အိမ်ရှေ့စံသံပါးစပ်ကြီး

myanmarnavy seadogMarch 7, 20131min186

Myanmar NAVY မှာ အရာရှိတွေဟာ ကောင်းရင် ကောင်းသလို ဆိုးရင် ဆိုးသလို ရဲဘော်တွေက နာမည်ပြောင်ပေး ကွယ်ရာမှာ တိ်တ်တိတ်ခေါ်ကြပါတယ်။ ဒီလိုခေါ်ရင် အဲဒီနာမည်ပြောင်များကို နှစ်နဲ့ချီလာတော့ သူတို့ရဲ့ best man များကတဆင့် အဲဒီအရာရှိတွေ ကိုယ့်နာမည်ကိုယ် သိသွားကြပါတယ်။ ငါးမည်ရ ဖင်ကြီးမ ခေါ် ပရိုမီနာ အကြောင်းကတော့ ညီငယ် နေမင်းသူ ရေးသွားပြီမို့ သူ့အကြောင်းတော့ မရေးတော့ပါဘူး။ မှုန်တိုင်းကြီး ဗိုလ်မှူးကြီးတင်မောင်ညွန့် ရဲဘော်တွေ အလေးမပြုဘဲ သူ့ရှေ့က ဖြတ်ရင် မှုန်တိုင်းကျသလို ဒေါသ ကြီးတတ်လို့ သူလည်းထွက်သွားပါပြီ။ ရန်ရှာ ဗိုလ်မှူးရန်နိုင် ယခု လက်ရှိ တရခ မှာ ဆရာကြီးတွေကိုမိုက်မိုက်ရိုင်းရိုင်း ဆက်ဆံ ရန်ရှာ ဒေါသကြီး ကိုယ်ကြိုးရှာ အရာရှိဆိုး လို့နာမည်ကြီးပါတယ်။ နာမည်ပြောင်ကြောင့်ဒုက္ခရောက် တပ်မတော်က ပြုတ်သွားသူတစ်ဦးကတော့ ဂဏန်း လို့ခေါ်တဲ့ ဒုမှူးကြီး အောင်ကိုကို ပါ သူ့ကို ညှပ်တတ်လွန်းလို့ ရဲဘော်တွေက ကွယ်ရာမှာ ဂဏန်းလို့ခေါ်တာ သူ့ကိုယ်သူလည်း သိပါတယ် မောရဝတီရေတပ်စခန်း ဌာနချုပ်မှာ ဒုဌာနချုပ်မှူး တာဝန်ထမ်းဆောင်စဉ် သူ့အိမ်ကထမင်းချက် စစ်သည် ရဲဘော်ကို အဲဒီနေ့က ဘာဟင်းချက်လဲ မေးလိုက်စဉ် စစ်သည်က ဂဏန်းဟင်းချက်ကြောင်း ရိုးသားစွာဖြေလိုက်တာပါ။ တကယ်လည်းဂဏန်းဟင်းချက်တာပါ။ ဒါကိုစော်ကားတယ်လို့ဆိုပြီး ပါးကိုရက်စက်စွာ ရိုက်နှက်ရာမှာ အဲဒီစစ်သည်က မခံနိုင်တော့ တိုင်ပါလေရော သာမန်ဆွေမရှိ မျိုးမရှိ အညတရ စစ်သည်ဆိုရင်တော့ ဇါတ်သိမ်းတစ်မျိုးပေါ့။ ဖြစ်ချင်တော့ စစ်သည်ရဲ့ ဦးလေးအရင်းခေါက်ခေါက်က ARMY မှာ ဒုဗိုလ်မှူးကြီး တစ်ဦးဖြစ်လေတော့ ဇါတ်သိမ်းမလှ ဂဏန်းဘဝ လူဝတ်လဲ ယူနီဖေါင်းချွတ်လိုက်ရပါရော။ ကြာကူလီ မောင်မောင်အေး ဗိုလ်မှူး မောင်မောင်အေး သူက အခြားအဆင့် ရဲဘော်က ဖြစ်တာ ရဲဘော်မိမ်းမ ဆရာကြီး မိန်းမ မရှောင် ကြာကူလီရိုက်တတ်လွန်းလို့ သူလည်းထွက်သွားပါပြီ။ရလွတ်ဘလွတ် ဗိုလ်မှူး သိန်းဝင်း သူကပြုတ်သွား။မှင်စာလေး ဒုမှူးကြီး နေအောင်ကျော်။ ဗိုက်ကလေး ဒုမှူးကြီး ဖြိုးကိုလင်း တရခ ရေယာဉ်စုမှူး ။ နတ်ဆ်ိုး လို့ခေါ်တဲ့ ဒုဗိုလ်မှူးကြီး မြတ်စိုး။ တနင်္သာရီ ရေတပ်စခန်းဌာနချုပ်ကနေ အရပ်ဘက်ပြောင်း။ သူလည်းနာမည်ဆိုးနဲ့ကျော်ကြားပါတယ်။ ပုတီးကုန်း စိန်ဝင်းကတော့ ဗိုလ်မှူး စိန်ဝင်း သူကတော့ နာမည်နဲ့လိုက်အောင် ရဲဘော်တွေရဲ့ လေးစားကြည်ငြိုခြင်းခံရတဲ့ ရဲဘော်တွေအမှတ်ရ နေတဲ့ အရာရှိကောင်းတစ်ယောက်ပါ။နောက် တစ်ဦးကတော့ ကလင့်အိစ်ဝုဒ် ဒုမှူးကြီးချိုသန်းမောင် သူကလည်း အခြားအဆင့် ရဲဘော်တွေချစ်တဲ့အရာရှိကောင်းပါ ခက်တာက နေဗွီ မှာ ရဲဘော်တွေ ချစ်ခြင်းခံရတဲ့ အရာရှိတွေ မမြဲပါဘူး အထက်ကိုမရောက် နှုတ်ထွက်ခိုင်းလိုက်တာ ချည်းဘဲ။  နောက်တစ်ဦးကတော့ ကျားကြီး ခေါ် ဒုဗိုလ်မှူးကြီး ဆန်းမောင် ပါ သူကတော့ ရပိုင်ခွင့် လုပ်ပိုင်ခွင့် ထဲက ရသမျှဝါးစား အရိုးအရင်းလေးတွေကိုတော့ တပည့်တွေကိုကျွေးတတ်လို့ ကျားကြီးအမည်တွင်ခဲ့ရတာပါ။ သူလည်း NAVY မှာမရှိတော့ပါဘူး။ အထက်လူကြီးတွေနဲ့ အဆင်မပြေတော့ ရခိုင်မှာ ၅ နှစ် ချောင်ထိုးထားပြီး တပ်မတော်က နှုတ်ထွက်ခွင့်ပေး မောင်းထုတ်တာခံလိုက်ရသူပါ။ကျားစားတာက အရိုးကိုက်ရသေး သံပါးစပ်ကြီးဝါးရင် အရိုးတောင်မကျန်ဘူး ဆိုတာ လက်ရှိအိမ်ရှေ့စံ ဒုကာကွယ်ရေးဦးစီချုပ်ရေ (သို့) အရာရှိချုပ်ရေ ဗိုလ်ချုပ်တင်အောင်ဆန်းပါ Myanmar NAVY ရေ မင်းတော့ အရိုးပါမကျန် ဝါးစားခံရမှာ ငါမြင်ယောင်မိသေး ဟေးဟေးဟေး

14 comments

  • ဦးကြောင်ကြီး

    March 8, 2013 at 11:34 am

    ရေတပ်မှာ သမီးလေးတွေ ရှိဗူးလား…။ ရေကူးဝတ်စုံလေးတွေနဲ့ သေနတ်ကြီးကိုင်ထားရင် သိပ်ကြည့်လို့ကောင်းမှာ….. 😳

  • kai

    March 8, 2013 at 12:48 pm

    ပြောရရင်.. ၈၈ အရေးတော်ပုံကာလက.. လူထုနဲ့အတူတူ.. စီးမျောလိုက်ပါခဲ့တာ.. လေတပ်နဲ့ရေတပ်ပဲ..
    သိလိုက်သလောက်.. ပြုတ်ထုတ်သတ်ခံရတာလည်း.. မနည်းဘူးပဲ..

    ပြောကြတယ်..
    လေနဲ့ရေရဲ့စစ်သည်အဆင့်ကကိုက.. အာမီထက်စာရင်.. အတန်းပိုကြီးသတဲ့လေ..
    အမှတ်တရပါ..။

    • Foreign Resident

      March 8, 2013 at 1:09 pm

      အတိအကျ မှန်အောင် ပြောရမယ် ဆိုရင် ၊
      ၈၈ အရေးတော်ပုံတုန်းက ဆန္ဒပြကြတာ တပ် ၅ တပ် ပါပါတယ် ။

      ၁ ။ ရေတပ် ။
      ၂ ။ လေတပ် ။
      ၃ ။ ဆေးတပ် ။
      ၄ ။ ကာကွယ်ရေး ပစ္စည်း စက်ရုံ / တပ် ။
      ၅ ။ လေထီး ( ၁၆ ) ။

      အမှတ်စဉ် ( ၁ ) ကနေ ( ၄ ) အထိ တပ်တွေဟာ ၊
      ပညာသည် လက်ရုံး တပ်တွေ ဖြစ်တာမို့ ၊ မဆလ ခေတ်တုန်းက ၊
      ရဲ ဘော်သစ် ဝင်ချင်ရင်တောင် ( ၈ ) တန်းအောင်မှ လက်ခံတာပါ ။

      အမှတ်စဉ် ( ၅ ) လေထီး ( ၁၆ ) တပ်ကတော့ ၊
      ခြေလျှင်တပ် Infantry ထဲက အတော်ဆုံးတွေ စုထားတာပါ ။

      အဲဒီ အချက်တွေ စုပြီး စဉ်းစားလိုက်ရင် ၊
      အဲဒီ တပ် ၅ တပ် ဘဲ ကွက်ပြီး ၊
      ဘာကြောင့် ဆန္ဒပြကြတာလဲ ဆိုတာ ထင်ရှားလာပါတယ် ။

      သူတို့ က ပညာ နဲနဲ တတ်နေတယ်လေ ။

    • ရဲစည်

      March 8, 2013 at 6:22 pm

      အာမီနဲ့ အင်ဖင်ထရီ ကွဲစေချင်ကြောင်း …
      :harr:

  • Char Too Lan

    March 8, 2013 at 3:07 pm

    တခြားသိတဲ့သူတွေလဲ ဒါမျိုးရေးပေးရင်ကောင်းမယ်
    ကြပ်ပြေးမှာက အဲ့ဒီလောက်မပါဘူးလေ … 🙂

  • ဦးဦးပါလေရာ

    March 8, 2013 at 6:42 pm

    ရေတပ်က တပ်မတော်သား မိတ်ဆွေကြီးရေ-
    ကျုပ်တို့ရွာထဲဝင်လာပြီး သိသင့်သိထိုက်တာလေးတွေ မျှဝေ ပြောပြတာ ကျေးဇူးတင်ဝမ်းမြောက်ပါတယ်။
    မိတ်ဆွေရွာသားထဲမှာ ရေတပ်အရာရှိကြီးတစ်ယောက်တိုးလာတာလဲ ဂုဏ်ယူပါတယ်ဗျာ..။

    တစ်ခုတော့အကြံပြုချင်ပါတယ်…..
    ဌာနဆိုင်ရာတွေက အမှားအယွင်းတွေ မတော်မတည့်တွေကိုရေးရင်
    လူအမည်၊ ဌာန ၊ ရာထူး အတိအကျနဲ့ရေးဘို့ထက်
    ဒီနယ်ပယ်တွေမှာ ဒီလိုဒီလိုတွေဖြစ်နေကြောင်း
    (နာမည်၊ရာထူးတွေမပါပဲ) လုံးရိုက်ပြီးရေးရတာက
    ကိုယ့်အတွက်ရော အခြားရွာသားများအတွက်ရော ရွာကြီးအတွက်ရော
    ပိုကောင်း ပိုသင့်တော်မယ်လို့ ထင်မိပါတယ်ဗျာ။
    ဒါကတော့ ကျုပ်ရဲ့တစ်ဦးချင်းအမြင်လေးပြောကြည့်တာဖြစ်ပါကြောင်း…။

    • MaMa

      March 8, 2013 at 10:43 pm

      ထောက်ခံပါတယ် ဦးဦးပါ။
      တည်ငြိမ်အေးချမ်းနေတဲ့ရွာလေးကို မတည်မငြိမ်လှုပ်ရှားလာမှာ မလိုလားပါ။ 🙂

  • pooch

    March 8, 2013 at 11:19 pm

    နာမည်တွေ တပ်ပြီးရေးတာထက် စာရင် ဦးပါပြောသလိုပဲ ဒီနယ်ပယ်မှာ ဒီလိုတွေရှိတတ်ကြောင်း ပြောတာ ပိုကောင်းမယ်လို့ ယူဆပါတယ်။

    နာမည်တွေ တပ်ရေးတာက ရေရှည်မှာ အကျိုးအပြစ်တွေ ရှိကောင်းရှိလာနိုင်တာမို့ပါ။ ကြာကြာဝါးမဲ့သွားက အရိုး ကြည့်ရှောင်ရပါတယ်။

    ခုလို ရေးပြတာကို အားပေးပါတယ်။ လက်လှမ်းမမှီတဲ့ မသိတဲ့ အရာတွေ သိရလို့ပါ။

  • DEPARKO DEPARKO

    March 9, 2013 at 11:23 am

    ဝါးလုံးရှည်နဲ့ ချီးသုတ်ရမ်းတာဆိုရင်တော့ ဆရာသမားဇါတ်သိမ်းမလှဖြစ်လိမ့်မယ်နော်. ဆရာသမားစာတွေက မနာလိုစိတ်ကြီးနေသလားလို့ ရာဇပုလ္လင်ဆိုတာ ဘုန်းကံရှိတဲ့သူတွေဘဲရောက်တာ အပြုသဘောထက်အပျက်သဘောဆောင်နေသလားလို့

  • ဦး ကျောက်ခဲ

    March 9, 2013 at 11:48 am

    ဟမ်း… ဖတ်ရတာတော့ ကောင်းပါတယ်…
    ရေးပုံရေးနည်းက အတုံးလိုက်အတစ်လိုက်မို့ ” ရေမြုတ်မိုင်း ” လို့ ကင်ပွန်းတတ်လိုက်မယ်…
    ကိုယ့်ဆရာကို အကြံပေးပါရစေ http://photayokeking.org/ မှာသွားတင်ပါလားဗျာ…

  • ပြုပြင်စေချင် ကောင်းစေချင်လို့ရေးတယ်ဆိုရင် နာမယ်ရင်းတွေမတပ်ဘဲရေးသင့်ပါတယ်။
    အဲ နာမယ်တပ်ပြီးမှရေးချင်တယ်ဆိုရင် ယုံထင်ကြောင်ထင်မဖြစ်အောင် ရေးသူက လည်း ကိုယ်တိုင် ဘယ်သူဆိုတာ ဖော်ပြပြီးရေး
    အဲဒါဆိုအားလုံးအတွက်ကောင်းတယ်ဗျာ။

  • ခင်ခ

    March 9, 2013 at 12:33 pm

    myanmarnavy seadog ရေ အမည်ပေး ကင်းမွန်းတပ် ပိုစ့်လေးပါလားကွယ်။
    တစ်ခုတော့ရှိပါတယ် အင်တာနက်စာတွေကို ဖတ်ရှု့တဲ့စာဖတ်ပရိတ်သတ်ဆိုတာ အကန့်အသတ်မရှိ ကျယ်ပြန့်လှပြီး အနည်းအများ မှန်းဆရခက်ပါတယ်၊ အကယ်လို့ ပြုပြင်လိုတဲ့ သဘောနဲ့ရေးချင် တယ်ဆိုရင် အမည်အရင်းတွေကိုတော့ လွဲပြီးရေးသင့်ပါတယ်။
    အဲ သူတို့အမည်တွေကို လွဲပြီးမရေးချင်ဘူး တည့်ဘဲရေးမည်ဆိုရင် ပိုစ့်ရေးသူလည်း အမည်လွဲနစ်နိန်း မပေးဘဲ မိမိ အမည်အရင်း တည့်တာရေးသင့်တာပေါ့ဗျာ။
    နေရာတိုင်းမှာ မောင်ရင် ရေးပြသလိုရှိတတ်တာပါဘဲ အဆန်းတော့မဟုတ်ပေမယ့် လူပေါင်းများစွာရဲ့ အမည်ရင်းတွေနဲ့ နာမည်ပြောင်တွေကို ခုလိုရေးတဲ့ မောင်ရင်ကိုတော့ ဘယ်လိုလူပါလိမ့်လို တွေးနေမိတာ အမှန်ဘဲကွယ်။

  • ရာမည

    March 9, 2013 at 2:30 pm

    ဇတ်လမ်းဆင်ပြီး ရေးပါလားဗျာ
    ***************-*********

    တနေ ့သ၌
    ကျွန်ုပ်နှင် ့ မိတ်ဆွေကြီး ကိုမြင် ့ကျော်တို ့သည် ပင်လယ်ကမ်းခြေ အနီး အနာယူနေကြစဉ်
    ဧရာမ စည်သွပ်ဘူးကြီးတစ်လုံး မျောလာသည်ကို တွေ ့ရသည် ့အခါ
    ကျွန်ုပ်မှာ ဝမ်းသာအားရ ထအော်မိလေသည် ။
    သေသေချာချာ ကြည် ့မိလေသောအခါ ထိုအရာမှာ ——-=—
    ရေ မြှုတ် ဗုံး (ဒုတိယကမ္ဘာစစ် လက်ကျန်)
    အဟဲ နမူနာပါခင်ဗျာ

  • padonmar

    March 9, 2013 at 8:33 pm

    myanmarnavy seadog ရေ
    ဗဟုသုတတော့ရပါတယ်။
    တစ်ချို့ကိစ္စတွေက သူ့ဖက်ကကြည့်ရင် လက်ဖမိုး ၊ကိုယ့်ဖက်ကကြည့်ရင် လက်ဖဝါး ဆိုတာမျိုး ရှိတတ်ပါတယ်။
    seadog လည်း ခံစားချက်တွေ ရင်ဖွင့်တာဖြစ်ပေမယ့်
    သူတပါး မိသားစုမှာ သိက္ခာထိခိုက်နိုင်တာဖြစ်လို့
    ပုဂ္ဂိုလ်ရေး နာမည်တပ်ပြီးတော့ မရေးတာ အကောင်းဆုံးပါပဲ။

Comments are closed.