ယုံကြည်မှုပျက်ပြယ်ခြင်း

naywoon niMarch 6, 20131min17311

ငါ ငယ်ငယ်ကတည်းက
ဗုဒ္ဓရဲ့ အဘိဓမ္မာကို မသိခင်အချိန်က
ကိုရမ်ကျမ်းဆိုတာမကြားဖူးခင် အချိန်က
သမ္မာကျမ်းစာ ကိုမတွေ့ဖူးခင်က
ကျားရွှေ့နည်းနဲ့ စစ်တုရင် စာအုပ်တွေဖတ် မိကတည်းက
ငါ………
လူတွေကိုမယုံတတ်တော့တာ ….။
ဘယ်နဲ့ဗျာ ………
ကျားလေးတစ်ကောင်းစားရဖို့ အရေး
ပွန်းလေးတစ်ကောင်မိဖို့အရေးတောင်
ဒီလောက် ပရိယာယ်များနေတာ
ဒီထက်အရေးအရာပါတဲ့ အရာတွေဆိုရင် ဆို့တဲ့ အတွေးမျိုး
ငါ့ခေါင်းထဲမှာ သံမှိုတစ်ချောင်းလိုစိုက်ဝင်နေခဲ့တာ
အဲဒိတော့ ငါ့ကိုယ်ငါတောင် သိပ်မယုံကြည်ခဲ့တာကြာပေါ့ ……။
အဲဒိတော့ ဘာလာပြောပြော ငါကတော့မယုံ
ဟိုသတင်းလည်းမယုံ
ဒီအသင်းလည်းမယုံ
ကိုယ်တိုင်မှ မကြုံ ဖူးတာဆိုရင်
ဘာကိုမှမယုံ ………..။

ဝေန်းနီ

11 comments

  • htet way

    March 6, 2013 at 9:50 pm

    ငါ………
    လူတွေကိုမယုံတတ်တော့တာ ….။
    ဘယ်နဲ့ဗျာ ………
    ကျားလေးတစ်ကောင်းစားရဖို့ အရေး
    ပွန်းလေးတစ်ကောင်မိဖို့အရေးတောင်
    ဒီလောက် ပရိယာယ်များနေတာ
    ဒီထက်အရေးအရာပါတဲ့ အရာတွေဆိုရင် ဆို့တဲ့ အတွေးမျိုး
    ကိုယ့် ဆရာ
    မယုံတတ်တာလည်း ကောင်းတယ် သို့သော် ….

  • ခိုင်ဇာ

    March 7, 2013 at 9:40 am

    တစ်ခါတစ်ခါတော့လည်း
    ယုံကြည်ရပါတယ် ဆိုတဲ့
    ကိုယ့်ကိုယ်ကို ကို
    မယုံနိုင်တော့လို့
    ခက်ခက်နေတယ်။

    :buu:

  • မောင်တင့် တယ်

    March 7, 2013 at 5:40 pm

    လူတစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုမရှိရင်..
    ဘာမှလုပ်လို့မရအောင်ကိုဆိုးတယ်ဗျ….

  • နေဝန်းနီ

    March 7, 2013 at 7:12 pm

    @htet way ရေ မယုံကြည်တတ်တာက ငယ်ကတည်းက ဗျ ခင်ဗျား သို့သော်က ဘာပြောမလဲဆိုတာ သိနေတယ်နော် ဘယ်လောက်ပဲ သိက္ခာ သမာဓိ ရျိတယ်ပြောပြော ယုံမရတာကခက်တယ်ဗျ…..။ ဆရာ အောင်ချိမ့်ရဲ့ ကဗျာ လေးတစ်ပုဒ်ရှိတယ် ” စမ်းဝံ့က စမ်းပါ” တဲ့
    ထိပ်ပုတ်ခေါင်းပုတ်
    ခလုပ်ပဲတိုက်တိုက်
    လူမိုက် ဒို့အချင်းချင်းမို့
    မာန်ကင်းတဲ့ကျွန်ုပ် …..။
    ယဉ်ကျေးပါ စကားလုံးတွေနဲ့
    အထက်စီးလာယူသုံးရင်တော့
    ဆံတစ်ပင်လေဟတ်လည်း
    လူသတ်မဲ့ရုပ် ……..။
    အောင်ချိမ့်
    တဲ့လေ………..။ ကျွန်တော်လည်း ဘဝတူချင်းဆိုရင်တော့ လူမိုက်ဒို့ အချင်းချင်းမို့ မာန်ကင်းသလို ယုံကြည်တယ်မယုံကြည်ဘူး ပြောစရာမလိုအောင် ကိုယ်နဲ့တစ်သားထဲဖြစ်နေတတ်ပါတယ်ဗျ….။ ဒါပေမဲ့ ဘာမဆိုင်ညာမဆိုင် အထက်စီးက လာပြီး လေသံပေးရင်တော့ မင်းကို/ခင်ဗျားကိုမယုံကြည်ဘူးလို့ ပြောလိုက်ဖို့ဝန်မလေးဘူး ဒါကြောင့်လည်း ဂွစာဆိုတဲ့နာမယ်နဲ့နေဝန်းနီရပ်တည်နေတာပဲ….။
    @ခိုင်ဇာ ပြောသလိုပဲ ကျွန်တော်လည်း ကိုယ့်ကိုကိုယ် မယုြံ့ည်ရမဲ့စာရင်းထဲ ထည့်လိုက်တာကြာပေါ့ တောင်ဘက်သွားမယ်ဆိုပြီး အိမ်ကထွက်လာ မြောက်ဘက်ရောက်လိုရောက် အရှေ့ဘက်ငေါ့သွားလိုသွား အချိန်တွေရှိပါသေးတယ်ဆိုပြီး အနောက်ဘက်ရောက်လိုရောက် တစ်ကယ်တော့ အလုပ်မဖြစ်ပဲ အချိန်တွေပိုနေတာ မြန်မာလူမျိုးတွေပဲရှိမယ်ထင်တယ် ဘယ်နေရာကြည့်လိုက်ကြည့်လိုက် လက်ဖက်ရည်ဆိုင်နဲ့ ဘီယာဆိုင်မှာက လူအပြည့် စနေ တနင်္ဂနွေလို ရက်မျိုး လက်ဖက်ရည်ဆိုင်ဘက်ခြေဦးမလှည့်ရဲဘူး ……။ ဘာလို့ဆို ဘောပွဲလောင်းတဲ့သူတွေနဲ့ ဆိုင်မှာအပြည့် ….။ ဘောလုံးပွဲ မပြလို့ကတော့ အဲဒိဆိုင် လူဝင်ထိုင်လိမ့်မယ်မထင်နဲ့ ….။ စောစောပိတ်ပြီး အိပ်တာကမှ အိပ်ရေးဝဦးမယ် ….။ လုပ်စရာအလုပ်က လွယ်လွယ်ကူကူ ဒါပဲရှိတာလေ…… ။ အလွယ်လိုက်တာကလည်းအကျင့်ပါနေတာလည်းပါတာပေါ့ …..။ အဲဒိလိုလူတွေများနေလေ လူတွေရဲ့ အကျင့်စာရိတ္တက ပျက်နေ ဖြစ်နေမှာဆိုတော့ ဘယ်သူ့ကိုမှယုံမရတာအဆန်းမဟုတ်ပါဘူးလေ……။ ပတ်ဝန်းကျင်မှာရှိတဲ့သူတွေက ယုံချင်စရာမှ မကောင်း ယုံကြည်လို့မှမရတာ ….။ နော့………..
    @မောင်တင့် တယ် ခင်ဗျား ပြောသလိုပဲ ဘာမှလုပ်လို့မရအောင်ကိုဆိုးတယ်ဗျ…. ကျွန်တော်တို့ရဲ့ခေတ်ကိုက အမှောင်ခေတ်ကိုး ……..။ ဘားရော ဘရက် ပြောသလိုပဲ ဘယ်လောက်ထိအောင်မှောင်လဲဆို ချစ်သူကိုတောင် သံသယစိတ်နဲ့တစ်ဝက်ပဲချစ်နိုင်ခဲ့သတဲ့….။ ကျွန်တော်တို့လည်း ဘယ်နေရာမဆို သံသယ စိတ်နဲ့ ………………..

  • ဒီအသင်းလည်း မယုံဘူး ဆိုပေမယ့် …
    မန်ယူ လို အသင်းမျိုးဆို …
    ရာသီကုန်ထိ ဆွဲထိုးရင် နိုင်တာက များတယ်ဗျ …
    ဟဲဟဲဟဲ …. :mrgreen:

  • မောင် ပေ

    March 7, 2013 at 9:22 pm

    ပျက်ပျား
    လျှက်ဆား
    ကြက်သား
    ချက်စား
    လက်ယား
    ဖက်ထား

      • မောင် ပေ

        March 8, 2013 at 7:41 pm

        ဒကာတောင် ခံ နိုင်တယ် ဆိုမှတော့
        အိမ်း
        ဖိုးဖိုးပေ အတွက်တော့ ရေငန်ပိုင်အူးဖော လို စဉ်းစားရပြီပေါ့ကွယ်
        ဟီဟိ

  • Moe Z

    March 8, 2013 at 1:37 pm

    ဘဘနီရေ အပြောများတဲ့စကားလေးတွေပေါ့နော်..
    တစ်ချို့က ယုံကြည်မှုဆိုတာ ခဲဖျက်နဲ့တူသတဲ့ သံသယလေးတွေကိုချေဖျက်ရတာများရင် ယုံကြည်မှုကလုံးပါးပါးလာတတ်တယ်..
    တစ်ချို့ကတော့ မှန်တစ်ချပ်နဲ့တူတယ်တဲ့ ကွဲသွားလို့ပြန်ဆက်ရင်တောင် အက်ကြောင်းတွေကြောင့်အကောင်းအတိုင်းမဖြစ်နိုင်တော့ဘူး.. 🙁

    • နေဝန်းနီ

      March 8, 2013 at 8:35 pm

      ယုံကြည်မှုမှန်သာကွခြျင်ကွဲပစေ မိုးZ ရေ ဧည့်ခန်းက မှန်းမကွဲစေနဲ့ ထပ်မဝယ်နိုင်သေးဘူး

Leave a Reply