ရွှေပါးစပ် ငွေပါးစပ်

myanmarnavy seadogMarch 6, 20131min1288

ကျုပ်သူငယ်ချင်းတစ်ယောက် မနေ့ကရောက်လာတယ် အားကိုးတကြီးနဲ့ဗျာ။ ဆိပ်ကြီး ရလရ(၁) ကနေပြောင်းချင်လို့တဲ့ ဘယ်လောက်ကုန်ကုန်ဆိုဘဲ၊ ကျုပ်သူရောက်တဲ့နှစ် တွက်ကြည့်တော့ ၂နှစ်ကျော်နေပြီ ဘယ်နှယ်ဗျာ တနှစ်လောက်အောင့်အီးနေလိုက်ရင် ကြိုက်တဲ့ ဌာနချုပ်ကိုသွား ဘာမှ ဂါစရာမလိုဘူး။ ဘယ်လိုမှဖျောင့်ဖျလို့မရဘူး ရခိုင်ရောက်ချင်လဲရောက် ပြောင်းဘို့ကိုလုပ်ပေးဆိုဘဲ။ အဲဒါနဲ့မေးကြည့်မိတယ် အဲဒီမှာလက်ရှိရောက်နေတဲ့ ဗိုလ်မှူးချုပ် မြင့်နွယ် ဆိုလား ရောက်ကထဲက အရာရှိ စစ်သည် နည်းပြတွေကို နေစရာမရှိအောင် ကျစ်။ ဒုက္ခပေး လိမ်ကျစ်နေတာ ဌာနမှူး ဒုတိယဗိုလ်မှူးကြီး သုံးယောက် တပြိုင်နက်ထွက်စာတင်ကြတယ် ဆိုလားဘဲ။ ရေကြောင်းကဌာနမှူး ဒုမှူးကြီး လွင်မိုး၊ လက်နက်ကဌာနမှူး ဒုမှူးကြီး ထွန်းနေအောင်။ နောက် ဆက်သွယ်ရေးနဲ့အီလက်ထရောနစ်သင်တန်းဌာနက ဒုမှူးကြီး သန့်လွင်မောင် တို့တဲ့ ကျော်မကောင်း ကြားမကောင်းဗျာ ။ ကျုပ်တသက်မှာဒီလိုအရာရှိဆိုးမျိုး ဒီတစ်ခါဘဲကြားဘူးတယ်။

အင်းတော်လို အဖြစ်ဆိုးမျိုး ကြုံချင်တယ်ထင်ပါရဲ့၊ အသေဆိုးနဲ့ အများမေတ္တာစူးရှပြီး သေရတဲ့ဘဝကို တောင့်တနေတယ်ထင်ပါ့။ အခြားအဆင့်တွေကိုလည်း တပ်နောက်စစ်၊ ကြံ့ခိုင်ရေးဆိုလားလုပ်၊ MITT တံတားလုံခြုံရေးကတစ်မျိုး၊ဗွီအိုင်ပီ လာရင်လက်ပြအလုပ်လုပ်၊  သင်္ဘောတွေကို လက်သွားပြရသေးဆိုလား၊နည်းပြတွေဆို စာသင်ခန်းဝင်ရတယ်ကိုမရှိဘူးတဲ့။ ဘယ့်နှယ်ဗျာ လေ့ကျင့်ရေးကျောင်းမှာ စာမသင် သင်ခန်းစာမပို့ချဘဲ သင်တန်းဆင်းပေးလိုက်တဲ့စစ်သည်တွေ ဘယ်လိုလုပ် နေဗွီ မှာတာဝန်ထမ်းဆောင်ကြမလဲ။ ဗိုလ်မှူးချုပ်မြင့်နွယ်ဟာ တနင်္သာရီ ရေတပ်စခန်းမှာကထဲက နာမည်ကြီးဗျ၊ အိမ် ၄ လုံးကိုတပြိုင်နက်ဆောက်တာလို့ သူ့တပည့် သားချင်းတွေဆီက ကြားဘူးတယ်။ အခုလည်းတပ်နောက်စစ်တာကို သူကိုယ်တိုင်စစ် စစ်သည်တွေ ယူနီဖေါင်းမကောင်းလို့ ဆိုပြီး အပြစ်ပေးသတဲ့ အမေရိကန်စစ်သားတွေဟာ စစ်ပစ္စည်းဝယ်စရာမလိုပေမည့် မြန်မာစစ်သား ရေတပ်သားတွေဟာ ကိုယ့်ယူနီဖေါင်းကိုယ်ချုပ် စစ်ပစ္စည်းတွေ ဝယ်ပြီးတာဝန်ထမ်းနေရသတဲ့။ ဒီကြားထဲ သူကမိန့်ခွန်းပြောသွားသေးသတဲ့ အခု စစ်သည်တွေ လစာတိုးထားပြီးဖြစ်လို့ လစာငွေရဲ့ ရ ချိုး တစ်ချိုးလောက်ရှိတဲ့ ယူနီဖေါင်းကို ကောင်းအောင် ဝယ်ချုပ်ရမတဲ့။ ကြားဘူးကြရဲ့လား။ ရဲဘော်တွေ ဆရာကြီးတွေက လစာနဲ့ ရပ်တည်နေကြရတာ။ မိသားစုများတဲ့ ဆရာကြီးတွေဆို မနည်းရုန်းကန်နေကြရတာ။ သူမို့လို့ ဒီစကားပြောထွက်တယ်။ သူစီးနေတဲ့ ကားတစ်စီးရအောင် ဒုဗိုလ်ဘဝကတည်းက လစာတွေပေါင်း ဘာမှမစားဘဲစုကြည့်စမ်းပါ။ သူ့ဆီမှာ အခုပိုင်ဆိုင်တာ ကား ၄ စီးရှိတယ်ဆိုဘဲ။ မြင့်နွယ်ရေ အများမေတ္တာစူးရှရင်နော် မင်း ဇါတ်သိမ်းမလှမှာ မြင်ယောင်သေး။ ဆိပ်ကြီးမှာရှိတဲ့ အပင်တွေလည်း ထင်းခုတ်ရောင်းတာကုန်တော့မယ်တဲ့၊ဘုရားဘုရား ရုက္ခစိုးတွေ ဘုံပျောက်လို့ ကျိန်စာတိုက် မင်းဒုက္ခရောက်မှာမြင်သကွာ။ ဒီကြားထဲ စက်ကျောင်းဌာန မှာ နည်းပြတွေကို သူ့အိမ်အတွက် ပရိဘောဂတွေကို လုပ်ခိုင်းသတဲ့ သစ်တွေကိုတော့ ၆၀၂ နဲ့ တရခ ကနေသယ်သတဲ့ အော်တော်တော် လဘ်မြင်တဲ့ပုဂိ္ဂုလ်ပါလား ဆိပ်ကြီးလို နေရာမှာတောင် အကျိုးရှိအောင်နေတတ်ပါ့။

ကျုပ်သူငယ်ချင်းကိုတော့ စိတ်မကောင်းစွာနဲ့ဘဲ ဒီနှစ်အပြောင်းအရွေ့ အတွက်ကလွန်သွားပြီမို့ ဘာမှမတတ်နိုင်လေတော့ချွေးသိပ်စကားပြောရင်း ဒီကောင်လည်းကြာကြာ ခံမှာမှမဟုတ်တာ ခဏလောက်သည်းခံသာနေပါဆိုပြီး ဆိပ်ကြီးနေ စစ်သည်တွေကတော့ နောက်လာမည့် မင်းလောင်း ဖုတ်သွင်းရထားဆိုက်လို့ မောင်မိုးအောင်ကိုဘဲ မျှော်နေကြကြောင်းပါဗျား။

 

8 comments

  • kyeemite

    March 7, 2013 at 2:03 pm

    အင်း ဘာပြောရမယ်မှန်းတောင်မသိတော့ပါဘူးဗျာ.. :buu:

  • မောင်တင့် တယ်

    March 7, 2013 at 5:41 pm

    အနိစ္စ ဒုက္ခ အနတ္တ..

  • awra-cho

    March 8, 2013 at 10:37 am

    ရွှေပါးစပ် ငွေပါးစပ် ဆိုတော့ ဇန်မြင့်များလားလို့ သတိတောင်ရသွားတယ်၊ မဟေသီခေတ်က ဆရာကြီးတွေပေါ့၊
    ဖေ့ဘွတ်မှာ ချလိုက်ပါလား၊ ပိုနံမယ် ကျော်သွားမယ်၊ အဲ့လူကြီး ပြေးပေါက်မှားသွားမယ် ထင်တယ်၊ ပြောသာပြော ရတာသူတို့ က စာလဲ ဖတ်မထင်ပါဘူး။

  • DEPARKO DEPARKO

    March 9, 2013 at 11:40 am

    သဂျီးရေ မီးလောင်လို့ပျာချ လာသမျှလက်ခံ မနက်ဖြန်ဆိုတာရှိပါ့မလား

  • white cool

    March 13, 2013 at 5:32 am

    စာရေးသူ၏ Post အားလုံးကို ဖတ်ရပါသည် ။ စာရေးသူသည် ၎င်း အဖွဲ့အစည်းထဲမှ ဖြစ်နိုင်ပါသည် ။ အဖွဲ့အစည်းနှင့် အမည်ပါပုဂ္ဂိုလ် အချို့ကို အပုတ်ချ ရည်ရွယ်ရေးသားခြင်းဖြစ်၍ ဤနေရာနှင့် ဘယ်လိုမှမသင့်တော်သော Post ဖြစ်ပါသည်။ အဖွဲ့အစည်းတစ်ခုတွင် အလွှာစုံမှ လူစုံရှိနိုင်ပြီး တစ်ဦးချင်းတွင်သော်၎င်း ၊ အဖွဲ့အစည်းတွင်သော်၎င်း  အားသာချက်နှင့်အားနည်းချက် ၊ အမှန်နှင့်အမှား ၊ အကောင်းနှင့်အဆိုး ဒွန်တွဲတတ်သော သဘောသဘာဝ  ရှိတတ်ပါသည် ။ ထို့ကြောင့် အားနည်းချက် ၊ အမှား ၊ အဆိုး ကို လျော်ကန်သင့်တင့်စွာ ထောက်ပြ၍ အားသာချက် ၊ အမှန် ၊ အကောင်း ရစေရန် ရည်ရွယ်ပါက လက်ခံနိုင်သော Post တစ်ခု ဖြစ်နိုင်ပါသည်။ မျက်လုံးကန်းနေသည် နှင့် အမြင်အာရုံ ချို့ယွင်းနေသည် ၊ စက္ခုအာရုံ ချို့ယွင်းနေသည် တို့ကို နိူင်းယှဉ်စဉ်းစားကြည့်ပါက ပေါ်လွင် သိသာပါမည်။ 

    Military အကြောင်းရေးမည် ဆိုလျှင်လည်း သတိချပ်သင့်သည်။ မရေးရဟု မဆိုလိုပါ။ ကြောက်ရန်လည်း လုံးဝမလိုပါ ။ မိမိ ရည်ရွယ်လိုသည်ကို မိမိဘာသာမိမိ ရှင်းရှင်းလင်းလင်း ဖြစ်ထားသင့်သည် ။ ပေးချင်သော Message က ဘာလဲ ၊ ဘယ်သူတွေ သိစေချင် ဖတ်စေချင်တာလဲ ၊ ဘယ်ကိုဆွဲခေါ်ချင်တာလဲ ၊ Democratisation မှာ သူတို့ကို ဘယ်နေရာက ပါဝင်စေချင်တာလဲ ။ ယနေ့ခေတ်စနစ်မှာ မြန်မာစစ်တပ်ကို ဘယ်လို Inline ဖြစ်စေချင်တာလဲ ၊ သိက္ခာချရလျင်ပြီးရော ၊ သူတို့ပျက်လျင်ပြီးရော ဆိုပါက နိုင်ငံတစ်ခုတွင် Defence Role အတွက် တပ်မတော်တစ်ရပ် မရှိမဖြစ်လိုသည်ဟူသော Universal True ကို နားလည်အောင် အရင်လေ့လာသင့်သည်။ အတင်းအဖျင်း ပုံစံမျိုးဖြင့် လူပြိန်းကြိုက် ငါသိငါတတ် ရောက်တတ်ရာရာ လျှောက်ရေးနေပါက တိုင်းပြည်နှင့် လူမျိုး သိက္ခာကျမည် ၊ စာပေတန်ဖိုးမဲ့မည် ၊ ဤနေရာ၏ ဂုဏ်ကို ထိခိုက်စေသည် ။
    ဤရွာရှိ သူကြီးများခင်ဗျား  myanmarnavy seadog ၏ Post များကို Rules For Writers စည်းကမ်းချက်များနှင့်အညီ စီစစ်ပေးရန် မေတ္တာရပ်ခံပါသည်။

Leave a Reply