ပိတောက်ပွင့်သစ်

padonmarMarch 9, 20131min35517
ပိတောက်ရိပ်ဝယ်
ပိတောက်ရိပ်ဝယ်
ပန်းပိတောက်ရွှေဝါ  အဖူးအပွင့်တွေနဲ့ အထူးတင့်ပါဘိ...
ပန်းပိတောက်ရွှေဝါ
အဖူးအပွင့်တွေနဲ့
အထူးတင့်ပါဘိ…
ကိုယ်ရယ်မင်းရယ် ပန်းပိတောက်ရယ်
ကိုယ်ရယ်မင်းရယ် ပန်းပိတောက်ရယ်

ဒီရက်ထဲ ရန်ကုန်နဲ့ အနီးတစ်ဝိုက်မှာ မိုးနည်းနည်းရွာသွားတယ်။

ရာသီဥတုက တအားပူနေရာကနေ နည်းနည်း အေးသွားတာပေါ့။

ဒီကနေ့ အိပ်ရာက နိုးတော့ အိမ်ရှေ့ကပိတောက်ပင်ကြီးပွင့်နေတယ်။

ပိတောက်ပန်းကို ကြိုက်လှချည်ရဲ့ မဟုတ်ပေမယ့်

ပိတောက်ပွင့်တာမြင်ရင် မိတ်ဆွေဟောင်းနဲ့ ပြန်တွေ့ရသလို ဝမ်းသာမိပါတယ်။

ရန်ကုန်မြို့ထဲလည်း ပန်းပိတောက်တွေ ကားတွေပေါ်မှာ၊မိန်းမလှဆံကေသာတွေပေါ်မှာ တွေ့နေရပါတယ်။

ဒီလို ထူးထူးခြားခြား အခါထက်စောပြီးပွင့်လိုက်တဲ့ ပိတောက်တွေဟာ

ဒီနေ့ မတ်လ ၉ ရက်မှာ စတင်ကျင်းပတဲ့ NLD ရဲ့ ညီလာခံကြီးကို ကြိုဆိုတဲ့ ပိတောက်လို့ ပြောနိုင်ပါတယ်။

ညီလာခံကြီးကနေ မြန်မာပြည်ကြီးရဲ့ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်သော အနာဂတ်ပန်းချီကား ရေးဆွဲနိုင်ပါစေလို့

ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

မနှစ်ကလည်း ဒီ ပိတောက်ပင်ကြီး အခါမဟုတ်ပွင့်လို့ ဓာတ်ပုံရိုက်ပြီး လက်ဆောင်ပေးခဲ့ပါသေးတယ်။

https://myanmargazette.net/83168/creative-writing

ရွာသူရွာသားတို့အတွက် ပိတောက်လက်ဆောင်ပေးပါရစေ– padonmar
Posted by padonmar on Dec 3, 2011

အဲဒီရက်ကတော့ ဟီလာရီ ရန်ကုန်လာတဲ့ အချိန်ဆိုတော့ မြန်မာ-အမေရိကန် ချစ်ကြည်ရေးပိတောက်ပေါ့။

အခုဒီနှစ်ပွင့်တာကတော့ ဒို့ဘကြီးစိန် ဥရောပ ၅နိုင်ငံ လှည့်လည်ပြီး ပြန်လာတဲ့ရက်နဲ့ တိုက်ဆိုင်လို့

မြန်မာ-ဥရောပ ချစ်ကြည်ရေးပိတောက်လို့လည်း တင်စားချင်ပါတယ်။

ဘကြီးစိန်ကိုလည်း နိုဘယ်ဆုတောင်ရနိုင်တယ်လို့ ပြောကြတော့

ဒီတစ်ခါတော့ ရဖြစ်အောင်ရပါစေလို့

ပိတောက်ပန်း လက်ဆောင်ပေးပြီး တောင်းဆုချွေပေးလိုက်ပါတယ်။

(ရေတော့ မသောက်ခိုင်းတော့ဘူးနော်)

ရခဲ့ရင် တစ်နိုင်ငံတည်း ငြိမ်းချမ်းရေး နိုဘယ်ဆုရသူ နှစ်ယောက် စံချိန်တင်သွားမှာပေါ့။

ဆုရလောက်တဲ့ တိုင်းရင်းသားများနဲ့ ငြိမ်းချမ်းရေး၊ပြည်သူပြည်သားများနဲ့ တရားမျှတမှု အကောင်အထည်ဖော်နိုင်ရေး တွေလည်း

မျက်ဝါးထင်ထင်မြင်ခွင့် ရနိုင်ပါစေ။

ကျမတို့ တစ်သက်တာ နှစ် ၅ဝ ခရီးမှာ ဘကြီးစိန်လောက်ကောင်းတဲ့ အာဏာရှိသူ မတွေ့ဖူးသေးသမို့

မမြင်ဖူး မူးမြစ်ထင်တယ်ပြောကြလည်း ခံရမှာပါပဲ။

တိုင်းပြည်ရဲ့ရှေ့ခရီးမှာ ဘကြီးစိန်ထက်ကောင်းသောတော်သော နိုင်ငံနဲ့ပြည်သူကိုဦးစားပေးသော နိုင်ငံ့ခေါင်းဆောင်များနဲ့ တွေ့ကြရပါစေလို့ ဆန္ဒပြုပါတယ်။

ရွာသူားအားလုံး/မြန်မာပြည်သူပြည်သားအားလုံး သက်ရှည်ကျန်းမာ ဘေးရန်ကွာ လိုရာဆန္ဒပြည့်ပါစေ။

17 comments

  • ဦးဦးပါလေရာ

    March 9, 2013 at 11:56 pm

    ပေးတဲ့ဆုနဲ့ပြည့်ပါစေ အမပဒုမ္မာရေ-

    (ကိုယ့်ထက် နှစ်ရက်သုံးရက်လောက်ကြီးတဲ့ဟာကို အမ တပ်ခေါ်ပြီး ကလေးလုပ်ရတာ အရသာရှိလိုက်တာနော် 🙂 )

    NLD ညီလာခံကို ကြိုဆိုတဲ့ပိတောက်
    ဘကြီးစိန်ကို ကြိုဆိုတဲ့ပိတောက် တွေလိုပဲ
    ကျွန်တော်တို့နိုင်ငံရဲ့
    နိုင်ငံရေးစီးပွားရေး အခွင့်အလမ်းတွေ
    စောစောပွင့်ပြီး
    စောစောမွှေးပါစေ …. ဗျာ…

  • padonmar

    March 10, 2013 at 12:04 am

    မုန့်ဟင်းခါးရောင်းဖို့ စိတ်ကူးခဲ့တဲ့ မြန်မာပြည်ရဲ့ ဖတ်စ်လေဒီ””
    [First Lady = သမ္မတကတော်]

    အချိန်ကတော့ ၂၀၀၅ ခုနှစ်ထဲမှာပါ။ ဦးသိန်းစိန်ဟာ န.ယ.က အတွင်းရေးမှူး(၁)တာဝန် ယူထားရပါတယ်။ ဝန်ကြီးချုပ်က ဦးစိုးဝင်းပါ။ ဦးခင်ညွန့်နဲ့ ထောက်လှမ်းရေးတစ်ဖွဲ့…လုံး ရှင်းပြီးကာစအချိန်ပေါ့။ ဦးသိန်းစိန်ဟာ ကျန်းမာရေးကလည်း တော်တော်လေးမကောင်း၊ သူရဲ့ အထက်/ဘေး/အောက်ကလူတွေ လုပ်ဆောင်ပုံ ကလည်း သူ့ခံယူချက်၊ သူ့လုပ်ဆောင်ချက်တွေနဲ့ အစပ်အဟပ်မတည့်ဆိုတော့ အင်မတန်စိတ်ညစ်ပြီး အနား ယူဖို့ စိတ်ကူးပါတယ်။ ဦးသိန်းစိန်က နားဖို့စိတ်ကူးပြီဆိုတော့ ဒေါ်ခင်ခင်ဝင်းကလည်း ရှေ့ဆက်မယ့်ဘဝခရီးမှာ မိသားစုဝမ်းရေးအတွက် အကြံထုတ်ရတော့တာပေါ့။ တပည့်တချို့နဲ့ တိုင်ပင်မိတဲ့အချိန်မှာ အန်တီကြီးက သူ မုန့်ဟင်းခါးတော့ ချက်တတ်တယ်။ ရှမ်းခေါက်ဆွဲချက်မယ့်သူ တစ်ယောက်လောက် ထပ်ရှာမယ်။ အောင်မင်္ဂလာအဝေးပြေးဝင်းထဲမှာ ဆိုင်ခန်းတစ်ခန်း လချုပ်နဲ့ငှါးပြီး ဆိုင်ဖွင့်မယ်လို့ အကြံရပါတယ်။

    ခင်ဗျားတို့ကတော့ ရီနေကြမယ်ထင်တယ်။ ဦးသိန်းစိန်မိသားစု အဲဒီလောက်ထိ အခြေအနေဆိုးပါ့မလားဆိုပြီး။ ဒီမှာကိုယ့်လူ … ခင်ဗျားသိအောင် ပြောပြမယ်။ ဦးသိန်းစိန်ဟာ တြိဂံဒေသ တိုင်းမှူးက လာတာ။ တိုင်းမှူးတစ်ယောက်ဟာ ဘယ်လောက်အထိ လုပ်နိုင်သလဲဆိုရင် ကျောက်စိမ်းဒေသ မြောက်ပိုင်းတိုင်းရဲ့ တိုင်းမှူးဟောင်းတစ်ယောက်ဟာ ရန်ကုန်ကသူ့အိမ်ကြီးမှာ ကျောက်စိမ်းပြားတွေကို တအိမ်လုံးအပြည့် ကပ်ထားတယ်ဗျ။ ဦးသိန်းစိန်ကိုင်ခဲ့တဲ့ တြိဂံဒေသတိုင်းဟာ ကုန်သွယ်ရေးလမ်းကြောင်းရော၊ ဘိန်းရော၊ စိတ်ကြွဆေးရော စုံလို့ … စုံလို့ … ။ တိုင်းမှူးပြီးတော့ န.ယ.က အတွင်းရေးမှူးဖြစ်လာသေးတယ်။ သူဖြတ်သန်း ခဲ့တဲ့ နေရာတွေဟာ သူသာစိတ်ရှိမယ်ဆိုရင် ကိုယ်တိုင်ဘာမှ လုပ်နေစရာမလိုဘူး။ မျက်နှာလေး လွှဲထား လိုက်ရုံပဲ။ သဘောပေါက်။ ဒါပေမယ့် ဦးသိန်းစိန်ဟာ အဲဒီလိုစိတ်မျိုး အရင်ကလည်း မရှိခဲ့၊ နားတော့မယ့် ဆဲဆဲ မှာ လည်း ရှိလာမှာ မဟုတ်ဘူးဆိုတာကို တသက်လုံးပေါင်းလာတဲ့ အန်တီကြီးက သိလို့ အခုလို မုန့်ဟင်းခါး ရောင်းဖို့ စိတ်ကူးရတာပေါ့။
    အန်တီကြီးရဲ့အကြံ ဘာကြောင့်အကောင်အထည်မဖော်ဖြစ်တာလဲဆိုရင် ဘရွှေကြီးက ခွင့်မပြုတာနဲ့ ဦးသိန်းစိန်ဟာ မနားလိုက်ရပါဘူး။ ဒီနေ့ ကျွန်တော်ပြောချင်တဲ့ ဖြစ်ရပ်လေးဟာလည်း ဒါပါပဲ။

    သိပ်မကြာသေးခင်က အဖြစ်လေးကိုလည်း ကြားမိလိုက်မယ် ထင်ပါတယ်။ ကလေးဆေးရုံမှာ လာတက်တဲ့ကလေးကို ဆေးရုံဆင်းသွားမှပဲ သမ္မတကြီးရဲ့မြေးမှန်း သိလိုက်ကြတယ်ဆိုတာလေ။ လူသိပ်မသိလိုက်တဲ့ အဖြစ်လေးတစ်ခုကို ပြောပြချင်ပါသေးတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာ သမ္မတကြီးနဲ့ ဝန်ကြီးတချို့ လေယာဉ်နဲ့ ရန်ကုန်လေဆိပ်ကို ရောက်လာကြတယ်။ လူကြီးတွေအကုန်လုံး လေယာဉ်ပေါ်ကဆင်း၊ လာကြိုတဲ့ကားတွေနဲ့ အလျှိုအလျှို ထွက်သွားပြီးမှ သမ္မတကြီးရဲ့သမီးဟာ ကလေးချီပြီး လေယာဉ်ပေါ်က ကုပ်ကုပ်ကလေးဆင်း၊ နောက်ဘက်ကနေ တိတ်တိတ်ကလေး ထွက်သွားရတယ်။ ဒါတောင် သမ္မတကြီးက ကလေးငယ်ငယ် ကားနဲ့ဆင်းရင် ပင်ပန်းမှာကို သနားလို့ လိုက်ခွင့်ပြုပြီး ပါလာတာ။ အဲဒီကလေးကြီးပြီဆိုရင် အခုလို လိုက်ရဖို့ မမြင်ဘူး။

    ခင်ဗျားတို့ဟာ သိပ်ကြီးမကြာသေးတဲ့ အဖြစ်အပျက်တွေကို မေ့မပစ်ကြပါနဲ့ဦး။ ရုပ်ဆိုး၊ ပုပ်သိုး၊ လိပ်ထော ဆိုတဲ့ သမီးတော်တွေ ကြီးစိုးမင်းမူခဲ့တာတို့၊ စိန်မျောက်မျောက်၊ ဖိုးလပြွတ် ဆိုတဲ့ မြေးတော်တွေ အထူးအခွင့်အရေးနဲ့ သောင်းကျန်းခဲ့တာတို့ဟာ ပြီးခဲ့တာမှ သုံးခါလည်တောင်မရှိသေးဘူးဗျ။ အဲဒီလိုလူစားတွေ ကမ္ဘာပေါ်က အပြီးတိုင် ပျောက်သွားပြီလို့များ ထင်နေကြပြီလား။ နောက်ထပ် ပေါ်မလာနိုင်ဘူးလို့များ ထင်နေကြပြီလား။ အဲဒီလိုခေတ်ကို ပြန်မရောက်ဖို့ ဆုတောင်းတဲ့အထဲမှာတော့ ကျွန်တော်လည်း ထိပ်ဆုံးကတစ်ယောက်ပဲဗျို့။

    ကျွန်တော်ဟာ ဒီအကြောင်းတွေကို သိထားပေမယ့် ချရေးစရာ ကိုယ်ပိုင်ဘလော့ဂ်လည်းမရှိ၊ နာမည်ဝှက် (Fake Account)ကလည်း မရှိတာနဲ့ အများသိအောင် ထုတ်မပြောဖြစ်ခဲ့တာပါ။ ဒါပေမယ့် အထက်မှာ ပြောခဲ့သလိုပဲ … ရှိနေတုန်းမှာ ချစ်ဖို့ကောင်းတာလေးတွေအပေါ် ချစ်သင့်တယ်ထင်လို့ အခုလို အလျဉ်းသင့်တဲ့နေရာက တင်ပြရတာပါ။ ခင်ဗျားတို့ကတော့ ထင်မယ်။ ဒီကောင် ဦးသိန်းစိန်ရဲ့ တပည့် ဖော်လံဖားထဲက ဖြစ်မယ်ပေါ့။ တပည့်မဟုတ်ရပါဘူး။ သူတို့မိသားစုနဲ့ တစ်ခါမှ မပတ်သက်၊ မဆက်ဆံဘူးပါဘူး။ ဒါပေမယ့် ဒီလို စိတ်ထားကောင်းတဲ့သူတွေကို ဖော်လံဖားနေတယ် အပြောခံရရင်တော့ ခံနိုင်ပါတယ်ဗျာ။ စိတ်ဓာတ်အောက်တန်းကျတဲ့ သူတွေအောက်မှာ နှစ်ပေါင်းများစွာ ဖားခဲ့/ပြားခဲ့ရသေးတာပဲ။

    ကဲ… မိတ်ဆွေ။ တကယ်လို့ အန်တီကြီး ဒေါ်ခင်ခင်ဝင်းသာ မုန့်ဟင်းခါးရောင်းဖြစ်ခဲ့ရင် ခင်ဗျား သွားစားမလား။ ကျွန်တော်ကတော့ သွားမယ်။ ဒီလောက် စိတ်ရင်းစိတ်ဓာတ် ကောင်းတဲ့သူတွေ ချက်တာပဲ … ထည့်ရမယ့် အမယ်တွေကို ဘယ်ဟာမှ ခိုထားမှာ မဟုတ်ဘူး။ စေတနာဆိုတဲ့ အမယ်ကလည်း ပမာဏအများကြီးပါဦးမှာ။ အဲဒီဆိုင်သာ ဖွင့်ခဲ့ရင် ခင်ထွေးရီတို့၊ မြောင်းမြဒေါ်ချိုတို့တောင် ဒေဝါလီ ခံသွားရဦးမယ်။ ကျွန်တော်ကတော့ အကြော်နှစ်ခုလောက်ထည့်ပြီး အိုးဘဲဥ၊ ငါးဖယ်နဲ့ ကျကျနန စားပစ်မယ်။ ဟင်းရည်ကိုလည်း တစ်ပန်းကန်အပြည့်တောင်းပြီး သောက်ပစ်မယ်။ ပြီးရင် မီးဖိုချောင်ထဲအထိ ဝင်သွားပြီး ဟင်းရည်အိုး ကူမွှေပေးလိုက်ဦးမယ်။ ခင်ဗျားအနေနဲ့လည်း မီးဖိုထဲထိ မလိုက်ချင်ရင်တောင် မုန့်ဟင်းခါးကိုတော့ အားပေးချင်လိမ့်မယ်လို့ ထင်မိပါတယ်။ ဟုတ်ရဲ့လား။

    ရေးသူ-အမည်မသိပါ။
    Credit to Myanmar Online NewsSee More

    • aye.kk

      March 10, 2013 at 5:41 pm

      တြိဂံတိုင်းမှာ
      တိုင်းမှူးအဖြစ်အုပ်ချုပ်ခဲ့စဉ်က
      နာမည်ကောင်းသာကျန်ခဲ့ပါတယ်။။

  • padonmar

    March 10, 2013 at 12:06 am

    သူက . . ဖခင်ကောင်း . . စနစ်ဟောင်းကိုတော်လှန်နေသူ

    သူက သာမန်ရိုးရိုးကြီးပဲ
    သူက သာမန်ဦးလေးကြီးပဲ
    သူက သာမန်နဲ့မတူတဲ့ စိတ်ထားတော့ရှိတယ်
    ခေတ်ပြောင်းတော်လှန်ရေးကို ဦးဆောင်လို့
    … စနစ်ကောင်းတွေကို စတင်ခဲ့

    မြေစမ်းခရမ်းပျိုးကာလပါ
    အနည်းဆုံးတော့ တိုင်းပြည်ကိုစေတနာရှိတာ
    သူ့မျက်လုံးတွေမှာပေါ်တယ်
    သူ့အပြုံးတွေမှာပေါ်တယ်
    သူ့လုပ်ရပ်တွေမှာပေါ်တယ်
    သူ့မှာ အခက်အခဲတွေရှိတယ်
    သူ့မှာအားနည်းချက်တွေရှိတယ်

    သူက အသက်ကြီးနေပြီ
    သူက ပါးရေနားရေတွန့်နေပြီ
    သူ့မှာ မသန်စွမ်းတဲ့နှလုံးသားကို
    ဘက်ထရီအကူအညီနဲ့ခုန်စေလို့
    သူ့စိတ်ဖိစီးမှုကိုဘယ်သူကများ
    စာနာနားလည်ပေးမလဲ

    သူက လူလိမ်လို့အပြောခံရတယ်
    သူက ရွှေပန်းနဲ့အကြိုခံရတယ်
    သူက မျက်ရည်အကြိမ်ကြိမ်ကျတယ်
    သူ့မိသားစုမှာ သူက ဖခင်ကောင်း
    သူ့တိုင်းပြည်မှာ သူက ခေါင်းဆောင်ကောင်း
    စနစ်ဟောင်းကို သူရဲဝံ့စွာတော်လှန်တယ်

    သူက သာမန်လူသားတစ်ယောက်ပဲ
    သူ့မှာ အစွမ်းထက်တန်ခိုးတွေမရှိဘူး
    စေလိုရာစေ ဖြစ်စေရာဖြစ်
    စနစ်ကို ချက်ချင်း ပြောင်းဖို့မလွယ်ဘူး
    အရာရာကို အသိနဲ့သတိကို စုံတွဲလို့
    ဒီမိုကရေစီကိုသူဖော်ဆောင်နေတယ်

    သူ့မှာ တိုင်းပြည်အတွက်လက်တွဲမယ့် ဒေါ်စုရှိတယ်
    သူ့မှာ တိုင်းပြည်အတွက်လက်တွဲမယ့် ကိုမင်းကိုနိုင်ရှိတယ်
    သူ့မှာ တိုင်းပြည်အတွက်လက်တွဲမယ့် ပြည်သူတွေရှိတယ်
    သူ့မှာ မြန်မာပြည်ကိုချစ်စိတ်ရှိတယ်
    သူ့ရင်ခုန်သံဟာ တိုင်းပြည်အတွက် သွေးတစ်စက်
    အဖက်ဖက်ကနေ သူကြည့်ရှာတယ်

    မောနေပါပြီ
    သူသွားနေတဲ့ခရီးတိုင်းမှာ တိုင်းပြည်အတွက်
    မျက်နှာလည်းငုံ့ခဲ့ရ မျက်ရည်လည်းကျခဲ့ရ
    ကလင်တန်ကို ရိုသေခဲ့ရ
    အိုဘားမားကိုရိုသေခဲ့ရ
    ယင်လတ်ကိုရိုသေခဲ့ရ
    ဘယ်သူကများ ဒီအဖိုးအခကိုသိနိုင်မလဲ

    သူ . . မောနေပါပြီ
    အနာဂါတ်က မှောင်ပြပြ
    တတ်စွမ်းသမျှ အလင်းပေးချင်တဲ့သူ
    သူ့ပုံစံက လှောင်စရာကောင်းနေလို့လား
    သူ့ မျက်ဝန်းတွေက မသမာမှုတွေလုပ်နေလို့လား
    သူ့အပြုံးတွေက အရေခြုံတွေမို့လို့လား
    သူ့မှာ သူမတတ်နိုင်တဲ့ တွန်းအားတချို့
    သူ့မှာ သူကယ်ဆယ်နေရတဲ့ ဒုက္ခတချို့
    သူ့မှာ သူ ထမ်းတင်နေရတဲ့ အနာဂါတ်တချို့
    နံနက်ခင်းတိုင်းမှာ ခင်ဗျားတို့ ကျွန်တော်တို့လို
    ပျော်ရွှင်စွာ နေနိုင်ကြရဲ့လား

    သူ . . လင်းစေချင်တယ်
    အမှောင်တွေကို . . . ဖယ်ခွာချလို့
    တိုင်းပြည်အတွက်ချစ်စိတ်
    သူ့ နေ့ရက်တိုင်းအတွက် ထိပ်မှာ ရှိတယ်
    သူ့လက်တစ်စုံဟာ တိုင်းပြည်အတွက်
    သူ့ ခြေထောက်တစ်စုံဟာ တိုင်းပြည်အတွက်
    အဖက်ဖက်ကနေ လေးစား
    အကြွေးများနဲ့တိုင်းပြည်ကိုကယ်တင်
    မြန်မာပြည်ရဲ့ အရှင်ပါ

    သူဘယ်လောက်ထိ ဆက်လုပ်ခွင့်ရမလဲ
    တစ်နှစ်. . .နှစ်နှစ်. . .သုံးနှစ် . . .
    ဇရာက လုပ်နိုင်ခွင့်ကိုတားဆီးတယ်
    ဖိအားက လုပ်ပိုင်ခွင့်ကို နှောင့်နှေးစေတယ်
    ဘယ်တော့မှ စိတ်မပျက်ဘူး
    ဘယ်တော့မှ လက်မှိုုင်မချဘူး
    သူချစ်တဲ့ပြည်အတွက်
    စနစ်ဟောင်းကို ဦးဆောင်တော်လှန်နေတဲ့သူ ။

    သက်တန့်ချိုSee More

  • ဦးကြောင်ကြီး

    March 10, 2013 at 12:19 am

    သူမုန့်ဟင်းခါးရောင်းရင် ကျနော် အချိုမှုန့် လက်ကားဈေးနဲ့ ပေးမယ်လို့ ပြောပေးပါဗျာ။ သမဒဂျီး မုန့်ဟင်းခါး ရောင်းကောင်းပါစေ.. ဒါမှ ဂိုဒေါင်ထဲက ငါ့အချိုမှုန့်တွေ ကုန်မှာ။ :kwi: ဘွားဒေါ်ဂျီးလည်း အုန်းနို့ခေါက်ဆွဲ ရောင်းဖို့ကြံနေဂျောင်း သူ့လူတွေကို သတင်းလွှင့်ခိုင်းရမယ်၊ နိုင်ငံရေးမှာ လက်ဦးမှုယူဖို့ သိပ်အရေးကြီးတယ်ကွ။ ငါ့အတွက်လည်း အချိုမှုန့် လက်ကားဖောက်သည်ဂျီး နှစ်ယောက်တိုးတာပေါ့။ :harr:

  • ကထူးဆန်း

    March 10, 2013 at 12:22 am

    ဘကြီးစိန်ထက် ကောင်းသူ လာသော်ငြား
    ကြီးမေထက် ကောင်းသူ လာသော်ငြား
    ကြောတော့ဝူး …
    အန်တီ့ဆုတောင်းပြည့်ပါစေ ။
    (ဘီလျံများစွာ သက်သာ တဲ့ ဈေး နဲ့ ရတဲ့ ကန်တော်ကြီးဟိုတယ်၊ တောင် ၃၃ လုံးမှာ နှစ်လုံးမှာ သပိ်တ်တပ်စွဲတာရယ် ၊ပြန်လည်ဖြေရှင်းခွင့် တောင်မပေး ဘူး ။ ကိုယ်စားလှယ် အဖြစ်က အထုတ်ခံလိုက်ရတယ် ဆိုတာတွေ ရယ်နဲ့ ဆိုတော့ )
    အန်တီပေးတဲ့ ဆုနဲ့ ပြည့်ပါစေ
    အန်တီပေးတဲ့ ဆုနဲ့ ပြည့်ပါစေ

  • kai

    March 10, 2013 at 4:12 am

    ဒီနှစ်လယ်ထဲ.. သမ္မတကဖိတ်လို့.. သမ္မတက..ယူအက်စ်လာမယ်..
    အော့ဖ်ဖစ်ရှယ်ဖိတ်တာပါ..။

    ဆိုတော့..
    မုန့်ဟင်းခါးအကြောင်းမေးကြည့်ဦးမယ်..။ :kwi:
    နောက်တာပါ..။
    ကောင်းတာတွေဖြစ်လာအောင်.. ကြိုးစားလုပ်နေသူတွေ.. လုပ်ရပ်သာဓုခေါ်ပါတယ်..။
    အားပေးကူညီခွင့်ရရင်.. ကူညီဖို့လည်း အသင့်ပါ..။

    ဘာပဲပြောပြော.. ဒီနှစ်ဆန်းတင်.. လူထုကို.. ကိုယ်ပိုင်သတင်းစာထုတ်ခွင့်တွေလည်း.. ပေးလိုက်သမို့.. ဦးသိန်းစိန်အစိုးရအဖွဲ့နဲ့.. လွှတ်တော်ဥက္ကဌတို့ .. ဦးဆောင်လုပ်နေတာတွေဟာ.. မြန်မာ့သမိုင်းမှာ မရှိလှအောင်ရှားပါကြောင်း.. အသိအမှတ်ပြုပါ၏..။

    ပြု၏..။ပြု၏..။

  • kyeemite

    March 10, 2013 at 10:06 am

    ဂဇက်ထဲဝင်လိုက်တော့ ပိတောက်ပန်းနံ့တွေ မွှေးသွားပါတယ်ဆိုပြီး
    လိုက်ကြည့်တော့ မှ..လား..လား..
    မင်းသမီးကြီးလေဘာတီပဒုမ္မာ အိမ်ရှေ့က ပိတောက်ပင်ကြီး
    ဝေဝေဆာဆာပွင့်နေတာကိုး….မင်္ဂလာရှိပါပေ့ဗျာ….
    ပေးတဲ့ဆုနဲ့ပြည့်ပါစေ မင်းသမီးကြီးပဒုမ္မာရေ- :hee:

  • ရဲစည်

    March 10, 2013 at 11:19 am

    ၂၀၀၈ တုန်းကထင်တယ် မှတ်မိသေးတယ်
    နေ့လည် ၂နာရီလောက်ကပေါ့ ……………။
    ထိုင်စရာခုံမရလို့ ဆိုဒ်တေဘယ်လ် ခေါ်မလား ..
    အဲ့ပေါ်မှာ ကျုံ့ကျုံလေးထိုင်ပီး ဆီချက်ခေါက်ဆွဲ ၂ပွဲအုပ်တာ
    တမနက်လုံး ဘာမှ မစားရသေးဘူးတဲ့ ဆေးသောက်ဖို့ အစာမရှိလို့ပါတဲ့

    ရေးသူအမည်မသိ
    myanmarfriends.net မှာတွေ့ဖူးတာ

    ထားပါ ဒါက သူရို့ကိစ္စ …
    အန်တီပဒုမ္မာရေ ကျနော့် အမြင်ကတော့
    မှန်တာကို အမှန်အတိုင်း
    အရှိကို အရှိအတိုင်း ပွင့်လင်းမြင်သာစွာဖြင့်
    လူတွေ စနစ်တွေ( credit to site Admin ) အားလုံး တက်ညီလက်ညီ ချီတက်စေချင်ပါတယ်။
    တိုင်းပြည်တိုးတက်ပြီး လူနေမှုအဆင့်အတန်းမြင့်မားလာတော့ ဂုဏ်ထည်တာပေါ့ဗျာ ………..။

  • amatmin

    March 10, 2013 at 12:23 pm

    အွန်း..ညဏ်တိန်လွန်းလို့လားတော့ သိဘူးရယ်..
    စိတ်ထဲကနေ ဆုမွန်ကောင်း တောင်းမရဖြစ်နေတယ်.. 🙁
    ကိုအောင်ပု ဒီပို့စ်လာလည်မှပဲ ..
    ပြန်လာကြည့်ပီး ဆုတောင်းပေးတော့မယ် 🙂

    • ခိုင်ဇာ

      March 10, 2013 at 12:25 pm

      “ခွင့်လွှတ်တယ်၊ မမေ့ဘူး”
      ————————–

      စက်ဘီးလေးစီးပြီးရုံးတက်တာလောက်တော့
      လာမပြောနဲ့။
      ဆယ်စုနှစ်နဲ့ချီပြီး
      … စက်ဘီးစီးဖို့အသာထား
      ခြံဝင်းအပြင်တောင်မထွက်ဘဲ
      နေဘူးသလား။

      ရပါတယ်ကွာ တံခါးမဖွင့်နဲ့
      ငါလမ်းဆင်းလျှောက်ပ့ါမယ်
      လာမပြောနဲ့။
      သွပ်ပြားတွေလေးဘက်လေးတန်ကာပြီး
      နေပူကျဲတဲအောက်
      ကားပေါ်ကတောင်လမ်းဆင်းမလျှောက်ဘဲ
      ရန်ကုန်ပုသိမ်လမ်းမကြီးပေါ်
      နေ့နေ့ညည
      ဆယ်ရက်လောက်ဆက်နေဖူးလား။

      အငြိမ်းစားယူပြီး
      မုန့်ဟင်းခါးရောင်းစားမယ်
      လာမပြောနဲ့။
      သန်း၅ဝအတွက်
      အငြိမ်းစားမယူဘဲ
      ရေချိုးခန်းထဲကဇလားကြီးတောင်ရောင်းစားပြီး
      ထမင်းအနပ်ပေါင်းများစွာ
      အငတ်ခံခဲ့ဖူးသလား။

      ဆေးရုံတက်တာ
      ငါ့မြေးမှန်းမသိစေနဲ့လို့တော့
      လာမပြောနဲ့။
      ယောကျာင်္းသေတာတောင်
      အသုဘလိုက်မပို့ရဘဲ
      နေခဲ့ဘူးသလား။

      ငါ့သမီးလေယာဉ်စီးရင်
      အထူးတန်းကမစီးနဲ့လို့တော့
      လာမပြောနဲ့။
      စီးနေတဲ့ရထားတွဲတောင်
      တိုးကြောင်လေးဘူတာမှာဖြုတ်ချပစ်ခဲ့တာ
      ခံခဲ့ဘူးသလား။

      နှလုံးခုန်စက်တပ်ထားတာလောက်တော့
      လာမပြောနဲ့။
      နှလုံးခုန်ရပ်သွားအောင်
      လူပေါင်းထောင်နဲ့ချီပြီး
      ညကြီးမင်းကြီး
      ဝါးချွန်တွေ လှံတွေနဲ့
      ဝိုင်းလုပ်ကြံတာ
      ခံခဲ့ဘူးသလား။

      နောက်ပြန်မလှည့်ဘူး
      လှည့်ချင်တဲ့သူတွေလက်တွဲဖြုတ်ခဲ့မယ်
      လာမပြောနဲ့။
      တရားမျှတမှုအတွက်
      ရှေ့တည့်တည့်လျှောက်ခဲ့တာ
      နောက်ပြန်လှည့်ချင်သူတွေ
      ဒီအတိုင်းရပ်နေချင်သူတွေကိုပါ
      သည်းခံပြီးလက်တွဲခေါ်ခဲ့တာ
      လွန်ခဲ့တဲ့ ၂၅နှစ်ကနေ
      ဒီနေ့အထိ။

      ခင်ဗျားလဲပုထုဇဉ်ပဲ
      နိုဘယ်လ်ဆုရရင်တော့ ဘယ်ညင်းပါ့မလဲ။
      ဒါပေမယ့် အဲဒါကြီးက
      ခင်ဗျားတို့တချိန်ကပြောခဲ့တဲ့
      ကိုလိုနီလက်သစ်တွေရဲ့
      ငါးမျှားချိတ်က ငါးစာတွေဆို။
      ခင်ဗျားတို့ကမေ့ချင်ယောင်ဆောင်ပေမယ့်
      သမို်င်းဆိုတာရှိတယ်။

      ပြောချင်တာက……
      ခင်ဗျားလုပ်သမျှ
      ဆန့်ကျင်ချင်လို့မဟုတ်ဘူး။
      ခင်ဗျားပြောသမျှ
      ကန့်လန့်တိုက်ချင်လို့မဟုတ်ဘူး။
      ခင်ဗျားကို မြှောက်သလို ပင့်သလိုနဲ့
      ဟိမဝန္တာချီးမွမ်းခန်းဖွင့်ပြီး
      နံမည်ကောင်းယူချင်တဲ့
      ယောယိမ်းချင် ဘသားယိမ်းချင်တွေရဲ့စကားတွေကို
      နားခါးလွန်းလို့။. ။

      By: ဥက္ကာ ၁၀:၀ဝ ၆.၃.၂၀၁၃
      https://www.facebook.com/kyatpha.okka/posts/191734980950257
      – – – – — – – – – – – – – – – – – – – – – – – – – – – – – – — – – – – – – – – – – –

      မတူတဲ့ အတွေးနဲ့ ရေးထားတဲ့ ကဗျာလေးမို့ စုဖတ်လို့ရအောင်ပါဗျို့။
      ကျန်တာ တော့ မပြောချင်တော့ဘူးရယ်။
      ဦးကြောင် ကော်မန့်တော့ အတော်သဘောကျတယ် ဝန်ခံပါရစေ။ :mrgreen:

      • Ma Ei

        March 11, 2013 at 12:50 pm

        “ခွင့်လွှတ်တယ်၊ မမေ့ဘူး”
        By: ဥက္ကာ ၁၀:၀ဝ ၆.၃.၂၀၁၃
        https://www.facebook.com/kyatpha.okka/posts/191734980950257

        အဲ့ဒါလေး..Fb မှာတွေ့ထဲက သဘောကျနေတာ၊ ပြောချင်တဲ့စကားတွေပါပဲ….
        ခွင့်လွှတ်နိုင်ပေမယ်…
        မေ့မရတာတွေ ရှိနေခဲ့တယ်…

  • အရမ်းကြီးတော့ ဉာဏ်မမီပေမယ့်လည်း… အကောင်းလေးတွေကို မြင်နေရတာကိုတော့ လက်ခံမိပါတယ်….

  • မောင် ပေ

    March 10, 2013 at 12:58 pm

    ရန်ကနား လဲ ဗယာကြော် ကြော်ရောင်းမယ်
    ရန်ကနားတို ့ဂေါ်ရခါးတွေနော်
    ချွတ်ကရီး ကို အမြဲ သွေး ထားပြီးသား

  • အပေါ်ဂ လူဂျီးဒွေ …
    ဘာဒွေ မန့်နေဂျဒါလဲ နားဒေါ့လည်ဝူးးး
    ဒါနဲ့ဘဲ … ကျော်ခွတွားလိုက်ဒယ် ဆိုဘာစို့ … ဟီးးး
    တားဂဒေါ့ ပိတောက် ပွင့်ဒါဘဲ တိဒယ်ဂျ ….
    ပေါရရင်ဒေါ့ဂျာ … အချိန် မတိုင်ခင် ပွင့်ဒါ ….
    ဘာပေါပေါ … အဲ့လို အချိန်မတိုင်ခင် ပွင့်ဒေါ့ ..
    တင့်ဒလောက် မတယ်နိုင်ဘူး ဖစ်တွားဒယ် ….
    ဂလောက်ဘဲ တား သိဒယ် …

  • koaung

    March 10, 2013 at 7:27 pm

    ဦးသိန်းစိန် အဆိုးထဲက အကောင်းဖြစ်အောင်လုဎ်သွားနိုင်တယ်လို့ ထင်မိတယ် ဆရာမကြီးရေ အချိန်ကြာလာလေလေ မြန်မာပြည်တိုးတက်လာမယ်လို့ထင်နေကြတယ် (ပြည်ပကနိုင်ငံခြားသားများ ဝေဖန်ချက်) သူဒို့က တရုတ်ပြည်
    မ ဗီယက်နမ်မှာ စီးပွါးရေးလုဎ်နေတဲ့ စီးပွါးရေးသမားတွေပါ ဒိပြင်နိုင်ငံတွေထက် မြန်မာပြည်ကိုဦးတည်နေကြတယ် လောလောဆယ်မတည်မငြိမ်ဖြစ်နေပေမဲ့ အချိန်ကစကားပြောမယ်လို့ထင်ကြတယ် ခက်နေတာမြေဈေး
    ပြည်တွင်းကလူတွေလည်းဝယ်ထားသလို ပြည်ပကလူတွေပါဝယ်ထားလို့ အဆမတန်ဖြစ်နေတာ တရုတ် ဂျပန် ကိုရီးယား ထိုင်ဝမ် စင်ကာပူ မြန်မာပြည်မှာမြေဝယ်ထားကြတာ

  • MaMa

    March 10, 2013 at 9:59 pm

    ခုချိန်မှာ ရှားရှားပါးပါးပွင့်နေတဲ့ ပိတောက်က အဖိုးတန်တယ်။
    (ဈေးထဲကနေ ဝယ်ရလို့) :hee:
    ပိတောက်ပွင့်ချိန်ကို အတွေးနယ်ချဲ့ပြီး ပြောသွားတော့လည်း တွေးစရာတွေ အများကြီး ပေါ်လာတယ်။

Leave a Reply