How to Install Joomla Website

Myanmar Web DesignerMarch 7, 20135min1528
အရင်တစ်ခေါက်က XAMPP ကို Install လုပ်တာကို ရှင်းပြပြီးခဲ့ပါပြီ။ တကယ်လို့ အဲ့ဒီpost ကိုမဖတ် ရသေးဘူး ဆိုရင် How to install Xampp XAMPP Install လုပ်တာကိုအရင်သွား ဖတ်စေချင်ပါတယ်။  ဒီတစ်ခေါက်မှာတော့ Joomla website တစ်ခုကို Installation လုပ်တာကို သင်ပြသွားမှာဖြစ်ပါတယ်။ Joomla website ပုံစံကို လေ့လာဖို့အတွက် အရင်ဆုံး Singapore Web Design ဝဘ်ဆိုက်ကို သွားပြီး စာမျက်နှာနဲ့ တည်ဆောက်ပုံတွေကို လေ့လာရပါမယ်။ ပြီးရင်တော့ Joomla Install လုပ်ပုံကို အောက်ပါအတိုင်း ဆက်လေ့လာပါ။


ပထမဆုံးအဆင့်အနေနဲ့ Joomla (ကြိုက်နှစ်သက်ရာ version) ကို http://www.joomla.org/download.html မှာ download လုပ်ရပါမယ်။
နောက်တစ်ဆင့်အနေနဲ့ Xampp ကို ဖွင့်ပါမယ်။ Xampp ကို Install လုပ်ပြီးပြီဆိုရင်တော့ Xampp ကိုဖွင့်ပြီး အောက်ပါအတိုင်း Apache နဲ့ Mysql နှစ်ခု ကို အောက်က ပုံအတိုင်း start လုပ်ရပါမယ်။

နောက်တစ်ဆင့်အနေနဲ့ Internet browser(e.g: firefox, chrome, ie, …) တစ်ခုခုမှာ http://localhost ဆိုပြီးတော့ ရိုက်ထည့်ပါ။ ပေါ်လာတဲ့ စာမျက်နှာ မှာ English ဆိုတာကိုရွေးပါ ။ အဲ့ဒါဆိုရင် အောက်က ပုံအတိုင်း Xampp က browser မှာပေါ်နေတာ တွေ့ရပါမယ်။

အပေါ်က အတိုင်းလုပ်ဆောင်ပြီးသွားပြီဆိုရင်တော့ သင့် computer ထဲက C:/Xampp/htdocs  အဲ့အတိုင်း သွားပါ၊ ပြီးရင် joomla ဆိုတဲ့ နာမည်နဲ့ folder တစ်ခုဆောက်လိုက်ပါ။ foloder ဆောက်ပြီးပြီဆိုရင်တော့ အဲဒီ (C:/Xampp/htdocs/joomla)  folder ထဲမှာ ခုနက download လုပ်ထားတဲ့ Joomla zip package ကို ဖြည်ချလိုက်ပါ။

အပေါ်ကအတိုင်းထဲ့ပြီးသွားပြီဆိုရင်တော့ သင့် Internet browser မှာ  http://localhost/joomla  ဆိုပြီးတော့ ရိုက်ထည့်ရပါမယ်။ ပြီးတော့ အောက်ပါ step တွေအတိုင်းဆက်လက် လုပ်ဆောင် သွားပါ။

အဆင့် ၁ အနေနဲ့ Language ဆိုတာကို နှိပ်ပြီးတော့ ကိုယ်အသုံးပြုမယ့် language ကို ရွေးရပါမယ်။ ကျွန်တော်ကတော့ English ကိုရွေးပါတယ်။ ပြီးရင် next နှိပ်ပါ။
အဆင့် ၂ အနေနဲ့ Pre-Installation Check ပါ။ ကိုယ်တင်မယ့်စက်က joomla တင်လို့ ရ/မရ စစ်တာပါ။ ဒီအတိုင်း next ဆက်နှိပ်ပါ။
အဆင့် ၃ မှာတော့ သူ့ရဲ့ License အကြောင်းဖော်ပြထားပါတယ်။ အဲ့တာကို ဖတ်ချင်လည်း ဖတ်ပါ။ မဖတ်ချင်လည်း next လုပ်ပြီးတော့ ကျော်သွားလို့ရပါတယ်။ 😛 next နှိပ်ပါ။

အဆင့် ၄ ကတော့  Database Configuration ပါ။

ဒီအဆင့်မှာတော့ ပြင်ဆင်ဖြည့်စွက်ဖို့ လိုလာပါပြီ။ Database Type မှာ Mysqli ကိုရွေးပါတယ်။ Host Name မှာ ကိုယ့်စက်မှာ ကိုယ် install လုပ်မှာမို့လို့ localhost လို့ ရိုက်ထည့်ပါ။ တစ်ခြား host တွေထည့်လို့မရပါ။ Username မှာ defaut user name ဖြစ်တဲ့ root ဆိုပြီး ရိုက်ထဲ့ပါတယ်။ Password မှာတော့ မထည့်ရပါဘူး။ လောလောဆယ် localhost ရဲ့ default username နဲ့ password က username: “root” နဲ့ password: “ ” မို့လို့ အဲဒီအတိုင်းပဲ ထည့်မှရပါမယ်။ Databse Name မှာ Joomla ဆိုပြီး နာမည်ပေးပါတယ်။ အခြားနာမည်နဲ့လည်း ထဲ့လို့ရပါတယ်။ ပြီးရင်တော့ next ကိုနှိပ်ပြီး နောက်တစ်ဆင့်သွားပါမယ်။

အဆင့် ၅ ကတော့ FTP Configuration ပါ. FTP ဆိုတာ File Transfer Protocol ရဲ့အတိုကောက်ပါ။ အွန်လိုင်း server ရှိရင် အဲ့ဒီ server ပေါ်ကို file တွေတင်တဲ့ အခါမှာ သုံးပါတယ်။ အဲ့ဒီရဲ့ Setting တွေကို Server ဝယ်တဲ့ အခါ အကုန်ပါ ပါတယ်။ အခုကတော့ local server မို့လို့ ဒီအတိုင်း next နှိပ်လိုက်ပါ။

အဆင့် ၆ ကတော့ Configuration ပါ။

ဒီအဆင့်မှာ Site Name နေရာမှာ သင့် Website နာမည်ထည့်ပေးပါ။  Your-Email နေရာမှာ သင့်ရဲ့ email တစ်ခုခုကို ထဲ့ပါမယ်။ Admin User name နဲ့ password ကို ကြိုက်နှစ်သက်ရာ ထည့်ပေးရပါမယ်။ Confirm Admin password မှာ အပေါ်က Admin password နဲ့ တူအောင် ပြန်ထည့်ပေးပါ။ ပြီးရင်တော့ အခုလုပ်လိုက်တဲ့ joomla site မှာ ဘာ ဒေတာမှ မရှိသေးတဲ့အတွက် Install sample data ကိုနှိပ်ရပါမယ်။ Sample Data Sucessfully Install ဖြစ်ပြီဆိုရင်တော့ Next ဆက်နှိပ်ပါ။

အဆင့် ရ မှာတော့ Joomla ကို Install လုပ်ခြင်း ပြီးဆုံးမယ့် အပိုင်းဖြစ်ပါတယ်။

ပုံမှာပြထားတဲ့အတိုင်းဘဲ ပေါ်လာပြီဆိုရင်တော့ Remove Installation folder ကိုနှိပ်ပြီး remove လုပ်ပေးရင်ရပါပြီ။ ဒီအပိုင်းကိုတော့ သေချာလုပ်ပေးရပါမယ်။ Installation folder ကို remove လုပ်မှ ကိုယ့်ရဲ့ website ကို run လို့ရမှာ ဖြစ်ပါတယ်။ Joomla ရဲ့ security feature တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ install လုပ်ထားတဲ့ user data တွေက installation folder ထဲမှာ မှတ်ထားတာမို့လို့ ဖျက်ပေးရတာပါ။ အားလုံးပြီးသွားပြီဆိုရင်တော့ Joomla ကို Installation လုပ်ခြင်း ပြီးဆုံးပါပြီ။ မိမိ browser မှာ http://localhost/joomla လို့ ရိုက်ထည့်ပြီးတော့ website ကို ကြည့်ရှုနိုင်ပါပြီ။

Myanmar Website Tutorials မှကူးယူတင်ပြခြင်းဖြစ်ပါသည်။

8 comments

  • kai

    March 7, 2013 at 4:58 pm

    အဲဒီမှာမှ.. ဟိုဟာPlug-in လေးထည့်ကြည့်.. ဒီဟာTheme လေးထည့်ကြည့်နဲ့.. ဖြည်းဖြည်းလုပ်သွားရင်.. ကျွမ်းကျင်သူဖြစ်သွားမှာပါ..။

    စကားမစပ်..
    MySQL ကို.. Performance Optimization များကိုရင်လူခါးနားလည်သလားဗျ..
    အခု မန်းဂဇက်ဝက်ဘ်ဆိုက်ရဲ့.. MySQL ကတခုခုကြောင်နေတယ်ထင်လို့..
    အဆင်ပြေရင်.. Memory 4G အတွက်..Performance မြင့်တဲ့ my.cnf လေးတခုလောက် ပြပါလား..။

    • လူခါး

      March 7, 2013 at 5:33 pm

      ဟုတ်ကဲ့ … ရပါတယ်၊ ဘယ်လိုကြောင်တာလဲ မသိဘူးနော် … ပြီးတော့ db က innodb ပဲလား? 🙂

  • WP ထက်စာရင် Joomla က
    install လုပ်ရတာ ပိုလွယ်တယ်ထင်တယ် …
    WP ကတော့ ဟို ဖိုင်ထဲမှာ သွားပြောင်းရတယ် …
    ဒီမှာတော့ တစ်ခါတည်း အင်စတော လုပ်ရင်းနဲ့ ပြောင်းသွားရုံပဲ ….
    Joomla ကိုတော့ သိပ်မသုံးတတ်ဘူးဗျာ ….

    • we R one

      March 9, 2013 at 11:58 am

      Joomla မတုံးတတ်ရင် ဂန္ဓာရီ ချီမှ တင်.. 😛

  • kai

    March 8, 2013 at 12:34 am

    MyISAM နဲ့ပါ.. phpmyAdmin ထဲ.. Advisorအကြံပေးတဲ့ အတိုင်းလိုက်လုပ်နေတာ..
    အောက်က အင်ရုးးအတွက်.. Add indexes ကိုဘယ်လိုလုပ်ရမှန်းနားမလည်လို့..

    လောလောဆယ် ဒေတာဘေ့စ်က ၁ဂစ်ရှိနေပါတယ်။
    အဲဒီထဲ.. Handler read rnd next က ၃ဂစ်လောက်ဖြစ်နေလို့ပါ..။
    ==
    Issue:
    The rate of reading the next table row is high.

    Recommendation:
    This indicates that many queries are doing full table scans. Add indexes where applicable.

    Justification:
    Rate of reading next table row: 126903.67 per second, this value should be less than 1 per hour

  • လူခါး

    March 8, 2013 at 5:25 pm

    index add ပေးဖို့လိုတာဖြစ်မယ်ဗျ။

    http://dev.mysql.com/doc/refman/5.0/en/create-index.html
    http://stackoverflow.com/questions/3002605/how-to-add-indexes-to-mysql-tables

    အဲဒီလင့်ခ်တွေနဲ့

    http://www.notesbit.com/index.php/web-mysql/mysql/mysql-tuning-optimizing-my-cnf-file/
    http://blog.jambura.com/2011/09/10/tuning-optimizing-my-cnf-file-for-mysql/
    http://forums.cpanel.net/f189/best-optimization-my-cnf-269391.html
    http://mysqldatabaseadministration.blogspot.com/2005/11/mysql-5-optimization-and-tuning-guide.html

    လင့်ခ်တွေမှာတော့ နည်းနည်းဖတ်ကြည့်လိုက်ပါလား၊ အဲဒါမှမရဘူးဆိုရင်တော့ တစ်မျိုးကြံကြတာပေါ့။ gtu.myowin@gmail.com ကို အဒ်ပေးပါလား၊ ဒီမှာကျတော့ ပြောရတာ အဆင်ပြေပါ့မလား။ 🙂

    • kai

      March 9, 2013 at 4:49 pm

      အောင်မြလေး.. ၁-၂-၃ နဲ့များရမလားလို့..
      ဆရာက..စာတွေဖတ်ခိုင်းနေပါလေရော…

      လုပ်ကြည့်ပါ့မယ်..
      အချိန်တော့ နည်းနည်းယူမယ်နော… :kwi:

      • လူခါး

        March 9, 2013 at 8:22 pm

        ကျွန်တော်လည်း မအားသေးတာနဲ့၊ ဖတ်စရာ ရှာပေးလိုက်တာပါ။ စာတော့ ဖတ်ရမယ်ဗျ၊ ကျွန်တော်လည်း ပြဿနာ တစ်ခုခု ကြုံပြီဆို၊ ရှာရှာ ဖတ်ဖြစ်တယ်။ နောက်ကျတော့ အင်္ဂလိပ်စာ စာဖတ်အားပါ တက်လာတယ်ဗျ၊ များများသာ ဖတ်ဗျာ။ 🙂

Leave a Reply