“ရွာ၏ အထူးသတင်း ကြေငြာချက်´´

ခင္ခMarch 8, 20131min19333

“ရွာ၏ အထူးသတင်း ကြေငြာချက်´´( ဆရာ ကိုဆာမိ ၊ ဆရာမ မနိုဗွီ တို့နောက်မှ လိုက်ပါခြင်းပါ။)

 

အခုမြန်စံတော်ချိန် နေ့လည် ၁၁ နာရီရှိပါပြီ အထူး သတင်းများကို ကြေငြာပါမယ်။

“ စာဖတ်သူပရိတ်သတ်ကြီး မင်္ဂလာပါ´´

“သတင်းခေါင်းစဉ်

သူကြီးမင်း၏ ရွာအဝင် ဆိုက်ရောက်ဗီဇာ ပေးမှု့အပေါ် ရွာလူကြီးအချို့ ကန်ကွက်မှု့ကြောင့် ပြန်ရုတ်သိမ်းခြင်း

ရွာထဲ၌ မီးလန့်မှု့ဖြစ်ပွားခဲ့သော်လည်း လူကြီးတစ်ယောက်အိမ်ဖြစ်၍ စောတီးဗျောမတီးဘဲ ပြီးသွားခြင်း

ရွာအတွင်း မီး လန့်မှု့နှင့်ပက်သက်၍ မနိုဗွီ၏ စီစဉ်မှု့ဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်း´´

 

“သတင်းအစုံအလင်မှာ

ရွာထဲသို ယခင်ဝင်ရောက်လိုလျှင် ဝင်ခွင့်ဗီဇာ ( Log in ) ပြုပြီး သူကြီးမင်း မှ မန်းဘာ အဖြစ်လက်ခံမှသာ ရွာသို့ဝင်ထွက်ခွင့်ရိ်ှခဲ့သော်လည်း လွန်ခဲ့သည် တစ်ပတ်ကျော်ကာလက ရွာတွင်းသို့ ဝင်ရောက်လိုသူ မည်သူမဆို သူကြီးမင်းမှ ဆိုက်ရောက်ဗီဇာ ပုံစံတွင် ပြည်စုံသည်ဖြစ်စေ မပြည့်စုံသည်ဖြစ်စေ ရွာပိုမိုးရှင်း တစ်ရပ်အနေနှင့် ထိုဆိုက်ရောက်ဗီဇာအား ခွင့်ပြုခဲ့ပြီး ရွာလူကြီးတစ်ချို့၏ ကန့်ကွက်ပြောဆိုမှု့ အသံများ ထွက်ပေါ်လာပြီးနောက် ယခုအခါ ထိုဆိုက်ရောက်ဗီဇာအား သူကြီးမင်းမှ ဗီဒိုအာဏာဖြင့် ရုတ်သိမ်းထား ကြောင်း သတင်းရရှိပါသည်။

မတ်လ ၅ ရက်နေ့ညသန်းကောင်ယံတွင် ရွာထဲရှိ သူကြီးအိမ်ဘက်မှ မီးလန့်မှု့တစ်ခုဖြစ်ပွားခဲ့ပြီး ထိုမီးသည် ရွာ၏ ဩဇာတိက္ကမ ရှိသူ လူကြီးတစ်ယောက်မှ နွေရောက်တော့မည်ဖြစ်သဖြင့် သတိပေးဇာတ်တိုက်ခြင်း မျှသာဖြစ်သဖြင့် တစ်စုံတရာအရေးယူခြင်း မရှိဘဲ ရွာသူရွာသားများ အထိန်တလန့် ဖြစ်မှု့ကို (sorry) စောတီး ဗျောမတီးဘဲ ပြီးစီးသွားခဲ့ပြီး ယခုအခါ ရွာအနေနဲ့ အေးဆေးငြိမ်သက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

ထို ရွာ၌ အတွင်း မီး လန့်မှု့နှင့်ပက်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခုကို မနိုဗွီမှ ဒီကိစ္စနဲ့ပက်သက်ပြီး ဟူသော ခေါင်းစဉ်နှင့် မတ်လ ၆ တွင် ပြုလုပ်ခဲ့ပြီး ရွာသူရွာသားများ ဆွေးနွေး မေးမြန်းမှု့များကို ပြန်လည် ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အထက်ပါသတင်းများ၏ အသေးစိတ်အကျယ်ကို သိရှိလိုပါက အောက်ပါ သတင်းမှတ်တမ်းတွင် ကြည့်ရှု့လို ကြောင်းတင်ပြရင်း ဒီတစ်ပတ်၏ အထူးသတင်းကြေငြာမှု့ အားဒီမှာတင်ရပ်နားခွင့်ပြုပါ၊ သတင်းကြေငြာသူက ကျွန်တော် ခင်ခ ပါ။ စာဖတ်သူပရိတ်သတ်များ ရွှင်လန်းချမ်းမြေ့ပါစေ´´

(စာတမ်းထိုးခြင်းဖြင့် ဆက်ဖော်ပြရာတွင်-)

သတင်းအသေးစိတ်ဖတ်ရှုလိုလျှင် –

မီး လန့်မှု့သတင်း – https://myanmargazette.net/168996/society-lifestyle/aha-jokes

ဒီကိစ္စနဲ့ ပက်သက်ပြီး သတင်း – https://myanmargazette.net/169030/creative-writing/short-story

( ခရက်တစ် –  ဆရာ ကိုဆာမိ ၊ ဆရာမ မနိုဗွီ )

 

 

ဖတ်ရှု့သူများကျေးဇူးနော်၊

ခင်ခ။

33 comments

  • ဦးကြောင်ကြီး

    March 8, 2013 at 11:20 am

    သဂျီးကြောင့် ရွာဆူတယ်ဗျာ…။ မှတ်လောက်သားလောက် ဖြစ်အောင် သူ့ကို ထိပ်တုံးခတ်ရင် ကောင်းမလား..။

  • ခင်ခ

    March 8, 2013 at 11:25 am

    ဦးကြောင်ကြီးရေ သူကြီးကို ထိပ်တုံးခတ်မယ်လို့သွားပြောရင် နှစ်လုံးပြူးကြီးနဲ့ လျှောက်ရမ်းနေမှာပေါ့။
    အဲဒီကျ ကျွန်တော်တို့ ပွိုင့်တွေမျက်ခုံးလှုပ်နေပါ့မယ်ဗျ။
    ဦးဆုံးကွန်မန့်အတွက် ကျေးဇူးနော် ဦးကြောင်ကြီးရေ။

    • ဂန္ဓာရီ ဆြာအုပ်

      March 8, 2013 at 11:09 pm

      အဲ့နှစ်လုံးပြူးကြီးတော့လား ရမ်းပေ့စေ..
      ငရုတ်သီးနဲ့ ပွတ်ပစ်လိုက်မယ်

  • ခိုင်ဇာ

    March 8, 2013 at 11:27 am

    အေးဆေးငြိမ်သက်နေရင် နောက်တစ်မျိုးနဲ့ ထပ် ဆူ ကြတာပေါ့ကွယ်။
    ရေနွေးတည်ထားတယ်လို့။ :mrgreen:
    လက်ဖက်ခြောက်လည်းရှိတယ်ရယ်။

    :kwi:

    • ခင်ခ

      March 8, 2013 at 11:34 am

      ဒီတစ်ခါ မီးမမွှေးဘဲ ရေနွေးဖြင့် ဆူစေတဲ့နည်း အကြံပြုသူ မခိုင်ဇာဟု မှတ်တမ်းမှတ်လိုက်မယ်နော်။
      ဒါနဲ့ စကားမစပ် မေးရအုံးမယ် လဖက်ခြောက်က ရှမ်းပြည်ကလားဟင်!

      • ခိုင်ဇာ

        March 8, 2013 at 11:37 am

        အမ်း။
        ရွှေဖီ မိုးမလွတ်တလွတ် လက်ဖက်ခြောက် :mrgreen:

  • တိမ်မည်း

    March 8, 2013 at 11:28 am

    အခုတမျိုး တော်ကြာတမျိုး…….
    တံခါးကိုဖွင့်လိုက် ပိတ်လိုက်…..
    လူကို ဆွဲချလိုက် ပြန်တင်လိုက်…….
    စည်ကမ်းကို ပြင်ရေးလိုက် ဖင်ဆေးလိုက်……
    လုပ်ချင်တိုင်းကိုလုပ်
    ပီးတော့ မှာ ဗီတိုအာဏာသုံး…..
    ဖရိုဖရဲတွေဖြစ်….
    ပွဲရှိရင် ရှဲခနဲလောင်….
    မနိုင်တော့ အပြစ်ပုံချ……

    အို ဘာတဲ့
    သခင်မျိုးဟေ့ ဒို ့ဘာမန်း……… :harr:

    • ခင်ခ

      March 8, 2013 at 11:50 am

      ကိုတိမ်မည်းကလည်း သူကြီးလည်း မြန်မာနိုင်ငံရေးကို အတော်စိတ်ဝင်စားလေ့လာရင်းနဲ့
      အဲလို တံခါးဖွင့်လိုက်ပိတ်လိုက် အကျင့်ကိုရသွားတာနေမှာပါ။

  • MG Announcer ကွ… မိုက်ဒလယ် လေးလေး…
    ဒါမယ့် မီးကိစ္စကတော့ ရွာထဲအဆက်ပြတ်နေတဲ့ အချိန်မှာ ဖြစ်သွားတဲ့ ကိစ္စ ဆိုတော့… အခုမှ review ပြန်လုပ်နေပါတယ်လို့…
    :mrgreen:

    • ခင်ခ

      March 8, 2013 at 11:54 am

      ကိုဆာမိချွန်လိုက်တဲ့ အရမ်းမီးသတ်ဗိုလ်ဖြစ်နေလို့ ရွာရဲ့ မီးသတင်းမို့ ကြေငြာပေးရတာဗျို့ မွန်မွန်ရေ။
      ဆရာ ကိုဆာမိကိုတော့ ကျေးဇူးတင်ပါတယ် ပိုစ့်ရေးဖို့ကုန်ကြမ်းတွေပေးလို့လေ။
      မီးသတ်ဗိုလ်ဖြစ်ရခြင်းကိုလည်း ပိုစ့်တစ်ပုဒ်ရေးအုံးမလို့……..။

  • ဦး ကျောက်ခဲ

    March 8, 2013 at 12:04 pm

    အ ဟမ်း… အ ဟမ်း…
    တဂျီးက ကောက်ရိုးပုံမီးရှို့တာ ရွာပါမီးကူးမှာစိုးလို့… ကာလသားခေါင်း မောင်ကျောက်က ညလည်သန်းခေါင် ကြက်ခိုးရာကပြန်လာရင်း သံချောင်းခေါက်လိုက်မိတာပါဗျာ… ဗွေမယူကြပါနဲ့…
    ဒီရွာကြီးကို ချစ်လွန်းလို့ပါဗျာ…
    :harr:
    စာကြွင်း။ ။တဂျီးနာမည်နဲ့ ဖောင်ဖြည့်ပြီး အိမ်ပေါက်စေ့ လိုက်ကြပ်မလို့… မကောင်းတတ်လို့…ဟင်းးးးးး

  • မောင် ပေ

    March 8, 2013 at 12:15 pm

    ဒီကိစ္စနဲ ့ပတ်သက်ပြီး
    မွတ်စ်အရေးပေါ်လို ့ခဏငြိမ်နေတဲ့
    မိုးပြာများ မကြာမှီ ရွာထဲ ပြန်ဝင်လာမည် ဖြစ်သည်

    • ခင်ခ

      March 8, 2013 at 3:45 pm

      လူတစ်ယောက်ကို ကျွန်တော်ကတော့ လူသားတစ်ယောက်အနေနဲ့ဘဲ သုံးသပ်တယ်။
      ဆိုလိုတာက တစ်ဦးချင်းစီရဲ့ အကျင့် စရိုက် နဲ့ ကိုယ်နဲ့ ဆက်နွယ်မှု့ …. စသည်ဖြင့်ပေါ့။
      ဘာသာအယူအဆ အသားအရောင် ဆိုတာကို ကျွန်တော်က ထဲ့စဉ်စားလေ့ မရှိသလို
      ဘာသာအယူအဆတွေကိုလည်း ငြင်းခုံလေ့မရှိဘူးဗျ ဆရာပေရေ။
      ဗိုလ် ကျား သေနတ် ဆွဲ ကိုကြိုက်ရာကိုလုပ် ငယ်ငယ်တုန်းက ကစားသလိုမျိုးဘဲ စိတ်ထဲထားတယ်လေ။

  • ဗုံဗုံ

    March 8, 2013 at 12:33 pm

    ဟယ် သတင်းကြေငြာတဲ့သူက တော်လိုက်တာ အန်ကယ်ကြီး သများ မင်လာဆောင်လို့ရင်လေ အန်ကယ်ကြီးကို မင်လာ ဩဘာစာ ရွတ်တာလား ဘာလား သေချာပြောတတ်ဘူး :mrgreen: အဲ့ဒီနေရာအတွက် တစ်ခါတည်း ဖိတ်ထားလိုက်ပြီနော် ခေါင်းပေါင်းတို့ တိုက်ပုံတို့ တစ်ခါတည်းကြိုဝယ်ထားလိုက်တော့ အခုသတို့သားလိုက်ရှာလိုက်အုံးမယ် သွားပြီဗျို့ :mrgreen: :mrgreen:

    • ဘဲဥ

      March 8, 2013 at 2:23 pm

      ဟဲ့ ဟဲ့ မိဘုံ
      နာ့ဂို လိုက်ရှာနေသလားလို့
      အသံကြားလို့ပြေးလာဒါ :mrgreen:

      • ဗုံဗုံ

        March 8, 2013 at 3:30 pm

        ဟင်း ဟင်း ဟုတ်ပါ့ နင့်ဂိုလိုက်ရှာနေတာ
        ဟိုနေ့က ချေးသွားတဲ့ ပိုက်ဆံ
        ချက်ချင်းလာဆပ်လှည့် ဒါဘဲ :mrgreen:

  • kai

    March 8, 2013 at 12:59 pm

    အဟမ်း..
    ဘယ်ရမလဲ…။
    ငါကွ..။ :kwi:

  • kyeemite

    March 8, 2013 at 2:00 pm

    ထိုဆိုက်ရောက်ဗီဇာအား သူကြီးမင်းမှ ဗီဒိုအာဏာဖြင့် ရုတ်သိမ်းထား ကြောင်း သတင်းရရှိပါသည်။

    ဒီကိစ္စ ကိုခင်ခပြောမှ သတိထားမိတယ်ဗျို့…. :ha:

  • Novy

    March 8, 2013 at 2:57 pm

    သူကြီးရွာဆူအောင်လုပ်တော့

    ကိုရင်ဆာမိက မီလန့်မှု့သတင်းဖြစ်
    နိုဗွီကလည်း ကိုဆာမိသတင်းကို ခရက်တစ် ယူပြီး
    ဒီကိစ္စနဲ့ ပက်သက်ပြီး သတင်း တစ်ပုဒ်၇
    ကိုခကလည်း (ခရက်တစ် – ဆရာ ကိုဆာမိ ၊ ဆရာမ မနိုဗွီ)ကနေ
    ရွာ၏ အထူးသတင်း ကြေငြာချက် သတင်းတခုဖြစ်

    ကိုင်း..သူကြီးဘာလိုသေးလဲရှင်

    • Moe Z

      March 8, 2013 at 3:13 pm

      ဝင်မန့်တဲ့ သူတွေလည်း ၁ဝ ရ .. အဟိ
      သဂျီးရဲ့ (Submit LONG Comment) ဆိုတာကြီးတော့ အားနာပါရဲ့ 😛

      • ခင်ခ

        March 8, 2013 at 3:38 pm

        ခုမှသတိရတယ် အဲဒီနေ့က ကြက်သားကာလ သားချက်ကျွေးမယ်ပြောပြီး ရုတ်ရုတ်နဲ့ ကိုကျောက် လစ်သွားတာလေ။

        ဩဘာစာကို ဗြောင်းပြန်ဖတ်မိမှ မိပုံတစ်ယောက် အခက်တွေ့နေမယ်နော်။

        ဒါကြောင့်လည်း သူကြီးကတော့ သူကြီးပါဘဲလေ။

        အမှန်သတင်းတွေ ကြေငြာပေးတာပါ ကိုကြီးမိုက်ကလည်း။

        တစ်ခါတလေကျ ဘာအကြောင်းရေးရင်ကောင်းမလဲ စဉ်စားလိုက် ရွာထဲ ဟိုကြည့်ဒီကြည့် လမ်းသလားလိုက်နဲ့ မနိုဗွီရေ၊ မနိုတို့က ရှေ့ကသွားတော့ နောက်က လိုက်လိုက်တာလေ။

        အဲလိုလည်း မဟုတ်ရပါဘူး Moe Z ရေ။ ဘယ်လိုပြောရမလဲ……. အဲလိုပါဘဲ။

  • P chogyi

    March 8, 2013 at 6:21 pm

    သဂျီးက ဖွင့်ချင်သလိုဖွင့် ပိတ်ချင်သလိုပိတ်နဲ့
    ပွင့်လင်းမြင်သာမှုမရှိဘူး
    ဆန္ဒပြမယ် ဒီမိုကရေစီကွ
    ဗဟိုထိန်းချုပ်မှုလက်မခံနိုင်ဘူး။

  • Mr. MarGa

    March 8, 2013 at 7:05 pm

    ဘာပဲဖြစ်ဖြစ်
    ဒီလို ရွာကို မီးလန့်ပေးလိုက်တော့
    ရွာသူားတွေ နိုးနိုးကြားကြား ရှိကြတယ်ဆိုတာတော့ သိသွားတာပေါ့ဗျာ
    ဒါပေသိ
    စမ်းသပ်လွန်းရင်လဲ
    တကယ်ဖြစ်မှ စမ်းသပ်တယ် ထင်နေမှာ စိုးရသေးသဗျ
    တွေးမိတာလေး သတိပေးတာပါ။
    တစ်လက်စတည်း တစ်ဆယ်လဲ ယူသွားသပေါ့ဗျာ :mrgreen:

  • mobile

    March 9, 2013 at 12:31 am

    ဪသကြီးရယ်….
    ရပ်ရွာစည်ပင်သာယာ ဖွံ့ဖျိုးဖို့အတွက် အဲ့ဂလို လုပ်ရပေတယ်လို့…………
    သူကြီးအကြံပေး ပညာမဲ့အမတ်လေး မောင်မိုဘိုင်းထံမှာ အကြံဉာဏ်လေးဘာလေးတောင်းပါတော့လား….
    ရွာကိုပိုမို၍ စည်ကားချင်သပဆိုရင် လွယ်လေ၏……..
    အမှတ် ၁ မှတ်ကို ဝမ်းဒေါ်လှလို့သာ လုပ်ပေးလိုက်ပါလား………
    ဂင်္ဂါမြစ်ရိုးတစ်လျှောက်မှာရှိတဲ့ သဲပွင့်တွေကိုသာ ရေတွက်လို့ရရင် ရလိမ့်မယ်……
    မန်းဂေဇတ်မန်ဘာ အရေအတွက်ကိုတော့ဖြင့် ရေတွက်လို့ ရမှာမဟုက်ဘူး ဖစ်သွားလိမ့်မယ်…..
    +++++++++++++++++
    နောက်ဆက်တွဲ သတင်းအနေနဲ့ကတော့…….
    ရွာထဲမှာမီးလန့်အောင်လုပ်ခဲ့တဲ့အတွက် ရွာသူရွာသားများကို ပြန်လည်တောင်းပန်သည့်အနေဖြင့်
    မတ်ချ်လ ၃၂ ရက်နေ့မှာ မန်ဘာအားလုံးကို အမှတ် ၉၀၀၀ဝ စီဖြည့်ပေးဖို့ သူကြီးမှ
    စီစဉ်နေကြောင်း…. သူကြီးသမီးထံမှ သတင်းရရှိထားပါသည်………

  • surmi

    March 9, 2013 at 8:44 am

    ခုမှပြန်ကြည် ့မိတယ်
    ဆိုက်ရောက်ဗီဇာ ပိတ်သွားပြီကိုး
    အင်းးးးးး ဒါနဲ ့စကားအတင်းစပ်…….
    ရေမြှုတ်မိုင်းတစ်လုံးမျောလာတယ်ဆိုပဲ
    မီးသတ်ဗိုလ်ကြီးလည်းအသင် ့ပြင်ထားဦးနော်
    ကျနော်ရွာထဲရောက်ဦးမှာမဟုတ်လို ့
    သတင်းထူးရင်ပြောဦး

    • P chogyi

      March 9, 2013 at 9:10 am

      အင်း……………….. အန္တရာယ်ရှိတယ်နော်

  • အရီးခင်လတ်

    March 9, 2013 at 8:09 pm

    အရပ်ကတို့ရေ
    ဒီ ကိုးလို့ကန့်လန့် (သူကြီးမင်း) ကို ဘက်လိုက်တာ မဟုတ်ပါဘူး။
    ဒါပေမဲ့ အများ ရေးကြ၊ ဖတ်ကြ လုပ်လို့ ရအောင် Website တစ်ခုနဲ့ကွန်ပျူတာ နည်းပညာ ရပ် တစ်ခု ကို အသုံးပြုနေတဲ့ “နည်းပညာသည် (သူကြီးမင်း)” ဖက် က ဘက်လိုက်ပြောရရင်ဖြင့် …..
    အဲဒီ သူကြီးမင်း ရဲ့ တစ်ချို့ စမ်းနေတာတွေက ရွာ့ဥပဒေစည်းကမ်း ကို ရှုံ့ချီ နှပ်ချီ လုပ်ဖို့ ထက် အများ ပိုပြီးကောင်းအောင် သုံးနိုင်ဖို့ နည်းပညာ အတွက် လို့ စမ်းသပ်နေတာလို့ ထင်မိတဲ့ အထင်လေးကို ဝင်ရွှီး လိုက် ရ ပါကြောင်း။ :kwi:

  • padonmar

    March 9, 2013 at 9:36 pm

    အရီးလတ် အလျှှောက်ကောင်းလို့ သဂျီး အထောင်းသက်သာစေ။

  • TheWinner

    March 10, 2013 at 3:07 pm

    သဂျီးကို သနားလာပြီနော်။

  • water-melon

    March 10, 2013 at 6:51 pm

    ဘာသတင်းလဲ ဘာသတင်းလဲတော့
    ကျုပ်လဲမသိရပါလားတော်
    ရွာပြင်မှာ နွားကျောင်းပြီးပြန်အလာ ရွာထိပ်ရောက်မှ သိရတာပါတော် 😛

    • ငါ ကြားဖူးတာ …
      ပိန်းနှဲသီး သရဲဘဲ ချိဒယ် …
      ခုမှ .. ဖရဲသီး သရဲ နဲ့ လာတွေ့နေရဒယ် …
      မသိရင် မှတ်ထား တောင်မရဲ့ … ဒီဒဒင်းဘဲဟဲ့ …
      @#!$%%&%$#@$!#!$^%&**
      ကိုင်း .. ဒါဘဲ … နင့်မို့ ချစ်နွန်နွန်းလို့ ပေါဒါ …

  • myanmar oscar

    March 10, 2013 at 10:50 pm

    ဒီကိစ္စနဲ့ပတ်သက်ပီးပြောရရင်
    မြေကြီး လက်နဲ့ခတ်လို့လွဲချင်လွဲမယ် ………
    ဟိုတုန်းက မင်းသားကြီးပြောတာပါ…….

Leave a Reply