“နံနက်ခင်းလှေကလေးများနဲ့ဓါတ်ပုံရူးသူ”

1အဝေးကလာနေတဲ့လှေကလေး
1အဝေးကလာနေတဲ့လှေကလေး
2 လှေကလေးက နေရောင်အရိပ်ထဲကို အဝင်
2 လှေကလေးက နေရောင်အရိပ်ထဲကို အဝင်

“နံနက်ခင်းလှေကလေးများနဲ့ဓါတ်ပုံရူးသူ”

 

 

မန်းလေးကန်တော်ကြီးရဲ့နံနက်ခင်းလေးမှာလှေကလေးတွေအမြဲရှိတတ်ပါတယ်။

ပိုပြီးရေပြင်ကျယ်တဲ့ တောင်ဘက်ခြမ်းမှာ ပိုများပါတယ်။

မနက်အရုဏ်တက်ချိန်မှာလှေကလေးတွေ ကရေပြင်မှာလူးလာခေါက်တုံ့။

အရှေ့ဘက်ကမ်းကနေလာကြတဲ့လူအချုို့ကလည်း ကန်တော်ကြီးရေပြင်ကို

ဖြတ်ပြီးအနောက်ဘက်ကို လှေကလေးတွေနဲ့လာတတ်ကြပါတယ်။

မမြလေးဘုရားရဲ့တောင်ဘက်နားလေးကတော့ လှေဆိပ်ပေါ့။

အဲဒီနားလေးမှာလှေကလေးတွေယာယီခိုနား။

ငါးရောင်းတဲ့ဈေးသည်များကလဲ ဒီနားမှာငါးလာယူ။

ဒီလှေဆိပ်ကို အားကိုးနေသူများကတော့ တက်သိမ်းအင်းမယ်တော်ရဲ့နန်းနားလေးမှာနေကြတဲ့

မိသားစုလေးတွေပါဘဲ။

တစ်ရက်ကျနော်လမ်းလျောက်လာချိန် နေအရုဏ်ထွက်ခါစ

အလင်းများက ရေပြင်ပေါ်ဖြာအကျ။

အဲဒီအလင်းတန်းများကြားကိုလှေကလေးကအရောက်။

လှပသောမြင်ကွင်းလေးများကို အမိအရဖမ်းဆုပ်။

လူဝဝ မျက်နှာပေါ်က်ဆိုးဆိုး ဘောင်းဘီတိုတို တီရှပ်အစုတ်

ကင်မရာပေါက်စနနဲ့ ဟိုရိုက်ဒီရိုက်လုပ်တတ်တဲ့သူကို အစကတော့

အဲဒီနားကလူတွေက “ဘာလဲဟ……………”ဆိုတဲ့အကြည့်နဲ့ကြည့်တတ်ကြပါတယ်။

အဲလိုလူများကိုတော့ ပြုံးပြရတာပေါ့။

(ကိုယ်ကသာ ပြုံးပြတယ်ထင်တာ တစ်ဘက်လူကတော့ သွားဖြဲပြတယ်အောက့်မေ့မှာပါ)

 

 

 

 

3ရေအလယ် နေအလယ် လှေငယ်ငယ်
3ရေအလယ် နေအလယ် လှေငယ်ငယ်
7 ကမ်းစပ်ကို ကယ်တော့မယ့်လှေ
4 ကမ်းစပ်ကို ကပ်တာ့မယ့်လှေ

 

5နားခိုရာ
5နားခိုရာ

 

6 ငါးလှေ
6 ငါးလှေ
7 အလင်းအောက်မှာတစ်ကိုယ်တော်
7 အလင်းအောက်မှာတစ်ကိုယ်တော်
8 နားနားနေနေ
8 နားနားနေနေ
9 အလင်းရိ်ပ်ဝယ်ခုနား
9 အလင်းရိ်ပ်ဝယ်ခိုနား

 

တစ်ချို့ကတော့ “ဘာလုပ်ဖို့လဲ” မေးတဲ့အခါ

ရီဖြဲဖြဲနဲ့ “မိန်းမက လှေပုံကြည့်ချင်တယ်ပြောလို့”ဆိုပြီးရီစရာပြောရပါတယ်။

နောက်တော့လဲ ကျနော်ခဏခဏလာပါများတော့ “ဓါတ်ပုံအရူး”မှန်းသိသွားတယ်နဲ့တူပါတယ်

ဘယ်သူမှ ကျနော်ကို ဂရုမစိုက်ကြတော့ပါဘူး။

ကျနော်ကလဲဓါတ်ပုံရိုက်လို့ဝတဲ့အခါ လမ်းလျောက်ပြန်ရင်း ကိုယ်ရို်က်ခဲ့တဲ့ပုံလေးတွေကို

ကြည့်ရင်း သဘောတွေကျ။.

ကဲ သဘောကျလောက်လား မကျလောက်ဘူးလားဆိုတာကို အကဲဖြတ်ကြည့်လိုက်ရအောင်။

 

 

ကိုပေါက်လမ်းသလားနေသည်

7-3-2013

 

 

10 သစ်ရိပ်မှာခိုနား
10 သစ်ရိပ်မှာခိုနား

 

 

29 comments

  • ဂန္ဓာရီ ဆြာအုပ်

    March 11, 2013 at 9:12 am

    မိုက်တယ် ဥပေါက်
    5နားခိုရာ ကိုကြိုက်တယ်

  • ပုံလေးတွေက လွမ်းမောစရာများပါပဲ ဖေပေါက်ဂျီးရေ …
    ဘယ်ပုံကြိုက်တုန်း ပြော …
    အကုန်လုံးကို ကြိုက်တယ်ဗျာ …
    အဆစ် အနေနဲ့ မန်းလေးသူလေးကိုပါ ကြိုက်ဒယ် .. ဟီး .. :mrgreen:
    ကျုပ် မန်းလေးလာရင် တစ်ခါထဲ တောင်းပေးဂျာ … ဒါဗျဲ ..

  • Ma Ei

    March 11, 2013 at 10:27 am

    အလင်းအောက်မှာတစ်ကိုယ်တော်
    ခိုနားနေတဲ့ လှေကလေး
    7-9 လှလိုက်တာ…
    အရောင်လေးတွေလဲ လှတယ်…

    • အခုတပေါင်းလနံနက်ခင်းမှာ ဒီလို အရောင်တွေရနိုင်တယ်လို့ ဆရာကြီးများက မှာထားခဲ့ဘူးလို့စောင့်ရိုက်လာတာပါ။

  • ညလေး

    March 11, 2013 at 10:27 am

    ဟင်းးးးးးးးး ့
    အကုန်မိုက်၏့
    မနာလိုတောင်ဖြစ်မိတယ် တကယ်ပါပဲ ့
    အကြိုက်ဆုံးက ၁၊၅၊၆၊၇၊၉ ့

    • ညလေးတို့မိသားစု မန်းလေးလာတုန်းက အကြောင်းမှမကြားတာ။
      ကြားရင်လိုက်ပို့မှာပေ့ါအေ့
      ဆော်ရနှက်ရအောင်။

  • ဗုံဗုံ

    March 11, 2013 at 11:47 am

    လှေလေးပေါ်မှာ ပန်းတွေတင် ချစ်သူကလှော် ကိုယ်က ရေနဲ့ပက်ရင်း ကျီစယ် ရေလယ်ရောက်တော့ လှေမှောက် အဲ.ဟုတ်ပေါင် ငါ့နှယ်နော် နမိတ်မရှိ နာမာမရှိ ပြောရင်းဆိုရင်း လွမ်းလာပြီ အိုး ဘာဖြစ်လဲ ချစ်သူနဲ့ဆို လှေမှောက်ရုံမကလို့ မိုးပြိုပြို :harr: :harr:

      • ဗုံဗုံ

        March 11, 2013 at 1:22 pm

        ဟုတ်တယ်လေ နင့်ဂိုကြောရာ တိုက်တာနဲ့ တန်းနစ်သွားတဲ့ ဇာတ်ကားထဲကလို ဇာတ်လမ်းလည်း ဆုံးရော နင်လည်း တေရော :mrgreen:
        ဒါရိုက်တာက ဖေပေါက်ကြီးတဲ့ :harr:

        • Myo Thant

          March 11, 2013 at 1:34 pm

          ဗုံဗုံနော် အခုတော့ ကောင်းကောင်းကိုမေ့ပြီပေါ့ ၊

          ရပါတယ် ၊ ဒို့ သိလိုက်ပါပြီကွယ် ။ 🙂

        • မဟုတ်ဘူး ဗုံလေးရဲ့ …
          ဖေပေါက် က ဗုံလေးကို ဇာဇာနဲ့ ပေါင်းခိုင်းမှာ
          ခုတည်းက ကြိုလေ့ကျင့်ထားနော် သမီး …

        • ဗုံဗုံ

          March 11, 2013 at 1:56 pm

          ယောက်ဂမဂျီးကလည်း ဟုတ်ပါဘူး မိဗုံက တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို နို့ဆီ :mrgreen: ကောင်းကောင်းကလွဲရင် အကုန်လုံး ဖွဲနဲ့ ဇကွဲချည်းဘဲ ခုဟာကလေ ကောင်းကောင်း ဆယ့်ရှစ်နှစ်မပြည့် သေးလို့ပါ ဆယ့်ရှစ်နှစ် ပြည့်သွားရင် လက်ရှိရည်းစားတွေ အကုန်ဖြတ်ပစ်မှာ :harr: :harr: :harr:

        • ဒါပေမယ့် တန်းမနစ်အောင် ဇာတ်ညွန်းပြောင်းထားတယ်
          မေခလာ ပစ်ပစ်ချန်က လာကယ်အုံးမှာအေ့

  • Hnin Hnin

    March 11, 2013 at 3:59 pm

    ပုံတွေက အကုန်လှတယ်…လေးပေါက်
    လွမ်းမောသွားစေတဲ့ 5လေးကိုတော့ အကြိုက်ဆုံးပဲ…

    စိတ်မဆိုးဘူးဆိုရင် နှင်းနှင်းခံစားမိတာက သစ်ရွက်၊သစ်ခက်(စိုစို/ခြောက်ခြောက်)
    ပိုးအိမ်တွဲလောင်းပုံတွေက ကြည့်ရင်း ခံစားမှုတစ်ခု မရဘဲ စိတ်ကို ချုပ်နှောင်ထားသလိုလို၊
    လေးလံ၊မှုန်မှိုင်း၊ထိုင်းမှိုင်းသွားစေသလိုပဲ…
    သူများတွေလည်း အဲ့လို ခံစားမိလားတော့ မသိပါဘူး…

  • ဟုတ်ပါတယ် တွဲလွဲခိုနေတဲ့ ပိုးမျှင်လေးတွေရဲ့ ညှတွယ်နေပုံက အလွမ်းဘက်ကို အားသန်စေပါတယ်။
    ကျနော်က အဲလိုတွဲလွဲလေးတွေကို သဘောကျမိတော့ အများကြိးရို်က်ထားပါတယ်။

  • MaMa

    March 12, 2013 at 7:34 am

    အကဲဖြတ်ပေးလိုက်တယ်။
    ပုံတွေအားလုံး သဘောကျလောက်ပါပေတယ်။
    :hee:

  • နေဝန်းနီ

    March 12, 2013 at 12:47 pm

    ငါး လှေကလေးကြိုက်လို့ ယူသွားပြီနော် လှေဘိုးတော့ မန်းလေးရောက်မှပေးမယ်

  • peter king

    March 13, 2013 at 2:40 pm

    Thank you for accept.

  • Mလုလင်

    March 14, 2013 at 12:20 am

    ဦးပေါက် ရေ . . . . ကိုယ်လုပ်ချင်တာကို လုပ်နိုင်နေတာ ကုသိုလ် တမျိုး ပါလို့ တော့ လွယ်လွယ် မပြောချင်ဘူး . . အဲ့ဒါ ကို Time Management နဲ့ ဝီရိယ လို့ ပဲ သတ်မှတ်သင့်တယ် . … ကျွန်တော့ မတော့ . . ဘယ်လို စီမံ ရမလဲကိုမသိ . . ဓာတ်ပုံ မရိုက် ဖြစ်ဘူးဗျို ့ . . . အားကျ လိုက်တာဗျာ ..

  • လုလင်ရေ တစ်ခုရဘို့တော့ တစ်ခုစွန့်လွှတ်ရပါတယ်။
    ငါဒီလိုဝါသနာပါတာတွေလိုက်လုပ်နေတဲ့အတွက်
    ငွေကြေးချမ်းသာအောင်ရှာဖွေခြင်းကိုတော့ စွန့်လွှတ်လိုက်ရပါတယ်။
    တစ်ခုတော့ရှိတာပေါ့ ထမင်းနှစ်နပ်ကိုတော့အေးအေးဆေးဆေးစားလို့ရနို်င်တဲ့ဝင်ငွေရှိတဲ့အလုပ်လောက်နဲ့ဘဲ
    ကျေနပ်ရတာပေါ့။
    နှစ်ခုကောင်းတော့မရနိုင်ဘူးလေ။

Leave a Reply