အဆ၁၀ဝ ချမ်းသာလာလျှင်.. ရန်ကုန်သည် အိနိ္ဒယမွန်ဘိုင်းလိုမြို့ကြိးနှင့်တူလာမည်ထင်ပါသည်။ :kwi:

    • kai

      March 7, 2013 at 12:21 am

      ပြောရရင်.. အယ်လ်အေမှာ.. (ခိုးဖွင့်ထားတဲ့)အိမ်ဆိုင်တွေက.. ပိုစားကောင်းပြီး.. ဈေးသက်သာတယ်ဗျ..။ အဲဒါကြောင့် (အားမပေးသင့်ဘူး ပြောပြောပြီး..) ကျုပ်လည်းသွားစားလေ့ရှိပါတယ်..။ :kwi:

      တောက်စ်..
      ငါ့ဗမာေ-ာက်ကျင့်…။

      • padonmar

        March 7, 2013 at 8:59 pm

        သဂျီးနော်
        နှစ်တစ်ထောင်ကျိန်စာ

    • pooch

      March 8, 2013 at 11:54 pm

      အဲ့ဒီ ပုံလေးက အခု ရတနာပုံဈေးနားက ညမီးတိုင်ဈေးပုံစံလေးပဲ ။ အဲ့ဈေးမှာတော့ အများစုက တရုတ်ဈေးသည်တွေ ရောင်းကြတာ ။ စားစရာတွေ ကတော့ ကောင်းမှ ကောင်း

      ရှေ့လျှောက်လည်း ဒီထက်ပိုပြီး လက်ခုပ်တီးပေးချင်ပါသေးတယ် ဒေါ်ဒေါ်ရေ

  • ခိုင်ဇာ

    March 6, 2013 at 8:19 am

    ဒီလောက်လေး လုပ်နိုင်မြင်နိုင်ရတာကို စိတ်ချမ်းသာစရာကောင်းနေပြီ။
    (အကောင်းသဘော၊ အပြုသဘော သီးသန့်ဆိုရင်ပေါ့။)
    :hee:

    ကျနော်တောင် စလုံး ကို ကာပြန်ပြီး ပြန်ဖြစ်ရင်
    လမ်းဘေး ဈေးရောင်းမလားတွေးထားတာရယ်။ :mrgreen:

    အရင်က အတွေးကတော့ ကိုယ့်အိမ်ရှေ့ အဖီလေးချပြီး ရောင်း။
    ခွိခွိ။
    :kwi:

    နောက်ပိုင်း စည်ပင်က စံနစ်တကျဖြစ်လာရင်တော့ လွယ်မယ်မထင်တော့ဘူး။

    အင်း။ မင်းသားကြီးနဲ့ အဆင်ပြေအောင်နေတာပဲ ကောင်းပါတယ်လေ။

    :harr:

    • padonmar

      March 7, 2013 at 9:06 pm

      မယ်ဆွိရေ
      နေရာတိုင်းမှာ စည်ပင်က စနစ်တကျ ဖြစ်ဖို့ကတော့ ပြိုင်တူတွန်းကြမှ ဖြစ်မယ်ထင်ပါရဲ့။
      အခုရန်ကုန်မှာတောင် လမ်းမကြီးပေါ်ရှင်းတာ လမ်းသွယ်မပါ၊လသာမှာ ရှင်းတာ လမ်းမတော်မပါ ဆိုတော့
      မင်းသားကြီးနဲ့ မတည့်လည်း တစ်စုံတစ်ယောက်ဆီ ပြန်သာလာပါအေ။

  • kyeemite

    March 6, 2013 at 9:34 am

    ဒေါ်ပဒုမ္မာရဲ့ ပို့စ်ကိုဖတ်ပြီး
    ရပ်နိုင်ပေ့ လက်ခုပ်လေးတွေ ဝိုင်းတီးပေးသွားပါဂျောင်းးးးးးး :hee:

  • ရွှေတိုက်စိုး

    March 6, 2013 at 9:50 am

    အန်တီရေ ဗရာဗို ဗျို………
    ကျွန်တော်လဲ အဲလို ပြောချင်တာ.. မပြောတတ်မရေးတတ်လို..
    အန်တီလိုအသိဉာဏ်နဲ. စဉ်းစားတွေခေါ်နိုင်စွမ်း တွေ လူကြီးချင်းအတူတူကို ဟိုလူကြီးတွေ ဘာလို.များမရှိကြပါလိမ့်နော်……..
    သင့်ခ် သင့်ခ် သင့်ခ်……………

  • MaMa

    March 6, 2013 at 8:23 pm

    ရပ်နိုင်ပေ့ တီးပေးကြတာရယ် (ပြည်သူတွေရဲ့ အမြင်မှာ အကောင်းဘက်ကို နည်းနည်းချင်း တိုးလာပြီလို့ မြင်လာကြသလို)
    သူကိုယ်တိုင်ရဲ့ ကြိုးစားချင်စိတ် (တိုင်းပြည်ကောင်းဖို့ လုပ်ချင်စိတ်) တွေရယ်ကြောင့်…
    နေရာတိုင်းမှာ ပြောင်းလဲမှုတွေတော့ မြင်လာရပြီ။
    ဆက်လက်ပြီး လမ်းကောင်းလမ်းမှန်ကို မြန်မြန်ဆန်ဆန် လျှောက်လှမ်းနိုင်ဖို့ မျှော်လင့်မိပါတယ်။ :hee:

    • padonmar

      March 7, 2013 at 9:11 pm

      ဦးကြီးမိုက်၊မိုက်ခဲ ရွှေတိုက်၊မမတို့ရေ
      လက်ခုပ်ဝိုင်းတီးပေးကြတာ ကျေးဇူးပါ။
      အမှန်တော့ နောက်ကြောင်းပြန်မလှည့်စေချင်/ပြန်ထိုင်မချစေချင် လို့ပါ။

  • သူ့ခြံထဲမှာဘယ်လိုကောင်းကောင်း
    ကိုယ့်ခြံကိုယ်ကောင်းအောင်လုပ်ကြဘို့ လိုပါသည်။
    နည်းနည်းတိုး၍ရလာသောရလဒ်ကောင်းများကိုကျေနပ်စွာလက်ခံရင်း တိုးတိုးပြီးကောင်းအောင်
    လုပ်ကြဘို့လိုပါသည်။
    ဆင်းရဲနွမ်းပါးခြင်းနှင့်ရှိသင့်ရှိထိုက်သောစည်းကမ်းကို ခွဲခြားမြင်နိုင်ဘို့ကတော့လိုအပ်ပါသည်။

    • padonmar

      March 8, 2013 at 12:03 am

      ကိုကြီးပေါက်ပြောတာမှန်ပါ့။
      ကျမတို့တိုင်းပြည်က ဆိုရှယ်လစ်အမွေဆိုးတွေကျန်နေသေးတယ်။
      ဆင်းရဲရင် လုပ်ချင်တာလုပ်စားခွင့်ရှိတယ်ထင်ကြတယ်။
      မရှိလို့ ခိုးတာခွင့်လွှတ်ရမလိုလို၊
      ချမ်းသာတဲ့လူကို စည်းကမ်းကျပ်ရင် ငွေနဲ့ လာဘ်ထိုးပြီးဖျက်သလို
      ဆင်းရဲတဲ့လူကို စည်းကမ်းကျပ်ရင် မတရားအနိုင်ကျင့်ပါတယ် အော်ချင်ကြတယ်။
      နီးအုံးမယ့် ဒီမိုးကရေစီး။

  • nature

    March 6, 2013 at 10:50 pm

    နိုင်ငံတော်ကဆင်းရဲမွဲတေမှုပပျောက်ရေးလုပ်နေပေမဲ့ ပြည်သူတွေကစောင့်မနေနိုင်ပါဘူး။တနေ့လုပ်မှ တနေ့စားရတဲ့သူတွေကတော့ မိသားစု စားဝတ်နေရေးအတွက် ရရာအလုပ်ကိုရှာလုပ်ကြရပါတယ်။ ဘယ်နေရာမဆိုစည်းကမ်းထိမ်းသိမ်းတဲ့သူတွေကတော့ အမုန်းခံကြရတာများပါတယ်။မုန်းမယ်ဆိုလဲမုန်းစရာပါပဲ။ တချို့က စည်းကမ်းကိုအကြောင်းပြပြီး ကိုယ်ကြိုက်တဲ့စာကိုယ် ကို ထည့်တတ်ကြပါတယ်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့စည်းကမ်းကို တိကျတဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်ပေးဖို့ နောက်ကထိမ်းကြောင်းစစ်ဆေးဖို့ လုံလောက်တဲ့လစာပေးဖို့ လိုမယ်ထင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ တာဝန်ထက် အထက်အမိန့် VIP တွေကိုသာဦးစားပေးဆောင်ရွက်ခဲ့ဘူးတာဖြစ်လို့ တာဝန်ကို ထမ်းဆောင်ဖို့ တွန့်နေတတ်ပါတယ်။ တာဝန်ထမ်းဆောင်နေသူတွေဟာ အထက်ကအလုပ်ဖြုတ်နိုင်သလို အောက်ကလဲဝိုင်းဖွနိုင်တဲ့အတွက် ဆူးကြားကဗူးခါးလိုဖြစ်နေတတ်ပါတယ်။

    ဘာမှမဆိုင်ပေမဲ့facebook ကကြည့်လို့ကောင်းလို့မျှဝေလိုက်ပါတယ်။
    http://www.facebook.com/video/video.php?v=262499030551413

    • padonmar

      March 8, 2013 at 12:13 am

      Nature ရေ
      ဆူးကြားက ဗူးခါး တွေလား၊
      ယိုးဒယားက ကသလို လက်တစ်ဖက်က အောက်ကယူ လက်တစ်ဖက်က အပေါ်ကိုပေး တွေလား။

      • nature

        March 9, 2013 at 12:24 am

        ဒေါ်ပဒုမ္မာက အပိုကြီးဆိုတော့ ကိုယ်ခြင်းမစာတတ်တာထားပါတော့။ 😛
        ဝန်ထမ်းတွေဆိုတာဟာ စားဝတ်နေရေးအဆင်ပြေဖို့အတွက် နိုင်ငံတာဝန်ကိုထမ်းဆောင်ရင်း လုပ်ခလစာကိုရရှိကြပါတယ်။ အထက်ကပေါ်လစီချပေးရင်အောက်က အကောင်အထည်ဖော်ရတာဆိုတော့ တကယ်တမ်းပြည်သူတွေရဲ့လက်ပွန်းတတီးဆက်ဆံကြရတာအောက်ခြေဝန်ထမ်းတွေပါ။

        ယောင်္ကျားတယောက်ဝန်ထမ်းလုပ်ပြီဆိုပါစို့။ သူရဲ့လစာဟာ အိမ်ထောင်ပြုပြီးကလေးတယောက်ကိုတော့ ဝလင်အောင်ကြွေးနိုင် ပညာသင်ပေးနိုင်ရမယ်။ ဝန်ထမ်းဖြစ်လို့ လစာမလောက်ငှမှုကြောင့်အိမ်ထောင်မပြုနိုင်ဘူးဆိုတာ မဖြစ်သင့်ဘူးထင်မိတယ်။ ပင်စင်ယူရင်လည်း သင့်တင့်တဲ့ လုံလောက်မှုတော့ရှိသင့်တယ်ထင်တယ်။ အခုပေးထားတဲ့ ဝန်ထမ်းလစာနဲ့ စမ်းသပ်ကာလတခုမှာ မိသားစု ၃ယောက်ရှိတဲ့ အိမ်ထောင်စုတခုကို လောက်အောင်သုံးခိုင်းပြီးအနီးကပ်စစ်ဆေးကြည့်ပါ။ အပိုမသုံးပဲ ဘယ်လောက်စရိပ်ရှိတယ်ဆိုတာကို သိသာနိုင်အောင်ပါ။ ကျွန်တော်ကတော့ဝန်ထမ်းတွေကိုအပြစ်မတင်ပါဘူး။ ကိုယ်ခြင်းစာပါတယ်။ သူတို့နေရာမှာ သူတို့လခနဲ့ တလလောက်နေကြည့်ပြီးမှ အပြစ်တင်ပါ။ တကယ်တော့လည်းအခုအချိန်မှာလစာ ပိုပေးရုံနဲ့လည်းမရနိုင်တော့ပါဘူး။
        ဝန်ထမ်းကောင်းစိတ်ဓါက်တွေကိုပါ ပြန်လည်လေ့ကျင့်သင့်ကြားပေးဖို့ လိုပါတယ်။
        အိမ်ထောင်တခုအတွက် လိုအပ်ချက်တွေကို အပိုကြီးတွေကတော့ မသိနိုင်တာမို့ အဟိ…ကျွန်တော်မျိုးကြီး သေသင့်ပါတယ်လို့။ 😛

        • Foreign Resident

          March 9, 2013 at 3:35 am

          ” ယောင်္ကျားတယောက်ဝန်ထမ်းလုပ်ပြီဆိုပါစို့။
          သူရဲ့လစာဟာ အိမ်ထောင်ပြုပြီးကလေးတယောက်ကိုတော့
          ဝလင်အောင်ကြွေးနိုင် ပညာသင်ပေးနိုင်ရမယ် ”

          ယောင်္ကျားတယောက် လစာကို မိသားစု ထိုင်စားတဲ့ ခေတ်ကတော့ ကုန်သွားပါပြီ ။
          ဘယ် နိုင်ငံမှာ မဆို ( အောက်ခြေ ဝန်ထမ်း ဆိုပါစို့ ) ၊
          မိသားစု တစ်ခု မှန်မှန်လေး စားနိုင် ပညာသင်နိုင်ဘို့ ဆိုရင် ၊
          လင် ရော မယား ရော ပြဲကား နေအောင် လုပ်မှပါ ။
          လင် တယောက်ထဲ လစာ ကို မှီလို့ကတော့ ၊
          ဒီမိသားစု အမွဲကြီး မွဲပြီပဲ ။

  • surmi

    March 6, 2013 at 11:06 pm

    CJ အစ်မကြီးပဒုမ္မာရေ ……
    ကားတက်ဆင်း လမ်းတွေမှာ စည်ပင်နဲ့ပေါင်းပြီး ဈေးခင်းကြ ၊ အထုတ်ဖြေကြ ၊ ပစ္စည်းခွဲကြ လုပ်နေတော့
    အန္တရယ်အလွန်ကြီး ကြောင်းပါ ခင်ဗျ ။
    လက်တွေ့အားဖြင့် ကြည့်ချင်ရင် သိမ်ကြီးဈေး D ရုံရဲ့ ့ ကားအဆင်းအတက်လမ်းတွေမှာ လမ်းပိတ်မတတ်
    နေ့စဉ်လုပ်နေတာတွေ ဓတ်ပုံရိုက်လို့ ရကြောင်းပါ ။
    အချိန်ရရင် ဓတ်ပုံလေးနဲ့ တစ်ပုဒ်လောက်ရေးပါဦး …လို ့ …..
    ဒါမှ မြဲမြဲ ရပ်နိုင်မှာ .. :hee:

    • padonmar

      March 8, 2013 at 12:18 am

      ကိုဆာမိရေ
      စက်ရုပ်ဖုန်းလေး တစ်လုံးလက်ထဲရောက်ကတည်းက စီဂျေဖြစ်မှန်းမသိဖြစ်မိသွားတာပဲ။
      လှတာလေးမြင်ရင် ကိုပေါက်အားကျပြီး သူများကိုပြဖို့ရိုက်၊
      ကလေးလေးတွေမြင်ရင် လုလင်အားကျပြီးရိုက်၊
      အချိုးမပြေတဲ့ကားတွေမြင်ရင် ကထူးဆန်းအားကျပြီးရိုက်၊
      အမြင်မတော်တာတွေမြင်ရင် ရွာထဲပြန်ပြမယ်လို့ရိုက်။
      ဆိုတော့ သိမ်ကြီးဈေးဖက်ရောက်ဖြစ်ရင် လက်ဆော့မယ်ရှင်။
      ကျမ မရောက်နိုင်သေးရင် ကဆာမိပဲ စီဂျေလုပ်ပေတော့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 7, 2013 at 12:40 am

    တကယ်တော့ လမ်းဘေးဈေးဆိုင်တွေရဲ့ မူလအစဟာ လမ်းဘေးအိမ်တွေရဲ့
    ပလက်ဖေါင်းပေါ်နယ်မြေချဲ့ထွင်းခြင်းဘဲလို့ ပညာရှင်အဆင့် ပြောကြားလိုက်ဘါဒယ် ( ကိန်ကိန် )

    • padonmar

      March 8, 2013 at 12:20 am

      မောင်ပေပြောသလို mirror follow air ginger ပါ ဘပု။
      ဘပုရဲ့ သီအိုရီကို မှတ်ထားပါမယ်။

  • ဦးဦးပါလေရာ

    March 7, 2013 at 12:50 am

    အစိုးရရဲ့ အပြုသဘော အပြောင်းအလဲလေးတွေ အပြုသဘောလုပ်ဆောင်ချက်လေးတွေကို ကြိုဆို ပါတယ်။
    အင်မတန်မှ နှေးကွေးလှတယ်ထင်ရပေမယ့်လဲ တကယ်တော့ ဒီလောက်ပဲ ဖြစ်နိုင်ပါသေးတယ်။
    အရေးကြီးတာက အရှိန်သေမသွားဖို့ တန့်မသွားဖို့ပါပဲ။

    စည်ပင်ဆိုတာကတော့ ဟိုးအရင် မဆလခေတ်ကတည်းက စစ်သားတွေ မြုတ်နှံတဲ့ဌာနဖြစ်တာကြောင့်
    တကယ်တော့ လွတ်လပ်ရေးရကတည်းက မြူနီစပယ်ခေတ်ကတည်းက စစ်ဗိုလ်ဟောင်းတွေ တောက်လျှောက်ဦးဆောင်ခဲ့တာကြောင့်
    ဘာမှလဲမသိ အကုန်လုံးလဲသိတယ်လို့ ကိုယ့်ကိုယ်ကို ထင်နေတဲ့လူတွေပီပီ
    လုပ်ရည်ကိုင်ရည် ညံ့ဖျင်းတာမဆန်းပါဘူး..။

    အသက်ဘယ်လောက်ကြီးကြီး မူကြိုတန်းဆိုရင်တော့ ဝလုံးရေးတတ်တယ်ဆိုရင် ချီးကျူးရမှာပါ။
    ရွှီး ဖြောင်းဖြောင်း…
    အာဘွား……
    :kwi:

    • padonmar

      March 8, 2013 at 12:29 am

      ဦးပါအစစ်လားဟင်……
      အရေးကြီးတာ အရှိန်သေမသွားဖို့ ရပ်တန့်မသွားဖို့ ဆိုတာ ဟုတ်တယ်။
      နှေးချင်နှေးပစေ ကျမတို့ နားလည်သည်းခံနိုင်ပါတယ်။
      အခုက ကောင်းတဲ့ခြေလှမ်းလေးတွေစလိုက် နောက်ကို ခြေနှစ်လှမ်းလောက် ဝိုင်းဆွဲလိုက် ဖြစ်နေတယ်။
      …………..
      တော်တော်ဖိစီးလာခဲ့တဲ့ D-form လည်း ဧပြီလဆို ရပ်တော့မယ်တဲ့။
      လက်ခုပ်တီး ပေးပါအုံး။
      ……….
      ဆေးရုံတွေမှာ ဆေးတွေ အခမဲ့ ပေးတော့မယ်တဲ့။
      အခုတော့ စနေပြီ။
      ရေရှည်ရော ပေးနိုင်ပါ့မလား။
      ဘာပဲဖြစ်ဖြစ် ပြောင်းလဲမှုတွက် လက်ခုပ်တီးပေးပါအုံး။

  • ကထူးဆန်း

    March 7, 2013 at 6:44 pm

    စည်ပင်က အာဏာရှိသူများကြိုးစားချင်ရင်တောင်မှ အောက်က အကောင်အထည်ဖော်သူတွေက ဖော်ချင်တာ မဟုတ် ။
    ဒီကြားထဲ စည်းကမ်းကို အားပေးဖို့ မကြိုးစားဘဲနဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုပြီး အများကြိုက်လိုက်တဲ့ ဂျာနယ်တွေက လဲ တွန်းချ ဖို့ ကအဆင်သင့် ။
    တကယ်တော့ ကွမ်းယာဆိုင် သေးသေးလေး၊ ဆိုင်လေး သေးသေးတစ်ခု စဖွင့်တာ နဲ့ တားဆီးရမှာ ကို မတားဆီးခဲ့တော့ များလာတဲ့ အခါကျမှ ရပ်နိုင်ပေ့ အားမပေးခင်မှာ
    အမေ့နားရွက် ကိုက်ဖြတ်သလိုမျိုး ဖွင့်တာကို တရားဝင်လို ဈေးကောက်ကောက်ခဲ့ တဲ့ ဖွင့်ခွင့်ပေးခဲ့တဲ့ စည်ပင်ကသူတွေကို အရင် အမျိုးဖြုတ်ရမှာ …

    • padonmar

      March 8, 2013 at 12:38 am

      ကထူးဆန်းရေ
      ဦးဦးစည်ပင်တွေကို အုပ်ချုပ်မယ့်သူကို ပြည်သူတွေက ရွေးကောက်တင်မြှောက်ရင် ပြည်သူ့အရေး ပို စဉ်းစားပေးပါလိမ့်မယ်။
      အခုတော့ ဈေးကောက်ရပြီးရောလုပ်နေတာ အမှန်ပဲ။
      အခုတောင် ဒီ လမ်းဘေးဈေးသည်ကိစ္စကို ဟန်ပြလုပ်နေသလား ကြည့်ရအုံးမှာ။
      ဈေးသည်တွေကလည်း နည်းနည်းလေး မကြပ်တော့ရင် ပြန်လည်တိုးချဲ့ဖို့ အဆင်သင့်ပြင်ထားတယ်။
      ဒါမျိုးတွေ ရိုးနေပါပြီ၊စီမံချက်ရှိတုံး ခဏ သည်းခံပေးပါပေါ့။
      ကြီးကြပ်သူတွေကလည်း အပေါ်က ဖိအားမပေးတော့ရင် ပိုနေမြဲ ကျားနေမြဲ ၊လာထား အာဘွားပါပဲ။
      ဒါကြောင့် ကလေးလေး ထိုင်မချအောင် ရပ်နိုင်ပေ့ အော်ပေးရတာ။
      ဘကြီးစိန် နောက်ပြန်မလှည့်ချင်အောင် နိုဘယ်ဆုပေးဖို့ကြံသလိုပေါ့။

  • တီတီရေ ….
    တားတား ဂဒေါ့ ဘာမှ မပေါဒတ်လို့ …
    ဘေးကနေ ဝိုင်းတီး (လက်ခုပ်) ပေးဘာရစေ ခညာ …. :mrgreen:

    • padonmar

      March 8, 2013 at 12:39 am

      မောင်အံ
      မပေါဒတ်လည်း လက်ခုပ်တီးပေးရင် ကျေနပ်ပါတယ်။

  • မောင် ပေ

    March 7, 2013 at 9:29 pm

    ကျုပ်တို ့နိုင်ငံမှာတော့
    ရှေ ့လူတွေ ကျင့်သုံးခဲ့တဲ့အတိုင်း
    အဆင်ပြေသလို ဖြစ်သလို
    လုပ်ကိုင်စားသောက်နေကြတာ
    အထာကျ ၊ အရိုးစွဲနေပြီ ဆိုတော့က
    ဆန္ဒပြပွဲတွေ ထပ်တွေ ့ရဦးမှာပေါ့

  • padonmar

    March 8, 2013 at 12:44 am

    မောင်ပေရေ
    မကျေနပ်တိုင်းဆန္ဒပြကြမယ်ဆိုရင်တော့ ဆန္ဒပြခြင်းရဲ့ အနှစ်သာရ လျော့သွားမှာပေါ့။

  • awra-cho

    March 8, 2013 at 11:16 am

    ပြီးရင်တော့ ချိုမိုင်မိုင် ကကြတာပေါ့လေ။

  • Shwe Ei

    March 8, 2013 at 2:41 pm

    ဘွဲ့ရ ဆိုက်ကားနင်း ဘွဲ့ရ ဒုတ်ထိုးရောင်း ဘွဲ့ရ…… ဘာညာသာရကာတွေ
    လူမှန်နေရာမှန်ရောက်ကျဖို့ နီးစပ်လာဘီလို့ လိုရာဆွဲတွေးပလိုက်ပါတယ်
    ဖြောင်းးးး ဖြောင်းးးးးးး ဖြောင်းးးးး :mrgreen:

  • Novy

    March 8, 2013 at 3:49 pm

    လမ်းဘေးဈေးသည်တွေရဲ့ စီးပွားကို တုတ်နဲ့ထိုးတာတော့မဟုတ်ပါဘူး
    လမ်းဘေးဈေးသည်တွေမရှိတော့ သွားရလာရတာ တော်တော် လေးစိတ်ချမ်းသာပါတယ်
    ဘယ်နှစ်ရက်ခံမလဲတော့မသိ ….

  • padonmar

    March 8, 2013 at 9:57 pm

    ကိုဩရရေ
    ချိုမိုင်မိုင်ကတာက ပိုငယ်တယ်လေ။

    ချွေအိယေ
    ဆရာဝန် အိမ်ဆောက် ၊အင်ဂျင်နီယာ ပွဲရုံဖွင့်၊စိုက်ပျိုးရေးဆင်းက ဆေးဆိုင်ထွက်၊ဘီအီးဒီက ငွေတိုးချေး၊အီကိုဆင်းက ကျူရှင်ပြ၊
    အဲဒီခေတ်လည်းပြောင်းပါစေကြောင်း ဖျောင်းဖျောင်းဖျောင်း။
    …………………….
    မနိုဗွီ
    တစ်ရက်ခံ နှစ်ရက်ခံပြောင်းတာမျိုးမဖြစ်ရအောင် မောင်ဂီရဲ့ C H A N G E နဲ့ အားဖြည့်ကြရအောင်။

  • amatmin

    March 8, 2013 at 11:42 pm

    အန်တီရေ..
    သတင်းဓါတ်ပုံအပါ..ကိုယ်ပိုင်အတွေးအမြင်တွေ ..
    ရောပီး ရှင်းပြသွားတာ သဘောကျသွားပါတယ်လို့ပဲ..
    ဂလိုတွေ ဖတ်လိုက်ရတော့လည်း ကိုယ့်ဆြာဒွေလုပ်နေတာတွေကို..
    နားလည်ပေးရင်း လက်ခုပ်လေး ခပ်သောသောဝင်တီးတာပေါ့ နော့.. နောက်တမျိုးထပ်စမ်းလာကြရင်လည်း
    နောက်ပုံစံ တမျိုးနဲ့ထပ်အားပေးကြတာပေါ့ ရယ်.. 🙂

  • padonmar

    March 19, 2013 at 8:04 am

    လက်ခုပ်တီးလို့ မဆုံးသေးဘူး၊
    အခု လမ်းဘေးဈေးသည်တွေ လမ်းပေါ် ပြနရောင်းနေကြပြီ။
    နေမြဲ၊နေမြဲ။နေမြဲ။

  • padonmar

    March 19, 2013 at 8:15 pm

    အော်ဒါကြောင့် ပညာရှိများတွေးကြည့်ရင် ပြေးကြည့်တာထက်သာတယ်လို့ ပြောတာကိုး။
    (ကျမ ခမျာ ၁ဝ ရက်လောက် ဝမ်းသာအားရ ပြေးပြေးကြည့်ရတယ်)

    • kai

      March 20, 2013 at 3:26 am

      စနစ်ကြောင့်မဟုတ်ပါဘူး..
      ♫♬♫♬♫♫ ဆို….♫ ဆို..♫♬♬.. ဆို….။♪♪♬♪♪♬♪♪ နေမှ..။

  • weiwei

    March 20, 2013 at 9:10 am

    ကျွန်မငယ်ငယ်တုန်းကထဲက ဈေးထဲမှာ အဝတ်အထည်ရောင်းတဲ့ဆိုင်တစ်ခုမှာ ကျောင်းပိတ်ရက်တိုင်း ဈေးကူရောင်းခဲ့ရဖူးတယ် .. အရင်တုန်းက ဆိုင်ခန်းတွေကအကျယ်ကြီးပါ … လျှောက်လမ်းလဲကျယ်တယ် … ဒါပေမယ့် ဈေးသည်တွေက ရှေ့ကို ခိုးကြတယ် .. အများကြီးခိုးလိုက်တော့ မျက်နှာချင်းဆိုင် ၂ ဆိုင် ထိလုထိခင်အထိ ဖြစ်သွားတာပေါ့ … စည်ပင်က လာပြောတယ် … မကြားချင်ယောင်ဆောင်ကြတယ် … အမိန့်ထုတ်လဲ ခပ်တည်တည်ပဲ … ကျွန်မကတော့ ရှက်တယ် … စည်းကမ်းဖောက်ရမှာကို ရှက်တာ … နဲနဲလေးမှ မကျူးကျော်ပဲ ဆိုင်ခင်းလေ့ရှိတယ် …

    ဟင်းသီးဟင်းရွက်ရောင်းတဲ့သူတွေကိုတော့ စည်ပင်က ပိုနိုင်တာပေါ့ … ဒါပေမယ့် သူတို့က တစ်နေကုန်ထိုင်ပြောနေနိုင်တာမှမဟုတ်တာ … လာပြောတုန်းခဏသိမ်းလိုက်ပြီး ချက်ခြင်း ပြန်ဖွင့်တာပဲ .. ဆဲဆို ဆူညံနေတာပဲ အဖတ်တင်တယ် …

    အခုခေတ်ဈေးထဲမှာလဲ အရင်တုန်းကအတိုင်းပဲ .. တရားဝင်အခွံကောက် ပိုက်ဆံပေးပြီး ပိုလို့တောင် အတင့်ရဲလာသေးတယ် …

Leave a Reply