စီးပွားနယ်ပယ်ထဲမှာ သိပ်ကို Smart ဖြစ်တဲ့ လူတွေ ပေါများစွာရှိနေပေမယ့် ပြောင်မြောက်တဲ့ မာကတ္တာတော့

နည်းနေသေးတယ် လို့ ခံစားရပါတယ်။

အောက်ကအချက် ၇ချက်ကတော့ ပြောင်မြောက်တဲ့ မာကတ္တာတွေရှိထားသင့်တဲ့အချက် ၇ချက်ဖြစ်ပါတယ်။

 

1. စားသုံးသူရဲ့သဘောကို နက်ရှိုင်းစွာ ထိုးထွင်းသိမြင်မှု

content-marketing-278x300
ကျနော်ဟာ အမြရတစေ စားသုံးသူရဲ့ ပကတိအတွင်းသဘော ပါဝင်တဲ့ သတင်းအချက်အလက်များကို ရှာဖွေ
လေ့ရှိပါတယ်
Pepsi မှာတုန်းကပေါ့ ကျနော်တို့ဟာ စားသုံးသူအနေနဲ့ အများဆုံး သောက်သုံးလိမ့်မယ်လို့ မှန်းဆ

တွက်ချက်ထားတဲ့ ပမာဏအတိုင်းဂိုထောင်ပြည့် အချိုရည်တွေကို ထုတ်လုပ်နိုင်ခဲ့ကြပါတယ်

 

သည်လို ထုတ်ပြီးတဲ့အခါမှာ ကမ္ဘာမှာ ပထမဦးဆုံးအနေနဲ့ ၂လီတာ ဝင်း ဗူးတွေ ကို မားကတ္တင်း အာရုံစူးစိုက်မှုနဲ့အတူ

ဈေးကွက်ကို အရောက်ပို့ဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်

Apple ကိုရောက်တဲ့ အချိန်မှာတော့ ခြားနားပါတယ်. ကနဦး တကိုယ်ရေသုံးကွန်ပြူတာတွေ ဟာ လူတွေ ကို

Spreadsheet software တွေနဲ့ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာမောင် (အလုပ်ပိုတွင်လာအောင်)

ကူညီပေးနိုင်ခဲ့ပါတယ်

 

spreadsheets_chart_new
Steve Jobs ဟာ လူတွေကို ဈေးနှုးန်ချိုသာစွာနဲ့ ကိုယ်တိုင် စာရွက်စာတမ်းတွေ ဖန်တီးထုတ်လုပ်နိုင်ဖို့အတွက်

ကူညီပေးနိုင်မယ်ဆိုရင် ဒါဟာ ကန်ပနီ အတွက်အကျိုးများစေမယ်ဆိုတာကို ကြိုမြင်ထားပါတယ်
အဆိုပါအမြင်ကပဲ ယနေ့ခေတ် DTP လို့ခေါ်ဆိုကြတဲ့ desktop publishing မှာ Apple ဟာ

ဦးဆောင်နိုင်သူဖြစ်လာပါတော့တယ်

 

ယနေ့ကျနော် နဲ့ အခြား စီးပွားရေး မိတ်ဖက်များဟာ အလွန်တန်ဖိုးကြီးမားတဲ့ အချက်အလက်တခုအပေါ် အလေးအနက်အာရုံစူးစိုက်

လေ့လာနေပါတယ် အဲ့ဒါကတော့ ၂၄% သောအမေရိက လူထုဟာ ပြီးခဲ့တဲ့

၁၂ လအတွင်း walk-in urgent care clinic တွေကို အနည်းဆုံး ၂ ကြိမ်ခန့်စီ သွားခဲ့ကြတယ်

ဆိုတာပဲဖြစ်ပါတယ်. ဒါဟာ နွေရာသီမှာ ကျနော်တို့ သုတေသနပြုခဲ့ရာမှ ရရှိလာတဲ့ ရလာဘ်ဖြစ်ပါတယ်
ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းတွေအတွက်ကတော့ ဒါဟာ အလွန်အမင်း အတွင်းကျကျ

အရေးပါတဲ့ အသေးစိတ်ကျတဲ့ တွေ့ရှိချက်လို့ ပြောနိုင်ပါတယ်
2. ကျွမ်းကျင်မှုနယ်ပယ် များနိုင်သလောက်များနေပါစေ

range-of-expertise3

 

အခွင့်အလမ်းအတွက် ဆိုရင်တော့ တစုံတခုပဲ ကျွမ်းကျင်တယ် ဆိုတာဟာ လုံလောက်မှုမရှိတော့ပါဘူး.

ကျွမ်းကျင်မှုနယ်ပယ်များလေလေ အခွင့်အလမ်းပေါများလေလေပါ

 

ကျနော့ရဲ့ လက်ရှိ လုပ်ငန်းတာဝန်ဟာ ၃ ခုဖြစ်ပါတယ် အဲ့ဒါတွေကတော့

  • ကျန်းမာရေးဝန်ဆောင်မှု ပြုပြင်ပြောင်းလဲရေး
  • Mobile နဲ့ cloud ဝန်ဆောင်မှု တိုးတက်ဖြစ်ထွန်းရေး နဲ့
  • စားသုံးသူတို့အတွက် ရည်စူးတဲ့ Big brand မားကတ္တင်း တာဝန်တွေပဲဖြစ်ပါတယ်

 

အအောင်မြင်ဆုံးဆသာ ကန်ပနီကြီးတွေ ဘာကို စူးစူးနစ်နစ် အာရုံထားလေ့ရှိသလဲ ဆိုတော့ အတိတ်ကာလ

တလျောက် သိပ်မကောင်းခဲ့တဲ့ အရည်အသွေး ညံ့ဖျင်းနေတဲ့ စီးပွားနယ်ပယ်တွေကိုပါပဲ အဲ့သည့်နေရာတွေကိုဝင်

အပြောင်မြောက်ဆုံးသော innovation တွေ လုပ်ရင်းအကြီးအကျယ်အောင်မြင်သွားကြတဲ့ သာဓကတွေ တပုံတပင်ပါ

Steve Jobs ဟာကွန်ပြူတာ ဒီဇိုင်းပိုင်းဆိုင်ရာ user experience ကို အဓိက စူးစိုက် လုပ်ကိုင်ခဲ့ပါတယ်

 

ကျနော့မှာ ကွန်ပြူတာနဲ့ ပတ်သတ်တဲ့ သမိုင်းကြောင်း လုံးဝမရှိခဲ့ပေမယ့် သူဟာ ကျနော့်ကို အလုပ်ခေါ်ခန့်

ခဲ့ပါတယ် အဲ့ဒါကတော့ Steve အသည်းမသန်လိုချင်နေတဲ့ အရာတခုကို ကျနော် စူးစိုက် လိုက်စားထားလို့

ပါပဲ အဲ့ဒါကတော့ Big Brand consumer marketing ပဲဖြစ်ပါတယ်
ခြားနားတဲ့ စူးစိုက်လိုက်စားမှုတွေ ပိုင်ဆိုင်တဲ့ အသင်းအဖွဲ့က ဦးဆောင်မယ်ဆိုရင်တော့ ကျနော်တို့ဟာ

သီးခြားစီတည်ရှိနေတဲ့ အစက်အပြောက်ကလောတွေ ကိုဆက်စပ်နိုင်သလို ဖြစ်လာပြီး

ကွန်ယက်သဖွယ် အနေအထားမျိုးရရှိလာပါတော့တယ် ဒီအခါမှာ ပြိုင်ဘက်တွေနဲ့ခြားနားတဲ့ မဟာဗျူဟာတွေ

ခင်းကျင်းလာနိုင်မှာ ဖြစ်ပါတယ်

 

 3. တိုက်သင်္ဘော ကဲ့သို့သော ထက်မြက်မှုဖြင့် စားသုံးသူဆီသို့ အရောက်

uss_cairo_ironclad

စားသုံးသူကို အကောင်းဆုံးနည်းလမ်းနဲ့ ဝန်ဆောင်မှုဒါမှ မဟုတ် ထုတ်ကုန် တစုံတရာကို ထိတွေ့မှုပေးနိုင်ခြင်းဟာ

အမြဲတစေ မှန်ကန်ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်
သည်လို ပေးဆပ်နိုင်ဖို့အတွက် မာကတ္တာကောင်းတွေ ဟာ ငွေကြေးသုံးစွဲရင်းနှီးရဖို့ ဘယ်တော့မှ တွန့်ဆုတ် တွေဝေနေမယ် မဟုတ်ပါဘူး

Big Brands တွေဟာ အမြဲတစေ စားသုံးသူ ယုံကြည်မှု ကိုးစားမှုရရှိဖို့အတွက် ဇောင်းပေးတဲ့ မဟာဗျူဟာတွေကို ချမှတ်လေ့ရှိပါတယ်.

 

ကန်ပနီအကြီးကြီးတွေမှာတောင် တွေ့ရတတ်တဲ့ အမှားမျိုးတွေ ရှိနေတတ်ပါတယ်. အဲ့ဒါကတော့

စားသုံးသူ မသိလောက် သတိမပြုမိလောက်ပါဘူးလေဆိုပြီး တချို့နေရာတွေမှာ ပြီးစလွယ် လုပ်မှုတွေပဲ ဖြစ်ပါတယ်

စားသုံးသူဆိုတာ အမြဲတစေ ရှာဖွေနေသူတွေ လေ့လာစူးစမ်းနေသူတွေပါ

သူတို့ဟာ အမှားအယွင်းတခုခုရှိမယ်ဆိုရင် နောက်ဆုံးမှာတော့ ရှာဖွေဖော်ထုတ်သိရှိ သွားကြမှာချည်းပါပဲ

 

4. စားသုံးသူနှင့်ပတ်သတ်သော အဓိကကျသည့် ငွေကြေးသုံးစွဲမှု ကို နားလည်သဘောပေါက်ခြင်း

images (2)

 

မာကတ္တာ အတော်များများဟာ စားသုံးသူဖောက်သည်တယောက် လက်လွတ်ဆုံးရှုံးရခြင်းအပေါ်

နားလည်လက်ခံဖို့ ပျက်ကွက်တတ်ပါတယ်
သုတေသနအချက်အလက်တွေက ပြောထားတာတခုရှိပါတယ် ဆုံးရှုံးသွားတဲ့

ဖောက်သည်တယောက်အစား နောက်ထပ်ဖောက်သယ်အသစ် ဖြည့်တင်းနိုင်ဖို့ဆိုတာ ကုန်ကျစားရိတ်

၅ဆ အနည်းလေးရှိပါသတဲ့

 

အမြတ်အစွန်း ရရှိမှုဘက်ကကြည့်ရင်တော့ ဖောက်သည်ဟောင်း တယောက်ဆုံးရှုံးရခြင်းက

ဖောက်သည်သစ် ၁၅ယောက် ပြန်ရမှ cover ဖြစ်နိုင်ပါသတဲ့
(ဆိုလိုသည်မှာ ဖောက်သည်သစ် ဆွဲဆောင်ဖို့ ငွေ သုံးရတာများလို့ profit margin ကျဉ်းလာပြီး

ကြော်ငြာစရာမလို ငွေသုံးစရာမလိုတဲ့ ဖောက်သည်ဟောင်းတယောက်ဆီကရမယ့်အမြတ် = အသည်းအသန်

ငွေသုံးပြီး ဆွဲဆောင်ထားရတဲ့ ဖောက်သယ်သစ် ၁၅ ယောက်ဆီကအမြတ် )
ဒါ့ကြောင့် ကျနော်ဟာ အမြဲတစေ စားသုံးသူ နဲ့ပါတ်သတ်တဲ့ ငွေကြေးမူဝါဒ စားသုံးသူအနေအထားနဲ့

စားသုံးသူ ဒီbrand အပေါ်ထားတဲ့ သစ္စာခိုင်မြဲမှုကို အလေးထားကြည့်ရှုတတ်ပါတယ်
5. တခုထက်ပိုတဲ့ ရှုထောင့်များမှ ရှုမြင်ကြည့်ခြင်း

elephant 2

ပုံစံတကျ ချမှတ်ထားတဲ့ ကြိုတင်သိမြင်မှုဟာ သော့ချက်ဖြစ်ပါတယ်။

Steve Jobs နဲ့ အလုပ်တွဲလုပ်စဉ်ကာလမှာ ကျနော် သူ့ဆီက သင်ယူနိုင်ခဲ့တာကတော့ သူ့အခေါ် “zoom-out & zoom-in.”ပါပဲ.
ဆိုပါစို့ အစည်းဝေးတခုလုပ်ကြတယ်. အဲ့သည့်အချိန်မှာ Steve ဟာ zoom-out သဘောတရားဖြစ်တဲ့

ဘယ်လို အာရုံခံစားပြီး ဘယ်လို နှလုံးသွင်းပြီး ဘယ်လို ထုတ်ကုန်မျိုးနဲ့ ဘယ်လိုကမ္ဘာကြီးကို

ပြုပြင်ပြောင်းလဲမလဲ ဆိုတာတွေ ပြောဆိုဆွေးနွေးလေ့ရှိပါတယ်. တမဟုတ်ချင်းပဲ အနှီရည်ရွယ်ချက်ကို

ဖြည့်ဆည်းနိုင်ဖို့ ထုတ်ကုန်ရဲ့ အင်မတန် အသောစိတ်ကျလှတဲ့ အစိတ်အပိုင်းတစုံတရာအကြောင်းဆွေးနွေးလေ့ရှိပါတယ်.

( ငါတို့ဟာ ဒီလို mission ချမှတ်ထားရှိတယ် ဆိုတာကို အရင်ဆုံး သိရှိနားလည်စေပြီး လက်ခံသဘောတူ

စိတ်ဓါတ်တက်ကြွ စေပြီးမှ ကောင်းပြီ ဒီလို ပြဿနာရှိတဲ့ ဒီအစိတ်အပိုင်းဟာ တကယ်ပဲ ငါတို့

မျှော်မှန်းတဲ့ ပန်းတိုင်ကို ပို့ပေးနိုင်မလားဆိုပြီး ဝေဖန်ထောက်ရှုတဲ့နည်းဖြစ်ပါတယ် )

Apple ဟာ ရှုထောင့်ပေါင်းစုံ မြင်တတ် တွေ့တတ်တဲ့အတွက် လေးစားချီးကျူးခံရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်

တကယ်လို့သင်ဟာ အဲ့သည့်ကိုရောက်သွားမယ်ဆိုရင် အကြောင်းအရာတခုကို နားလည်နိုင်ဖို့

တခုထက်ပိုတဲ့ ရှုထောင့်တွေကနေ ကြည့်တတ်ဖို့ လိုအပ်ပါလိမ့်မယ်

 

6. ကိုတင်တွက်ချက်ထားတဲ့ စိုးရိမ်ဖွယ်ရာများကို ရင်ဆိုင်တွေ့မှု
calculated-risks-you-have-to-risk-going-too-far-to-discover-just-how-far-you-can-really-go.thumbnail1


ပြည့်စုံ ကောင်းမွန်တဲ့ မာကတ္တာတွေ ဟာ စွန့်စားကြပါတယ်

(စွန့်စားတယ်ဆိုတဲ့စကားဟာ risk ကို စွန့်စားတာကိုဆိုလိုပါတယ် uncertainty condition ကို စွန့်စားခြင်း
မဟုတ် Risk တောင်မှ calculated risk ပါတဲ့ )

မားကတ္တင်းဆိုတာ ဘယ်ဘက်ဦးနှောက်နဲ့ ညာဘက်ဦးနှောက် ကစားတဲ့ပွဲ ဖြစ်ပါတယ်

အတွေ့အကြုံ သတင်းအချက်အလက် နဲ့ နည်းစနစ်ပိုင်းကျွမ်းကျင်မှုတွေဟာ အလွန်တော်တဲ့ ခန့်မှန်းနိုင်သူ

(ရှေ့ဖြစ်ဟောသူ) လိုမျိုး ခံစားချက်ကိုပေးပါတယ်. သည် ခံစားချက်ကို ဆုပ်ကိုင်ပြီး မဟာဗျူဟာကိုပေါင်းစပ်လို့

အံဝင်ခွင်ကျ လှုပ်ရှားထိန်းချုပ်နိုင်ခြင်း ဟာ အသက်သွေးကြောဖြစ်ပါတယ်
စားသုံးသူရဲ့ ကျေနပ်နှစ်သိမ့်မှု. ထုတ်ကုန်ရဲ့ ကာလတခုစာ တည်ငြိမ်အောင်ထိန်းသိမ်း ထားရှိနိုင်မှု

နဲ့ ဖြန့်ချိရေးပိုင်း နိုင်နငိးစွာကွပ်ကဲနိုင်မှု စတာတွေဟာ ဒီ အချက်ရဲ့ ဥပမာကောင်းတွေ ဖြစ်ပါလိမ့်မယ်

 

7. အသစ်ဖန်တီးနိုင်စွမ်းကို တန်ဖိုးထားမှု

Talent-logo
အကောင်းဆုံးသော စားသုံးသူတွေ ဟာ အကောင်းဆုံးသော ဖန်တီးမှုတွေရဲ့ လမ်းစကိုပေးပါတယ်

ဒါဟာ ရိုးရှင်းတဲ့ ကိစ္စတခုဖြစ်ပါတယ် အကောင်းဆုံးသော ဖန်တီးနိုင်စွမ်းရှိသူတွေဟာ အကောင်းဆုံးသော

လုပ်ရပ် တွေနဲ့သက်သေပြပြီး ဒါဟာ သိပ်ခမ်းနားတဲ့ မားကတ္တင်းကမ်ပိန်းတွေ ဖြစ်လာလေ့ရှိပါတယ်

အရောင်ခွဲခြားမမြင်နိုင်သူလို ဝေဝါးနေတဲ့ စားသုံးသူနောက်လိုက်မိရင်တော့ ပျင်းစရာ စိတ်ပျက်စရာကောင်းမှာ ဖြစ်ပေမယ့်ပေါ့ဗျာ.


22035_640

ဒီစာတွေကို ရေးခဲ့သူဟာ John Sculley လို့ခေါ်တဲ့ မာကတ္တာတယောက်ဖြစ်ပါတယ်.

သူဟာ Pepsi CEO ဖြစ်ခဲ့ဖူးပြီး Steve Jobs ရဲ့ ခင်ဗျား ကျနော်နဲ့လိုက်ပြီးတော့ ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲမလား

ဒါမှမဟုတ် ခင်ဗျားရဲ့ ကျန်ရှိတဲ့ သက်တမ်းမှာ သကြားခပ်ထားတဲ့ရေကို ကလေးတွေကို ရောင်းနေဦးမှာလား

ဆိုတဲ့ ကမ္ဘာကျော် သမိုင်းဝင် တော်ကီနဲ့ အတူ Apple ကိုရောက်လာသူပါ. အလွန်ပြောင်မြောက်တဲ့

မာကတ္တာတယောက် ဖြစ်ပါတယ်. အနိမ့်အမြင့်အတက်အကျတွေနဲ့ သူ့ဘဝမှာ နာမည်ဆိုးရခဲ့တာကတော့

ပန်းသီးကနေ Steve ကို အလုပ်ထုတ်ခဲ့ခြင်းပဲဖြစ်ပါတယ်. သည်အကြောင်း သပ်သပ်ရေးပါဦးမယ်
ကာယကံရှင်တွေ ပြောခဲ့တဲ့Inside story ပေါ့

ဒီဆောင်းပါးကို ဘာသာပြန်ရတဲ့ရည်ရွယ်ချက်ကတော့

(ဒီရွာထဲမှာ မားကတ္တင်း ဆို ဆယ်ယောက်မှာ ကိုးယောက်လောက်

စိတ်မဝင်စားမှန်းသိပါတယ်. ) သို့သော် ကျနော်တို့ မာကတ္တာတွေကိုမကင်းနိုင်ဘူး

ဒင်းတို့စနက်ကြောင့် အိတ်ထဲက ငွေလို့ပြောတဲ့ စက္ကူလေးတွေ ပျံတက်သွားတာလည်းမနည်းဘူး

ပိုက်ဆံဆိုတာ အလကားမရဘူးတဲ့. ဆိုတော့ ပိုက်ဆံအသုံးနဲ့ ပတ်သတ်လာရင်

ကိုယ့်ဘက်က သေချာရေရာနေစေဖို့တော့ လိုသပေါ့ဗျာ.

ဈးကွက်သဘောအရ လက်တလောမှာ ဆိုရှယ်လစ်အမွေဟောင်းဖြစ်တဲ့

ဘာ. မွှေးမကြိုက်ဘူးဟုတ်လား ဆင်ချေးတုံးပဲရှိတယ် အဲ့ဒါနဲ့ပဲတိုက် ဆိုတဲ့ အချိုးချိုးတဲ့ ဆက်တာတွေ

မာကတ္တာတွေ စားသုံးသူကို မောက်မာ ရိုင်းပြစော်ကားတတ်တဲ့ မာကတ္တာတွေ စားသုံးသူတန်ဖိုးကို

လစ်လျူရှုပြီး ခွက်ကျတဲ့ ethic မရှိတဲ့ မာကတ္တာတွေ နဲ့. ဆက်ဆံနေရဆဲ ဆက်ဆံဖို့ အခြေအနေပေးနေဆဲ

မို့ မာကတ္တာတို့သဘော စောကျောနိုင်ဖို့ smart user တွေဖြစ်လာဖို့ လိုမယ်ထင်ပါကြောင်း

jobs_sculley

 

http://www.brandingstrategyinsider.com/2013/01/7-things-great-marketers-do.html

 

 

အနှီဆြာ ပြောသွားတဲ့ အချက် ၇ချက်ကို ကိုယ်ပိုင်အမြင်နဲ့ ရေးရရင်ဖြင့်

1. စားသုံးသူရဲ့သဘောကို နက်ရှိုင်းစွာ ထိုးထွင်းသိမြင်မှု

ထိပ်တန်း အရေးပါတဲ့အချက်လို့ ယူဆပါတယ်။

ဆယ်ကျော်သက် မိန်းကလေး အ၀တ်အစား ထုတ်လုပ်သူဟာ

ကြိုက်သော်ရှိ မကြိုက်သော်ရှိ လက်ရှိ ခေတ်စားနေတဲ့ ကိုးရီးယား ဒရမ်မာ တွေကို

ကြည့်ရ သိရပါမယ်။ ဆိုလိုချင်တာ trend ကို လက်လွှတ်လို့ မရဘူး ဆိုတာပါ။

2. ကျွမ်းကျင်မှုနယ်ပယ် များနိုင်သလောက်များနေပါစေ

ဒါငါ မတတ်ဘူး။ ဟုတ်ကဲ့ မတတ်ခွင့်ရှိပါတယ်။

ငါ့မှာ ဒါကို လေ့လာဖို့ အချိန်မရှိဘူး ။ ဟုတ်ကဲ့ ဖြစ်နိုင်ပါတယ်။

ဒါဆို ငါဘာလုပ်မလဲ။ ရှင်းပါတယ် .. ဒါကိုတတ်တဲ့သူ ၀ယ်သုံး ငှားသုံးပေါ့။

ကိုယ်မမြင်တာတွေ မြင်မယ့်လူ ထောက်ပြပေးနိုင်မယ့်လူ ကိုယ့်ဘက်ရှိတာ အကောင်းဆုံးပါပဲ။

လော့ဂျစ် နဲ့ ဖြစ်နိုင်ခြေ ကွာခြားမှု ရှိတာ သတိရဖို့ လိုပါတယ်။ ခေါင်း-ပန်းလှန်တာတောင်

လော့ဂျစ်အရ ခေါင်းမကျဘူးဆိုတာ လုံးဝ မဖြစ်နိုင်ဘူး ဖြစ်ကို ဖြစ်ရမယ်လို့ တရားသေကိုင်စွဲမထားဘဲ.

ဖြစ်နိုင်ခြေ probability အရတော့ ဖြစ်တော့ ဖြစ်နိုင်ပါရဲ့ သို့သော် ၅၀% ထက်မပို ဆိုတာကို

ဆင်ခြင်နိုင်ဖို့ လိုပါရဲ့၊

3. တိုက်သင်္ဘော ကဲ့သို့သော ထက်မြက်မှုဖြင့် စားသုံးသူဆီသို့ အရောက်

တရုတ် စကားပုံ ထင်ရဲ့ .. ဘာတဲ့ ထောင်မြင်ရာစွန့် ဆိုတာ။

စားသုံးသူအတွက် ၀န်ဆောင်မှုမကောင်းတဲ့ ရှင်းလင်းပြောပြမှု မပြည့်စုံတဲ့

ဆက်ဆံရေးမပြေပြစ်တဲ့ လုပ်ငန်းဟာ ကျဆုံးရမှာ မလွဲပါဘူး။ သူကလွဲရင် တခြားရွေးစရာ

မရှိသေးတဲ့ ကာလထိတော့ အသက် ဆက်ဦးမပေါ့..။ သို့သော် ဒါဟာ ထာဝရ မဖြစ်နိုင်ပါ။

ဘာတဲ့ ..ဈေးသည် နဲ့ ကုန်သည် ဘာကွာသလဲဆိုတာ ..။ ဈေးသည်ဆိုတာ sales

ကိုပဲ ဇောင်းပေးမှာ ဖြစ်ပေမယ့် ကုန်သည် ကတော့ trade ကို ဦးစားပေးမယ် ဆိုချင်ရဲ့..။

(ဗမာစကား တယ်လက်ပေါက်ကပ်သကိုး ..ရေးရတာ )

4. စားသုံးသူနှင့်ပတ်သတ်သော အဓိကကျသည့် ငွေကြေးသုံးစွဲမှု ကို နားလည်သဘောပေါက်ခြင်း

ကျနော်တို့ တိုင်းပြည်က လုပ်ငန်းတွေ နာမည်ရလာရင် ဆက်ဆံရေး ညံ့ဖျင်းလာတယ် ကွာလတီ

ကျလာတယ်..။ တကယ်က လုပ်သင့်ဖြစ်သင့်တာ ပြောင်းပြန်.. နာမည်ရလာရင် ပိုကောင်းအောင်

နောက်လူလိုက်မမီအောင် လုပ်ရမှာသာဖြစ်တယ်။ အန်ကယ်ဒုံပိုစ့်ထဲမှာလည်း ပါပါတယ်.. ကျနော်တို့

လူမျိုးက တယောက်ယောက် တခုခုလုပ်လို့ အောင်မြင်လာရင် နောက်လူက ပုံစံတူလိုက်လုပ်တယ်

ဆိုတဲ့ကိစ္စ … ဆိုလိုချင်တာက ပိုကောင်းအောင် လုပ်ရမယ်ဆိုတာ နောက်လူနဲ့ ကိုယ်နဲ့ကြား မာဂျင်ကို

ကျယ်နိုင်သလောက်ကျယ်အောင် ခြားဖို့ပါပဲ။ အောင်မြင်လာမှ ညံ့သွားမယ်ဆိုရင် ဖောက်သည်ဟောင်း

ဆုံးရှုံးရတာ ဘယ်လောက် ထိခိုက်သလဲ ဆိုတာကိုပဲ တွေးကြောက်ဖို့ လိုအပ်ပါတော့တယ်။

5. တခုထက်ပိုတဲ့ ရှုထောင့်များမှ ရှုမြင်ကြည့်ခြင်း

ဒါဟာ Steve လို ပုဂ္ဂိုလ်မျိုးကိုတောင် လွင့်စင်သွားအောင် ကန်ထုတ်ခဲ့ဖူးတဲ့

ကိစ္စရပ် ဆိုတော့ အသေးစိတ်ပြောဖို့တောင် လိုမယ်မထင်ဘူး…။

(အဲ့သည့်အကြောင်းသပ်သပ် ရေးပါမယ်..) သေချာတာကတော့ ရှုထောင့်စုံ

မြင်ကြည့်တတ်မှု လိုအပ်တယ် ဆိုတာကတော့ သိပ်မှန်သပေါ့..ဗျာ။

 

6. ကိုတင်တွက်ချက်ထားတဲ့ စိုးရိမ်ဖွယ်ရာများကို ရင်ဆိုင်တွေ့မှု

 

Risk ဆိုတဲ့အမျိုးဟာ Zero ဖြစ်အောင် လုပ်လို့မရ တတ်စွမ်းသလောက်သာ minimize လုပ်လို့

ရတဲ့ အရာဖြစ်ကြောင်း အဆိုရှိပါတယ်။ risk မယူပြန်ရင်လည်း အလည်မှာ ပိတ်မိနေယုံသက်သက်

သာဖြစ်လို့ အကျအန ပြင်ဆင် တွက်ချက်ပြီး risk ကို ရင်ဆိုင်မှသာ တန်ကာကျပါလိမ့်မယ်။

7. အသစ်ဖန်တီးနိုင်စွမ်းကို တန်ဖိုးထားမှု

လုပ်နေကျ အလုပ် ထဲ အသားကျ စွဲလမ်း မြဲမြဲ ရပ် နေဆိုတာ လူရဲ့ အကျင့်ပေါ့ဗျာ..(အီနားရှား)

အသစ်စဉ်းစားရတာ တွေးတောရတာ လုပ်ကိုင်ရတာ အချိန်ကုန် ငွေကုန် လူပမ်းတော့

ဖြစ်စေသပေါ့.. သို့သော် အချည်းနှီးတော့ ဖြစ်မသွား .. မအောင်မြင်ခဲ့ဘူး ထားဦး

အတွေ့အကြုံကောင်း ရရှိနိုင်ရဲ့ .. အောင်မြင်ခဲ့သည်ထား အနာဂါတ်ကို စီမံနိုင်လေရဲ့..။

အသစ်-အသစ် တွေဆိုတာ နွေးနွေးထွေးထွေးကြိုဆိုသင့်တဲ့ အရာတွေချည်း မဟုတ်ပါလား..။

 

တော်သေးဘီ

ခင်တဲ့

ဂီ

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011