Visa Card များကိုင်ဆောင်ရန်မလိုတော့ဘဲ Samsung ဖုန်းများဖြင့်ပင် ငွေပေးချေမှုများပြုလုပ်နိုင်တော့မည်

Mr WorldWideMarch 6, 20132min934

nfc

Sumsung နှင့် Visa တို့သည် ခရက်ဒစ်ကဒ်၊ အကြွေးဝယ်ကဒ်များကဲ့သို့ မိုဘိုင်းဖုန်းများမှ လုပ်ဆောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ဘာစီလိုနာတွင် ပြုလုပ်နေသော ကမ္ဘာ့မိုဘိုင်းနည်းပညာအစည်းအဝေး (Mobile World Congress-MWC) တွင် သူတို့သည် Samsung ၏ NFC (Near Field Communication) စနစ်ပါ ဟန်းဆက်များတွင် ဘဏ္ဍာရေးဆိုင်ရာအစီအမံတစ်ရပ်ကို ပူးပေါင်ဆောင်ရွက်မည်ဟု ကြေငြာခဲ့ပါသည်။

အနာဂတ် Sumsung ၏ NFC စနစ်ပါ ဟန်းဆက်များတွင် Visa ၏ Pay Wave Application များပါဝင်လာမည်ဖြစ်ပါသည်။ ၎င်းမှ ဈေးဝယ်သူများအား ငွေချေစက်တွင် မိုဘိုင်းဖုန်းအား ကပ်လိုက်ရုံဖြင့် ငွေချေပြီးသည့် အနေအထားကို ရရှိစေမည်ဖြစ်ပါသည်။ ကုမဏီများမှလည်း Mocile Wallet ၏ လုံခြုံရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါသည်။

Visa နှင့် Samsung တို့၏ မဟာမိတ်ဖွဲ့မှုသညိ NFC စနစ်ပါ ဟန်းဆက်များနှင့် ဝွေချေမှုစနစ်တို့အကြား ပထမဆုံးပူးပေါင်းမှုဖြစ်ပြီး ငွေပေးချေမှုစနစ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာရေး လမ်းဖွင့်ပေးလိုက်ခြင်းပင်ဖြစ်သည်ဟု ကုမဏီများမှ ဆွေးနွေးပွဲတွင် ပြောဆိုခဲ့ပါသည်။ ၎င်းကိစ္စမတိုင်ခင် London အိုလံပစ်၌ Samsung နှင့် Visa Company တို့သည် အားကစားသမားများ၏ NFC စနစ်ပါ မိုဘိုင်းဖြင့် ငွေပေးချေမှု ကိစ္စရပ်များကို ကူညီပေးရန် ပူးပေါင်းခဲ့ကြပါသည်။ ၎င်းကိစ္စရပ်အတွက် UK တွင် ငွေပေးချေရေးစက်များ ၁၄၀၀၀ဝ နီးပါးတပ်ဆင်ခဲ့ပါသည်။ အဆိုပါကိစ္စရပ်သည် အခြားသောနာမည်ကြီး IT Company များတွင်ပင် လုပ်ကိုင်နိုင်ခြင်း မရှိသေးကြောင်း တွေ့ရှိရပါသည်။

Samsung And Visa Team Up To Offer NFC-Enabled Mobile Wallet

Samsung and Visa has teamed up to bring the power of credit/debit cards to mobile phone. Yesterday, at MWC the duo announced that they will work together to offer a financial program that will enable Samsung’s NFC enabled handsets to be used as credit/debit cards, aka mobile wallets.

From now on, Samsung’s NFC enabled devices will come with Visa’s PayWave application. This will allow customers to pay just by tapping their mobile phones on a reader. The companies will also work on making the mobile wallet secure.

 

Source:http://thetechjournal.com/electronics/mobile/samsung-and-visa-team-up-to-offer-          nfc-enabled-mobile-wallet.xhtml

 

4 comments

  • Myo Thant

    March 6, 2013 at 2:13 pm

    သိရလို့ ကျေးဇူးပါ ဆရာရေ့

  • Foreign Resident

    March 6, 2013 at 3:40 pm

    နင်တို့ပဲ တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် ၊
    ဝယ်ကိုင်ရအောင် ငွေကုန်ရအောင် ထုတ်နိုင်ပေတယ် ။

    အော် ၊ မြန်မာပြည်ဖွား ပိုင်တဲ့ HTC လေး အားပေးပါ့မယ် စိတ်ကူးမိပါတယ် ။
    အခု Samsung နှင့် NFC (Near Field Communication) တဲ့ ။

    • ဦးဖွတ်ကျား

      March 6, 2013 at 3:48 pm

      စိတ်မပူပါနဲ့ အဘဖောရယ်
      HTC ဖုန်းတွေမှာလည်း NFC ပါပါတယ်
      VISA နဲ့ မချိတ်ရသေးတာ ပါ..ချိတ်မှာပါ မကြာခင်
      VISA လို ဂျိုင်းယန့်မျိုးက ဆမ်ဆောင်းတယောက်ထဲနဲ့
      ဆက်ဆံမှာမဟုတ်လို့ပါပဲ ..

      http://www.gsmarena.com/htc_butterfly-5118.php
      NFC Yes (Market dependent)

      တဲ့

      တကယ်တော့ NFC က အသစ်မဟုတ်ပါဘူး
      ရိုးရိုးဖုန်းတွေကတည်းက ပေါ်နေတဲ့နည်းပညာပါ….။
      Debit Card တွေ ရထားလပေးစီးတဲ့ ကတ်တွေ ဖုန်းထဲထည့်ပြီး
      ဖုန်းနဲ့ ဆင်ဆာကို တ တီ-တီရိုက်ပြီး သုံးနေတာကြာပေါ့ဗျာ…။

      တကယ်တော့ ပန်းသီးသာ ခေါင်းမာပြီး ခုထိ သူ့ဖုန်းတွေမှာ NFC ထည့်မထုတ်တာပါ။
      အခြားမိတ်ကာ အတော်များများလည်း ယနေ့ခေတ်မှာ NFC ပါဝင်ပါကြောင်း

  • Good™

    March 6, 2013 at 4:39 pm

    Right ဦးဖွတ်ကျား. NFC is not a new technique.

Leave a Reply