Golden Trim Success Story – PACE Business Development Center

kaiMarch 7, 20133min1928

pace_Header

Golden Trim, legging/women’s wear wholesale and factory outlet located in El Monte, is Mr. Xiaowu Xu and his wife Shuping Yu first small business in America.  In a recent interview, Mr. Xu said: “We are making profit, but not a lot. We really appreciate PACE Business Development Center for their support and counseling.”

The story started when Mr. Xu and his family seek asylum in America in 2009.  Life was an uphill battle but they were determined to work hard and to build their American Dreams.  Like many refugee and asylee, Mr. Xu speaks little English.  He gain experience working in the apparel industry and later decided to start his own business.  Mr. Xu came to PACE Business Development Center seeking help and support.  He received business counseling, technical assistance, and later enroll into ORR IDA program.   In September 2011, the couple was able to lease a 2000 square foot warehouse complex and the rest is history in making.

Recently, Mr. Xu informed PACE that ROSS Department Store had initiated some sample orders from him.  Mr. Xu was very excited about this potential prospect but at the same time worried about financing the contract.  Again, he came to PACE for financing help because he knows that PACE is a non-profit community development lender that serves micro and small businesses throughout Los Angeles County.   Soon, Mr. Xu put in a request for a twenty thousand dollars loan for inventories and PACE packaged the loan for him.  His latest reported monthly revenue has breached the $10,000 mark— a startup enterprise on the road to success!

PACE Business Development Center provides small business loans with low fixed interest rate, simple repayment process, and no prepayment penalty.  We also provide free one on one business/credit counseling, business plan development, licensing and permits, and many more business supports and trainings.

If you have difficulty obtaining business loans through traditional financial channels, or need start up financing;

Call Wai Ling Chin at (213) 989-3169 or email: wchin@pacela.org.

PACE Business Development Center, 1055 Wilshire Blvd., Suite 900B, Los Angeles, CA 90017 www.pacelabdc.org.

 

မှတ်ချက်။  ။ အမေရိကပြည်ထောင်စုနေသူများအတွက်သာ။  ကြော်ငြာအတွက်တင်ထားသော ပို့စ်ဖြစ်ပါသည်။

8 comments

  • kai

    March 7, 2013 at 6:27 am

    အပေါ်ကပို့စ်ကို ဘေးက PACE ကြော်ငြာလေးနဲ့မလုံလောက်တာမို့.. အခမဲ့ထည့်ပေးတာပါ..
    ဘေးက PACE ကြော်ငြာလေးအတွက်တော့ ကြော်ငြာခရပါတယ်..။ :harr:

    ဒီကြော်ငြာက… ယူအက်စ်နေတဲ့မြန်မာများအတွက်ဖြစ်ပြီး.. အဲဒီ PACE က တနိုင်ငံလုံးဖြန့်ရှိနေတဲ့.. NPO ဖြစ်ပါတယ်..။
    ယူအက်စ်အစိုးရဆီက ရတဲ့ငွေတွေ.. ဘစ်ဇနက်ချေးငွေတွေကို. စနစ်တကျ ပြန်စီစဉ်ပေးတာဖြစ်ပါတယ်..
    ယူအက်စ်ကို ပြောင်းခိုသူ( Refugees) နဲ့.. နိုင်ငံရေးခိုလှုံနေသူ(Asylees) မြန်မာများ.. Sushi ဘာညာ.. စီးပွားရေးလုပ်ငန်းလုပ်ချင်ရင် သူတို့နဲ့တိုင်ပင်နို်င်ပြီး.. ဈေးသက်သာတဲ့ချေးငွေထုတ်ချေးပေးမှာဖြစ်ပါသတဲ့..။

    ယူအက်စ်အစိုးရက သူတို့ခေါ်ထားသူတွေ.. ဘဝ..စားဝတ်နေရေးတဖက်တလမ်းက တာဝန်ယူတဲ့သဘောပါပဲ..

    • ဦးဖွတ်ကျား

      March 7, 2013 at 6:53 am

      ဒို့ သဂျီးများ ချဉ်ဇယာ ..
      ကိုယ့်ကိုကိုယ် 英語 ကောင်းတယ်ဆိုပြီး ဘိုလိုချည်း လွှတ်တင်နေ …
      ၁၄-၅ကြောင်းလေးတောင် ဘာသာမပြန်ပေးပူး …
      စိတ်ဝင်တစား ဖတ်ရှုချင်တဲ့လူဒွေ အားနာဇယာ..

      :byae:

  • ဦးဖွတ်ကျား

    March 7, 2013 at 7:08 am

    El Monteဆိုတဲ့ မြို့ မှာ ဖြစ်ပါတယ်။ Golden Trim လို့ခေါ်တဲ့ အမျိုးသမီး အဝတ်အစား(ဘောင်းဘီ) လက်ကား ဖြန့်ချိတဲ့ စက်ရုံ တခုရှိပါတယ်။
    အဲ့သည့်က ပိုင်ရှင်ဖြစ်သူ Mr. Xiaowu Xu ဆိုသူနဲ့ သူ့ရဲ့ အမျိုးသမီး ဖြစ်သူ Shuping Yu ဟာ ဒီလုပ်ငန်းကို အမေရိက မှာ စီးပွားလုပ်ငန်း ငယ် တခုအဖြစ် စတင် ခဲ့ကြတာပါ..။
    မကြာသေးခင်က အင်တာဗျူးတခုမှာတော့ Mr. Xuဟာ ခုလို ဖြေခဲ့ပါတယ်။

    ကျနော်တို့ဟာ အမြတ်အစွန်း ရရှိခံစားနေရပါတယ်။ သိပ် အများကြီးတော့ မဟုတ်ပါဘူး။ ကျနော်တို့ဟာ အမှန်တကယ်ပဲ PACE Business Development Center ရဲ့
    ဆွေးနွေးအကြံပေးမှုတွေ နဲ့ အားပေးထောက်ကူမှုတွေကို ဝမ်းသာအားရ ကြိုဆိုလက်ခံရရှိခဲ့ကြပါတယ်။

    ဒီ ဇာတ်လမ်းဟာ Mr. Xu နဲ့ သူ့ မိသားစု ၂၀၀၉ ခုနှစ်က နိုင်ငံရေး ရွှေ့ပြောင်းခိုလှုံသူ ဖြစ်လာတာက စတင်တာဖြစ်ပါတယ်။

    အမေရိကန် အိပ်မက်မက်ခဲ့ကြတဲ့ သူတို့ရဲ့ ဘဝတွေဟာ တောင်တက် တိုက်ပွဲလိုမျိုး ခက်ခဲ ကြမ်းတမ်းခဲ့ပါတယ်။
    အခြားအခြားသော ပြောင်းရွှေ့ခိုလှုံသူတွေလိုပါပဲ Mr. Xu ဟာ အင်္ဂလိပ်စကားကို မဆိုစလောက်သာ ပြောနိုင်သူပါ
    သူဟာ အဝတ်အထည်လုပ်ငန်းမှာ အတွေ့အကြုံတချို့ ရရှိပြီးနောက်ပိုင်းမှာတော့ ကိုယ်ပိုင် စီးပွားရေးလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
    Mr. Xu came ဟာ PACE Business Development Center နဲ့ ထိတွေ့ဆက်ဆံခဲ့ပြီး အကူအညီ အထောက်အပံ့တွေ ရယူခဲ့ပါတယ်။
    စီးပွားရေးရာ အကြံပေးချက်တွေ ၊ နည်းစနစ်ပိုင်းဆိုင်ရာ အကူအညီတွေ ရယူခဲ့ပြီး နောက်ပိုင်းမှာ ORR ရဲ့ IDA အစီအစဉ်ကို ပါဝင်လျှောက်ထားခဲ့ပါတော့တယ်။
    ၂၀၁၁ စက်တင်ဘာလ ကဖြစ်ပါတယ်။ ဒီစုံတွဲဟာ ဧရိယာ ပေ၂၀၀ဝ ပတ်လည်ရှိတဲ့ မြေကို ကုန်လှောင်ရုံ အနေနဲ့ အသုံးပြုဖို့ ငှားရမ်းနိုင်ခဲ့ပါတယ်။
    အဲ့သည့်နောက် ROSS Department Store ဆီမှ တချို့သော နမူနာ အမှာစာတွေ ရတယ် ဆိုတာကို Mr. Xu ဟာ PACE ကို အကြောင်းကြားခဲ့ပါတယ်။

    Mr. Xu ဟာ အလားအလာကောင်းတွေအပေါ်မှာ စိတ်လှုပ်ရှားပျော်ရွှင်နေပေမယ့် တချိန်တည်းမှာ စာချုပ် ပါအချက်အလက်တွေအတိုင်း ငွေကြေး အရ လိုက်မှီနိုင်ခြင်းမရှိ
    မှာကိုလည်း စိုးရိမ်ပူပန်ခဲ့ပါတယ်။

    ဒါကြောင့်မို့ သူဟာ ငွေကြေးပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု အတွက် PACE ကို နောက်ထပ်တကြိမ်သွားရောက်ခဲ့ပါတယယ်။ PACE ဟာ Los Angeles တဝိုက်မှာတော့ အသေးစား
    စီးပွားလုပ်ငန်းတွေကို အကျိုးအမြတ် မယူဘဲ ငွေကြေးပိုင်းဆိုင်ရာတွေ ကူညီထောက်ပံ့တဲ့အဖွဲ့အစည်း ဆိုတာ ကို နားလည်သဘောပေါက်ထားလို့ပါပဲ..။
    သူဟာ PACE ဆီကေနေ ကုန်လှောင်ရုံတွေအတွက် အသုံးပြုဖို့ ဒေါ်လာ ၂၀၀၀ဝ ချေးငှားဖို့ လျှောက်ထားခဲ့ပြီး PACE ကလည်း ခွင့်ပြုချက် ချပေးခဲ့ပါတယ်။
    ဒီလိုနဲ့ သူ့ရဲ့ နောက်ဆုံးသော လစဉ်ဝင်ငွေ(အရင်းအမြတ် ရောရာ) တင်ပြမှု ဟာ တလကို ဒေါ်လာ ၁၀၀၀ဝ ရှိလာပါတော့တယ်။ အသစ်စတင်တဲ့ စီးပွားလုပ်ငန်းတခုရဲ့
    အောင်မြင်မှု ဆီကို ချဉ်းကပ်တဲ့ ကိန်းဂဏန်း လို့ ပြောနိုင်ပါရဲ့။
    PACE Business Development Center ဟာ အသေးစား လုပ်ငန်းတွေကို ကိန်းသေ ဖြစ်ပြီး နည်းပါးတဲ့ အတိုးနှုန်း နဲ့ ငွေချေးခြင်း အပြင် ရှင်းလင်းတဲ့ အကြွေးဆပ်ပေးချေမှု
    စနစ်ကို ကျင့်သုံးပါတယ်။ အဲ့သည့်အပြင် ကြိုတင်ငွေပေးသွင်းရတဲ့ ပြစ်ဒဏ်သဘောလည်း မထားရှိပါဘူး

    နောက်ထပ် အားဖြည့် ထောက်ကူမှုပေးတာကတော့ ၁သီးပုဂ္ဂလ စီးပွား/ကြွေးမြီ အကြံဉာဏ်ပေးခြင်။ စီးပွားစီမံ ဆိုင်ရာ အစီအစဉ်များ ဖွံ့ဖြိုးဆောင်ရွက်မှု၊ လိုင်စင် နှင့် ပါမစ်များ
    အပါအဝင် အခြား စီးပွားရေးရာ ကူညီထောက်ပံ့မှုတွေနဲ့ လေ့ကျင့်သင်ကြားပေးမှုတွေကို လုပ်ဆောင်ပေးလျက်ရှိနေပါသေးကြောင်း ။

    တတ်သလောက် မှတ်သလောက်လေး..

    တော်သေးဘီ…

    • kai

      March 7, 2013 at 7:18 am

      အောင်မြလေး..
      .. ကျေးဇူး..
      သူတို့က..အခုလည်း..အီးမေးလ်ပို့ပြီး.. ဘာသာပြန်ခိုင်းနေတာ.. မပြန်တတ်လို့.. ကယ်လိုက်ပါဦး.. နော်နော်.. :harr:

      English
      Refugees and Asylees -ပြောင်းခိုသူ နှင့် နို်င်ငံရေးခိုလှုံသူ
      Business Loan
      Small Business Loan
      Entrepreneur Training Program
      Free One-on-One Business Counseling
      Free Filing Income Tax Return
      One-on-One Credit Counseling
      Learn How to Start Your Own Business
      Step By Step

    • ခိုင်ဇာ

      March 7, 2013 at 8:26 am

      :528:

      ဘာမှဟုတ်ဘူး။
      တဂျီးပို့(စ) ထဲကို ဝင်လာရာက ရင်းဂလိတ် လိုဒွေမြင်လို့ ပြန်ထွက်မလို့ဟာကို
      ဆရာ ဂီ ကျေးဇူးနဲ့ ဘာသာပြန်လေးဖတ်သွားပါကြောင်းရယ်။

  • ဦးကြောင်ကြီး

    March 7, 2013 at 8:01 am

    Business Loan – စီးပွားရေးလုပ်ငန်းသုံး ချေးငွေ
    Small Business Loan – အသေးစား စီးပွားရေးလုပ်ငန်းသုံး ချေးငွေ
    Entrepreneur Training Program – စွန့်ဦးတီထွင်လုပ်ငန်းရှင် လေ့ကျင့်သင်ကြားရေး အစီအစဉ်
    Free One-on-One Business Counseling – အခမဲ့ တဦးခြင်း စီးပွားရေး အတိုင်ပင်ခံခြင်း
    Free Filing Income Tax Return – အခမဲ့ ဝင်ငွေခွန် ကြေငြာလွှာ တင်သွင်းခြင်း
    One-on-One Credit Counseling – တဦးခြင်း ချေးငွေ အတိုင်ပင်ခံခြင်း
    Learn How to Start Your Own Business – ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း မည်သို့စတင်ရန် သင်ကြားခြင်း
    Step By Step – တဆင့်ပြီးတဆင့်
    Contact ဆက်သွယ်ရန် –
    Flying Master Translator ဘာသာပျံဆြာ မစ္စတာကြောင်ကြီး 😎
    Sun stop turtle food နေရပ်လိပ်စာ –
    C/O royal little princess သမီးဒေါ်ဂလေးမှတဆင့်
    Village master’s living room သဂျီးအိမ်ဦးခန်း

    • ဦးဖွတ်ကျား

      March 7, 2013 at 8:05 am

      တူပေါလဲ့တိုင်း

      :kwi:

  • kyeemite

    March 7, 2013 at 8:49 am

    ဘာသာပြန်ပေးတဲ့ ဂီဂီ့ ကိုသင့်ခရုပါဗျ..
    ကိုကြောင်ဂျီး ရဲ့ ဘာသာပြန်ချက်ကလည်းလန်ထွက်နေတယ်… :kwi:
    “PACE Business Development Center ” လို အဖွဲ့ အစည်းကောင်းမျိုး
    ကျုပ်တို့ ဆီမှာလည်းလိုနေတာအမှန်ပဲ…..ဒါပေမဲ့ မြန်မာတွေ တကယ်ပဲ..
    Mr. Xiaowu Xu နဲ့ သူ့ရဲ့ အမျိုးသမီး Shuping Yu တို့လို မဆုတ်မနစ်
    ဇွဲနဲ့ ကြိုးစားချင်စတ်ကော ရှိကြရဲ့လား..?ဆိုတာတော့ သံသယဖြစ်မိပါရဲ့.. :ha:

Leave a Reply