“*67 နှင့် လက်ကမြင်းတဲ့လူ”

MgMobileMarch 8, 20131min25720

အားလုံးပဲ မင်္ဂလာပါခင်ဗျာ…..

ကျုပ်လည်း အခုတစ်လော ရွာထဲကို ရံဖန်ရံခါသာ လာရောက်ဖြစ်သလို ပို့မတင်ရတာလဲ

အတော်လေးကို ကြာနေပြီဖြစ်လို့ ဘာမှတော့ မဟုက်ပေဘူးပေါ့ဗျာ….

ကိုယ်ရေးကိုယ်တာလေး တစ်ခုကို ပို့အဖြစ် ရေးသားလိုက်ပါတယ်………..

တစ်နေ့ကမှ ဆိုဒ်တစ်ခုအတွင်းမှာ တွေ့တာ *67 မိမိ ခေါ်ဆိုမည့် ဖုန်းနံပါတ်ကို နှိပ်ပြီး ခေါ်ရင်

မိမိဖုန်းနံပါတ်က အဲ့ဒီ အခြားဖုန်းဖက်မှာ မပေါ်ဘူးလို့ ဆိုထားတယ်…….

နည်းနည်း စာလုံးရေလေး များလာအောင် လေကြော ရှည်ပေးရမယ် ဆိုရင်တော့…..

ကျုပ်နဲ့ လွန်ခဲ့တဲ့ တစ်လလောက်ကမှ ရည်းစားဖြစ်လာတဲ့ ကောင်မလေး တစ်ယောက်ရဲ့

ဖုန်းကို ကျနော် စမ်းကလိ လိုက်တယ်….. ကျုပ်ဖုန်းနံပါတ် သူမ ဆီမှာ မပေါ်ဘူးရင်

သူ့ကိုနည်းနည်း ပျော်စေပျက်စေပေါ့ နည်းနည်း စားပေးလိုက်မယ် ဆိုပြီး သူမ ဖုန်းနံပါတ်ကိုမှ

ကလိလိုက်တယ်… သုံးလေးခါလောက်ခေါ်တယ် ဖုန်းက မဝင်ဘူး ပြန်ပြန်ပြီး ပြုတ်ကျနေတယ်….

ဒီလိုနဲ့ ဘာမှ မဟုက်ပါဘူးဆိုပြီး ဒီအတိုင်းပဲနေလိုက်တယ်…..

နောက်နေ့မှာ သူမက အပြင်မှာ လာခဲ့ဖို့ ခေါ်တယ်… အေးဆေးပဲပေါ့……

ရေလေးဘာလေး ချိုးပီး အမွှေးနှံ့သာ လေးဘာလေးဆွတ်ပီးတော့ ပစ္စည်းတစ်ခု လိုချင်လို့

ဂျီကျမယ် ဆိုရင် ဝယ်ပေးဖို့ မရှိမယ့် ရှိမယ့် ပိုက်ဆံလေး တစ်ပဲခြောက်ပြားလောက်ကို ယူပြီး

သူမချိန်းတဲ့နေရာကို သွားလိုက်တယ်…. သူမနဲ့တွေ့တဲ့ အချိန်မှာ သူမမျက်နှာ တစ်ခုခုဖြစ်နေတာကို

ကျုပ်သဘောပေါက်လိုက်ပါတယ်… အိုစခေပြီပေါ့ ဒီလိုပွဲလန့်တုန်းမှာ ထိုင်ခုံချ နည်းနည်းလူစွမ်းကောင်း

လုပ်ပြီး သူမရဲ့ တင်းမာနေတဲ့ မျက်နှာရဲ့ နှောက်ကွယ်က ကိစ္စလေးကို ဖြေရှင်းပေးလိုက်မယ်ဆိုရင်

ကျုပ်လည်း မျက်နှာရမယ့်ပေါ့။ အခြေအနေက ကိုယ့်ဖက်ကို အပြည့်အဝ ပါနေပြီဆိုတာ မသေချာသေးခင်

မှာတော့ ဒီလိုလေးတွေနဲ့ မျက်နှာလိုအားရ လုပ်ပေးရတတ်ပါတယ်…… သူမ ရဲ့အနား တစ်ပေအကွာလောက်

ကိုရောက်သွားတဲ့အချိန်မှာတော့ ကျုပ်ကြိုတင်တွက်ဆ ထားမှုနဲ့ လွဲခဲ့ပြန်ပါပြီ….

တယုတယ အနမ်းလေးတွေ ခြွေချပေးခဲ့ဖူးတဲ့ ကျုပ်ရဲ့ပါးပြင်ခမ်းကြမ်းကြမ်းလေးကို သူမ ရဲ့မနူးညံ့တဲ့ ဘယ်ဖက်လက်က

ဝှီး… ဆိုပျံဝဲလာပြီး  “ဖျောင်” ဆိုနေအောင် ရိုက်ခက်သွားပါတော့တယ်…. အိပ်မက်မက်နေတာတော့ မဟုက်တာသေချာ

ပါ၏… ဘာလို့ဆိုတော့ ခံလိုက်ရတာက အသိသာကြီးကို….  သူမရဲ့ နှုတ်မလည်း ဆင့်ကာ ဆင့်ကာ မီးသတ်ကား

ဥဩဆွဲသံ ကြားရသကဲ့သို့ စကားလုံး ကျည်ဆံများဖြင့် ကျုပ်ကို အဆက်မပြက် ပစ်ခတ်ပါတော့သည်…….

ကျုပ်ဘာမှ ပြန်လည်ဖြေရှင်းချိန်မရလိုက် ဖြေရှင်းချိန်ရမည်ဆိုပါကလည်း ဖြေရှင်းဖို့ စကားလုံးမရှိ တဲ့အခြေအနေ…….

အကြောင်းက ကျုပ် သူမ အပြင်အခြား ခြေရှုပ်ထားမိသည့် ငတိမ နှစ်ယောက်၏ ဖုန်းများက သူမထံ ဝင်လားပြီး…

ဘာညာသာရကာတွေ ပြောသွားကြသည့်ဟု ကျုပ်သိလိုက်ရပါသည်….. အဲ့ဒီကနေ ပြန်လာပြီး ညနေခင်းတစ်ခုလုံး

စဉ်းစားလို့မရတာက သူမရဲ့ ဖုန်းနံပါတ်ကို ဟိုငတိမနှစ်ယောက်စလုံးက ဘယ်လိုသိသွားရတာလဲ…….  နှစ်ယောက်စလုံးက

သူမ ဖုန်းနံပါတ်ကို သိတယ် အခြားအကြောင်းအရာတွေ ကိုသိမယ်ဆိုတာ  ဖြစ်နိုင်ချေအင်မတန်နည်းတဲ့ ကိစ္စပါ….. ညပိုင်း ကိုးနာရီလောက်

ရောက်တော့ ငတိမ တစ်ယောက်၏ ဖုန်းဝင်လာသည်….. ကျုပ်လည်း မျက်ခုံးခပ်လှုပ်လှုပ်ဖြင့် ကောက်ကိုင်လိုက်တဲ့အခါမှာ….

ကျုပ် တစ်ညနေလုံး စဉ်းစားလို့ မရတဲ့ အကြောင်းအရာ ကိုသိလိုက်ရပါတယ်…. ငတိမ အရင်နေ့က ကျုပ်ဖုန်းကို ခေါ်တဲ့

အခါမှာ မိန်းကလေး တစ်ယောက်နဲ့တွေ့တယ်တဲ့….. သူကလည်း ကျုပ်ကောင်မလေးပါလို့ပြောတယ်တဲ့….. ကွိုင်တယ်ပေါ့….

ထို့နောက်ငတိမ ဘာတွေဆက်ပေါးနေသည်ကို စိတ်မဝင်စားတော့ ကျုပ်အရင်နေ့က ကလိမိတဲ့ *67 ကိုစမ်းဖို့ ငတိမပေါးနေတာကို

ဆက်နားမထောင်တော့ပဲ ဖုန်းချလိုက်တယ်…… ပြီးတော့ ကျုပ်ဆီမှာရှိတဲ့ ဆင်းကဒ်အချင်းချင်း *67 ရှေ့ကခံပြီး ခေါ်ကြည့်လိုက်တယ်

ပြီးတော့ စမ်းကြည့်တဲ့အခါမှာ *67 ခံပြီးခေါ်ထာတဲ့ဖုန်းကို ဒီဖက်ကဖုန်း မအားတဲ့အချိန်မှာ ခေါ်တဲ့ဖုန်းက အဲ့ဒီဖုန်းဖက်ကို သွားဝင်တယ်….

ဟုက်လေ၏… အရင်နေ့က ကျုပ် ဖုန်းပြောတာနည်းနည်းများများတယ်…. ကျုပ်ဖုန်းမအားတဲ့ အချိန်မှာ ငတိမတွေ ခေါ်တဲ့ဖုန်းက

ကျုပ်ရဲ့ ရင်ထဲအသည်းထဲက သူမ ဆီကို သွားဝင်ပြီး ပြဿနာကစခဲတာကို……..

ဒီပို့လေးကတော့ ကျုပ်လည်းဘာရေးရမှန်းမသိတာနဲ့ အရင်နေ့ကမှ ဖြစ်ခဲ့တဲ့ အကြောင်းလေးကို

ရေးလိုက်တာပါ……

*67 နဲ့ကျုပ်ဖြစ်ခဲ့တဲ့ဆင်းကဒ်က  DTAC ဆင်းကဒ်နဲ့ပါ…..

MPT ဆင်းကဒ်နဲ့တော့ စမ်းမကြည့်ရသေးပါဘူး………

မောင်မိုဘိုင်း၏ တောင်လျှောက်ရေး မြောက်လျှောက်ရေး…………

8-3-13 Fri 3:55 am

 

 

 

20 comments

  • ဦး ကျောက်ခဲ

    March 8, 2013 at 8:23 am

    ဟီး…ဟီး.. သေလိုက်ပါတော့ ဆရာမိုဘိုင်းရယ်…
    အဲဒါ… DTAC ရဲ့ CALL DIVERT ကြီးဗျ….
    ဖြစ်မှဖြစ်ရလေဗျာ…
    :harr:

    • ခိုင်ဇာ

      March 8, 2013 at 8:25 am

      ဟမ်??
      အဲလာ ဘာတုန်း ဦးကျောက်။
      ခုန က လာဖတ်ပြီး နားမလည်လို့ ပြန်သွားတာ။ :mrgreen:

    • ဦး ကျောက်ခဲ

      March 8, 2013 at 8:47 am

      တစ်ယောက်ယောက်ကဖုန်းခေါ်လိုက်ချိန် ကိုယ့်ဖုန်းကမအား/ပိတ်ထားရင် *67နဲ့ နှိပ်ထားမိတဲ့ နံပတ်ကို အော်ရှည်မစ်တစ် လိုင်းပြောင်းပေးလိုက်တာပါ ခင်ဗျာ…
      :harr:

      • ခိုင်ဇာ

        March 8, 2013 at 9:03 am

        ပဂိုးဒါး၊ ပဂိုးဒါး။
        ဒါမျိုးတော့ မစမ်းသပ်တော့ပါဘူးရယ်။

        :harr:

  • ရွှေတိုက်စိုး

    March 8, 2013 at 9:16 am

    ဟင် ဟုတ်သလား ဗျ… အဲဒါ တစ်ခါ ရိုက်ထားလိုက်တာနဲ. အမြဲတမ်း လိုင်းလွှဲပေးတဲ့ code လားဟင်…
    ကိုမိုဘိုင်းတော့ အဲလိုဆိုရင်ဖြင့် တဗိုင်းဗိုင်း အရိုက်ခံနေရတော့မယ်..

    • ဦး ကျောက်ခဲ

      March 8, 2013 at 9:29 am

      ပြန်ဖြုတ်လို့ရတယ်ဗျ… ကုဒ်တော့ မေ့သွားပြီ.. ဟီး ဟီး
      :harr:

      • mobile

        March 8, 2013 at 11:31 pm

        ဦးကျောက်ခဲက လမ်းပြပြီးမှ ဈေးကိုင်သွားတယ်ဗျာ……….
        ပြန်ဖြုတ်လို့ရတဲ့ ကုဒ်နံပါတ် ကျုပ်လည်းလေ့လာလိုက်ပါ့အုံးမယ်…..
        အဆင်ပြေရင် ဦးကျောက်လည်း နည်းနည်းလေ့လာပေးပါအုံးဗျာ…..
        ကျုပ်လုပ်လိုက်မိတဲ့ဖုန်းက ကျုပ်အသေကိုင်ထားတဲ့ နံပါတ်ဖြစ်နေလို့ပါဗျာ…..

      • Foreign Resident

        March 9, 2013 at 4:02 am

        မောင် mobile ကလဲ ။

        မခက်ပါဘူးကွယ် ။

        dtac ရဲ့ call ( service ) center နံပါတ် 1678 ကိုဆက် ။
        ပြီးရင် English လိုပြောဖို့ 7 ကိုနှိပ်လိုက် ။

        အဲဒါဆို ( 7 am – 12 pm ကြား ) အော်ပရေတာမလေး ပြန်ထူးလိမ့်မယ် ။
        အဲဒီအခါမှာ ၊ ကိုယ်ဖြစ်နေတာ ၊ ဖြစ်ချင်တာ ပြောလိုက်ပေါ့ ။
        အဲဒီ အော်ပရေတာမလေး က လုပ်ပေးပါ လိမ့်မယ် ။

        အဘ လဲ ထိုင်းမှာဆို dtac happy internet package သုံးတယ် ။
        အဘ နှိပ်ချင်တာတွေ လျှောက်နှိပ် ၊ ၂ ခါ ၃ ခါ နှိပ်မိ ပြီး ၊
        ဘယ် package ရောက်နေမှန်းမသိ ဖြစ်သွားပြီ ဆိုရင် ၊
        အဲဒီ call ( service ) center က အော်ပရေတာမလေးကို ၊
        ကိုယ် လိုချင်တဲ့ ပုံစံ ပြန်ပြင်ခိုင်းလိုက်တာပဲ ။
        အေးဆေးပါ ။

        • mobile

          March 9, 2013 at 10:05 pm

          ဘဂျီးဖောရေ ကျေးဇူးပါပဲဗျို့…..
          ကျနော် ၁၆၇၈ ကိုမေ့နေတယ်………
          ငှဲ…. ငှဲ…… လာထားစမ်း ကုရာနတ်ထိ ဆေးတွေ့သွားပီ……..

    • Foreign Resident

      March 8, 2013 at 9:58 am

      ဟဲ ဟဲ ၊
      တိုက်တိုက် ဖုန်းမှာ *67 နှိပ်ပြီး ၊
      တိုက်တိုက် ရဲ့ အုပ်ထိန်းသူ ဖုန်းနံပါတ်ကို ၊
      လွှဲထားရင် ဘယ်လိုနေမလဲ ။

      တော်သေးတယ် ၊
      မြန်မာပြည်မှာ ဒီစံနစ် မရှိလို့ ။

  • ညလေး

    March 8, 2013 at 9:35 am

    ဖြစ်ချက်က လန့်စရာ အူးအူးမိုဘလိုင်း ရာာ
    ဒါနဲ့ အူးမိုဘလိုင်း ဆီမှာ ငတိမ လေးတွေမနဲတဲ့ အကြောင်း ကြွှားးသွားးထှာာာာ ့တစ်ချက်ထဲတဲ့ နဲထှာာပေါ့ :hee:

    • mobile

      March 9, 2013 at 10:11 pm

      ညလေးရယ် ငတိမတွေ မနည်းတဲ့အကြောင်း ကြွားဒယ်တော့ ဟုက်ပါဘူး….
      ဘာလို့ဆို ငတိမတွေများနေတာ ကြွားစရာမှ မဟုက်တာ…………
      မည်သူပဲဖြစ်ဖြစ် ငတိမတွေ များနေအောင် လုပ်ချင်ရင် လုပ်လို့ရဒါပဲဟုက်စာ……
      ဒါပေမယ့်…. ရွာထဲက
      ဦးကျောက် မှစ၍
      မောင်ပေ
      အံစာတုံး စသဖြင့်……….ဘူပိတ်နေသူများဆိုရင်တော့ မရပေဘူးပေါ့……..

  • မောင် ပေ

    March 8, 2013 at 12:20 pm

    ခြောက်ခွန်
    မျောက်တွန်
    နောက်ကျွံ
    သောက်လွန်
    ဂေါက်ဖွန်

  • မောင်မိုဘိုင်း
    မြန်မာစကားပုံတွေက အလကားထားခဲ့တာမဟုတ်ဘူးအေ့
    အစားမတော်တစ်လုပ်
    အသွားမတော်တစ်လှမ်း
    ကဲ တိုးလို်က်ပြီ
    အနှိပ်မတော် တစ်ချက် လို့

    • mobile

      March 9, 2013 at 10:12 pm

      အနှိပ်မတော် တစ်ချက်က ပါးကြေား ညပ်သလိုကို ဖြစ်သွားတယ်
      ဘကြီးပေါက်ရေ………

  • Mr. MarGa

    March 9, 2013 at 1:31 pm

    အို ဘာတဲ့
    မေးပါများ စကားရ
    သွားပါများ ခရီးရောက်
    မအိပ်မနေ အသက်ရှည် ဆိုတာထက် ပိုနေပါရော့လားကွယ်
    စမ်းသပ်ချင်ဦးဟဲ့ အသစ်အဆန်းတွေ :mrgreen:

    • mobile

      March 9, 2013 at 10:16 pm

      သဂျားမင်းဂျီးဂလည်း လူ့ပြည်လူ့ရွာဂ အကြောင်းဒွေဂို မတိဗဲနဲ့ လျှောက်ပေါးရော့မယ်……
      မေးပါ့များ ပါစပ်ညောင်း
      သွားပါ့များ ခလုပ်တိုက်….
      မအိပ်မနေ အိပ်ရေးပျက်…..ပါဗျ……….
      စမ်းသပ်မှုများရဲ့ နောက်မှာ အတွေ့အကြုံကောင်းတွေ ဆိုဒါရှိစမြဲးပါဗျ………
      မောင်မိုဘိုင်းက ဒီလို တစ်ခါခံလိုက်ရတော့ နောက် ၂ ၁ နဲ့ချောင်း အရိုက်ခံရနိုင်တဲ့
      ကိစ္စမျိုးတွေကျ ရှောင်လို့ရသပေါ့….. ငှဲ… ငှဲ……

  • လက်ကမြင်းတယ် ဆိုပါလား.. ကိုယ့်ကိုကိုယ်တော့ သိသားပဲ..
    အဟဲ..ငါလည်း နီပြောမှ အဲ့ဒါကို တိဒါ.. မှတ်တော့ထားလိုက်တယ်… ခိခိ…

Leave a Reply