မောင်မြတ်မှိုင်း အောက်မေ့ဖွယ်နေ့မှာ စုံစုံညီညီတွေ့ကြ ဆုံကြ

DaveFebruary 20, 20101min851

မန ္တလေးသဘင်လောကကို ၁၉၇ဝပြည့်လွန်နှစ်တွေကစပြီး လင်းလက်တဲ့အော်ပရာတွေနဲ့ တောက်ပစေ ခဲ့တဲ့ အော်ပရာစီစဉ်တင်ဆက်သူ မောင်မြတ်မှိုင်း ကွယ်လွန်ခြင်း (၅)နှစ်မြောက် နှစ်ပတ်လည် အောက်မေ့ဖွယ် အစီအစဉ်ကို ဖေဖော်ဝါရီ ၁ရရက်နေ့ နံနက်၁ဝနာရီက မန ္တလေးမြို့ လမင်းတရာအငြိမ့်သဘင် တည်ရာဌာနမှာ ကျင်းပခဲ့ပါတယ်။

အဲဒီအစီအစဉ်မှာ စာပေနယ်က ကိုလေး(အင်းဝဂုဏ်ရည်)၊မောင်သင်းပန်၊ဆူးငှက် သတင်းနယ်ပယ်က မောင်သစ်လွင်(လူထု)၊သဘင်နယ်က ကိုချစ်စရာ၊ပါပါလေး မိတ်ဆွေဟောင်းတွေထဲက ရှေ့နေကြီးဦးထွန်းအောင် ကျော်၊ဒေါက်တာအောင်ထိပ် အစရှိတဲ့ ပုဂ္ဂိုလ်တွေအပါအဝင် သတင်းသမားတွေ စုံစုံညီညီနဲ့ တက်ရောက် အားပေးချီးမြှင့်ခဲ့ကြပါတယ်။

မောင်မြတ်မှိုင်းအောက်မေ့ဖွယ်စကားတွေ ဖလှယ်ကြ လွမ်းကြဆွေးကြတဲ့ ပုံရိပ်တချို့ ကို ဖော်ပြပေးလိုက် ပါတယ်ဗျာ။

မောင်မြတ်မှိုင်းရဲ့ ထင်ရှားတဲ့ အော်ပရာတွေကတော့-
ပန်ထွာဧကရီ(၁၉၇၃)၊မာယာအကျဉ်းသား(၁၉၇၄)၊ဂင်္ဂါမြစ်ရဲ့ မေခလာ(၁၉၇၅)၊ ပုဂံဆည်းဆာ၊အောင်ပင်လယ်ရေညိုခမ်းစေတော့(၁၉၇၆)၊အတ္တအိပ်မက်(၁၉၇၇)၊
ရေဆန်လေဆန်(၁၉၇၈)၊ဝင်္ကပါလမ်းကိုကျောခိုင်း၍၊နွေဦးဧည့်သည်(၁၉၇၉)၊
မနော်ဟရီသစ္စာ(၁၉၈၁)၊မယ်ဝဏ္ဏကိုညအိပ်ခိုင်းသူ(၁၉၈၂)၊ကစ္ဆပနဒီရဲ့ ရင်ခုန်သံ(၁၉၈၃)၊
ပန်ထွာပြည်တော်ဝင်(၁၉၈၄)၊ဝိဋဋူပဒေါသ(၁၉၈၅)၊အတုလေးရယ်တဲ့ယှဉ်ကာပြိုင်(၁၉၉၃)၊
အချစ်မီးပင်လယ်(၁၉၉၄)၊တတိယဇာတက(၁၉၉၅)
တို့ဖြစ်ကြပါတယ်။

ပြဇာတ်တွေကတော့-

သွေးအိုင်ထဲကဖဲမွေ့ယာ(၁၉၇၃)၊မြတ်ပန်းနီနီ(၁၉၇၄)၊တိမ်တိမ်တွေဖုံးပါလို့(၁၉၈၂)၊ဥမတ္တက(၁၉၈၅)
တို့ ဖြစ်ပါတယ်။

၁၉၄၈မှာ မွေးခဲ့တဲ့ ဆရာမောင်မြတ်မှိုင်းဟာ ၂၀၀၅ခုနှစ်ဖေဖော်ဝါရီ(၁၇)မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာ မြန်မာ့သဘင်ရဲ့ အော်ပရာ၊ပြဇာတ်နယ်ပယ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ခဲ့ပါတယ်။အခုဆိုရင် မြန်မာ အော် ပရာတွေ၊ပြဇာတ်တွေဟာ ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ။

ကိုလေး(အင်းဝဂုဏ်ရည်)

မောင်သစ်လွင်(လူထု)

မောင်သင်းပန်

ဦးထွန်းအောင်ကျော်

One comment

  • susunosuki

    April 19, 2010 at 8:56 am

    ဇတ် သဘင်တွေဟာ မန်းမှာ တော့မသိဘူး
    ရန်ကုန်မှာတော့ တော်တော် ကိုကြမ်းတာတွေ့ရတယ်
    တကယ့်အနုပညာကို မတွေ့ရတော့ဘူး

Leave a Reply