“ရွာ၏ အထူးသတင်း ကြေငြာချက်´´( ဆရာ ကိုဆာမိ ၊ ဆရာမ မနိုဗွီ တို့နောက်မှ လိုက်ပါခြင်းပါ။)

 

အခုမြန်စံတော်ချိန် နေ့လည် ၁၁ နာရီရှိပါပြီ အထူး သတင်းများကို ကြေငြာပါမယ်။

“ စာဖတ်သူပရိတ်သတ်ကြီး မင်္ဂလာပါ´´

“သတင်းခေါင်းစဉ်

သူကြီးမင်း၏ ရွာအ၀င် ဆိုက်ရောက်ဗီဇာ ပေးမှု့အပေါ် ရွာလူကြီးအချို့ ကန်ကွက်မှု့ကြောင့် ပြန်ရုတ်သိမ်းခြင်း

ရွာထဲ၌ မီးလန့်မှု့ဖြစ်ပွားခဲ့သော်လည်း လူကြီးတစ်ယောက်အိမ်ဖြစ်၍ စောတီးဗျောမတီးဘဲ ပြီးသွားခြင်း

ရွာအတွင်း မီး လန့်မှု့နှင့်ပက်သက်၍ မနိုဗွီ၏ စီစဉ်မှု့ဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်း´´

 

“သတင်းအစုံအလင်မှာ

ရွာထဲသို ယခင်ဝင်ရောက်လိုလျှင် ၀င်ခွင့်ဗီဇာ ( Log in ) ပြုပြီး သူကြီးမင်း မှ မန်းဘာ အဖြစ်လက်ခံမှသာ ရွာသို့ဝင်ထွက်ခွင့်ရိှခဲ့သော်လည်း လွန်ခဲ့သည် တစ်ပတ်ကျော်ကာလက ရွာတွင်းသို့ ၀င်ရောက်လိုသူ မည်သူမဆို သူကြီးမင်းမှ ဆိုက်ရောက်ဗီဇာ ပုံစံတွင် ပြည်စုံသည်ဖြစ်စေ မပြည့်စုံသည်ဖြစ်စေ ရွာပိုမိုးရှင်း တစ်ရပ်အနေနှင့် ထိုဆိုက်ရောက်ဗီဇာအား ခွင့်ပြုခဲ့ပြီး ရွာလူကြီးတစ်ချို့၏ ကန့်ကွက်ပြောဆိုမှု့ အသံများ ထွက်ပေါ်လာပြီးနောက် ယခုအခါ ထိုဆိုက်ရောက်ဗီဇာအား သူကြီးမင်းမှ ဗီဒိုအာဏာဖြင့် ရုတ်သိမ်းထား ကြောင်း သတင်းရရှိပါသည်။

မတ်လ ၅ ရက်နေ့ညသန်းကောင်ယံတွင် ရွာထဲရှိ သူကြီးအိမ်ဘက်မှ မီးလန့်မှု့တစ်ခုဖြစ်ပွားခဲ့ပြီး ထိုမီးသည် ရွာ၏ သြဇာတိက္ကမ ရှိသူ လူကြီးတစ်ယောက်မှ နွေရောက်တော့မည်ဖြစ်သဖြင့် သတိပေးဇာတ်တိုက်ခြင်း မျှသာဖြစ်သဖြင့် တစ်စုံတရာအရေးယူခြင်း မရှိဘဲ ရွာသူရွာသားများ အထိန်တလန့် ဖြစ်မှု့ကို (sorry) စောတီး ဗျောမတီးဘဲ ပြီးစီးသွားခဲ့ပြီး ယခုအခါ ရွာအနေနဲ့ အေးဆေးငြိမ်သက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

ထို ရွာ၌ အတွင်း မီး လန့်မှု့နှင့်ပက်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခုကို မနိုဗွီမှ ဒီကိစ္စနဲ့ပက်သက်ပြီး ဟူသော ခေါင်းစဉ်နှင့် မတ်လ ၆ တွင် ပြုလုပ်ခဲ့ပြီး ရွာသူရွာသားများ ဆွေးနွေး မေးမြန်းမှု့များကို ပြန်လည် ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အထက်ပါသတင်းများ၏ အသေးစိတ်အကျယ်ကို သိရှိလိုပါက အောက်ပါ သတင်းမှတ်တမ်းတွင် ကြည့်ရှု့လို ကြောင်းတင်ပြရင်း ဒီတစ်ပတ်၏ အထူးသတင်းကြေငြာမှု့ အားဒီမှာတင်ရပ်နားခွင့်ပြုပါ၊ သတင်းကြေငြာသူက ကျွန်တော် ခင်ခ ပါ။ စာဖတ်သူပရိတ်သတ်များ ရွှင်လန်းချမ်းမြေ့ပါစေ´´

(စာတမ်းထိုးခြင်းဖြင့် ဆက်ဖော်ပြရာတွင်-)

သတင်းအသေးစိတ်ဖတ်ရှုလိုလျှင် –

မီး လန့်မှု့သတင်း – http://myanmargazette.net/168996/society-lifestyle/aha-jokes

ဒီကိစ္စနဲ့ ပက်သက်ပြီး သတင်း – http://myanmargazette.net/169030/creative-writing/short-story

( ခရက်တစ် –  ဆရာ ကိုဆာမိ ၊ ဆရာမ မနိုဗွီ )

 

 

ဖတ်ရှု့သူများကျေးဇူးနော်၊

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..