ကျွန်တော် ပြန်လည် တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း ( ၂ )

alinsettMarch 7, 20131min11710

ကျွန်တော် ပြန်လည် တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း (၁)

ရထား
ရထား

ရထား

*******************************

ဘူ တာဆီ နောက်ကျမှဆိုက်ရောက်လာသော ရထားအား

ခရီးသည် များက ဝိုင်းဝန် း အပြစ် တင်လိုက်ကြသည်။

“ခင်ဗျားဗျာ…နောက် ကျလိုက်တာ”

မောပမ်းလာပုံ ရသော ရထားက

ရှူးရှူးရှဲရှဲ ပြန်ဖြေ၏ ။

“နည်းနည်း ပါးပါးတော့နောက် ကျမှာပေါ့ဗျ၊ ကျုပ် က သံလမ်းကြီးကို ခွ ပြီ း လျှောက် လာရတာ”

တာရာမင်းဝေ

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

ရထားဆိုသော စာပေအနုပညာ ဖန်တီးမှုကလေးကို ဖတ်အပြီးမှာ…..

အိပ်ရာ ဝင်ခဲ့ပါတယ် ။

ည မှာ…. အိပ်မက် တစ်ခု မက်ပါတယ် ။

——————————-

888

အလင်းဆက် ၏ အိပ်မက်

မျှော်လင့်ချက်ဆိုတဲ ့ အမျိ်ုးသမီးကြီးက… ကျွန်တော်တို့ဆီကို…

နောက်ကျပြီးမှ …ဆိုက်ရောက်လာပါတယ် ။

ကျွန်တော်တို့က…

“ ခင်ဗျားဗျာ….နောက်ကျလိုက်တာ..။ ကျွန်တော်တို့က စောင့်လိုက်ရတာ…မောနေပြီ ။

အခုမှ ပဲ..ရောက်လာတော့တယ် …”

အဲဒီလို ဝိုင်းပြောကြတော့…မျှော်လင့်ချက်ဆိုတဲ ့အမျိုးသမီးကြိီးက……

ရှူးရှူး ရှဲရှဲ နဲ ့ပြန်ပြောပါတယ် ။

“ ရောက်လာနိုင်တာပဲ..ကျေးဇူးတင်ဦးလေ.. ။ လမ်းတလျှောက်မှာ… ရင်ဆိုင်ဖြေရှင်း ခဲ့ရတဲ ့..အရှုပ်အထွေးတွေက…

ကြောက်ခမန်းလိလိ များတာ…ရှင့်….. ”

သူ ့စကား ကြားရတာ… ကျွန်တော်တို ့ရင်ထဲကို…

ရထားကြီးတစ်စီး… ဖြတ်မောင်းသွားသလိုပါပဲ ။

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

777

လက်တွေ ့

အိပ်မက်က နိုးတော့……

ကျွန်တော်..ကတုန်ကယင် ဖြစ်နေပါတယ် ။

အိပ်မက် ထဲမှာတော့… မျှော်လင့်ချက်ဆိ်ုတာကြီးက…

ကျွန်တော်တို့ဆီ…..ရောက်တော့ ရောက်လာပါသေးတယ် ။

နောက်ကျြ့ပီးမှ ရောက်လာစေဦးတော့…..

ရောက်လာနိုင်တယ်..ဆိုတာကို…က…….

ဝမ်းသာ စရာပါ ။

——————————-

တကယ့်လက်တွေ့ ့မှာရော……

ကျွန်တော်တို ့ ရဲ ့မျှော်လင့်ချက် တွေက…..

ကျွန်တော်တို့ဆီ……..

ရောက်လာနိုင်ပါ့မလား….????

666

အိုးးးးးး

မရောက်လို့တော့ ဘယ်ဖြစ်မလဲ….. နော် ။

ရောက်အောင်တော့… လုပ် ရမှာပဲ… ။

ရထားကြီးတစ်စီး….တဂျိန်းဂျိန်း ခုတ်မောင်းရောက်ရှိလာသလိုမျိုး…….

အားကြိုးမာန်တက်….. ခုတ်မောင်းယူကြရမှာပဲ.. ။

တက်ညီလက်ညီ…ချီတက်ကြရင်တော့……

ရောက်မှာပါ ….။

အင်းးးး

ရောက်မှာပါ ။

နည်းနည်းတော့….နောက်ကျ ရင်.နောက်ကျပါလိမ့်မယ် ။

စနစ်ဆိုး… အုပ်ချုပ်မှု ဆိုးကြီးတွေကို… မနည်းတိုက်ထုတ်..ကျော်ဖြတ်လာရမှာကိုးး….။ ။

:kwi: :kwi:

$$$$$$$$$$$$$$$$$$$$$$$

လေးစားစွာဖြင့်…

အလင်းဆက်

555

10 comments

  • Mr. MarGa

    March 7, 2013 at 8:46 pm

    ဇွန်ပန်းရုံအနီး
    လှည်းဘီး ကျွံနေသည်
    ကူ၍ တွန်းပေးကြပါ။
    ပြိုင်တူတွန်းလျှင်……………………………….

  • ခိုင်ဇာ

    March 8, 2013 at 8:17 am

    အမှန်တရားက ဖိနပ်စီးနေတုန်း
    အမှား က ကဘာပတ်ပြီးပြီ ဆိုလား ဘာလား။

    အားမလျှော့နဲ့ ရောက်လုပြီ။ ကြိုးစားသွားပါမည်။

    :kwi:

  • ညလေး

    March 8, 2013 at 9:20 am

    အမှန်တရားကို အပြည့်တင်ရင်း မျှော်လင့်ချက်ရထားကြီးကတော့ ကျမတို့ဆီ ခုတ်မောင်းဖို့အသင့် ဖြစ်နေလျက် နဲ့ ရထားထွက်မယ့် သံလမ်းက ခုထက်ထိ မြေနီလမ်းလေး ဖြစ်တုန်းးပါ ့အရောက်တော့လာပါမည်။

  • အလင်းဆက်

    March 8, 2013 at 7:31 pm

    မမခိုင်ဇာ…

    အမှန်တရားက ဖိနပ်စီးနေတုန်း
    အမှား က ကဘာပတ်ပြီးပြီ
    စာသားက အလန်းဗျ ။
    မော်ဒန်ကဗျာလေးလား..ပဲ ။
    :kwi:

    —————

    ညလေး..

    မတွေ ့တာတောင်ကြာပေါ့ ။
    :kwi:
    အရောက်တော့ လာပါလိ်မ့်မယ် ။
    အနောက်တော့…ကျမယ်..ထင်တယ်..ကွယ်…
    :kwi:

  • amatmin

    March 9, 2013 at 10:09 am

    ကိုအလင်းဆက်ရေ..
    ဆက်တွေးစရာလေးအတွက်ကျေးဇူးဗျာ..
    နောက်ကျတာနဲ့ ပက်သက်လို့ ..
    တာရာမင်းဝေ စာလေးတခု.မှတ်မိတာလေး.

    ဘယ်သူမှ နောက်မကျခဲ့ပါဘူး နေဝင်ချိန်ကကို စောလွန်းခဲ့တာပါ…

  • ဗုံဗုံ

    March 9, 2013 at 10:46 am

    အလင်းဆက် ဘာလို့ မိန်းမမရသေးတာလဲ
    ဟုတ်ကဲ့ နည်းနည်းတော့ နောက်ကျရင် ကျပါလိမ့်မယ်
    ဘာဖြစ်လို့လဲဆိုတော့ ပြန်ကြိုက်မယ့်သူမရှိလို်ိ့ပါ :kwi:

  • kyeemite

    March 9, 2013 at 11:51 am

    လူအများ စုဝေးနေကြသည်
    မီးရထားက မလာသေး
    ခရီးဝေးသွားမည့်သူလည်းပါသည်
    ရထားခပေး၍စီးကြပါသည်
    ခလေးခပါပေးကြသည်။… အဟဲ မှတ်မိသလောက် ပြန်ရွတ်ပြတာပါ :kwi:

  • အလင်းဆက်

    March 9, 2013 at 9:26 pm

    ပြန်ကြိုက်မယ့် သူမရှိဘူးဆိုတာက.. ဒီလိုပါ
    ကျွန်တော့်ကို သာ လာ လာကြိုက်ကြပြီး…
    ကျွန်တော်က ပြန် မကြိုက်တာပါ ။
    ကျွန်တော့်ဘက်က ပြန်ကြိုက်ရမယ့်ကောင်မလေး..မတွေ ့သေးလို့ပါ ။

    🙂

  • အလင်းဆက်

    March 9, 2013 at 9:30 pm

    ကိုအမတ်ရေ..
    အဲဒီစာသာလေးက…
    ပန်းလက်ဖဝါးမှာ..ပါးအပ်ပိုင်ခွင့်မရှိတဲ ့ကောင်လေး…ဆိုတဲ ့
    စာအုပ်ထဲက…နော် ။
    🙂

    ဆရာ ့ စာသားလေးတွေ.ပြန်ပြောရတာ..
    ဆရာ့ ကိုလွမ်းလိုက်တာဗျာ….
    ———————

    လေးလေးကြီး…မိုက်…

    ဖတ်ရှု ခံစားရုံမက….
    သားသားတို့ပြန် ဖတ်ဖို ့ ကဂျာလေးပါ..ရွတ်သွားလို ့
    ကျေးဇူး..ပါဂျ ။
    🙂

    ————————

Leave a Reply