တီးတာကြိုက်တဲ့ ရွာသားတွေအတွက် အသုံးဝင်မယ်ထင်လို့ပါ

DavitMarch 6, 20131min20920

ရွာထဲမှာ Post မရေးတာကြာတော့ …. ဘာရေးရမတုန်းဆိုပြီးစဉ်းစားရင်းနဲ့ ကိုယ်လုပ်ပေးနိုင်တဲ့အကြောင်းလေး တစ်ခုပေါ်လာတာနဲ့………..

 

ကဲဒီတစ်ခါတော့ ဗစ်ဗစ်ကနေပြီးတော့ တီးတာ၊ ခတ်တာ ဝါသနာပါမယ်ထင်တဲ့ ရွာသူရွာသားတွေအတွက် တစ်ခုလောက်…. အဲလေ တစ်ခုမကလောက် မျှဝေချင်ပါတယ်။ ဒါကတော့ သီချင်းနုတ်လေးတွေပါ။

ဝါသနာရှင်ပဲဖြစ်ဖြစ်၊ လက်ရှိတီးနေတဲ့သူတွေပဲဖြစ်ဖြစ် …. သီချင်းတစ်ပုဒ်အတွက် Note တစ်ရွက်ထုတ်ဖို့ဆိုတာ သိတဲ့အတိုင်း အချိန်တွေအရမ်းကုန်ပါတယ်။ (ကိုယ်တိုင်ခံစားခဲ့ဖူးလို့ပါ) ဒီ့အတွက်ကြောင့်……… အာာာာာာာာာာာာာာာာာာာ ….. တော်ပြီ ။ ဖွဲ့နွဲ့မနေတော့ဘူး။

 

ခု ဗစ်ဗစ်ဆီမှာ သီချင်းနုတ်လေးတွေ JPG ဖိုင်နဲ့သိမ်းထားတာ ထောင်ချီပြီးရှိပါတယ်။ အဲ့အတွက်ကြောင့်မို့လို့ မိမိလိုချင်တဲ့ သီချင်းနုတ်လေးတွေကို ဗစ်ဗစ်ဆီကို မေလ်းပို့ပြီးတောင်းရင် ရှိတဲ့သီချင်းဆိုရင် ပေးပါ့မယ်။

ပို့ရမဲ့ mail ကတော့ davitmaung@gmail.com ပါ။

 

ဥမပါ….အဲလေ…. ဥပမာ တစ်ခုတင်ပေးထားပါတယ်။ :magreen:

တစ်ခါတည်းချစ်ချင်လို့ပါ      ချမ်းချမ်း (2)

 

ချစ်တဲ့

ဗစ်ဗစ်

 

20 comments

  • Davit

    March 6, 2013 at 2:39 pm

    ပုံကိုရမ်းတင်လိုက်တာ တော်တော်ကြီးသွားတယ်…. :mrgreen:

  • Myo Thant

    March 6, 2013 at 2:52 pm

    တစ်ခါတည်းချစ်နေလို့ပါ လား
    တစ်ခါတည်းချစ်ချင်လို့ပါ လား

    ဘာပဲဖြစ်ဖြစ်

    ဂစ်ဂစ်မတီးတတ်ပေမယ့် ကျေးကျေးပါဗျာ ၊

    အနော်က အော်ပဲဆိုတတ်တာ ၊ တီးတတ်ဘူး ။

    🙂 🙂 🙂

  • ဦးဖွတ်ကျား

    March 6, 2013 at 2:58 pm

    ဂီတာပရိုလေးနဲ့ ရော မချိပူးလား ဟင်င်င်င်

    :528:

    • Davit

      March 6, 2013 at 3:02 pm

      နောက်ပိုင်းကျရင် Guitarpro နဲ့ midi တွေပါ(ရှိတဲ့ဟာဆိုရင်) ပေးပါ့မယ်ဗျာ…… 🙂

      • ဦးဖွတ်ကျား

        March 6, 2013 at 3:38 pm

        ဂယ်နော်…
        ကျော် GarageBand App ဝယ်ထားပြီး
        စမ်းမယ် စမ်းမယ် နဲ့ MIDI Import ကိုတခါမှ မစမ်းရတေးပူး..
        :harr:
        စမ်းရချည်သေး အဟေးဟေး

        iGhI

        :kwi:

  • Mon Kit

    March 6, 2013 at 3:02 pm

    ဗစ်ဗစ် စေတနာကို အသိအမှတ်ပြုတဲ့အနေနဲ့ တီးခတ်ချင်လို့ ဂစ်တာတီးတာ အရင် သင်လိုက်အုံးမယ်နော်…..
    :harr:

  • ခိုင်ဇာ

    March 6, 2013 at 3:04 pm

    ဂစ်တာ တီးရတာတော့ မကြိုက်။ (တီးမှ မတီးတတ်ပဲကို။) :mrgreen:

    ဂစ်တာ တီးတတ်တဲ့သူလေးတွေပဲ ကြိုက်တယ် (အဲလေ) အနုပညာကို သဘောကျတယ်။

    :528:

    • Myo Thant

      March 6, 2013 at 3:10 pm

      တစ်စုံတစ်ယောက်က ဂစ်တာသမားလားမသိ

      ဟီး ဟီး စတာနော်

      🙂

      • ခိုင်ဇာ

        March 6, 2013 at 3:12 pm

        ဟမ်။ ဟုတ်ပါဘူး။

        အဲ့ တစ်စုံတစ်ယောက်က ဘာမှ မ ပလေးတတ်ဘူးရယ်။ :mrgreen:

  • ဗုံဗုံ

    March 6, 2013 at 4:49 pm

    ဗစ်ဗစ် ဗုံတီးချင်လို့ နုတ်ထုတ်ပေးပါ :harr:

  • မောင် ပေ

    March 6, 2013 at 9:26 pm

    ကျုပ်ကတော့ အကြိမ်ပေါင်းများစွာ ချစ်ချင်တာကလား
    ိုဆိုတော့က
    အကြိမ်ပေါင်းများစွာ ချစ်ချင်လို ့ပါ ဆိုတဲ့ ဟာလေး လဲ နုတ်ရေးပေးပါဦး

  • ကျုပ်လည်း တီးတာ ကျိုက်ဒယ် …
    လောလောဆယ် တီးဖို့ ချိဒေးဘူးရယ် …
    ဒီဒေါ့ဂါ …
    တီးဖို့ဟာ ချိဒဲ့အခါ ဆက်သွယ်လိုက်ဘာ့မယ် …
    အိုက်ဒါလေး လာပေါဒါဘာ .. ငွင်းး ငွင်းးး …

  • kyeemite

    March 7, 2013 at 8:54 am

    ကျုပ်တော့ အနုပညာ အထုံပါတယ်ပြောရမလားမသိ
    လေတောင် ကောင်းကောင်းမချွန်တတ်ဘူး…. :kwi:
    ဒါပေသိ တီးတတ်ခတ်တတ်သူတွေအတွက်တော့
    အကျိုးရှိတာမို့ ဗရာဗိုပါဗျာ… :hee:

  • ဟိန်း ဝင်း (ထားဝယ်သား)

    March 7, 2013 at 9:37 am

    ဦးဦးဗစ်ဗစ်ခင်ဗျ ….
    အနော့်မှာ ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေရှိပါတယ် ….
    ွွှှအဲဒီသီချင်းတွေကို နုတ် ထုတ်လို့ရလားမသိ ….
    ဘယ်လိုလုပ်ရမလဲဆိုတာ လမ်းညွှန်ပေးပါခင်ဗျာ …

    • Davit

      March 7, 2013 at 11:00 am

      Own Tune တွေဆိုတော့….. ကိုဟိန်းဝင်း ဂစ်တာနဲ့တီးပြီး Record လုပ်ထားလိုက်ဗျာ။ ပြီးရင် ကျွန်တော့် mail ထဲကိုပို့လိုက်ပါ။ Note ထုတ်ပြီးရင် pdf ဖိုင်အနေနဲ့ ကျွန်တော်ပြန်ပို့ပေးလိုက်ပါ့မယ်။ 🙂

      • ဟိန်း ဝင်း (ထားဝယ်သား)

        March 8, 2013 at 10:16 am

        ကျွန်တော် တစ်ပုဒ် ပို့လိုက်ပါမယ်ခင်ဗျာ ..ကူညီပါအုံး … ကျွန်တော့်မေးလ်က superhero925@gmail.com ပါ ….

  • Moe Z

    March 7, 2013 at 9:47 am

    ဟယ်..ထောင်ချီရှိတယ်.. တောင်းဦးမှာ :mrgreen:
    ဘိုင်သဝေး အူးလေးရေ ချမ်းချမ်းရဲ့နောက်ခွေက ကိုယ်ပိုင်သံစဉ်တွေချည်းပဲဆိုလို့ အားပေးဖို့စောင့်နေပါ၏.

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 8, 2013 at 12:10 am

    ကိုဗစ်ကြီးရေ…..
    ကျနော်ကတော့ ဂစ်တာကို မတောက်တစ်ခေါက် တီးတတ်ခေါက်တတ်ပါ၏….
    အော်ဂင်တို့ စန္ဒယားတို့ ကိုလည်း ထိုနည်းလည်းကောင်း လောက်တော့တတ်ပါ၏….
    ဂစ်တာကို ရစ်သမ် တီရတာထက် လိဒ် တီးရတာကို ပိုနှစ်သက်တယ်……
    ငယ်ငယ်တုန်းက ရော့ခ် သီချင်းတွေကြိုက်တယ်…..
    နည်းနည်းကြီးလာတော့ ပန့်ခ်ဆိုလား ဘာလား အဲ့ဒီသီချင်းတွေ ကြိုက်လာတယ်….
    အခုတော့ မြန်မာသံစဉ်တွေကို နှစ်သက်နေမိတယ်…….
    သီချင်းတွေ အများကြီးရှိတယ်ဆိုတော့ဂါ စိတ်ဝင်စားလှပါတယ်…..
    ကျုပ် အီးမေးနဲ့ ဆက်သွယ်ပီးတောင်းပါ့အုံးမယ်……

    • Davit

      March 8, 2013 at 10:50 am

      ကို mobile ရေ….ကျွန်တော်နဲ့ ဝါသနာရော အကြိုက်ချင်းတွေပါ လာတူနေပါ့လား…. တောင်းပါဗျာ…. ရှိတဲ့သီချင်း Note တွေဆိုရင်ပေးပါ့မယ်ဗျာ။
      ကျွန်တော်အဖြစ်ကလည်း ငယ်ငယ်ထဲက ဝါသနာပါခဲ့တာက ဂစ်တာ၊ ပြီးခဲ့တဲ့ ၁၆ နှစ်လောက်က ၁ဝ တန်းအောင်တော့ ဝါသနာပါလို့ဆရာဦးစောနုဆီမှာသင်ဖြစ်တာက ကီးဘုတ်၊ တစ်ကယ်တမ်း အကိုတွေရဲ့ Band မှာတက်တီးဖြစ်တာက Drum… ခုတော့ လုပ်စားဖြစ်နေတာက အိုင်တီပိုင်းမှာအလုပ်လုပ်ပြီးတော့ အားတဲ့အချိန်မှာ One Men ကီးဘုတ်လိုက်တီးတယ်။ (တစ်ခြားမှကို တစ်ခြားစီတွေပဲဗျာ) :mrgreen:

  • awra-cho

    March 8, 2013 at 11:48 am

    တခါတည်း အကုန်တင်ပလိုက် ရမှာကို။ အလကားရနည်းလား ပြီးမှ ပရင့်ထုတ်ရောင်းစားရမယ်။ ဂစ်တာကို ဆယ်ပုဒ်တိတိ တီးးတတ်တယ်၊ အခုတော့ တပုဒ်မှ ရတော့ဝူး၊ သူများတွေအတွက် ကျေးဇူးတင်ပေးပါတယ်ဗျာ၊
    တီးတတ်တဲ့ သူတွေကို အားကျမိပါရဲ့။

Leave a Reply