သောက်သမဒ water

သောက်.. သမဒဂျီး။ ပြည်ပခရီး ပြန်လာသော သမဒဂျီး ကြိုဆိုနေသော လူအုပ်အားကြည့်၍ ပဏာယူ နေစဉ် မမျှော်လင့်သော အသံကြားလိုက်၍ အလွန်တင်းသွားသည်။ ဘယ်အကောင်တုံးကွ ပေါ်တင်ကြီး ဆဲတာ…။ ကြည့်လိုက်တော့ ဂဇက် သဒင်းထောက် ကြောင်ကြီး သူ့အား ရေတဖန်ခွက် ထိုးပေးရင်း အင်တာဗျူးလုပ်ရန် ကြိုးစားနေသည်။ တောက်စ်.. မျက်နှာကို အတတ်နိုင်ဆုံး ပြုံးထားပြီး နှစ်ကိုယ်ကြား အံကြိတ်ပြလိုက်သော်လဲ ဒင်းက အထူအပါး နားမလည်၊ သောက်သမဒ သောက်သမဒ ရေရွတ်ရင်း အတင်းရေလိုက် တိုက်နေပြန်သည်။ တောက်စ်.. သနားလို့ လက်ပေးကိုင်တာ နို့အပိုထည့်ခိုင်းတဲ့ ချိုဆိမ့်လဖက်ရည်နဲ့ တူနေပြီ။ ကြာလေဆိုးလေ ဖြစ်သောကြောင့် စောင့်ကြီးအောင့်ကြီး မော့သောက်ကာ ရေခွက် လွှင့်ပစ်လိုက်သည်။

အခုလို ပြည်ပခရီး ပျံလာစဉ် ခရီးရောက်မဆိုက် ဘာမိန့်စရာ ရှိပါသလဲခင်ဗျာ..။ အိမ်း အထွေအထူး မရှိပါဘူး ဘယ်လိုပျံလဲဆိုတော့ လေယဉ်ဂျီးနဲ့လေ… သမီးလေးတွေ ကျွေးတဲ့အစားအသောက် မျိုဆို့ရင်း ဆိုဖာကြီးပေါ် ငြိမ့်လို့ပေါ့။ တိန်..  ဖလပ်ဖလပ်ပျံတာ မေးတာဟုတ်ဖူးလေ၊ အိမ်ပြန်လာတာကိုမေးတာ။ ေဩာ်.. သိပါဘူးကွာ တိုင်းတပါး အနေကြာသွားတော့ မြန်မာစကား မေ့ချင်ချင်တောင် ဖြစ်သွားတယ်။ ပွင့်လင်းမြင်သာမှု တာဝမ်ခံမှု ရှိတဲ့ အစိုးရအဖွဲ့ဂျီး တည်ဆောက်မယ်၊ တိုင်းပြည် အာပီဂျီကို နှစ်ဆတိုး ထုတ်မယ်ကွာ။ ဂွီ…… ပြည်တွင်းစစ် ရပ်စဲအောင် လုပ်မယ်ဆိုရင် အဲဒီ အာပီဂျီလောင်ချာတွေ လိုလို့လား သမဒဂျီး။ အဟီး….. ဂျဂါးမှားတွားယို့… နာပေါဒါ တိုင်းပြည် ဂျီဒီပီလို့ပြောတာ။

လက်ပံတောင်းတောင် အစီအရင်ခံစာ ထွက်မလာသေးပါလားခင်ဗျ။ အဲဒါ မစုတို့ ကော်မတီဖွဲ့လုပ်နေတာလေ။ သူတို့တင်ပြတာ တခုမှ သုံးမရဘူး.. အချက်အလက်တွေ ဥပမာပြောပြမယ်။ ဘာတဲ့… ဝမ်ပေါင်ကုမ္မဏီသည် တရုတ်ကုမ္မဏီဖြစ်သည်။ ကြေးနီအား အင်္ဂလိပ်လို ကော့ပါးဟုခေါ်သည်။ လက်ပံတောင်း ဆိုသောအမည်နှင့် သံတူကြောင်းကွဲ လက်ပန်းတောင်းဟူသော မြို့အမည် ပဲခူးတိုင်းတွင်ရှိသည်။ ကြေးနီတောင်အား ပေါက်တူးဖြင့် ဖြိုလျင် တသက်မပြီးနိုင် ထို့ကြောင့် စက်ယန ္တရားကြီးများ သုံးရသည်။ ပိုက်ဆံငွေစက္ကူ နံပါတ် မမှတ်မိကြ၍ လျော်ကြေးငွေကိစ္စ ဆုံးဖြတ်ရန်ခက်သည်။ သပိတ်စခန်း ဖြိုခွဲရာတွင် လုံထိန်းရဲများနှုတ်မှ ကျား ကျား အော်ကာ စီးနင်းတိုက်ခိုက်ခြင်းမှာ အများပြည်သူ အထိတ်တလန့် ဖြစ်စေသောကြောင့် နောင်အကြိမ်များတွင် ယား ယား ပြောင်းအော်သင့်သည်။ ကဲ.. အဲလို တင်ပြချက်တွေနဲ့ ငါဘာလုပ်ရမလဲ။ မင်းတို့ သိပ်အားထားတဲ့ ဘွားဒေါ်ဂျီး မင်းတို့ပဲ မေးဂျလေ…။

ဟား….ဟား..ဘယ်ရမလဲ ငယ်ငယ်ထဲက ဘော်လီဘော ပုတ်လာတာကွ… ထို့နောက် ကားထဲ အပြေးဝင်ကာ ကားမှန် တဘုံးဘုံးထုလျက် အူလှိုက်သဲလှိုက် လက်ပြနှုတ်ဆက်သည်တွင် ဂဇက်သတင်းစာဝယ် မျက်နှာဖုံး ဓာတ်ပုံသတင်း ဤသို့ပါလာလေတော့သည် “မှန်ခေါက်၍ ပြုံးပြနှုတ်ဆက်နေသော နိုင်ငံဒေါ် သမဒဂျီး” :kwi: ဂဇက်သတင်းစာပါ သမဒဂျီးဓါ့ပုံ

ဂဇက်သတင်းစာပါ သမဒဂျီးဓါ့ပုံ

 

15 comments

  • amatmin

    March 9, 2013 at 10:45 am

    သမ္မတကြီး နှုတ်ဆက်ပုံလေး အူးကျောက် ကိုလက်တို့မှပါ ရယ်..
    သူ့ယောက်ခမ ကြီးကိုတွေ့ဖို့ နှုတ်ဆက်နည်းရှာနေတယ် ကြားမိလို့ 🙂
    ခေါင်းစဉ် ဖတ်ပီးကတည်းက ရယ်လိုက်ရတာ ဗျာ..
    ခုလည်းရေသောက်ရင်း မန့်ရတာ ဗျ.
    ဒါနဲ့ သောက်.. အူးကြောင်ကြီး
    :harr:

  • ဦး ကျောက်ခဲ

    March 9, 2013 at 12:04 pm

    သောက်ဦးကြောင်ကြီး :harr:
    ဟီး ဟီး ခင်ဗျားလိုပဲ… water သောက်ခိုင်းတာပါဗျာ…

  • မှန်ခေါက်
    အကြံပျောက်
    ဒန်ပေါက်
    ပြန်ကောက်
    မှန်ခေါက်
    ပြောင်းပြန်လှန်
    အကြောင်းဖန်
    ကြောင်ကြီးကို သမဒခန့်ရန်ကြံ။

  • မောင် ပေ

    March 9, 2013 at 12:33 pm

    မှောက် ဥကြောင်ကြီး
    ဝဲဆေး ထိုးပေးမလို ့
    ခင်ဗျားကြီးသာ မြန်မာနိုင်ငံပြန်လာပြီး ၊ သတင်းကြေငြာချက် ထုတ်ပြန်သူ လုပ်လိုက်ပါတော့ဗျာ

  • ဘဝခြားသွားသူ

    March 9, 2013 at 4:02 pm

    ဖယားတကာ
    ကျောင်းတကာ
    မီဒီယာသခင်
    စတိုင်းယားအရှင်
    ဟူး …ခေါ်ရတာ မောလိုက်တာ
    ရေတခွက်လောက် …
    အင်း …သောက်..သောက်
    :mrgreen:

  • garuda

    March 9, 2013 at 5:47 pm

    “အဘရေ….သောက်သောက်” ရုပ်ရှင်တစ်ခုမှာ ကျော်ဟိန်းပြောသွား တာပါ။ 🙂

  • Mr. MarGa

    March 9, 2013 at 7:42 pm

    သမဒဂျီး သောက်……သောက်
    ဦးကြောင်ကြီး သောက်……..သောက်
    မောမှာစိုးတယ် ရေတိုက်သကွယ်
    တို့ သမဒဂျီးကတော့ တကယ် မောခဲ့ရှာပါတယ်။
    နိုင်ငံတကာကို တစာစာနဲ့ အကူအညီ တောင်းခဲ့ရရှာတာလေ

  • mobile

    March 10, 2013 at 1:26 am

    အိန်းကြားရတာ စိတ်မချမ်းသာလှဘူး….
    ဒီလိုအသံတွေ ပပျောက်သွားအောင် မောင်မိုဘိုင်းကို သမဒ ရထူးပေးလိုက်မှ..
    အိုစခေမယ်နဲ့တူဒယ်………..

  • kyeemite

    March 10, 2013 at 9:36 am

    သောက်ကြောင်ဂျီး
    တောက်လောင်မငြီး
    တောက်ပြောင်ပြီး
    ကြောက်အောင်တီး
    မှောက်အောင်ဖြီး…မကြောက်အောင်ခွီး :harr:

  • MaMa

    March 10, 2013 at 8:27 pm

    လက်တစ်လုံးခြား လုပ်တဲ့နေရာမှာ ကြောင်ကြီးကို မှီသူရှိမယ်မထင်ဘူး။
    သူ့စာတွေသာ ဖတ်မိရင် ဇာဂနာတောင် လူရွှင်တော်လုပ်ဖြစ်မှာ မဟုတ်ဘူး။ :harr:

    • တိမ်မည်း

      March 11, 2013 at 10:32 am

      အူးကြောင်က တိုးတိုးဂလေး ကပ်ပြောတွားဒယ်…….

      နာက လူရွင်တော်လုပ်ရင် ထမင်းအလကား စားရမှာပေါ့တဲ့……
      ဟိုဇာဂနာဆိုတဲ့ ငတိက မပါးလို ့…..
      ငါလို ့ ဂဇက်မှာပဲ လူရွင်တော်လုပ်ရင် အေးဆေးပဲတဲ့………….

      ဟုတ်ဒလား အူးကြောင်……
      :harr:

  • myanmar oscar

    March 10, 2013 at 11:00 pm

    သောက်….ပေါတွေဝယ်တယ်…..
    သောက်….ပေါတွေဝယ်တယ်…..
    သောက်….ပေါတွေဝယ်တယ်…..
    ဟိ ဟိ …နာလဲ သောက်ပေါပဲ…..

  • တိမ်မည်း

    March 11, 2013 at 10:29 am

    သမဒဂျီးက အူးကြောင် အတွက် စကား ပါးလိုက်တယ်….

    ငါမှန်ခေါက်ပီး ပြုံးပြတာ ကြိုက်ဒလားတဲ့….. ငါမှန်ခေါက်တာ မကြိုက်ရင်….
    နင်လာမှန်ခေါက်ပြတဲ့………….

    တကယ်မှန်ခေါက်မှာလား အူးကြောင်…..
    :harr:

  • kai

    March 11, 2013 at 2:26 pm

    အရင်ဗိုလ်ချုပ်ကြီးဘဝကများ.. နို်င်ဂျံဂါးခရီးကပြန်လာရင်.. သူ့ဘေးနား.. မောင်မောင်ကြောင်လိုလူမျိုး.. အဲ.. ကြောင်မျိုး.. ယောင်လို့တောင်သီလို့ရမှာမဟုတ်..။
    “ဒိုင်းညှောင့်”နဲ့တွေ့မလား. “ဖုန်းဂွပ်”နဲ့ထိမလား.. တခုခုပဲ..

    ဆိုတော့…
    “သောက်”လို့ပြောနိုင်တာ.. ကံကောင်းတယ်မှတ်ပါ..။ :kwi:
    မနာမလို..ဝန်မတို.. သာဓုခေါ်ပါ..
    လူကြား ဗလာဆင်းရဲတဲ့သတ္တိ.. အသိအမှတ်ပြုပါ..။
    ရေအေးတခွက်ကမ်းပါ..။ :harr:

Leave a Reply