ညနေ ၃ နာရီ မန္တလေးဆီကထွက်ခါ မြစ်ကြီးနားရထားပေါ်မှာ

ရှမ်းစုဘူတာအကျော် မြို့ဟောင်းဘူတာရယ်လို့တောင်

မမြင်ရသေး ဈေးသည်လေးတွေတက်လာ

ဘီယာကြက်ကြော်လည်းရ ရတနာပူရ

အဲသည်ကမှ တစ်ခါထွက် ရွှေကြက်ယက်

စစ်ကိုင်းဘက်မှာ ရပ်နားရာ ရွာထောင်ဘူတာ

ရေလိုတာ အကုန်ဖြည့်ကြ ရှေ့မှာရှားတယ်ဗျ

ခက်ခ နဲ့ ပဒူဘက် ဝက်လက်ကျော်လာ

ဗိုက်ဆာတဲ့ ၆ နာရီ ဘာမထီတဲ့ ဦးအောင်ဇေယျ

ထန်းလုံးတပ်က ဘယ်အနားမသိပေမယ့်

ရှိနေတဲ့ရွှေဘို သိနေတဲ့ရွှေဘို

ထို ထိုမှလွန်သည့်အခါ မိုးချုပ်လာပြီမို့

ကိုးထောင်ဘို့ အသာထား ကန့်ဘလူနားလည်း

သတိမရခြင်း ကောလင်းကိုကျော်

ဝန်းသိုနော် အင်းတော်ဆိုတာ

အတော်ဝေးသေး တဟေးဟေးအသံကြား အဲဒါ နဘား

ဖက်ဆွတ်တောင်ကျော် ကသာမြို့ခေါ်တဲ့ဆီရောက်

ပိတောက်ဆိုတဲ့သင်္ဘောကိုစီး

ကျောက်ကြီးမရောက်ခင်လွမ်းမိတမင်

နေညိုရင် ရွှေဘိုကိုဖြင့်လွမ်းချင်ချင်

9

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..