Another ရပ်နိုင်ပေ့

ကထူးဆန္းMarch 9, 20132min18316

အန်တီပဒုမ္မာ နောက်လိုက်လို့ ရပ်နိုင်ပေ ရပ်နိုင်ပေ့ အော်လို့ လှိုက်လှိုက်လှဲလှဲ အားပေးလိုက်ပါတယ် ။

ငပလီ ကမ်းခြေ ဟိုတယ်တွေ စုပေါင်းပြီး ဟိုတယ် ဝန်ထမ်းများမှ Green Ngapali Day လှုပ်ရှားမှု့ ဆိုပြီး စုပေါင်း အမှိုက်သိမ်း ၊ ကြွပ်ကြွပ်အိတ် ကောက် ကြတာတွေ ကို ငပလီ လေဆိပ်က စလို့ လမ်းတစ်လျှောက် လုပ်ခဲ့ ကြပါတယ် ။ ဒါ ဟာ ဒုတိယ အကြီမ်မြောက်ပါ ။ ပထမ အကြိမ်တုန်းက ဖေဖော်ဝါရီ လထဲ မှာ ပြုလုပ်ခဲ့ကြပါသည်။ ပထမ အကြီမ်တုန်းက ဂေဇက်ပေါ် မှတ်တမ်း မတင်ခဲ့ပါဘူး ။ ဆက်လုပ်နိုင်ကြမလား ၊ တစ်ခါ ထဲ နဲ့ ရပ်သွားမလား မသေခြာ လို့ ပါ ။ အခုတော့ ဒုတိယ အကြိမ် ရှိသွားပြီဆိုတော့ နောင်လည်း ဆက်လုပ်နိုင်ပါစေဆိုပြီး လှိုက်လှိုက်လှဲလှဲ အားပေးလိုက်ပါတယ် ။

သဲသောင်ပြင်မှာ မလုပ်ဘူးလားလို့ မေးခွန်းထုတ်ကောင်းထုတ်ကြပါလိမ့်မယ် ။ ဟိုတယ်တွေက ကိုယ့်ရှေ့ သဲသောင်ပြင်တော့ ကိုယ်ထိန်းသိမ်းနေကြ သန့် ရှင်းနေကြဆိုတော့ သဲသောင်ပြင် က ဒီလောက် အကျည်းမတန် ဘဲ လမ်းတစ်လျောက် ရွာတွေကပစ်ထားတဲ့ ကြွပ်ကြွပ်အိတ် ပလပ်စတစ်နဲ့ လမ်းဘေး အမှိုက်များကို တတ်အားတရွေ့ သိမ်း ဆည်း ရှင်းလင်းကြတာပါ ။

c1

c2

c3

c5

c6

c4

လူ အင်အား ၁၁၅ ယောက် ပါဝင်ခဲ့ပြီး ပါဝင် ဆောင်ရွက်ခဲ့ တဲ့ ဟိုတယ် များကတော့

AMAZING NGAPALI RESORT
AMATA RESORT AND SPA
AUREUM PALACE HOTEL
BAY VIEW
CRESENT COVE RESORT
JADE MARINA
LIN THAR OO
MEMENTO
NGAPALI BAY
PLEASANT VIEW RESORT
ROYAL BEACH MOTEL
SANDOWAY RESORT
SILVER BEACH HOTEL
THANDE BEACH
YOMA CHERRY

တို့ဖြစ်ကြောင်း သိရပါတယ် ။ ကျန် တည်ဆောက်ဆဲ ဟိုတယ် တစ်ခု နဲ့ အခြား ဟိုတယ် နှစ်ခု ကတော့ ပါဝင် ဆောင်ရွက်ခြင်း မရှိခဲ့ပါဘူး ။
ပါဝင်သူ အားလုံးနဲ့ စီစဉ်သူ အားလုံးကို ရပ်နိုင်ပေ့ ရပ်နိုင်ပေ့ ရယ်လို့ အားပေး လက်ခုတ်တီးလိုက်ပါတယ် နော် ။

16 comments

  • ခိုင်ဇာ

    March 9, 2013 at 11:44 am

    Clap! Clap! Clap!

    Bravo !!!

    :hee:

  • မောင် ပေ

    March 9, 2013 at 12:57 pm

    ဖြောင်းဖြောင်းဖြောင်းးးးးးးး
    ရွှီးရွှီးးးးး
    လက်ခုတ်တီးအားပေးသံများ

  • ဗုံဗုံ

    March 9, 2013 at 2:47 pm

    ကြည်နူးစရာ ကောင်းတဲ့မြင်ကွင်းလေးပါဘဲ လေးစားပါတယ်ရှင် 🙂

  • ဂုဏ်ယူလေးစားစရာ
    ကိုယ်တောင်အမိူက်ပစ်တာ သူများကို အပြစ်တင်တာဘဲရှိခဲ့ဘူးပြီး
    အခုလိုမလုပ်ခဲ့သေးဘူးပါ။

  • garuda

    March 9, 2013 at 3:45 pm

    ဆြာပေါက် ပြောတဲ့ အတိုင်း ပါပဲ။

  • padonmar

    March 9, 2013 at 6:27 pm

    လက်ခုပ် လက်ခုပ်တီးမယ်
    ရင်မှာကြည်နူးတယ်။
    လက်ခုပ် လက်ခုပ်တီးသံလေးတွေ
    ဆူညံကာသွားတယ်။
    ……..
    တော်လိုက်တဲ့ ဟိုတယ်ဝန်ထမ်းတွေပါလား။
    ဒီမြေမှာ စီးပွားရှာရတယ်။
    ဒီမြေကို ထိန်းသိမ်းစောင့်ရှောက်တယ်။
    ဒီမြေသားတွေကို ကောင်းတဲ့ဖက်က လမ်းပြတယ်။
    ဦးညွတ်အလေးပြုပါတယ်။

  • MaMa

    March 9, 2013 at 10:33 pm

    အားရစရာပါပဲ။
    အသိပေးဖြန့်ဝေသင့်တဲ့ ဒီလိုသတင်းမျိုးကို တင်ပေးလို့ စီဂျေကထူးဆန်းလို့ နာမည်ကြီးပေတာကိုး။
    အတုမြင်အတတ်သင်ဆိုသလို ကောင်းတာကို အစလုပ်ပြကြရင် …
    ကျန်လူတွေ ကျန်တဲ့အသိုင်းအဝိုင်းတွေကလည်း တွေ့မြင်အတုယူလာကြရင်ဖြင့်….
    ရွှေပြည်တော် မျှော်တိုင်း မဝေးးးးးးးးးးးးးးးး :hee:

  • ဦးကြောင်ကြီး

    March 9, 2013 at 11:34 pm

    ဟိုတယ်ဝံထန်းတွေ အဲလို နေ့တိုင်းလုပ်အားပေးရင် ငပလီမြို့ဂျီး အတော်လှပလာမယ်…. ဟိုတယ်ဝန်ဆောင်မှုကိုတော့ ငပလီက ရွာသားတွေ လုပ်ပလေ့စေ…
    “အဓိကနဲ့ သာမည ခွဲတတ်ရင် လောကဂျီး သာယာပါတယ်ကွာ..။”
    ကိုးကား။ ပက်ဝင်းကြင် ထိန်းသိမ်းရေးဝါဒီ ကြောင်ပညာရှိ ဦးအောင်ကြူး

  • ဦးဦးပါလေရာ

    March 10, 2013 at 12:13 am

    တော်တော်နမူနာယူထိုက်တဲ့ လှုပ်ရှားမှု့ပဲဗျို့…။
    ကိုယ့်အမှိုက်ကိုယ်သိမ်း၊ ကိုယ့်ပတ်ဝန်းကျင်ကအမှိုက် ကိုယ်ပါဝိုင်းသိမ်းတဲ့ ဓလေ့လေးတွေထွန်းကားလာရင် ကျုပ်တို့ လူနဲ့တူလာနိုင်ကောင်းတယ်…။

    ကြုံလို့ ရန်ကုန်သားပီပီ ရန်ကုန်သားတွေအကြောင်း ကြွားဦးမယ်။
    ကျုပ်က လမ်းလျှောက်ရင်း လမ်းပေါ်မှာ ခဲလုံး ကျောက်ခဲတွေတွေ့ရင်
    ကိုယ်ကလဲ အချိန်ရရင်
    ခြေထောက်နဲ့ ဘေးကိုတွန်းရွှေ့ ပေးလေ့ရှိတယ်။
    သူများခလုပ်မတိုက်မိအောင် မနင်းမိအောင်ပေါ့…။
    အဲသလိုလုပ်တိုင်း ဘေးက တွေ့တဲ့လူတွေက အရူးတစ်ယောက်ကိုကြည့်သလိုကြည့်သွားကြလေ့ရှိတယ်။
    တလောကတော့ စမ်းချောင်းမှာ (ဒီစမ်းချောင်းကလဲ မပါမပြီးဘူး) လမ်းလျှောက်နေတုန်း
    လမ်းပေါ် ကတ္တရာလမ်းသားပေါ်မှာ အုတ်ခဲကျိုးကြီးတွေ့လို့ ဘေးကိုတွန်းဖယ်လိုက်တော့ အနီးက လမ်းဘေးဈေးသည်တစ်ယောက်က ခပ်ငေါက်ငေါက် လှမ်းအော်တယ်..။
    ဦးလေးကြီး … အဲဒါ နေရာဦးထားတာ….. တဲ့….

    ဆိုချင်တာက – ရန်ကုန်မှာများ ဒီပိုစ့်ထဲကလို စုပေါင်းသန့်ရှင်းရေးလုပ်ချင်ရင် တော်တော်အုပ်စုတောင့် သတ္တိကောင်းဖို့လိုပါကြောင်း…

  • kai

    March 10, 2013 at 4:30 am

    ယူအက်စ်မှာ.. ပင်လယ်ကမ်းခြေအပါအဝင်.. ပန်းခြံလူထုနေရာတွေအမှိုက်ကောက်တာမျိုးကို.. ကျောင်းသူားကလေးတွေကလုပ်တာများတယ်..။
    ကလေးတွေမှာ.. မိဘ..ဆွေမျိုးတွေရှိတာမို့.. ဒီဂယက်ဟာ..စိတ်ပညာအရ..အင်မတန်တာသွားပါတယ်..။

    မြန်မာပြည်မှာဆိုရင်..အမှိုက်ကောက်တာမျိုးက.. ဘုန်းကြီးတွေနဲ့..ကိုရင်တွေလုပ်သင့်တယ်..။
    သာသနာနဲ့.. အလုပ်အကိုင်..ငွေကြေးအဆောက်အုံတို့အတွက်.. နောက်ကွယ်တွန်းအားတွေအများကြီးရမယ်..။

    • ကထူးဆန်း

      March 10, 2013 at 11:29 am

      မြန်မာပြည်မှာ သာဆို သူကြီး ခေါင်းခေါက် ခံရတာ ကြာပြီ …

      ဘုန်းကြီးတွေနဲ့..ကိုရင်တွေလုပ်သင့်တယ်..။

      :hee:

      • kai

        March 11, 2013 at 3:33 pm

        အဟုတ်ပဲလေ…
        လမ်းဘေးပစ်ချလိုက်တဲ့အမှိုက်.. ဘုန်းကြီးတပါးပါးက..ကောက်သွားပေးလို့ကတော့.. သာမန်လူဆို..အဲလို..အမှိုက်.. တသက်ပစ်မချရဲတော့ဘူး.. :kwi:

  • kyeemite

    March 10, 2013 at 10:27 am

    ကထူးဆန်း ပြောသလိုပဲ
    ပါဝင်သူ အားလုံးနဲ့ စီစဉ်သူ အားလုံးကို ရပ်နိုင်ပေ့ ရပ်နိုင်ပေ့ ရယ်လို့ အားပေး လက်ခုတ်တီးလိုက်ပါတယ်ဗျာ
    ကျနော်ကတော့ တနိုင်တပိုင် မနက်တိုင်း ဖယ်ရီထွက်စောင့်ရင်း ကျနော်နေတဲ့ တိုက်ပါတ်ဝန်းကျင်ကို
    တံမျက်စီးလှဲလေ့ရှိပါတယ်…အစကတော့ ကျနော်တစ်ယောက်ထဲပဲ..ခပ်ကြောင်ကြောင်ပေါ့..
    အခုတော့ ကျနော့လို လိုက်လှဲတဲ့လူ နှစ်ဦးလောက်တွေ့လာရတယ်…အဖေါ်ရသွားတာပေါ့…
    ဒါပါပဲ..စပေးဖို့ပဲလိုတာပါ..
    ပို့တင်ချီးကျူးပေးတဲ့ ကထူးဆန်းရေ..ဗရာဗိုပါဗျာ :hee:

  • Bravo ပါဗျို့… လေးစားပါတယ်..
    ဒါနဲ့ ကျန်ခဲ့တဲ ဟိုတယ်နှစ်ခုက A နဲ့ စတဲ့ ဟိုတယ်နဲ့ J နဲ့ စတဲ့ ဟိုတယ်များလားဟင်.. လေးလေးစီဂျေ… 🙂

  • တိမ်မည်း

    March 11, 2013 at 10:26 am

    အခုလို social လုပ်ရှားမှူလေးတွေများလာတော့ ကောင်းတယ်ဗျာ………….

    :harr:

Leave a Reply