အမေပိုင်တဲ့ မဏ္ဍိုင်

+++++++++++++++++++++++++++++++++++++++++

အမေပိုင်တဲ့ မဏ္ဍိုင်
“အမေပိုင်တဲ့ မဏ္ဍိုင်”  by – မွန်မွန်

+++++++++++++++++++++++++++++++++++++++++

 

လောကကြီးထဲ ဝင်လာတုန်းကပေါ့…
နာကျင်မှုကို သူမမှု
ဝါး…ဆိုတဲ့ ငိုသံနောက်မှာ
ပီတိတွေအကုန်စုလို့
ငါ့ကို မွေးဖွားပေးခဲ့တယ်…။

လူလားမြောက်လာချိန်မှာပေါ့…
မေတ္တာနို့ရည်ကို တိုက်ကျွေး
ရင်ငွေ့နွေးကြားက ငါ့အပေါ်
အပြုံးပန်းတွေ ဝေချလို့
ချစ်မဝဖြစ်ခဲ့ပြန်တယ်…။

ကျောင်းတက်စအချိန်မှာပေါ့…
ဖြူစိမ်းဝတ်စုံ ပါးကွက်ကျား
စုတ်ဖွားလွတ်အိတ်နဲ့ ကျောင်းသူကြီးကို
ရှုမငြီးဖွယ် တစိမ့်စိမ့်ကြည့်လို့
ကြည်နူးခဲ့ရပြန်တယ်…။

ပညာသင်ချိန်ကာလမှာပေ့ါ…
လိုအပ်တာ အကုန်ဖြည့်ဆည်း
“ငါ့သမီး စာကျက်နေရင် ပြီးရော” တဲ့…
စာအံသံတွေ နားဆင်ရင်း
ဘဝအမောတွေလည်း ပြေခဲ့ရပေါ့…။

ဆယ်ကျော်သက်အရွယ်မှာပေါ့…
အရာရာကို နားလည်ပေးလို့
“အမေသာ သူငယ်ချင်းကောင်းပါ” တဲ့…
အကြောင်းအကျိုးခွဲခြားတတ်ဖို့
မနားတမ်း သွန်သင်ခဲ့ပြန်တယ်…။

မြို့တော်ကြီးကို စေလွှတ်ကာနီးပေါ့…
“ငါ့သမီးတက်လမ်းအတွက်ဆို ခွဲနိုင်ပါတယ်” တဲ့…
ခံနိုင်ရည်မျက်နှာထားနဲ့
မာဟန်ဆောင်ထားတဲ့အသည်း
ရင်ထဲမှာ ငိုနေခဲ့ရတယ်…။

ခင်ပွန်းဆုံးရှုံးချိန်ကပေါ့…
ချုံးပွဲချမငိုခဲ့ဘူး
အဖမဲ့သားသမီးတွေအတွက်
ရှေ့က မတ်မတ်ရပ်တည်ရင်း
ငါ့လက်တွေကို ဆုပ်ကိုင်ထားခဲ့တယ်…။

ဘွဲ့ယူတဲ့ အချိန်တုန်းကပေါ့…
မျက်ရည်ဝေ့နေတဲ့ မျက်ဝန်းအစုံ
တုန်ရီနေတဲ့ နှုတ်ခမ်းထက်
ဂုဏ်ယူအပြုံးတွေဆင်မြန်း
ငါ့ကို တင်းတင်းဖက်ထားခဲ့တယ်…။

(၂၂) နှစ် ကျော်ခဲ့ပြီ…
အအော်အငေါက်တွေ ရှိခဲ့ပေမယ့်
ပျော်စရာဆို မျှဝေခံစား
အားငယ်ချိန်ဆို အနားရှိခဲ့
ငါ့နောက်နားက မှီတိုင်တစ်ခု
အခုတော့ ယိုင်လဲချင်ခဲ့ပြီ…။

အားမငယ်ပါနဲ့…
ဘယ်သူနဲ့မှမဆိုင်
အမေတစ်ယောက်ပဲပိုင်တဲ့
သမီးဆိုတဲ့ မဏ္ဍိုင်တစ်ခု
ထီးထီးရပ်တည်နေဆဲ
ရဲရဲသာ ပြန်မှီချလိုက်ပါ…အမေ….။  ။

 

+++++++++++++++++++++++++++++++++++++++++

**ဒီနေ့က မွန်မွန့်အမေရဲ့ (၄၅) နှစ်ပြည့် မွေးနေ့ပါ… ဒီရက်ပိုင်း အမေ့ကို အရမ်းသတိရနေတယ်… အိမ်က ပြန်လာပြီးတော့လည်း လွမ်းနေတုန်းပဲ.. အဲ့ဒါကြောင့် ကဗျာထိုင်ရေးဖြစ်သွားတယ်… တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ အမေ့မွေးနေ့မှာပဲ ကဗျာလေးကို အဆုံးသတ်ရေးနိုင်သွားတယ်… အမေ့အတွက် အမှတ်တရအနေနဲ့ တင်လိုက်ပါတယ်နော်…။

+++++++++++++++++++++++++++++++++++++++++

 

ချစ်တဲ့ …..

မွန်မွန်

 

60 comments

  • အော်ရယ် …
    ဂနေ့ … မားတားရဲ့ (၄၅) နှစ်မြောက် မွေးနေ့ဘာလားကွယ် … :mrgreen:
    မားတား တီယောက် ဂနေ့ မွေးနေ့မှစ ….
    စိတ်၏ ကျမ်းမာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းများနဲ့ ပြည့်စုံနိုင်ဘာစေဂျောင်း …
    တားတားအံ ဂလည်း ဆုတောင်း ပေးလိုက်ဘာဒယ် ခညာ … :mrgreen:
    မွန်လေး ကိုတော့ ကဗျာလေးက အရမ်းကောင်းဂျောင်း ….
    အိုက်ဒါ .. အိုက်ဒါ .. (ခွက်ဒစ်တူ ပေဂျီး)

    • ပဏာဝင်ယူတော်မူသော အန်စရာ…
      အမေ့မွေးနေ့မို့လို့ စိတ်ကောင်းဝင်နေပါကြောင်း…
      ဘာပဲဖစ်ဖစ်.. မားတားကို ဆုတောင်းပေးဒါ ကျေးဇူးတင်ဘာဂျောင်း…

      • ကတောက်စ် …
        တော်တော် တရား မမျှဒါဘဲ …
        ဒါ တမင်တကာ ညစ်ပတ်တာ …
        ဘယ့်နှယ်ကွာ .. ဧည့်သည်ကိုကျဒေါ့ -3 ဒဲ့ …
        အိမ်ရှင်ကျဒေါ့ .. +5 .. တဲ့ …
        တော်တော် မတရားဒါဘဲ …..။

        ဟေ့ .. အိမ်ရှင် တောင်မလေး …
        နာ့အနီ …အဲ .. အဝါဒွေ ပျက်အောင် ပြန်ဖျက်ပေး ..
        ဒါဗျဲနော် …
        မဖျက်ပေးလို့ကတော့ အမေ နဲ့ တိုင်ပေါပလိုက်မှာ .. :mrgreen:

        • GaviaGirl

          April 2, 2013 at 10:40 pm

          အွန်.. နာဆိုလည်း အဲ့စိမ်းဝါတွေ တန်းစီနေတာပဲ.. ခု -2 ဖစ်တွားဘီ.. နာလည်း ဆက်မလုပ်တတ်တော့ဝူး…. ရွာထဲက တစ်ခါ စိမ်း.ရွာပြင်က တစ်ခါစိမ်း..နာလည်းနှစ်ခါပဲ စိမ်းတတ်တယ်.. တိတော့ဝူး..မကျေနပ်..လေဖြတ်.. ဒါဘဲ…

  • surmi

    March 6, 2013 at 11:35 pm

    သူ ့မားသားက ကျုပ်နဲ့ အသက် မတိမ်းမယိမ်း
    ဆိုတော့ ……ဒီကလေးအတော်ငယ်သေးတာပဲ
    ယောက်ကျားမယူနဲ့ဦး :kwi:

  • ကိုရင်စည်သူ

    March 6, 2013 at 11:58 pm

    အမေက တော်တော်ငယ်သေးတာပဲ နော်.. မွန်… :mrgreen:
    မွန်လေးကဗျာအရေးကောင်းတော့ အမေဖတ်ရရင်
    ဝမ်းသာပြီး သမီးလေးမွေးရကျိုးနပ်တယ်လို့ ပီတိဖြစ်မှာမှာ အူးစည် တိနေဒယ်…
    အူးစည်နဲ့ကော အနာဂါတ်မဏ္ဍိုင်လေး မဆောက်ချင်ဘူးလား…
    မဏ္ဍပ်တိုင် တက်ပြတယ်တော့ ထင်ပါနဲ့နော့်.. ကျလိ.. ကျလိ.. :528:

    • အူးစည်ရေ…
      ဒီမဏ္ဍိုင်လေးတောင် ခိုင်အောင် မနည်းလုပ်နေရတာ… အနာဂတ်မဏ္ဍိုင်တော့ မလုပ်ပါနဲ့ဦး… :mrgreen:

  • kai

    March 7, 2013 at 4:11 am

    ၄၅န၊ှစ်ပြည့်တဲ့အမေမှာ ၂၂နှစ်သမီးရှိတော့ကာ…
    လုံမအမေ.. အိမ်သစ်ထူတာ.. (အများဆုံး) ၂၂နှစ်သမီးမှာပဲ..။

    အမေ့ခြေရာနင်းနို်င်ပါစေ.. :kwi:

    • တော်လိုက်တဲ့ သဂျီး.. ဒါကြောင့်လည်း သဂျီး ဖြစ်နေတာနေမှာ…
      အမှန်ပဲ.. အမေအိမ်ထောင်ကျတော့ အသက်က (၂၂) နှစ်ပါ… သိပ်မကြာဘူး.. ကလေးယူတယ်ပေါ့… လုံမကိုမွေးပြီးပြီးချင်းပဲ နောက်တစ်ယောက်ထပ်ယူ.. မောင်လေးနဲ့က တစ်နှစ်ကျော်ကျော်ပဲ ကွာတာ…
      ဆိုတော့..အခု အသက် (၄၅) နှစ်မှာ.. သားသမီးတွေက အသက် (၂၀) ကျော်.. အကုန်လက်လွတ်ကုန်ပြီး အေးဆေးဖြစ်သွားပြီပေါ့…. …. …. သို့ပေမယ့်လည်း သူ့ခေတ် နဲ့ ကိုယ်ခေတ်က မတူလေတော့… အမေ့ခြေရာတော့ မနင်းပါရစေနဲ့ဦး.. သဂျီးရေ… တစ်ယောက်တည်းနေတာတောင် အနိုင်နိုင်ရယ်… :kwi:

  • johnnydeer

    March 7, 2013 at 6:48 am

    အကို့ သမီးလေးလဲ ကြီးလာရင် မွန်လေးလို လိမ္မာရင် ကောင်းမှာနော်…အမေကိုချစ်တဲ့ သမီး ဘယ်တော့မှ မဆင်းရဲဘူးတဲ့…ဒါပေမယ့် အိမ်ထောင်ပြုခါနီးအချိန်ဆို မိဘနဲ့နည်းနည်း ကတောက်ကဆ ဖြစ်တတ်တယ်နော်…နောက်ပြီး အမေ ၆ဝ ကျော်လာရင် ပိုဂရုစိုက်နော်…စကားတွေ ထပ်ကာထပ်ကာပြောတတ်လာတယ်…မေ့လဲ မေ့တတ်လာတယ်…စိတ်မရှည်စရာပုံစံတွေ ဖြစ်လာတတ်တယ်…အဲ့ဒီအချိန်ရောက်ရင် အသက်အရွယ်ကြောင့်ဆိုတာ အမေ့ကို နားလည်ပေးလိုက်ပါ…အကောင်းဆုံးကတော့ မြေးလေးတွေ မြန်မြန်မွေးပြီး မြေးထိမ်းခိုင်းလိုက်တာ အကောင်းဆုံး ဖြစ်ပါကြောင်း…အသက် ဆယ်နှစ် အနည်းဆုံးပိုရှည်သွားနိုင်ပါကြောင်း…ဦးဂျော်နီ အမေတော့ မြေးအကြောင်းများ ပြောနေရလို့ကတော့ မျက်နှာတင်မက မျက်လုံးပါ ပြုံးနေပါကြောင်း….

    • တကယ်တော့ မွန်မွန်လည်း သိပ်မလိမ္မာပါဘူး… သားအမိနှစ်ယောက်က ဝေးတသက်သက်..နီးတကျက်ကျက်ပဲ… တွေ့ရင်လည်း သိပ်တည့်လှတယ်မဟုတ်ဘူး.. :mrgreen:
      အသက်ကြီးလာရင်လို့ အဲ့လိုတွေဖြစ်လာရင်လည်း နားလည်ပေးတတ်အောင် သေချာသတိထားရမယ်ထင်တယ်… 🙂
      အဲ… မြေးကိစ္စကတော့.. မောင်လေးကလေးတွေလည်း သူ့မြေးပဲလေ… ဟုတ်တယ်ဟုတ်… :kwi:

  • ဦးကြောင်ကြီး

    March 7, 2013 at 8:21 am

    အမွန့်ရင်ခွင်ထဲ ဦးကြောင် ရှိနေပြီဆိုတာ (မကြိုက်ရင် ဦးကြောင်ရင်ခွင်ထဲဝင်ကွာ) အမေသိရင် ငါ့သမီးလေးကို ကြောင်သူတော်ကြီး စောင့်ရှောက်နေပြီဆိုပီး ပျော်နေလိမ့်မယ်။ မြန်မြန် အသိပေးလိုက်…. :harr:

    • အဲ့ဒါဆိုရင် … သေချာတယ်… အလုပ်ထွက်ပြီး အိမ်ပြန်လာခဲ့ဆိုပြီး ပြန်ခေါ်ထားတော့မှာ… :kwi:

  • ခိုင်ဇာ

    March 7, 2013 at 8:36 am

    မွေးနေ့ဆုတောင်း နောက်ကျနေပြီလားမသိ။

    :528:

    ဘာပဲဖြစ်ဖြစ် ဒီ ချစ်စရာ့ အမေ နဲ့ ဒီ သားသမီး တွေ
    အသက်ရှည်ရှည်၊ အချိန်ကြာကြာ၊ ပျော်ပျော်ပါးပါး၊ စိတ်ချမ်းချမ်းသာသာ နေနိုင်ပါစေ။

    မွန်မွန်လေးလည်း ချစ်တဲ့သူတဲ့ အမြန်တွေ့နိုင်ပါစေ။ (ဟိ၊ ဘာမှမဆိုင်)
    :kwi:

    • နောက်မကျသေးပါဘူး..ချစ်မရယ်.. ဆုတောင်းပေးတာ ကျေးဇူးတင်ပါတယ်…
      ဒါမယ့်..အောက်က တစ်ခုက ဘယ်က ပါလာတာတုန်း… :mrgreen:

  • kyeemite

    March 7, 2013 at 9:03 am

    မွန်မွန်က ကဗျာစပ်တယ်တော်တာပဲ…
    အမေ့ မွေးနေ့အမှတ်တယ ကဗျာလေးဖတ်ပြီး
    ကျန်းမာ၊ ချမ်းသာ၊ လန်းဖြာ၍ သမီးလိမ္မာလေးနဲ့ အတူ
    နှစ်ပေါင်းများစွာ ပျော်ရွှင်စွာနေနိုင်စေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါဂျောင်းးးး :528:

    • အမေ့အတွက် ဆုတောင်းပေးတာ ကျေးဇူးပါနော်.. ဦးမိုက်…
      တောင်းပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့….

  • ဦး ကျောက်ခဲ

    March 7, 2013 at 9:11 am

    အောင်မလေးဟဲ့…
    ညည်းအမေရဲ့ အသက်က ဦးကျောက်နဲ့ မတိမ်းမယိမ်းမို့…
    ငယ်ချစ်ဦးနဲ့သာ အကြောင်းပါခဲ့ရင် ဦးလေး သားသမီး ညည်းထက်ကြီးပြီ…
    ဖလား ဖလား… ကြောင်နာကြီးကို လွတ်အောင်ရှောင်…
    အသက်သိပ်ကွာတဲ့ ယောက်ျား မယူနဲ့…
    သမီးအမေကို “ဟက်ပီး ဘတ်ဒေးပါ” လို့
    :gee:

    • တစ်ငယ်တည်း ငယ်ချစ်ဦး လုပ်မနေနဲ့…. သမီးသာဆို ကောက်ပစ်လိုက်လို့ ပြန်ချော့လို့မရ ဖြစ်မယ်.. ဟွန်း…

      ကြောင်ဆို..ဘယ်ကြောင်မှ အကပ်မခံဝူး…
      ဟို… ချစ်မိရင်တော့ အသက်ကြီးကြီးငယ်ငယ်.. မတိဝူးပဲ.. အဟိ..
      အမေ့ကို ဆုတောင်းပေးတာ ကျေးကျေးပါ…

  • Mon Kit

    March 7, 2013 at 9:33 am

    လုံမလေးရေ..
    ကဗျာလေးက အရမ်းကို သက်ဝင်ခံစားလို့ရပါတယ်ကွယ်..
    လုံမ မေမေလဲ မွေးနေ့မှသည် အသက်ရှည်. အနာမဲ့.. ချစ်သမီးလေးရဲ့ကျေးဇူးသိတတ်မှုအောက်ပါ ရွှင်လန်းဝမ်းမြောက်စွာ နေသွားနိုင်ပါစေလို့ မမ ဆုတောင်းပေးလိုက်တယ်နော်.. :528:

    ခင်တဲ့..

    • comment reply နောက်ကျတာ ခွင့်လွှတ်ပါဗျိုး….
      ဆုတောင်းပေးတာ ကျေးဇူးအများကြီး တင်ပါတယ်.. မမမွန်ကစ်ရေ… 🙂

  • weiwei

    March 7, 2013 at 9:57 am

    ဒီကဗျာဖတ်ပြီး သမီးနေရာကခံစားလို့မရပဲ အမေနေရာဆီရောက်သွားတယ် … ဪ .. အသက် .. အသက် …
    ငယ်ငယ်တုန်းကသာ မိုက်ရူးရဲဆန်ခဲ့ရင် အခုလောက်ဆို မွန်မွန့်အရွယ် သမီးတစ်ယောက်လောက်တောင် ရှိနိုင်မှာပါလား … :byae:

    • အဲ့ဒီ မိုက်ရူးရဲမဆန်ခဲ့တဲ့ အကြောင်းလေးတွေကို နည်းနည်းလောက် သိခွင့်ရမလားဟင်..အစ်မဝေ… :mrgreen:

  • ရွှေတိုက်စိုး

    March 7, 2013 at 9:59 am

    လုံမလေး မေမေ မွေးနေ.မှာ သားသမီးတွေရဲ. အားတွေနဲ. ကျန်းမာချမ်းသာ စွာ နေထိုင်ပီး တရားဘာဝနာ ကျင့်ကြံပွားနိုင်ပါစေ လို.
    သမီးအလိမ္မာလေး မွန်မွန်နဲ.ထပ်တူ ဆုတောင်းပေးလိုက်ပါတယ်ဗျာ…

    အမေဆိုတာ တချိန်တုန်းက ကျွန်တော်တို.ရဲ. မှီတိုင်ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာ သူမှာမှီစရာလိုတဲ့အခါ ဒီသားသမီးတွေပဲ မှီစရာရှိတာမဟုတ်လားဗျာ..

    လုံမလေးလဲ ကျေးဇူးဆပ်နိုင်တဲ့ သမီးကောင်းရတနာလေး ဖြစ်ပါစေဗျားးးးးးးးးးးးးးးး

    • ကျေးဇူးအများကြီးတင်ပါတယ် တိုက်တိုက်ရေ…
      တောင်းပေးတဲ့ဆုနဲ့ ပြည့်အောင် ကြိုးစားပါတယ်… တိုက်တိုက် နဲ့ အုပ်အုပ်လည်း မကြာမီ အိမ်ဆည်းလည်းလေးနဲ့ ပိုမိုပျော်ရွှင်ပါစေလို့… 🙂

  • လူကလေး

    March 7, 2013 at 10:33 am

    ငါလည်း နင့်အမေနဲ့အတူ နင့်ကို မှီလို့ ရမလား.. အဟတ်ဟတ်.. :kwi:

  • amatmin

    March 7, 2013 at 1:36 pm

    မွန့်မွန့်အမေ အတွက်..မင်္ဂလာမွေးနေ့ဖြစ်ပါစေလို့ ..
    ဒါနဲ့ ချစ်တဲ့ အမေကို ဒီကဗျာလေး ပရင့်ထုတ်ပေးဖတ်ကြည့်ပါလားး
    တော်တဲ့ သမီးလေးကြောင့် ပိုပျော်အောင်လို့ ရယ်.. 🙂

    • ကျေးဇူးပါ အူးလေးမတ်…
      ပရင့်ထုတ်ပြီး နယ်ကို ပို့လိုက်ပါတယ်ရှင့်…. ပို့ပေးတဲ့သူကတော့ ပြောပါတယ်..အမေမျက်ရည်ကျဦးမယ်တဲ့… 🙂

  • ခင်ခ

    March 7, 2013 at 2:34 pm

    သမီးမွန်မွန်ရဲ့ အမေ ညီမလေးတစ်ယောက် အသက်ရာကျော်ရှည်လို့ ကျန်းမာချမ်းသာစေကြောင်း ဆုမွန်တောင်းလိုက်ပါတယ်ဗျာ။

  • Ma Ei

    March 7, 2013 at 2:35 pm

    မွန်မွန့်အမေရဲ့ (၄၅) နှစ်ပြည့် မွေးနေ့…
    အန်တီအိ ထက်ငယ်တာဘဲ…
    ကျန်းမာ ချမ်းသာပါစေကြောင်း
    ဆုတောင်းပေးတာလေးပြောပေးနော်…

    • ဟုတ်ကဲ့..ကျေးဇူးပါနော် အန်တီအိ… အမေ့ကို ပြောလိုက်ပါ့မယ်နော်..အမေလည်း အတော်ပျော်မယ်ထင်တယ်… 🙂

  • P chogyi

    March 7, 2013 at 3:19 pm

    မွန့်မွန့်အမေရေ(မွန်မွန်ကတစ်ဆင့်ပေါ့)
    ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။
    သားသမီးတွေရဲ့ သူတို့စိတ်ကြိုက်မတွေ့သေးလို့ အတောင်ဖြန့်မပြေးမချင်း
    ကပ်ချွဲ၊ မြှောက်စားနေတယ့် ဒဏ်ကို ခံနိုင်ပါစေဗျာ။

    • ဆုတောင်းအတွက် ကျေးဇူးတင်ပါတယ် အူးလေးရေ…
      ဘာလို့ မှန်တာတွေ ပြောနေမှန်း မသိဝူး… ဟီး.. :mrgreen:

  • Novy

    March 7, 2013 at 3:36 pm

    သမီးအလိမ္မာလေးရထားတဲ့
    မွန်မွန်မေမေကို ဂုဏ်ယူပါတယ်ကွယ်

    • ဟုတ်..မနို.. တကယ်တော့ သိပ်မလိမ္မာပါဝူး… ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပဲ..ဝေးနေရင် တည့်တယ်.. ဟီး.. :mrgreen:

  • MaMa

    March 7, 2013 at 4:44 pm

    ငယ်ငယ်ကသမီး ကြီးတော့ ထီး လို့ ဆိုတာ….
    မွန်မွန်ကတော့ ထီးထက်ပိုတဲ့ မှီတိုင် မို့လို့…..
    ကဗျာဖတ်ပြီး မွန်မွန့်အမေအစား အားရှိမိပါရဲ့။
    မွန်မွန့်အမေလည်း ဒီစာကို ဖတ်ရရင် ဗိုက်တာမင် အလုံး၁၀ဝ သောက်ရတာထက် အားပိုရှိသွားမယ်။ :hee:

  • ဗုံဗုံ

    March 7, 2013 at 5:02 pm

    မမွန်ရဲ့ အမေ ပျော်ရွှင်ချမ်းမြေ့ပါစေရှင် 🙂

  • ညလေး

    March 7, 2013 at 5:19 pm

    ညမလေး မွန်မွန် ရယ်….
    မွန်မွန် ့ မေရီးး က တောင်းတိုင်း မပြည့် တဲ့ *ဆု* ကိုရထားတဲ့ အမေ တစ်ယောက်ပါ….
    ဘာနဲ ့မှ လဲ လို.မရ နိုင်တဲ့ သမီး လိမ္မာ လေး ရထားတာလေ….

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 7, 2013 at 5:22 pm

    အေးကွယ်
    ဒီကဗျာလေးကိုတွေ့တော့ ဦးရဲ့သမီးကလေးကိုလည်းသတိတရတော့ရှိသား
    ဒါပေမယ့်သူကလေးက လူ့ဝတ်ကြောင်နဲ့ မဟုတ်တော့ဘူးကွဲ့
    သူ့မေမေမယ်င်္သီလဝတ်ပြီး ဆယ့်ငါးနှစ်အကြာမှာ ကျုပ်ကိုထားပြီး
    သူ့မေမေနောက်ကောက်ကောက်ပါအောင်လိုက်သွားလေရဲ့
    ကျုပ်ကိုတောင်မြှောက်ပေးခဲ့သေးတယ်
    ပါပါဘုံးကြီးဝတ်ပါလားတဲ့
    ဒုက္ခများမြောင် လူတို့ဘောင် ဆိုပြီးပြောခဲ့ဟောခဲ့တာတွေမနည်းဘူး
    ကျုပ်မလဲ မချိတင်ကဲ့သာဓုခေါ်ခဲ့ရသပေါ့ဗျာ
    လွမ်းလိုက်တာ သမီးလေးရယ်

  • အလင်းဆက်

    March 7, 2013 at 8:52 pm

    မွန်မလေး လုံလုံရဲ ့
    မေမေကတော့..
    ပျော်နေမှာပဲ ။
    မွေးနေ့မှာ..
    ချစ်သမီးရဲ ့ ကဗျာလေး..လက်ဆောင်ရလို ့..။

    သိပ်ချစ်စရာကောင်းတဲ ့ လက်ဆောင်လေး….

    • ဝမ်းသာမျက်ရည်တော့ ကျမယ်ထင်ပါတယ်.. အခုထိတော့ သတင်းမကြားရသေးဘူး.. ကဗျာက လမ်းမှာပဲ ရှိသေးတယ်ထင်တယ်… 🙂

  • မောင် ပေ

    March 7, 2013 at 9:07 pm

    အမေပြောတဲ့ အမောပြေဆိုတာ
    မွန် ့မျက်နှာလေးပါ
    မွန်လေးရဲ ့မာတာမိခင် ကျန်းမာချမ်းသာပျော်ရွှင်ပါစေကွယ်

  • padonmar

    March 8, 2013 at 1:08 am

    လိမ္မာတဲ့ သမီးလေး မွန်မွန့် အမေလည်း အသက်ရှည် ကျန်းမာ လို့ ချစ်သမီးလေးနဲ့ မကွဲမကွာ နေသွားရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 8, 2013 at 1:34 am

    မိဘ အတွက်အခုလို အမှတ်တရ ရှိတတ်တဲ့ သမီးလေး
    လိမ္မာရေးခြားရှိလိုက်တဲ့ သမီးလေး ယနေ့ခေတ်မှာ အင်မတန်ရှားသွားပြီ ဖြစ်တဲ့
    မိဘ ကျေးဇူးကို သိတတ်တဲ့သူပေပဲ…….
    ကဗျာလေးက ကောင်းပါတယ်……….
    ဝါရင့်သမ္ဘာရင့် ကဗျာဆရာတစ်ယောက် ရေးထားတယ်လို့တောင် ထင်စရာပါ…………
    ဂလုံမလေး မွန်မွန်ရဲ့ မေမေ နောင်နှစ်မွေးနေ့တွေ မွေးနေ့တွေမှာ ပျော်ရွင်ပါစေကြောင်းးးးးးးးးးး

    • အားပေးတာ ကျေးဇူးပါ မိုင်းဘိုရေ….
      ဆုတောင်းပေးတာလည်း ကျေးကျေးပါ… ဂလုံ ဆိုပါလား… ဘာပဲဖစ်ဖစ်..နာဂ တနင်္ဂနွေသမီးဆိုတော့ ဂလုံလည်း ကောင်းတာပါပဲ… ဟိဟိ

  • TheWinner

    March 9, 2013 at 11:02 am

    လုံမလေးရေ – ကျန်းမာရေးက ပိုအရေးကြီးတယ်နော်။ အစားသေချာဂရုစိုက်ခိုင်းပါဦး။ ဆေးပဲသွင်းနေမှာဆိုးလို့။

    • ဟုတ် အစ်မရေ.. အဲ့ဒါပဲ ရန်ဖြစ်နေရတာ.. စားချင်စိတ်မရှိလု့ိဆိုပြီး ဘာအသားမှကို မစားဘူး… ပြောပေးပါဦး…. 🙁

  • Mr. MarGa

    March 10, 2013 at 12:46 pm

    လေးဆယ့်ငါးနှစ်တာ ဘဝကို ဖြတ်သန်းခဲ့
    အဆိုးတွေလဲ တွေ့မိရဲ့
    အကောင်းတွေလဲ ကြုံမိခဲ့
    မုန်တိုင်းလဲ တိုက်ခဲ့ဖူး
    လေပြည်ညင်းလဲ လာခဲ့ဖူး
    ဘဝပင်လယ် လက်ပစ်ကူးနေတဲ့
    မိခင်တစ်ဦးအတွက်
    သမီးငယ်ရဲ့ ကဗျာကန်တော့ပန်း
    မြင်ရစမ်းသော်
    အကျွန့်စိတ်တွင် နှစ်သက်မင်သည်။
    ထို့ပြင်တစ်ဝ တောင်းဆုပါပြုလိုုက်ပါသည်။
    သက်ရာရှည်ကာ ကျန်းမာပါစေ။

Leave a Reply