“ဧရာရင်ခွင်မှ အပူအပင်ကင်းသူလေးများ”

1စိန်ပြီဟေ့-------မိအောင်ဖမ်း
1စိန်ပြီဟေ့——-မိအောင်ဖမ်း
2မပြေးရင်လွတ်တယ်နော်
2မပြေးရင်လွတ်တယ်နော်
3လဲပဟ
3လဲပဟ ……………အလိုက်လဲမရဘဲနဲ့

 

4 ဟေ့ရောင် ရပ်ဆိုရပ်
4 ဟေ့ရောင် ရပ်ဆိုရပ်
5ဝေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
5ဝေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

 

“ဧရာရင်ခွင်မှ အပူအပင်ကင်းသူလေးများ”

အလုပ်ပိတ်တဲ့ တစ်ရက် ပျင်းတာနဲ့ဧရာဝတီမြစ်ဘက်ထွက်လာခဲ့ပါတယ်။

ချော်ဆိပ်ကနေထွက်လာလိုက်တာ စီးရင်းစီးရင်းနဲ့ မရမ်းခြံဆိပ်ရောက်လာပါတယ်။

ဆိုင်ကယ်ကို ကွမ်းယာဆိုင်လေးနားမှာရပ်။

ပြုံးပြပြီး ခဏထားမယ်နော်လို့ပြောပြီးဇက်သော့ခတ်လို့တာရိုးကနေမြစ်ဘက်ကိုဆင်းခဲ့ပါတယ်။

မြစ်ကမ်းနံဘေးက မြေပေါ်မှာတော့ အိုးတွေချထားလိုက်တာအစီအရီ။

ကမ်းစပ်မှာတော့ တဲလေးတွေက ဟိုတစ်လုံးဒီတစ်လုံး။

ကမ်းစပ်မှာတော့ ခရီးသွားမယ့် သူတွေရော ပို့ဆောင်ပေးမယ်လှေတွေ မော်တော်တွေ သင်္ဘောတွေနဲ့

ပြည့်ကျပ်ညပ်။

နွေဦးပေါက်ဆိုတော့ဧရာကလဲ ရေနည်းနေပါပြီ။

နေကလဲမနက်ခင်းတောင်ပူစပြု။

အောက်ကသဲပြင်ကလဲပူ။

သောင်ပြင်မှတဲထိုးနေကြတဲ့မိသားစုလေးတွေမှာလဲအပူတွေစု။

ခရီးသွားကြမဲ့လူတွေရဲ့ရင်ထဲမှာလဲအပူတွေစု။

ကုန်ထမ်းနေကြတဲ့သူ သဲကျုံးတဲ့သူ ခေါင်းရွက်ဈေးသည်လေးတွေရဲ့ရင်ထဲမှာလဲ အပူတွေစု။

ဒါပေမယ့် အဲဒီနားက တဲစုလေးမှာနေကြတဲ့ကလေးတွေကတော့ နေပူပူမှာ

အပူမရှိသလိုပျော်ပါး။

သူတို့လေးတွေမြင်တော့ ကျနော့်စိတ်တွေလဲပေါ့ပါးသွားသလိုလို။

ကဲ သူတို့နဲ့ရောပြီးအပျော်တွေခံစားလိုက်ကြရအောင်ပါ.

ကိုပေါက်လမ်းသလားနေသည်

8-3-2013

 

6ဘာရမလဲလာစမ်း
6ဘာရမလဲလာစမ်း

 

7 ကဲ ရေကူးကြစို့
7 ကဲ ရေကူးကြစို့
7 ကဲ ရေကူးကြစို့
7 ကဲ ရေကူးကြစို့
8 ကျုပ်လဲ ရေထဲဆင်းမယ်
8 ငါ့စောင့်အုံးဟ

 

 

 

9လာပြီကွနော်
9လာပြီကွနော်

 

19 comments

  • Myo Thant

    March 19, 2013 at 9:35 am

    နံပါတ် ၈ နဲ့ ၉ ကိုကြိုက်တယ် ၊ မြစ်ပြင်ကျယ်ကြီး မြင်ရလို့ ၊
    တွေးလည်းတွေးတတ် ရိုက်လည်းရိုက်တတ်ပါပေ့ဗျာ ၊

  • Ma Ei

    March 19, 2013 at 12:36 pm

    နေပူပူမှာ သဲပူပူထဲလူး ရေဆင်းကူးကြတာ
    ဖျားနာ ကုန်ကြမှဖြင့် တွေးမိပေမယ့်…
    ကျင့်သားရနေကြတဲ့ ကလေးတွေမို့
    ကျန်းမာလို့ ပျော်ရွှင်နေကြပုံပဲနော်…

  • မအိရေ ဒီကလေးတွေဆို ဒီလိုလျောက်ဆော့နေကြတာ အမြဲလိုလို
    ဘာမှ မဖြစ်။

    ကျနော်တို့ငယ်ငယ် သရက်ပင်က သရက်သီးခဲနဲ့ထုချ။
    ဒီအတိုင်းစားခဲ့ကြတာ ဘာမှမဖြစ်ဘူး။

    တစ်ခါတစ်ရံမှာ သဘာဝကို ဒီအတိုင်းရင်ဆိုင်တာ ခံနိုင်ရည်ပိုရှိသလားလို့တွေးမိတယ်။

  • Tin Tin

    March 19, 2013 at 2:17 pm

    ကိုပေါက်ရေ ကလေးတွေ အပူအပင်ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ဆော့နေတာမြင်ရတော့ ရင်ထဲတောင် အပျော်ကူးပြီး ပြုံးမိသွားပါတယ်..

  • ကျနော်လဲအစက မြစ်ပြင်မြင်ကွင်းတွေရိုက်ဘို့ဆင်းသွားတာ။
    ကလေးတွေဆော့တာမြင်တော့ အဲဒါဘဲရိုက်ပြန်ခဲ့တာ။
    ကြည်နူးစရာကောင်း၏။

  • MaMa

    March 19, 2013 at 5:28 pm

    ငယ်ငယ်က မြစ်ဆိပ်မှာ ဆော့ကြ ကစားကြ
    မောရင် ရေထဲဆင်း ရေချိုးကြတာတွေကို သွားအမှတ်ရမိတယ်။ :hee:

    • ငယ်ငယ်က မြစ်နားချောင်းနားနေသူမပြောနဲ့ ငယ်ငယ် က တောင်မြို့မှာနေတုံးက
      မြစ်ရေကြီးချိန်ဆိုရင် ခြံအနောက်ဖက်က မြစ်ကျိုးအင်းထဲရေဆင်းဆော့ရတာ သတိရမိတယ်
      မမရေ

  • မောင် ပေ

    March 19, 2013 at 7:36 pm

    နေပူရင် မြစ်ဆိပ်ပြေးမယ်
    စကီတွေလာရင် ပြေးကြည့်မယ်
    နေပူခံအောင် မြစ်ရေစိမ်ကြမယ်
    ဟီဟိ

  • အတွေးလေး

    March 19, 2013 at 9:59 pm

    ကျတော်လည်း မြစ်ပြင်ကျယ်ကြီးကို သဘောကျတယ် ။ဒီလိုစိတ်ကူးမျိုး ပေါ်လာပြီး ပြန်ဝေမျှတဲ့အတွက်ကျေးဇူးပါ ကျတော်လည်းနံပါတ် 8 နဲ့ 9ကိုသဘောကျတယ်ဗျာ။

    • ကျေးကျေးပါဗျာ။
      ကျနော်က လက်ဆော့သူသက်သက်ပါ။
      ကျနော်မှာ ဓါတ်ပုံနဲ့ပါတ်သက်တဲ့ သီအိုရီလဲ မသင်ဘူး ပါဘူး။
      ကိုင်တဲ့ကင်မရာကလဲ အိမ်သုံးပေါက်စနလေးပါ။
      လှနေတဲ့နေရာနဲ့ကျနော်ရောက်တာ ကြုံသွားလို့ကြည့်ကောင်းတာပါဗျာ။

  • padonmar

    March 19, 2013 at 10:18 pm

    ငယ်ငယ်က ကလေးတို့ဘဝမှာ
    ပျော်ပါးဖို့ရာ လွယ်ပါတယ်။
    ကိုယ်ရတာနဲ့ ..တင်းတိမ်ရောင့်ရဲ။…………..

    အပူပင်ကင်းတဲ့ ကလေးလေးဘဝကို
    တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်။
    အပြစ်မသိသေးတဲ့ ကလေးလေးဘဝကို
    တစ်ခါထပ်ပြီးရောက်ချင်သေးတယ်။

  • ဒီနေ့သူငယ်ချင်းအိမ်ရောက်တော့ သူသား သုံးတန်းကျောင်းသားလေး လွယ်အိတ်နဲ့ထွက်လာတာမြင်လို့
    ကျောင်းပိတ်တယ်မလားလို့ မေးမိတာ လေးတန်းအတွက် ကျုရှင်တက်မလို့တဲ့။
    ကျနော်တို့ငယ်ငယ်က နွေရာသီကျောင်းပိတ် ဘုတ်ပိတ် ဆော့ရုံဘဲ။
    တော်ပြိ ကလေးဘဝတော့မရောက်ချင်တော့ဘူး။
    တော်ပြီ စာမကျက်ချင်တော့ဘူး မမာရေ.

  • kyeemite

    March 20, 2013 at 9:02 am

    ကျနော် ရွှေကြက်ယက်ဘုရားနားက သောင်စပ်ရောက်တော့လည်း
    ဒီမြင်ကွင်းမျိုးလေးတွေတွေ့ခဲ့ရတယ်ဗျ… ကိုပေါက်လိုပဲ လက်ဆော့ခဲ့သေးတယ်..
    အဲဒီကပြန်အလှည့် မြန်မာဘူဖေးဆိုင်မှာစားကြတာပေါ့(အရေးထဲ ဆိုင်မှားခဲ့သေးတယ်..) :hee:

    • လမ်းတွေမှား ဆိုင်တွေမှားတော့
      ဖေကြီးက ဟာသဘဲလို့ ဂျုနီယာကြီးမိုက်က မပြောဘူးလားဗျို့

  • အားကျလိုက်တာဗျာ …
    တကယ်ပါ ..
    ဖစ်နိုင်ရင် သူတို့လေးတွေနဲ့ ..
    အဲ့ဒီ သောင်ပြင်မှာ စိန်ပြေးလိုက်တမ်း ကစားလိုက်ချင်ရဲ့ …
    သဲတွေ ပေလာပြီဆို ရေထဲကို ဝုန်းခနဲ့ ဒိုင်ဗင် ပစ်ထိုးဆင်းလိုက် …
    ဘယ်လောက် ပျော်စရာ ကောင်းလိမ့်လေမလဲ …..

  • Mလုလင်

    March 21, 2013 at 9:51 pm

    ပုံတွေကြည့်ရင်း …….. စိတ်ထဲ . . လွတ်လပ် သွားတယ်။ လာကြည့်ရတာ တန်တယ်။

Leave a Reply