ကြာကူလီရန်မှ ကာကွယ်ရေး

မောင် ပေJuly 30, 20131min43816

““““ အမှာ ””””

အခုတလော စာအရမ်းရေးချင်ပါတယ် ။ အကြောင်းအရာတော်တော်များများလဲ ခေါင်းထဲမှာ စာစီခဲ့မိပေမယ့် ၊ အင်တာနက်ဆိုင်ထဲရောက်တဲ့အခါ စုတ်ပဲ့လွန်းတဲ့ကွန်နက်ရှင် ကို အံမတု နိုင်တာနဲ ့ ၊ ထထပြန်ခဲ့မိတော့ ၊ ဘာပိုစ့်မှ မတင်ဖြစ် ။ အခုတော့ ကွန်နက်ရှင်လေး နဲနဲ မဆိုးတာရယ် ၊ အချိန်လေးလဲ နဲနဲရတာရယ်နဲ ့ ၊ ရေးချင်ရာ ကောက်ရိုက်ပြီး တင်ပေးလိုက်ပါတယ် ။
စာဖတ်သူများ စိတ် အလိုမကျရှိခဲ့သော် ၊ ကျွန်ုပ်အား ရေးချင်သလို ရေးခွင့်ပြုထားသော ဂေဇက် ဒေါ့ ကွန်း မှ သဂျီး မာမွတ်ခိုင် အား မေတ္တာပို ့သကြတော်မူပါကုန် ။

ပထမဦးဆုံး

what is ကြာကူလီ ?

အဲ့ လို မေး လိုက် ရင် ၊ အ ဖြေ တွေ အ များ ကြီး ထွက် လာ နိုင် ပါ တယ် ။

အ ရှင်း ဆုံး အ ဖြေ က တော့ ၊ သူ များ မ ယား ၊ သူ များ လင် ကို ဇွတ် မ ရ မ က ကြံ တဲ့ ယောက်ျား သို ့မဟုတ် မိန်း မ ကို ကြာ ကူ လီ လို ့ သမုတ် နိုင် ပါ တယ် ။

အဲ … တစ် ခု ရှိ သေး တယ် ။ သူ ရို ့ဟာ သူ ရို ့ချစ် ခင် ပျော် ရွှင် နေ ကြ တဲ့ ၊ လက် ထပ် ဖို ့ ရည် ရွယ် ထား တဲ့ သမီးရည်းစား ထဲ က တစ်ယောက်ယောက် ကို သွားကြံရင်လဲ ၊ မြန်မာနိုင်ငံမှာတော့ ၊ ကြာကူလီ လို ့ခေါ်ကြမှာပါပဲ ။

တခြားနိုင်ငံတွေမှာတော့ ၊ အထူးသဖြင့် အနောက်နိုင်ငံတွေမှာတော့ ၊ သူများမိန်းမ ကြောင်တောင်သွားနှိုက်လဲ ကြာကူလီ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ် ။
ယဉ်ကျေးမှုချင်းမတူပါဘူးလေ… နော

16 comments

  • kyaw hteik

    July 30, 2013 at 8:30 pm

    အခု​ခေတ်​မှာက ​ဘောစိ​တွေရဲ့စ​မော​လေး​တွေကို ကြာကူလီရိုက်​တာ တစ်​ခုတိုးလာတယ်​။
    ထပ်​ဆင်​့စပွန်​ဆာ​ပေး​နေကြတာ​ပေါ့။ဒါ​ကြောင်​့​ဘောစိ​တွေကို​ပြောချင်​တာက လမ်​း​ဘေး​ရေအိုးစဉ်​ကို
    ​သော့ခတ်​ဖို့ မကြိုးစားပါနဲ့။တူ​သောအကျိုး​ပေးကြမှာပါ။

  • အရီးခင်

    July 30, 2013 at 8:41 pm

    ပြောနေ ပြောနေ။
    သူကြီးမင်း ဆီကနေ ကာမသုမိစ္ဆာ အကျယ်လာဖွင့်ပြနေတော့ မှာ မြင်ယောင်သေး။
    😉

  • အလင်း ဆက်

    July 30, 2013 at 8:55 pm

    ကြာကူလီ…
    နာမည်ကြီးမကြိုက်လို ့…
    မဖြစ်အောင်နေမယ်. .။
    🙂

  • kyaw swar kaung

    July 30, 2013 at 10:16 pm

    ကိုပေ..
    ဘာတွေ ဖြစ်နေတုန်း။။။
    ပို ့စ်ကလည်း ပါဠိလိုများတယ်.. အနက်လဲ မမေးချင်ပါဘူး..
    သူများကိစ္စတွေ မကောင်းဘူး..။
    ကိုယ့်စည်းသာ ကိုယ်လုံအောင်လုပ် ကိုပေ ..ကိုယ်ရည်ရွယ် ထားတာ သူမသိလို ့ကြံရွယ်ရင်လဲ ၂ယောက်လက်တွဲပြီး တဖက်လူသိအောင် မျက်နှာချင်းဆိုင် ရှင်းပြလိုက်ပေါ့..။
    အနောက်တိုင်းကတော့ မပြောပါနဲ ့တော့ ကိုပေ..။ ဘုရား မပွင့်ထိုက်တဲ့နေရာလေ..။ အဲဒါတွေ ပြောလဲ..သိမှာမှ မဟုတ်တာ…။

  • Ma Ma

    July 31, 2013 at 6:32 am

    ကြာကူလီလို့ ပြောလိုက်တာနဲ့ ဟိုးတုန်းက ရုပ်ရှင်ထဲက အေးကြူကြီး မျက်နှာကို သွားမြင်မိတယ်။
    ရီဖြဲဖြဲနဲ့ အတော်မုန်းဖို့ကောင်းအောင်ကို သရုပ်ဆောင်တတ်ပါပေတယ်။
    ဘာပဲပြောပြော…. ကြာကူလီဆိုတာ နာမည်ကြားတာနဲ့တင် အတော်မုန်းဖို့ ကောင်းနေပြီ။

  • ဦးကြောင်ကြီး

    July 31, 2013 at 8:32 am

    ကြာကူလီ
    ငါပူစီ
    နှာထူနီ
    ရွာဆူသည်..

    • water fish

      August 2, 2013 at 9:38 am

      ကြောင်ကြာ နှာဗူးထတာလူတိုင်းသိသည်

  • kyeemite

    July 31, 2013 at 9:52 am

    ကြာကူလီဝင်းမြင့်လည်းတစ်ခေတ်က နာမည်ကြီးတာပဲ…

  • ဦးကျောက်ခဲ

    July 31, 2013 at 10:04 am

    တစ်စုံတရာကို ဘာသာမပြန်ချင်ပါဘူး ကိုရင်ပေ…
    လူ့စည်းကမ်း မရှိသူတွေကို ချဉ်ပါ့…

  • ဦးဦးပါလေရာ

    July 31, 2013 at 10:28 am

    လူတွေကြားက စည်း ဆိုတာ
    အဲသည် လူတွေ အပေါ်မှာ မူတည်သပေါ့ ကိုပေရေ-
    လူတွေကလဲ ပြောင်းလဲ နေကြတာဆိုတော့ ………….

  • အာဂ

    July 31, 2013 at 4:18 pm

    ကိုပေ ခံစားချက်အား ကိုယ်ကိုယ်တိုင် မခံစားဘူးသေးပေမယ့်..။ ကိုပေ အဆိုကို ထောက်ခံအပ်ပါတယ်။ ဒီလိုလူမျိုးတွေရှိနေလို့……လူသတ်မှုတွေ ခဏ ခဏ ဖြစ်နေတာ..။ ဘယ်ကောင်လဲ ကိုပေ ကျွန်တော် လာဆုံးမပေးရမလား.။

  • မဟာရာဇာ အံစာတုံး

    July 31, 2013 at 4:23 pm

    ဒေါ့ကွန်းကြီး ပျက်နေတဲ့အခိုက်
    ဒေါ့အိုအာဂျီလေးဆီကို လာလာကြံနေဒါလည်း
    ကြာကူလီ ပြစ်မှု မြောက်တာပဲလား ဆိုတာ အမိန့်ရှိဘာအုံး ဖလာ့ …

  • luu noutlay

    July 31, 2013 at 11:57 pm

    ကြာကူလီ တဲ ့ဆဲ ရင်လည်းမရိုင်းဘူးပေါ့ဗျာ
    ဒါပေမဲ ့………အဲကိစ္စတွေ က မလုပ်သင့်တဲ ့
    ဘုရားဟောတရားတွေပါ……….

  • မောင် ပေ

    August 1, 2013 at 3:12 am

    အားလုံးကို sorry ပါလို့
    save draft ကို ပြီးအောင် မ ရေးမိလို့
    ဘာပဲဖြစ်ဖြစ်
    မြန်မာနိုင် ငံ တွင်း ရှိ ချစ်သူစုံတွဲများ အားလုံး ဘေး ပ ရောဂ ကင်းဝေးပါစေ

  • Aye Lwin Oo

    August 2, 2013 at 3:55 pm

    ကြာကူလီဆိုတာ
    ဂျားက ကူလီတွေလား ဟင်င်င်င်

  • uncle gyi

    August 2, 2013 at 10:52 pm

    ကြာကူလီ
    ဆိုတာ
    ကြာပန်းများအငှါးထမ်းသူကိုခေါ်ပါသည်

Leave a Reply