ကျွန်တော် ပြန်လည် တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း (၁)

ရထား

ရထား

ရထား

*******************************

ဘူ တာဆီ နောက်ကျမှဆိုက်ရောက်လာသော ရထားအား

ခရီးသည် များက ၀ိုင်းဝန်း အပြစ် တင်လိုက်ကြသည်။

“ခင်ဗျားဗျာ…နောက် ကျလိုက်တာ”

မောပမ်းလာပုံ ရသော ရထားက

ရှူးရှူးရှဲရှဲ ပြန်ဖြေ၏ ။

“နည်းနည်း ပါးပါးတော့နောက် ကျမှာပေါ့ဗျ၊ ကျုပ် က သံလမ်းကြီးကို ခွ ပြီး လျှောက် လာရတာ”

တာရာမင်းဝေ

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

ရထားဆိုသော စာပေအနုပညာ ဖန်တီးမှုကလေးကို ဖတ်အပြီးမှာ…..

အိပ်ရာ ၀င်ခဲ့ပါတယ် ။

ည မှာ…. အိပ်မက် တစ်ခု မက်ပါတယ် ။

——————————-

888

အလင်းဆက် ၏ အိပ်မက်

မျှော်လင့်ချက်ဆိုတဲ့  အမျိုးသမီးကြီးက… ကျွန်တော်တို့ဆီကို…

နောက်ကျပြီးမှ …ဆိုက်ရောက်လာပါတယ် ။

ကျွန်တော်တို့က…

“ ခင်ဗျားဗျာ….နောက်ကျလိုက်တာ..။ ကျွန်တော်တို့က စောင့်လိုက်ရတာ…မောနေပြီ ။

အခုမှ ပဲ..ရောက်လာတော့တယ် …”

အဲဒီလို ၀ိုင်းပြောကြတော့…မျှော်လင့်ချက်ဆိုတဲ့ အမျိုးသမီးကြီးက……

ရှူးရှူး ရှဲရှဲ နဲ့ ပြန်ပြောပါတယ် ။

“ ရောက်လာနိုင်တာပဲ..ကျေးဇူးတင်ဦးလေ.. ။ လမ်းတလျှောက်မှာ… ရင်ဆိုင်ဖြေရှင်း ခဲ့ရတဲ့ ..အရှုပ်အထွေးတွေက…

ကြောက်ခမန်းလိလိ များတာ…ရှင့်….. ”

သူ့ စကား ကြားရတာ… ကျွန်တော်တို့ ရင်ထဲကို…

ရထားကြီးတစ်စီး… ဖြတ်မောင်းသွားသလိုပါပဲ ။

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

777

လက်တွေ့ 

အိပ်မက်က နိုးတော့……

ကျွန်တော်..ကတုန်ကယင် ဖြစ်နေပါတယ် ။

အိပ်မက် ထဲမှာတော့… မျှော်လင့်ချက်ဆိုတာကြီးက…

ကျွန်တော်တို့ဆီ…..ရောက်တော့ ရောက်လာပါသေးတယ် ။

နောက်ကျြ့ပီးမှ ရောက်လာစေဦးတော့…..

ရောက်လာနိုင်တယ်..ဆိုတာကို…က…….

ဝမ်းသာ စရာပါ ။

——————————-

တကယ့်လက်တွေ့ မှာရော……

ကျွန်တော်တို့  ရဲ့ မျှော်လင့်ချက် တွေက…..

ကျွန်တော်တို့ဆီ……..

ရောက်လာနိုင်ပါ့မလား….????

666

အိုးးးးးး

မရောက်လို့တော့ ဘယ်ဖြစ်မလဲ….. နော် ။

ရောက်အောင်တော့… လုပ် ရမှာပဲ… ။

ရထားကြီးတစ်စီး….တဂျိန်းဂျိန်း ခုတ်မောင်းရောက်ရှိလာသလိုမျိုး…….

အားကြိုးမာန်တက်….. ခုတ်မောင်းယူကြရမှာပဲ.. ။

တက်ညီလက်ညီ…ချီတက်ကြရင်တော့……

ရောက်မှာပါ ….။

အင်းးးး

ရောက်မှာပါ ။

နည်းနည်းတော့….နောက်ကျ ရင်.နောက်ကျပါလိမ့်မယ် ။

စနစ်ဆိုး… အုပ်ချုပ်မှု ဆိုးကြီးတွေကို… မနည်းတိုက်ထုတ်..ကျော်ဖြတ်လာရမှာကိုးး….။ ။

:kwi: :kwi:

$$$$$$$$$$$$$$$$$$$$$$$

လေးစားစွာဖြင့်…

အလင်းဆက်

555

alinsett

About alinsett

alinsett has written 615 post in this Website..

. . .