ရှူး တိုးတိုး

myanmarnavy seadogMarch 7, 20131min131

တစ်နေ့က စက်မှုလက်မှုက အရာရှိငယ်တစ်ယောက်မူးမူးနဲ့ ရင်ဖွင့်လေရဲ့။ အကြောင်းက နိုင်ငံခြားကို ချစ်ကြည်ရေး စေလွှတ်တဲ့ စစ်ရေယာဉ် (ဒုံးတင်) ၅၆၁ နဲ့ ၅၆၂ ကို စင်္ကာပူနိုင်ငံကိုမစေလွှတ်ခင် အားခြင်းပြင်ဆင်ရေးတွေလုပ် ဒုံးတင်အခွံလွတ် (ပိန်လိမ်နေသော ဒုံးပျံမပါ C801 type) တွေတပ် EOD စနစ်အတု ရေယာဉ်ခေါင်မိုးပေါ်မှာ အားခြင်း ဂဟေဆော် ကြိုးတောင်မပါဘူးတဲ့။ ရေဒါအတု( လက်နက်စနစ်) တွေတပ် ။ အလေးချိန် ၄ တန်လောက်ကို ရေယာဉ်ခေါင်မိုးပေါ် ကြည့်မကောင်းရှုမကောင်း တင်ထားလိုက်ကြတာ စင်္ကာပူရောက်တော့ စင်္ကာပူရေတပ်ကကောင်တွေ ရေယာဉ်ပေါ်တက်လေ့လာပြီး အလွန်အံ့အားသင့်ကြလို့ မြန်မာနိုင်ငံရဲ့ ကြိုးမဲ့စနစ်သုံး အဆင့်အလွန့်အလွန်မြင့် စွမ်းအားရှင် လက်နက်စနစ်တွေကိုလေ့လာဘို့ မြန်မာပြည်ကိုရောက်ရှိနေကြကြောင်းပါ။ အခုမြန်မာနိုင်ငံရေတပ်မတော်ကြီးမှာ တပ်ဆင်ထားတဲ့ ဒုံးပျံတွေဟာ မပစ်ခင် သရဏဂုံတင်။ အမြောက်တွေကြတော့ တပ်ထားတဲ့ အဝယ်တော်တွေ(အိပ်ထဲတစ်ဝက်) ဝယ်ထားတဲ့ ခပ်ညံ့ညံ့ နည်းစနစ်တွေကို ပေါချောင် မကောင်းဝယ်ထားလေတော့ ထိချင်ထိ မထိချင်နေ ကောင်းသူထိတ် မကောင်းသူထိတ် ပြောင်းထိုးချိန်ပစ် မြန်မာပြည်ကို တက်သိမ်းတဲ့ အင်္ဂလိပ်ခေတ်ကိုရောက်။ တပ်ဆင်ထားတဲ့ နည်းစနစ်တွေတော်တော်များများဟာ ပျက်စီးချို့ယွင်း  တရုတ်က ဝယ်လိုက်တဲ့ ဖရီဂိတ်နှစ်စီးကလည်း အနှစ်နှစ်ဆယ်ကျော်သက်တမ်းနဲ့  ဒီမှာ ဆောက်တဲ့ဖရီဂိတ်တွေကလည်း ခတ်ညံ့ညံ့ ပြင်ဆင်ရေးအတွက် သံပြားမကျ ရောင်းစားနေကြလို့ ဒေါက်တင်တဲ့ စစ်သဘောင်္တွေ သံချေးမခေါက် ဆေးထပ်သုတ်လို့ လွန်းဆင်း ပင်လယ်ပြင်ကြံ့ခိုင်ရေးမရှိ အမြောက်ပစ်စင်တွေဆို ဆွေးမြေ့ သံချေးစား ပစ်ဘို့နေနေသာသာ ရေပေါ်ပေါ်ဘို့ တောင်အာမခံချက်မရှိ တဲ့ စစ်သင်္ဘောတွေနဲ့  လဒူရုပ် ထုံးသုတ် လိမ်နေကြကြောင်းပါဗျို့။

6 comments

  • Foreign Resident

    March 7, 2013 at 8:21 pm

    ” တပ်ဆင်ထားတဲ့ ဒုံးပျံတွေဟာ ၊
    မပစ်ခင် ( ပစ်မယ့်သူ ၊ ကိုယ့်ဖာ့သာကိုယ် ) သရဏဂုံတင် ”

    ကြားဘူးတယ် ။ သိတယ် ။
    အော် ၊ တိုင်းပြည်က ဆင်းရဲတာကိုးကွယ် ။
    ဒီလောက်ပဲ ရတော့မပေါ့ ။

  • နေဝန်းနီ

    March 7, 2013 at 8:35 pm

    ခြေလျင်မှာ နေခဲ့တုန်းက ရဲဘော်လေးတွေ အမြောက်တပ်ကို ပြောတာကြာူးးတယ် ဘာတဲ့ ” ကုန်းပေါ်ကျရင်ထင်းရတယ် ရေထဲကျရင် ငါးရမယ် “ တဲ့ အမြောက်ဆံကျမဲ့နေရာကိုပြောတာပါ………။ ဒီကျတော့ပို ဆိုးနေပါရော့လား ဒီလိုအကျင့် ဆိုးတွေနဲ့တော့ လွယ် ပါဘူး

  • မောင် ပေ

    March 7, 2013 at 9:37 pm

    ပို ့စ်ပိုင်ရှင် ပြောသလို ဆိုရင်
    အားကိုးချင်စရာအပြည့်ပါကလား

  • awra-cho

    March 8, 2013 at 10:32 am

    fb မှာတော့ နေဗီ အကြောင်း မစားရဝ ခမန်းအများကြီး ရေးထားတာ ရှိတယ်ဗျို့ သူ့ဆီကို ဒီစာပို့ရင် ဘယ်လိုနေမယ် သိဘူး၊ ငါးလေး ဟင်းစားတောင်း မှ ထင်ပါ့ကွယ်။

  • Char Too Lan

    March 8, 2013 at 3:36 pm

    အားပေးသွားကြောင်းပါဗျို ့……….
    ရှုး တိုး တိုးးး အားပေးသွားကြောင်းပါခည :harr:
    တခြားတပ်က တခြားလက်နက်တွေကရော အဲ့ဒီအတိုင်းပဲလား
    ဟိုးးးး တနှစ်က တပ်မမှုးတျောက် သံချပ်ကားဂျီးတွေ
    ရေဆေးခိုင်းနေတာတော့ ဖွဘုတ်မှာကျိဖူးတယ် ခည 😀

Comments are closed.