အလုပ်သမလေးရဲ့ဒိုင်ယာရီ……

etoneJuly 22, 20101min1054

အလုပ်သမလေးရဲ့ဒိုင်ယာရီ……

နံနက် ၅းဝဝ နာရီ
မနက်မိုးသောက် အလင်းမရောက် အိပ်ချင်သော်ငြား နိုးထပါတကား။
ညခါညဥ့်နက် အတင်းဖက်၍အိပ်ချင်သော်ငြား အိပ်စက်ခွင့်မှာနည်းလှပါတကား။
နိုးထသော်ညား လျှပ်စစ်မီးအား တောင့်တမိပြန်ပါတကား၊
မီးမလာပါမူ ဝေလီဝေလင်း မေ့ခြင်းကင်းမိအပြစ်ရှိသဖြင့် ပိုက်ဆံကိုဆွဲ မီးသွေးဝယ်ရန်ထွက်ရပြန်ပါလား၊
ဆုခါခါတောင်း ပဲပြုတ်တောင်းနှင့်ကောက်ညှင်းပေါင်းသည် မှီရန်ကိုလည်း ပူမိပြန်ပါတစ်ကာား၊
သယ်ဆောင်သွားစရာ ထမင်းလောက်သာအားထားကာ နှင့်ဟင်းကိုမည်ကား မစဉ်းစားကြုံရာလွေးရပြန်တော့မှာပါလား။
အော်ပဲပြုတ်သည်မှီလို ့တော်ပါသေးရဲ ့………
သမုဒ္ဒရာ ဝမ်းတစ်ထွာမို ့တော်ပေသည်တစ်အား။
ဝမ်းနှစ်ထွာမူ မည်သို ့မည်ပုံပြုမူရမည့်ပုံကို တွေးမိရုံနှင့် နှလုံးခြောက်ခြား ထွက်သက်ရှူမှား စိုးရိမ်မိပါတကား။
နံနက် ၆းဝဝ နာရီ
ဟိုလူသုတ်သုတ် ဒီလူအဟုတ်သူ ့ဆန်ကုတ်နှင့်တွဲခုတ်နေတာ သိသာပါလည်းပြုံး၍တမုံ ့ကြည်နူးစရာ နံနက်ခင်းပါ။
ခြင်းတောင်းကိုဆွဲ ပိုက်ဆံပြဲနှင့်ကားခပေးစရာချန်ထားသည်ကို မမေ့မလျှော့သိမ်း၍ဆည်းကာ ထည့်ရရှာပါလား။
စုရပ်ကိုရောက်လူအပျောက် သတိပြုမိစပ်စုမိက ဘယ်စက်ရုံသို ့ဘယ်ပုံရောက်၍ဘယ်လောက်ဝင်ငွေတိုးတက်သည်ကိုသိရပြန်သည်။
ဟွန်းသံကိုပေး ကားမအေပေးက စာနာထောက်ထား ညှာတာမပေး ဟစ်ကြွေးနိုင်သည်တစ်ကား။
လာပါပြီဗျာ ညာသံပေး ခြေမနှေးစွာ အပြေးလာကြ မလာသော်ညား ၅၀ဝ ကျပ်အားဖြုန်းတီးမိမည်ဖြစ်ပါတစ်ကား။
ကားနောက်ကျလို ့အလုပ်နောက်ကျရင်ဘောနက်စ်ထဲက ၅၀ဝ ကျပ်တောင် ဖြတ်ခံရမှာ…….
ဒါတောင်တော်သေး အမှီပြေး မပြေးပါက ဟန်မကျ ဟောက်ခံဟိန်းခံကြိမ်းခံကြရ စူပါကအစ ငါရဲ ့နေ ့စဉ်ဘဝ။၊
နံနက် ရးဝဝ နာရီ
သူတို ့ခိုးချုပ် ထိုအလုပ် အကျင်္ီ၊ ဘော်လီအစုတ်။
စူပါမအော်ငြား အေးဆေးသား ပြောကြစကားများ၊ အော်ပါသော်ညား လှည့်မကြည့်အား ဖွက်ထားမုန် ့တစ်ထုပ်၊
ကိုရီးယားကား အခန်းဆက်များ နေ ့စဉ်ပြောကာကြား ဟိုမင်းသားချော ဒီလူချော နှိုင်းယှဉ် ပြိုင်ဆိုင်ပြော၊
ချစ်ချင်သည်ကား သူဌေးသား ၊ ချစ်နေသည်ကား ထိုအထည်ညှပ်သမား ရွေးချယ်ခွင့်မရှိမို ့၊
ချောသည်ကိုများမက်နေလား လုပ်ကျွေးတစ်သက်ဖြစ်မည်မို ့၊
ကံကောင်းထင်ကရွေးချယ်ကြ ဆရာ့ချစ်သူဘဝ၊ ကံဆိုးသော်က လိမ်ခံရ ထားသည့်အငယ်ဘဝ၊
စိတ်ကူးမိသော ဖယ်ရီကားသမား ချစ်သူ ၁၀ဝ နှင့်မို ့စဉ်းစားပါများ ထိုအချစ်ရေးများ ရှက်ရွံ ့မိသည်မို ့၊
ပြေကြားလိုသောသတိပေးစကား ခေတ်မမှီဟုပြောကြလို ့၊ နှတ်ပိတ်နေသော စကားများ ခောတ်မမှီလဲ ပြောကြားကြပါစို ့၊
စိုးရိမ်စိတ်များ ရင်တွင်ထား တားဆီးကြပါစို ့။ ပိုဆိုးသည်များ တိုက်တွန်းထား မျိုးပျောက်မှာစိုးလို ့။
မိမိလူမျိုးကို ကာကွယ်စောက်ရှောက်ကြပါ၊ ယဉ်ကျေးမှုကိုထိန်းသိမ်းပါ။ အမျိုးပျောက်မှာစိုးကြောက်ကြပါ။……………
နံနက် ၈းဝဝ နာရီ
စည်းရုံးစကားနေ ့စဉ်ကြား တိုးရမည်ကုန်ထုတ်၊ ထုတ်ပါသော်ငြား အမှားများ ဖြစ်ပြန်သည်တစ်မုံ ့၊
သတိသော်ထားအလုပ်များ စက်ပျက်တလုှပ်လှုပ်၊ ပြင်ပါသော်ငြား ထိုစက်များ လွှင့်ပြစ်ချင်သည်မို ့
တက်ပါသော်ငြားကွန်ပလိန်းများ မကြားဆောင်သည်မို ့။
ဟစ်ပြစ်လိုက်ချင်တယ်……..စက်အသစ်တွေဝယ်ပေးကြပါ။ စက်အစုတ်တွေကိုမုန်းလို ့ပါ။
ဆက်ရန်ရှိသေးသည်…………….
ပေါက်ကွဲသံစဉ်များဖြင့် zzzzzzzzzzzzzzzzz


4 comments

  • True Faith

    July 22, 2010 at 7:28 am

    အရမ်းကောင်းတဲ့ အဖွဲ့အနွဲ့လေးပါ။ မော်ဒန်ကဗျာတပုဒ်ပါပဲ။ အခက်အခဲတွေ ဒုက္ခတွေကိုလည်း စာနာမိပါတယ်။ အဖွဲ့အနွဲ့ တင်ပြချက်တွေကိုလည်း ကြိုက်မိပါတယ်။ ကိုယ်တိုင်ရေးတာလား သူငယ်ချင်း။

  • Alinsett @ Maung Thura

    May 7, 2015 at 1:50 pm

    ဟိုက် !!!!!

    အပေါ်က နောင်ကြီး ပြောတာတော့ မော်ဒန် ကဗျာဆိုပါလား…
    😆

    .အေးလေ… ခေတ် တခေတ်ထဲက ပေါ်လာသမျှ …ကဗျာ မှန်သမျှ မော်ဒန်ကဗျာပဲဟာ…

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    May 7, 2015 at 2:35 pm

    သူရို့ကို အုပ်ချုပ် စီမံရတဲ့ သူတွေက အဲ့ထက် ဒိုင်ယာရီတွေ ပိုများလေမလားလို့..
    ဆန်ဒပြကျတွေကလည်း ခေတ်စားနေတာဆိုတော့လေ….။ ။
    တော်ရုံတန်ရုံ စကေးနဲ့တော့ အလုပ်သမလေးတွေကို ထိန်းလို့မရဘူးထင်တယ်လို့..
    ဝင်ဖောသွားပါမယ်.. မအိတုံ… 😳

Leave a Reply