ကြုံလေ ဘုံပွေ

Ma MaMarch 12, 20131min28032

nullလုပ်ငန်းခွင်တိုင်းမှာ သူ့သဘာဝနဲ့သူ ရှိတတ်ကြပါတယ်။

လုပ်ငန်းအမျိုးအစားတွေ ကွာခြားသွားတာနဲ့အမျှ လုပ်ငန်းခွင်သဘာဝတွေလည်း ပြောင်းလဲကွာခြားသွားတတ်ကြပါတယ်။

မိသားစုစီးပွားရေးလုပ်ငန်းအနေနဲ့ ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ဖောက်ကားတဲ့ ပွဲရုံလုပ်ငန်းကို မိရိုးဖလာအစဉ်အဆက်လုပ်ကိုင်ခဲ့တာ အခုဆိုရင် နှစ်ပေါင်း၂ဝ ကျော်လို့ ၃ဝနားကို ကပ်လာပါပြီ။

တချို့နိုင်ငံကြီးတွေရဲ့ ကုန်အမှတ်တံဆိပ်တွေမှာ သူတို့လုပ်ငန်းရဲ့ သက်တမ်းကြာမြင့်မှုကို ဂုဏ်ယူစွာဖြင့် Since 19…. လို့ ရေးတတ်ကြတာကို အလွန်သဘောကျတာကြောင့်…….

ကိုယ့်လုပ်ငန်းမှာဆိုရင်လည်း Since 1986 လို့ ရေးချင်တယ်လို့ မိသားစုတွေကို မကြာခဏပြောဖြစ်ခဲ့ပါတယ်။

နှစ်ပေါင်းကြာရှည်စွာ လုပ်ကိုင်လာတာနဲ့အမျှ ….
ကိုယ့်လုပ်ငန်းခွင်ရဲ့သဘာဝကို စောမေတို့က နောကြေနေတယ်လို့ဆိုလိုချင်တာပေ့ါ။ :harr:

************************************************

ကျမတို့ ရောင်းဝယ်ဖောက်ကားနေတဲ့ ရေထွက်ကုန်ပစ္စည်းဆိုတာ တာရှည်အထားမခံတဲ့ သဘာဝရှိပါတယ်။ ရက်ကြာရင် ပျက်စီးတတ်ပါတယ်။

အဲဒီသဘာဝကြောင့်ပဲ လာရောက်အပ်နှံတဲ့ ကုန်ပစ္စည်းတွေကို ….
ရံဖန်ရံခါ ကုန်ပစ္စည်းအရည်အသွေးညံ့ဖျင်းတာကြောင့်သော်လည်းကောင်း၊ အရောင်းအဝယ်အေးတာကြောင့်သော်လည်းကောင်း၊

အချို့သောအကြောင်းတွေကြောင့် နေ့ချင်းမရောင်းရတာမျိုးတွေကလွဲရင်
(များသောအားဖြင့်) နေ့ချင်းပြီး ရောင်းချပေးရပါတယ်။

တစ်ရက်ပိုကြာသွားတာနဲ့အမျှ ရေထွက်ကုန်ပစ္စည်းရဲ့ အရည်အသွေး၊ အရောင်အဆင်းက ပြောင်းလဲကျဆင်းသွားတတ်ပါတယ်။

အဲဒီလို သဘာဝတွေရှိတာကြောင့် ကုန်ပစ္စည်းတစ်ခု ရောက်လာတယ်ဆိုတာနဲ့…..

ကုန်ပစ္စည်နဲ့အတူတကွ ပိုင်ရှင်ပါလာရင် ကုန်သည်နဲ့ပွဲရုံ ညှိနှိုင်းရောင်းချတာမျိုး ရှိသလို၊

ကုန်ပိုင်ရှင်လိုက်ပါမလာပဲ ကုန်ချည်းသာ ပွဲရုံကို ပို့လွှတ်လိုက်တဲ့အခါမျိုးမှာ
ကုန်ပစ္စည်းရဲ့ ဈေးနှုံးကို ပွဲရုံတွေက ဆုံးဖြတ်ပြီး ရောင်းချပေးကြရပါတယ်။

အဲဒီနေရာမှာ လူကိုယ်တိုင်မလိုက်နိုင်ပဲ ကုန်ချည်းပဲပို့လွှတ်လိုက်တဲ့အခါမှာ……

သူတို့ရဲ့ ကုန်ပစ္စည်းကို ပွဲရုံက ရောင်းချပေးထားမယ်ဆိုတာကို လုပ်ငန်းခွင်သဘာဝအရ ကုန်ပို့တဲ့ကုန်သည်ဘက်ကလည်း အလိုအလျှောက်သိရှိနေပြီးသား ဖြစ်ပါတယ်။

ရောင်းချလို့ရရှိလာတဲ့ ကုန်ဖိုးငွေကိုတော့ ကုန်ပို့ပြီး နောက်ရက်တွေကျမှ အလျဉ်းသင့်သလို ရှင်းယူတတ်ကြပါတယ်။

ကုန်ဖိုးငွေရှင်းယူဖို့အတွက် ပို့လိုက်တဲ့ကုန်ရဲ့ ပိုင်ရှင်ဖြစ်ကြောင်းကိုတော့ ကုန်ကိုသယ်ယူပို့ဆောင်ပေးတဲ့လုပ်ငန်း
(သဘောင်္၊ ကား၊ ကုန်ပို့ကိုယ်စားလှယ်) တွေဆီက
ကုန်ပေးပို့စဉ်မှာပေးလိုက်တဲ့ ကုန်လက်ခံဘောင်ချာကို သက်သေအဖြစ်ယူပါတယ်။

အရောင်းအဝယ်အခြေအနေအရ ဈေးနှုံးအတက်အကျ၊ ကုန်ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီး တစ်နေ့တစ်ရက်တည်းမှာတောင် ကုန်ပစ္စည်းအမျိုးအမည်တူပေမယ့်၊ ကုန်သည်တစ်ဦးတည်းရဲ့ ကုန်ဖြစ်ပေမယ့် ဈေးနှုံးအနည်းငယ်ကွာခြားတတ်ပါတယ်။

ဒါပေမယ့်လည်း ငါးအမျိုးအစားပေါ်မူတည်ပြီး အမြင့်ဆုံး အကောင်းဆုံးနဲ့ အနိမ့်ဆုံး အညံ့ဆုံးဈေးနှုံးဟာ range တစ်ခုကြားထဲမှာ ခန့်မှန်းလို့ ရနှိုင်လောက်တဲ့ အနေအထားမှာ ရှိပါတယ်။

ရေထွက်ကုန်ပစ္စည်းပွဲရုံတွေအနေနဲ့ နှစ်ပေါင်းများစွာ အစဉ်အဆက်လုပ်ကိုင်လာကြသူတွေမို့
ကောင်းမကောင်း၊ မှန်မမှန်ဆိုတဲ့ ရာဇဝင်မှတ်ကျောက်ဟာ တင်ပြီးသားဖြစ်နေပါတယ်။

ပြောရမယ်ဆိုရင် ကုန်ပို့သူကုန်သည်၊ ကုန်ကိုရောင်းချပေးတဲ့ပွဲရုံနဲ့ ကုန်ဝယ်ယူသူအဝယ်တော်တို့ဟာ အပြန်အလှန်ယုံကြည်စိတ်ချရမှုကို အလေးပေးတတ်ကြပါတယ်။

ကံထမ်းလာတာ မမြင်ရ လှံထမ်းလာတာ မြင်ရ ဆိုတဲ့ စကားပုံလိုပါပဲ။ :buu:

*************************************************

တစ်နေ့မှာ….
ထုံးစံအတိုင်းမဟုတ်ပဲ ကုန်ပစ္စည်းအပေါ်မှာ ပွဲရုံနာမည်မရေးထားသလို
ကုန်ပို့စာလည်းမပါတဲ့ ကုန်ပစ္စည်းတွေ ပွဲရုံကိုရောက်လာပါတယ်။

ပွဲရုံမှားချတာမျိုးဖြစ်မှာကို စိုးရိမ်လို့ ကိုယ့်ပွဲရုံကို ပို့တဲ့ကုန်ဟုတ်မဟုတ် သေချာအောင်
ကုန်သယ်လာတဲ့ ကားသမားကို မေးမြန်းစုံစမ်းခဲ့ပါတယ်။

ကားသမားကလည်း ကုန်လက်ခံစီစဉ်ပေးလိုက်တဲ့ ကားဂိတ်ကို သေချာအောင် ဖုံးပြန်ဆက်မေးတဲ့အခါ
ကားဂိတ်က ဒီပွဲရုံကိုပို့တာ သေချာကြောင်း အတည်ပြုပြီးပြောကြားပါတယ်။

အဲဒီလိုနဲ့ ရောက်လာတဲ့ ကုန်ပစ္စည်းကို ရေထွက်ကုန်ပစ္စည်းပွဲရုံတို့ရဲ့ လုပ်ငန်းခွင်ထုံးစံအတိုင်း ရောင်းချလိုက်ပါတယ်။

နောက်နှစ်ရက်အကြာမှာ ပို့ထားတဲ့ကုန်ကို ပြန်လိုချင်ကြောင်းကားဂိတ်က ဖုံးဆက်လာပါတယ်။

ဒီပွဲရုံကိုပို့လိုက်တဲ့ကုန်မဟုတ်ပဲ ကုန်သည်ထံမှ ကုမ္ပဏီက ကြိုတင်ဝယ်ယူထားလို့ ပို့ပေးလိုက်တဲ့ကုန်ဖြစ်ကြောင်း ပြောလာပါတယ်။

ပွဲရုံကို ကုုန်စရောက်စဉ်ကတည်းက သေသေချာချာ စုံစမ်းမေးမြန်းပြီးမှ လက်ခံထားတဲ့ကုန်ဖြစ်တဲ့အပြင်
ကုန်ပစ္စည်းဟာ ရောင်းချပြီးလို့ ဝယ်ယူသူက သယ်ယူသွားပြီး ဖြစ်ပါတယ်။

အဲဒါကြောင့် ရောင်းချပြီးဖြစ်တဲ့အပြင် ဝယ်ယူသူကလည်း ကုန်ကိုသယ်ယူသွားပြီးဖြစ်တာကြောင့် ကုန်မရှိတော့လို့ ပြန်မပေးနိုင်တော့ကြောင်း၊
ကုန်ဖိုးငွေကိုသာ ရှင်းပေးနိုင်ကြောင်းအကျိုးအကြောင်း ပြောပြလိုက်ပါတယ်။

ကားဂိတ်ရဲ့ မှားယွင်းပို့ဆောင်မှုကြောင့် ဖြစ်လာရတဲ့ အရှုပ်အရှင်းကို
ကားဂိတ်နဲ့ ကုန်သည်၊ ဒါမှမဟုတ် ကားဂိတ်နဲ့ ကုမ္ပဏီတို့ အချင်းချင်း ရှင်းလင်းရမယ့် ကိစ္စပဲလို့ မြင်ခဲ့ပါတယ်။

သေချာအောင် မေးမြန်းစုံစမ်းပြီးမှ လက်ခံပြီး ရောင်းချပေးထားတာဖြစ်တာမို့
ကိုယ့်ဘက်က အမှားမရှိဘူးဆိုပြီး စိတ်အေးသက်သာစွာပဲ နေလိုက်ပါတယ်။ :saut:

********************************************

နောက်၂ရက်အကြာမှာ ရဲစခန်းက စစ်ဆေးဖို့ရှိတယ်ဆိုပြီး လာခေါ်ပါတော့တယ်။

ကားဂိတ်ကိစ္စပဲဖြစ်မယ်ဆိုတာ မှန်းမိပြီး လိုက်သွားလိုက်ပါတယ်။

ကားဂိတ်ပိုင်ရှင်က သူပို့ထားတဲ့ကုန်က ကျမတို့ပွဲရုံကို ပို့တဲ့ကုန်မဟုတ်လို့ ပြန်လိုချင်ကြောင်း တိုင်ကြားထားခြင်းဖြစ်ပါတယ်။

ကျမတို့အနေနဲ့ ကုန်ပစ္စည်းကို ကားဂိတ်မှာ သွားယူတာလည်း မဟုတ်၊
ကားသမားဆီကနေ အတင်းလုယူထားတာလည်း မဟုတ်ပဲ၊

ကားသမားနဲ့ ကားဂိတ်က ကျမတို့ ပွဲရုံကို ပို့တဲ့ကုန်ဖြစ်ကြောင်း ပြောလို့သာ လက်ခံရောင်းချတာဖြစ်လို့ ကျမတို့ဘက်က အမှားမရှိကြောင်း ပြန်လည်ချေပနိုင်ခဲ့ပါတယ်။

အဲဒီအခါမှာ ကုန်ကိုလာချပေးထားတာ မှန်သော်လည်း ကုန်ရောင်းချပေးဖို့ ပြောဆိုထားခြင်းမရှိပဲ ရောင်းချလိုက်တဲ့အတွက် ပွဲရုံရဲ့အမှားလို့ စွပ်စွဲပြီး ကုန်ကို ပြန်လည်ပေးအပ်ဖို့ တောင်းဆိုလာပါတယ်။

ရေထွက်ကုန်ပစ္စည်းတွေရဲ့ လုပ်ငန်းခွင်သဘာဝအရ ရောက်ရှိလာတဲ့ ကုန်ကို ပွဲရုံက ရောင်းချပိုင်ခွင့်ရှိကြောင်း၊

မရောင်းချသေးမယ့်ပစ္စည်း တနည်းအားဖြင့် လှောင်ကုန်ကို ပွဲရုံကိုပို့လေ့မရှိသလို၊ ပွဲရုံကလည်း လှောင်ကုန်ကို လက်ခံထိန်းသိမ်းပေးထားလေ့မရှိပါဘူး။

ပွဲရုံလုပ်ငန်းသဘာဝကို သိချင်ရင် ပွဲရုံလူမှုရေးအဖွဲ့အစည်းကို သက်သေတည်နိုင်ကြောင်း ပြောလိုက်တော့ ပြန်သွားပါတယ်။

ကုန်သည်ဆီမှာ တစ်ပိသာ ၆၅၀ဝ ဈေးနဲ့ အော်ဒါမှာထားတာဖြစ်ပြီး
ပွဲရုံမှာရောင်းတော့ ၃၀၀ဝ ဈေးသာရတဲ့အတွက်…..

ကြားထဲက နစ်နာဆုံးရှုံးမှုကို ကုမ္ပဏီကိုယ်တိုင်က တစ်ဝက်ခံပြီး
ကျန်တစ်ဝက်ကို ကားဂိတ်ပိုင်ရှင်ဆီက အလျှော်တောင်းပါတော့တယ်။

ကားဂိတ်ပိုင်ရှင်က သူတို့အနေနဲ့ အကျိုးဆောင်ခ အနည်းငယ်သာ ရတာမို့ မလျှော်နိုင်ကြောင်း ပြောတယ်လို့ ကြားသိရပါတယ်။

******************************************

အဲဒီနောက် ရက်အနည်းငယ်အကြာမှာ ကားဂိတ်ပိုင်ရှင်က ပွဲရုံလူမှုရေးအဖွဲ့ကို တိုင်ကြားတယ်လို့ သိရပါတယ်။

ကုန်ပစ္စည်းကို ဈေးနှုံးမှားယွင်းရောင်းချလို့ ဖြစ်ပေါ်လာရတဲ့ဆုံးရှုံးနစ်နာမှုလို့ စွပ်စွဲပြီး …..
အဲဒီနစ်နာကြေးကို ပွဲရုံဘက်က ပေးလျှော်ပေးဖို့ဆိုပြီး့ တိုင်ကြားလာတာ ဖြစ်ပါတယ်။

လူမှုရေးအဖွဲ့အနေနဲ့လည်း ဒီလုပ်ငန်းခွင်ထဲကလူတွေသာ ဖြစ်တာမို့ ကုန်ပစ္စည်းရဲ့ ပေါက်ဈေးနှုံးကို မှန်းဆနိုင်ကြ၊ သိနိုင်ကြပါတယ်။

ဈေးကွက်ထဲမှာ လူအများကို ဈေးခေါ်ရောင်းချထားတာဖြစ်တဲ့အတွက်…

ကုမ္ပဏီနဲ့ ကုန်သည်နှစ်ဦးသဘောတူ သတ်မှတ်ထားတဲ့ ဈေးနှုံး (ကြိုက်ဈေး) မဟုတ်ပဲ၊

ဈေးကွက်ထဲမှာ လူအများကြားထဲမှာ ရောင်းချခဲ့တဲ့ဈေးနှုံး (ပေါက်ဈေး) သာ ဖြစ်တာမို့ ဈေးနှုံးမှားယွင်းမှုမရှိကြောင်းနဲ့၊ ဝယ်ယူသွားခဲ့တဲ့သူတွေကို သက်သေအဖြစ်ခေါ်ပေးနိုင်ကြောင်း ပြန်လည်ထောက်ပြခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုဘယ်ပုံ ဖြစ်သင့်တယ်ဆိုတဲ့ အကြံဉာဏ်တွေရယူချင်လို့ ကွန်မန့်တွေဖတ်ပြီးမှ………

ဖြစ်ပုံပျက်ပုံအလုံးစုံကို နောက်ဆက်တွဲအဖြစ် ဆက်လက်တင်ဆက်ပါမည်။

(အမှန်မှာ စာရှည်သွား၍ စာဖတ်သူငြီးငွေ့မှာ စိုးတာကို အကြောင်းပြပြီးးးးးးးး
သဂျီးဆီက ပွိုင့်ရအောင် အကြံအဖန် လုပ်ခြင်းသာတည်း။) :harr:

32 comments

  • ဦးကြောင်ကြီး

    March 12, 2013 at 7:55 am

    လိုရင်းပဲ တိုက်ရိုက်ပေါပမယ်…. အန်တီမမ ရောင်းမှားဝယ်မှားကိစ္စမှာ အမှုလိုက် အရာရှိက ရဲအုပ်အောင်ကြူးဖြစ်ပီး တရားသူဂျီးကတော့ ဦးကြောင်ကြီး ဖြစ်ပါမယ်။ နှစ်ယောက်စလုံး ဂဇက်ရွာသဂျီး အိမ်ဦးခန်းမှာ နေပါတယ်။ ဒလောက်ဆို ဘာဆက်လုပ်ရမလဲ သဘောပေါက်ပါ။

    • MaMa

      March 13, 2013 at 7:19 am

      ပေါက်ပါတယ်။
      ပေါက်ပါတယ်။
      အဲဒီလိုတွေ ပေါက် လို့ အခုကိစ္စကို သိမ်မွေ့ညင်သာစွာ ဖြေရှင်းလိုက်နိုင်ပါတယ် ဆြာကြောင်။ :harr:

  • ဦးဖွတ်ကျား

    March 12, 2013 at 8:32 am

    တစ်နေ့မှာ….
    ထုံးစံအတိုင်းမဟုတ်ပဲ ကုန်ပစ္စည်းအပေါ်မှာ ပွဲရုံနာမည်မရေးထားသလို
    ကုန်ပို့စာလည်းမပါတဲ့ ကုန်ပစ္စည်းတွေ ပွဲရုံကိုရောက်လာပါတယ်။

    အဲ့ဒါက Key ပါပဲ။ ရောင်းသူဘက်က ကုန်အထွက်ကို စာရွက်စာတမ်းပြုလုပ်
    တုံးထု၊ ဆိုင်းထိုး ၊ နေ့စွဲ ရေး ၊ ဒက်စတီနေးရှင်းရေး စတာတွေ မလုပ်ခဲ့တာ
    (စည်းမရှိကမ်းမရှိ လုပ်ခဲ့တာ)သူ့အပြစ်။

    ပွဲရုံမှားချတာမျိုးဖြစ်မှာကို စိုးရိမ်လို့ ကိုယ့်ပွဲရုံကို ပို့တဲ့ကုန်ဟုတ်မဟုတ် သေချာအောင်
    ကုန်သယ်လာတဲ့ ကားသမားကို မေးမြန်းစုံစမ်းခဲ့ပါတယ်။
    ကားသမားကလည်း ကုန်လက်ခံစီစဉ်ပေးလိုက်တဲ့ ကားဂိတ်ကို သေချာအောင် ဖုံးပြန်ဆက်မေးတဲ့အခါ
    ကားဂိတ်က ဒီပွဲရုံကိုပို့တာ သေချာကြောင်း အတည်ပြုပြီးပြောကြားပါတယ်

    Distribution ကိုပဲ မေးပြီး Source ဖြစ်တဲ့ ရောင်းသူဘက်ကို အတည်ပြုချက်မယူဖြစ်
    ခဲ့တာက ကိုယ့်အပြစ်။

    ကားဂိတ်ပိုင်ရှင်က သူပို့ထားတဲ့ကုန်က ကျမတို့ပွဲရုံကို ပို့တဲ့ကုန်မဟုတ်လို့ ပြန်လိုချင်ကြောင်း တိုင်ကြားထားခြင်းဖြစ်ပါတယ်။

    ရောင်းသူက တိုင်တယ်ဆိုရင်တမျိုး အခုက ဖြန့်ချိသူက တိုင်တယ်ဆိုတော့
    တိုင်တာကိုက အမှား အပြစ်တခု ဖြစ်လို့နေတယ်။ ဈေးရောင်းပါတယ်ဆိုတဲ့နေရာကို
    သူတို့ကားသမား (မှားချခဲ့သည်ထား) သူတို့ဘက်ကလည်း အတည်ပြုပေးပြီးသား
    ပစ္စည်းမို့ ရောင်းချခံရမယ်ဆိုတာ သိသိကြီးနဲ့ တိုင်တာက .. အောက်တန်းကျပါတယ်။

    ကုန်သည်ဆီမှာ တစ်ပိသာ ၆၅၀ဝ ဈေးနဲ့ အော်ဒါမှာထားတာဖြစ်ပြီး
    ပွဲရုံမှာရောင်းတော့ ၃၀၀ဝ ဈေးသာရတဲ့အတွက်…..
    ကြားထဲက နစ်နာဆုံးရှုံးမှုကို ကုမ္ပဏီကိုယ်တိုင်က တစ်ဝက်ခံပြီး
    ကျန်တစ်ဝက်ကို ကားဂိတ်ပိုင်ရှင်ဆီက အလျှော်တောင်းပါတော့တယ်။
    ကားဂိတ်ပိုင်ရှင်က သူတို့အနေနဲ့ အကျိုးဆောင်ခ အနည်းငယ်သာ ရတာမို့ မလျှော်နိုင်ကြောင်း ပြောတယ်လို့ ကြားသိရပါတယ်။

    ကားဂိတ်ရဲ့ နောက်ထပ် အောက်တန်းကျမှု တခုဖြစ်ပါတယ်။ ဆိုပါစို့ ရွှေ၂ကျပ်သားကို
    လက်ကောက်လုပ်ဖို့ ရွှေပန်းထိမ် အပ်တယ်ဆိုပါစို့။ ပန်းထိမ်မှာထားတုန်း တကျပ်သား
    ပျောက်ဆုံးသွားတဲ့ အခါ ပန်းထိမ်က သူ ဟာ လက်ခလစာသာ ရသူဖြစ်တာမို့
    ပျောက်ဆုံးသွားတဲ့ ၁ကျပ်သား ကို မလျှော်နိုင်ပါဘူး လို့ ပြောရင် ယုတ္တိမတန်သလိုမျိုးပေါ့.။

    ဈေးကွက်ထဲမှာ လူအများကို ဈေးခေါ်ရောင်းချထားတာဖြစ်တဲ့အတွက်…
    ကုမ္ပဏီနဲ့ ကုန်သည်နှစ်ဦးသဘောတူ သတ်မှတ်ထားတဲ့ ဈေးနှုံး (ကြိုက်ဈေး) မဟုတ်ပဲ၊
    ဈေးကွက်ထဲမှာ လူအများကြားထဲမှာ ရောင်းချခဲ့တဲ့ဈေးနှုံး (ပေါက်ဈေး) သာ ဖြစ်တာမို့ ဈေးနှုံးမှားယွင်းမှုမရှိကြောင်းနဲ့၊ ဝယ်ယူသွားခဲ့တဲ့သူတွေကို သက်သေအဖြစ်ခေါ်ပေးနိုင်ကြောင်း ပြန်လည်ထောက်ပြခဲ့ပါတယ်။

    တောက်လျောက် ရှေ့မထွက်ဘဲ နောက်ကွယ်ကနေ ဖြန့်ချိသူကို ဖိအားပေးနေပုံရတဲ့
    ရောင်းသူရဲ့ မပြည့်ဝမှု ကို ဒီနေရာမှာ ထင်းကနဲ မြင်ရလေရဲ့..
    သူ့ဟာသူ ကုန်ပို့စာ မထုတ်(မိ)တာ ၊ တနည်း အကွက်ဆင် အကောက်ကြံတာတောင်
    ဖြစ်နိုင်နေသေးရဲ့ ..(ပေါက်ဈေး ၂ဆဈေးနဲ့ ဘယ်ကမှန်းမသိတဲ့ ကုန်သည်ဆီ ရောင်းထားတယ် ဆိုတော့)
    တကယ်တော့ ကိုယ့်တာဝန် ကိုယ်ယူရမှာဖြစ်ပါတယ်…။
    ပွဲရုံအနေနဲ့ ကနဦးကတည်းက ကုန်ပို့စာမပါတဲ့ ကုန်ကို လက်ခံမိတာ တခုတည်း(ရောင်းသူဆီ အတည်ပြုချက်မယူတာ)
    one and the only one က အမှား ပါ..။ ကျန်တာကတော့ တာဝန်ယူစိတ်ကင်းတဲ့ ဖြန့်ချိသူ နဲ့ ကလိန်ခြုံရောင်းချသူတို့
    အပြစ်တွေ သက်သက်ချည်းဖြစ်ပါတယ်။

    စီးပွားပျက်လောက်တဲ့ အမှားအယွင်း ပမာဏမဟုတ်လို့ .. ပေးလျှော်လိုချင် ပေးလျှော်လိုက်ပေါ့…။
    ဒါမှမဟုတ်လည်း ပြတ်ပြတ်သားသား ငြင်းဆိုချင်လည်း ငြင်းဆိုလိုက်ပေါ့ …။
    သို့သော် လုပ်စရာတချို့ကျန်နေပါသေးတယ် …အဲ့ဒါကတော့ ..။
    ၁။ ဖြစ်ကြောင်းကုန်စင်ကိုတော့ နယ်ပယ်ထဲက သက်ဆိုင်သူ အားလုံးသိပါစေ။ (word-of-mouth) မီဒီယာ အားကို သုံးသင့်သုံးပါ။
    ၂။ ဒီဖြစ်စဉ်ကို အခြေခံပြီး standard တခု တည်ဆောက်ယူပါ။
    ဘယ်သူဖြစ်စေ ဘယ်ဝါဖြစ်စေ ။ ကုန်ပို့စာမပါရင် လုံးဝ(လုံးဝ) လက်မခံဘူး။
    ဝယ်ပြီးရောင်းတဲ့အခါ အဆင့်တိုင်းမှာ အတည်ပြုချက်ယူတာ ၊ စာရွက်စာတမ်းလို E-mail လို Record မျိုး Evidence မျိုးချန်တာ
    (ဖုန်းနဲ့ စကားလုံးသက်သက်များ က သိပ်အားကောင်းလှတဲ့ အကြောင်းပြချက်မဟုတ်လို့ပါပဲ .. သိပ် အခွက်ပြောင်တဲ့
    အရှက်တရားနဲ့ ဂုဏ်သိက္ခာကင်းမဲ့တဲ့ တဖက်လူနဲ့တွေ့ရင် ဆိုပါတော့)
    ၃။ လုပ်ငန်း သဘောသဘာဝ တို့ လုပ်နေကျ စတိုင်တို့ ကာလချာတို့ကို လေ့လာဖိုက ဥပဒေရေးရာ ကျွမ်းကျင်သူတယောက်
    ငှားရမ်းပါ။ ဒါ လုပ်ငန်းသဘာဝပဲ ဆိုပြီး တောက်လျောက်လုပ်နေကျ အဆင့်တွေတိုင်းမှာ ဘယ်အဆင့်မှာ ဘာမှားရင် ဘယ်လို
    ဒုက္ခရောက်နိုင်တယ်ဆိုတာ သူက ပြောဆိုထောက်ပြနိုင်ပါလိမ့်မယ်။ သူ့အပြောအတိုင်း ဘောင်မဝင်တဲ့ အရာတွေကို
    မူတခု သတ်မှတ်ပြီး ဘောင်ထဲ ဆွဲထည့်ပါ ပေါ့…။

    အဲ့ဒါဆိုရင် Blah Blah Blah Co., Ltd (No အရှုပ်အရှင်း Since 19something) ဆိုတဲ့ထိ Brand တည်ဆောက်နိုင်ပါလိမ့်မယ်..။

    ပြောပါဒယ် .. မာကတ္တာဆိုတာ လေပဲ ရှိတာပါဆို …။

    :harr:

    • MaMa

      March 13, 2013 at 7:44 am

      ပြောရမယ်ဆိုရင် လှေကြီးထိုးရိုးရိုးပဲ ထုံးစံအတိုင်း ရောင်းဝယ်နေကြတာ။
      ဒီလိုပြဿာနာမျိုး တစ်ခါမှ မဖြစ်ဘူးတော့……
      နောက်ဒီလိုကိစ္စကြုံလာရင် ဘယ်လို လုပ်မလဲဆိုတာကို ခေါင်းနောက်အောင် စဉ်းစားမိတယ်။

      အခုလို အကျိုးရှိမယ့် အကြံဉာဏ်တွေ ရချင်လို့ ရေလာမြောင်းပေး လုပ်ထားတာ။ :hee:

      အခုကိစ္စမှာ ကုန်ပို့သူဘယ်သူမှန်းမသိ၊ ဆက်သွယ်လို့လည်း မရပါ။
      ပွဲရုံအနေနဲ့ ကြားခံဖြစ်တဲ့ ကားဂိတ်ဆီကပဲ အတည်ပြုချက်ရယူရပါတယ်။

      တကယ်အရေးကိစ္စဖြစ်တော့ အဲဒီကိစ္စတွေကို ထည့်မပြောပဲ လျှော်ပါဆိုတာကိုပဲ အမျိုးမျိုးခြိမ်းခြောက်ပြီး တိုင်ကြားလာပါတယ်။

      ရဲတိုင်မယ်၊ တရားစွဲမယ်၊ သူတို့ကိုယ်တိုင်လည်း တရားရေးလောကနဲ့ မစိမ်းဘူး ဆိုသလိုပေါ့။

      ကိုယ့်အမှား မဟုတ်ဘူး တိုင်ချင်ရာတိုင်ဆိုပြီး မခံချင်စိတ်နဲ့ ပြောခဲ့သေးတယ်။

      မောင်ဂီပြောသလို စီးပွားပျက်လောက်တဲ့ အမှားအယွင်း ပမာဏမဟုတ်လို့ ကြားဝင်ဖြန်ဖြေသူတွေက ….
      ရုံးရောက်ဂတ်ရောက်ဆိုရင် အချိန်ကုန်၊ ငွေကုန်၊ လူပမ်းနဲ့ မတန်ပါဘူးဆိုပြီး နှစ်သိမ့်ပေးကြပါတယ်။

      နောက်ဆုံးတော့ ကွာခြားငွေ ၁ဝ သိန်းမှာ ၅သိန်းကို ကုမ္ပဏီက ကျခံပါတယ်။
      ကားဂိတ်က ၂သိန်း ကျခံပြီး
      ပွဲရုံက ၃သိန်း ပေးလိုက်ရပါတယ်။ :byae:

  • ကထူးဆန်း

    March 12, 2013 at 9:07 am

    အမှန်ဘဲ … မီဒီယာ က နေ ဖွ သင့်ကြောင်းပါ ။ နောင်လူတွေ သင်ခန်းစာရတာပါ့ ။

    • MaMa

      March 13, 2013 at 7:52 am

      ဟုတ်ပ့ါ ကိုထူးဆန်းရေ။
      ကိစ္စတစ်ခုဖြစ်လာရင် ဘယ်ဟာ အမှန်တရားလဲ။
      ဘယ်လို ဖြေရှင်းကြမလဲဆိုတာထက်
      သူ့လမ်းကြောင်း ကိုယ့်လမ်းကြောင်းတွေနဲ့ ဖြေရှင်းကြဖို့ပဲ စိတ်စောနေကြတယ်။ :eee:

  • ဦးကြောင်ကြီး

    March 12, 2013 at 9:30 am

    အတည်မန့်မယ်။ ဖြစ်စဉ်မှာ အန်တီမမက ရေထွက်ပစ္စည်း ပွဲရုံသဘာဝကို ပြောသွားတယ် (ရေထွက်ဆိုလို့ ငါးမန်းတောင်၊ ပုလဲနက်၊ ဝေလငါးအဆီ အဲဒါတွေများလား) ရက်သိပ်အထား မခံဘူး၊ ချက်ခြင်းရောင်းထုတ်ပစ်ရတယ်။ နောက်ပြီး ယုံကြည်မှုနဲ့ လုပ်တဲ့အလုပ် ဖြစ်ကြောင်း ကုန်ပို့စာနဲ့ ပစ္စည်းလက်ခံပြီး ကားဂိတ်ကုန်လက်ခံပြေစာနဲ့ ငွေပေးငွေချေ လုပ်ကြောင်း ဆိုထားတယ်။
    အန်တီမမက ပစ္စည်းကို ကုန်ပို့စာမပါ၊ မည်သူမှန်းမသိ လက်ခံပေမဲ့ ကားဂိတ်ကို လှမ်းမေးတယ်၊ ကားဂိတ်ကလဲ အတည်ပြုချက်ပေးတယ်။ သေချာမှာ ရောင်းရိုးရောင်းစဉ်အတိုင်း ရောင်းလိုက်တယ်။ ပြသနာတက်တယ်။ အစဉ်အလာအရ လုပ်နေဂျမို့ ပြသနာမရှိဘူး။———————–
    နောက်ရှုဒေါင့်တခုကနေ ကြည့်ရအောင်၊ ဆုံးဖြတ်တဲ့သူကြတော့ နှစ်ဖက်သုံးဖက် ကြည့်ရမယ်လေ။ အဲသလို အထောက်အထား မပြည့်စုံလို့ မရောင်းဘဲ ထားလိုက်ရင် ဘာဖြစ်မလဲ။ အစထဲက လက်မခံဘဲ နေလိုက်ရင်ရော… ဘာဖြစ်နိုင်သလဲ။ ဘယ်သူမှာ တာဝန်ရှိမှာလဲ။ လုပ်ထုံးလုပ်နည်းအရရော အစဉ်အလာအရရော ဆိုပါတော့။ ဒီပါကင် ဒီဗူး ဒီကားနဲ့ ဒီအချိန်မှာ ဒီလိုပို့လေ့ရှိလို့ ဒီလူပဲ ယူဆနိုင်လျက်နဲ့ ငြင်းလိုက်လို့ တဖက်မှာ ဆုံးရှုံးမှု ဖြစ်တယ်ဆိုရင် ပွဲရုံက လျော်ရမှာလား၊ ဒါမှမဟုတ် လက်လွတ် ငြင်းနိုင်သလား။
    ဆန့်ကျင်ဖက် လားရာ အခြေအနေ နှစ်ခုဖြစ်ပေမဲ့ တာဝန်ရှိမှုရှုဒေါင့်မှ သုံးသပ်ခြင်း ဖြစ်ပါတယ်။
    စေတနာနဲ့ တာဝန် နှစ်ခု ယှဉ်စဉ်းစားဖို့လဲသင့်တယ်။ တာဝန်တော့မရှိဘူး စေတနာ အရင်းခံလုပ်တယ်၊ အဲလို မလုပ်လို့ ကုန်တွေပုပ်ကုန်မယ် ပြနိုင်ရင် အန်တီမမ ထထက နိုင်တယ်။ ကားဂိတ်ကလည်း နှစ်ရက်နေမှ ဆက်သွယ်တာဆိုတော့ အဲဒီကုန်ပစ္စည်း အရည်အသွေး ပျက်ဆီးသွားနိုင်မှုကို တင်ပြနိုင်တယ်။ ဒါမှမဟုတ်လဲ ဈေးနှုန်းအတက်အကျ အပြောင်းအလဲ မြန်ဆန်မှုကို ထည့်ပေါင်းနိုင်သေးတယ်။ ဒါဒါတွေကြောင့် စေတနာ အရင်းခံပြီး မြန်မြန်ဆန်ဆန် လုပ်လိုက်ရပါတယ်ဆို ခိုင်လုံတဲ့ အကြောင်းပြချက်ပဲ။ တဖက်ကလည်း ကုန်ပို့သူ ဆက်သွယ်ဖို့ ဖုံးနံပါတ် မရှိ သို့ ဆက်သွယ်မရနိုင် ဖြစ်ရမယ်ပေါ့။ အမှုနိုင်ရင် ကျနော့် ကုန်ဖိုး တစိတ်ပေးဗျာ…. ဒါမှမဟုတ် တူမလေးနဲ့ မိတ်ဆက်ပေး.. :harr:

    • MaMa

      March 13, 2013 at 7:59 am

      ရေထွက်ကုန်ပစ္စည်းဆိုတဲ့ ငါးခြောက်ငါးခြမ်းလေးတွေ ရောင်းတဲ့ပွဲရုံလေးပါ။
      ကိုယ်လက်ခံထားပြီးမှ မရောင်းပဲ ကုန်တွေပျက်စီးပုပ်သိုးကုန်ရင် ကိုယ့်တာဝန်ဖြစ်တာမို့….
      ရောက်လာတဲ့ ကုန်ကိုရောင်းချပေးတယ်ဆိုရာမှာ စေတနာဆိုတာထက် တာဝန်ဆိုရင် ပိုမှန်မယ် ထင်ပါတယ်။
      အခုကိစ္စမှာ လက်ခံထားပြီး မရောင်းပဲ ပျက်စီးသွားရင်လည်း ဒါ့ထက်မက လျှော်ရဖို့ ဖြစ်လာမှာပါ။
      ဒါ့ကြောင့် ခုနောက်ပိုင်း မသေချာ မရေရာပဲ ရောက်လာတဲ့ကုန်ကို လက်မခံခိုင်းတော့ပါ။

  • ဦးဦးပါလေရာ

    March 12, 2013 at 10:12 am

    အဲဒါ သက်သက် အကွက်ဆင် ချောက်ချထားတဲ့ ပုံစံပေါက်နေတယ်။
    အချက်အလက်တွေက အသင့်ယုတ္တိကင်းမဲ့နေတယ်။

    ၁-((ထုံးစံအတိုင်းမဟုတ်ပဲ ကုန်ပစ္စည်းအပေါ်မှာ ပွဲရုံနာမည်မရေးထားသလို
    ကုန်ပို့စာလည်းမပါတဲ့ ကုန်ပစ္စည်းတွေ…))
    ဆိုတာ ဘယ်ကုန်သည်မှ အဲသလို မပို့ပါ။ ကုန်သည်က နာမည်မထိုးဘူး ပန်းစာမပေးဘူးထား- ကုန်လက်ခံတဲ့ကားဂိတ်က အဲဒါ စီစစ်ရမှာဖြစ်တယ်။

    ၂-((နောက်နှစ်ရက်အကြာမှာ ပို့ထားတဲ့ကုန်ကို ပြန်လိုချင်ကြောင်းကားဂိတ်က ဖုံးဆက်လာပါတယ်။ ဒီပွဲရုံကိုပို့လိုက်တဲ့ကုန်မဟုတ်ပဲ ကုန်သည်ထံမှ ကုမ္ပဏီက ကြိုတင်ဝယ်ယူထားလို့ ပို့ပေးလိုက်တဲ့ကုန်ဖြစ်ကြောင်း))
    ဆိုတဲ့အချက်အရ တကယ်မှားယွင်းသူက ကားဂိတ်သာ ဟိုဘက်ကကုန်ကို လက်ခံပြီး မှားပို့တဲ့ ကားဂိတ်သာဖြစ်ပါတယ်။
    ကုန်စည်လက်ခံလိုက်တဲ့ ပွဲရုံဆိုတာကတော့ ရောင်းလိုက်သည်ဖြစ်စေ တစ်ခုခုလုပ်မှာပါပဲ။ ကိုယ့်ဆီပို့တဲ့ပစ္စည်းတိုင်းကို သိမ်းထားပေးရမယ်လို့ တာဝန်မရှိပါဘူး။ ပွဲရုံကို ပစ္စည်းပို့ရင် အဲဒါ ရောင်းပေးဖို့ ပို့တာဖြစ်တယ်။ ရောင်းလိုက်တဲ့ငွေနဲ့ ရောင်းလိုက်တဲ့ပြေစာလက်ခံ ပြနိုင်ရင် တာဝန်ကျေပြီးဖြစ်တယ်။ အစကတည်းက သူပို့ချင်လို့ပို့တာဖြစ်တယ်။ ပွဲရုံရဲ့အဆုံးအဖြတ်ကို ရောင်းသူသူယုံကြည်လက်ခံလို့ ပွဲရုံကိုပို့တာဖြစ်တယ်။
    ၃-လက်ကားဈေး ၃၀၀ဝ ကျပ်ဝန်းကျင်ရှိတဲ့ပစ္စည်းကို ကုမ္ပဏီက ၆၅၀ဝ နဲ့ ဝယ်တယ်ဆိုတာ
    တစ်ယောက်ယောက်တော့ ရိုက်ထားပြီဖြစ်ပါတယ်။ တစ်ခုခုမှားနေပါပြီ။ ကျုပ်ထင်တာတော့ အလျော်များများရအောင် တမင်ဈေးခွာ ပြောတာဖြစ်မယ်လို့ယူဆပါတယ်။

    ဒီအကြောင်းအရာကို အင်တာနက်ကဖြစ်စေ အခြားနည်းများနဲ့ဖြစ်စေ ပျံ့နှံ့အောင်ဖြန့်ဝေပြီး ဒီလူလိမ်တွေ နောင်လုပ်စားလို့မရအောင်လုပ်သင့်ကြောင်း။

    • MaMa

      March 13, 2013 at 5:44 pm

      ကုန်မှားချတဲ့ ပြဿနာမျိုးတွေကတော့ ဖြစ်ဖူးတယ်။
      အခုလို ဟိုတိုင်ဒီတိုင်နဲ့ခြိမ်းခြောက်တာမျိုး မကြုံဖူးတာ။
      အရင်က ကိုယ့်ဆီပို့တဲ့ ကုန် မဟုတ်ဘူးဆိုပြီး ပြန်လာရင်….
      ကုန်ရှိသေးရင်လည်း ကုန်ပြန်ပေးလိုက်တယ်။
      ရောင်းပြီးသွားရင်လည်း ငွေရှင်းပေးလိုက်တယ်။

      အခုလိုကိစ္စမျိုးနောက်တစ်ခါဖြစ်လာရင် ဘယ်လိုလုပ်မလဲဆိုပြီး ခေါင်းကျိန်းသွားလို့ ရွာထဲမှာ ချပြပြီး အကြံဉာဏ်တောင်းတာ။

      ဉာဏ်ကြီးရှင်ဦးပါတွေးထားသလိုပဲ ပုံမှန်လုပ်နေကျမဟုတ်တဲ့ ကုမ္ပဏီကို နယ်က ရိုက်ရောင်းလိုက်တာပါ။
      ဖြစ်ချင်တော့ အဲဒီအရှုပ်ထုပ်က ကိုယ့်ဆီရောက်လာတာပါပဲ။

      ကုမ္ပဏီသမားကတော့ မဆိုးရှာပါဘူး။
      အနစ်နာဆုံးက သူပါပဲ။

      နောက်ဆုံးနစ်နာကြေးပေးတော့ ကုမ္ပဏီနဲ့အတူပါလာတဲ့ ကားဂိတ်ပိုင်ရှင်ကို….
      ကားဂိတ်လုပ်ငန်းကို ရေရှည်ဆက်လုပ်မယ်ဆိုရင် အခုလို အလွဲအမှားတွေ မဖြစ်အောင် ကြိုးစား။
      အလွဲအမှားတွေဖြစ်ပြီး လိုက်အလျှော်တောင်းနေရင် လုပ်ငန်းနာမည်ပျက်ပြီး ဆက်ဆံမယ့်သူ ရှိတော့မှာ မဟုတ်ဘူးလို့ ပြောပစ်လိုက်တယ်။

  • နေဝန်းနီ

    March 12, 2013 at 10:25 am

    မမရယ် ဗမာစကားတစ်ခုရှိသား အသက်တစ်ရာ မနေရ အမှုတစ်ရာပွေရ ဆိုလား အဲဒိလိုပဲ …..။ ဖြစ်ချင်ရင် ပြဿနာက အိမ်ပေါ်တက်လာတာပဲဗျာ…။ အဲပြဿနာကို အကောင်းဆုံးဖြေရှင်းနိုင်သူဟာ အောင်မြင်သူပါပဲ…။ အကောင်းဆုံးဖြစ်အောင်ဖြေရှင်းဖို့ကြိုးစားပေါ့….။ သူ့အပြစ်ကိုယ့်အပြစ်ပြောနေမဲ့အစား အားလုံးကျေနပ်အောင် ဖြေရှင်းဖို့ကြိုးစားပါ…။ လျော်စရာရှိတာ ပွဲရုံက စိုက်လျော်ဖို့ ပြောတာတော့မဟုတ်ဘူးနော် …။ အဲဒါ ပြဿနာကို အကောင်းဆုံးဖြေရှင်းစာမဟုတ်ပဲ ပြဿနာကိုရှောင်လွဲတာဖြစ်သွားမယ် ….။ ပြဿနာ တစ်ခုမှာ ဖြေရှင်းဖို့နည်းလမ်း အနဲဆုံးနှစ်ခုလောက်တော့ရှိတတ်ပါတယ်…။ သူ့ဘက်ကိုယ့်ဘက် အထိအခိုက်အနဲဆုံး ဖြေရှင်းနိုင်ပါစေဗျာ ………….။

    • MaMa

      March 13, 2013 at 6:04 pm

      ဘိုနီရေ-
      အသက်တစ်ရာ မနေရ အမှုတစ်ရာပွေရ ဆိုသလိုပါပဲ မကြာခဏ မကြုံချင်ပဲ ကြုံနေရတာ။
      နောင်ဒီလိုပဲ လုပ်စားနေကြရင်ခက်မယ်ဆိုတာကို တွေးမိပေမယ့်….
      ၃ဦးမျှခံဆိုပြီးတော့ပဲ ပြေလည်အောင် ရှင်းလိုက်ရတာပဲ။
      ဒါပေမယ့် ဒီကိစ္စကို အခြားပွဲရုံတွေ သတိပြုနိုင်ကြအောင်တော့ ဖြန့်ဝေပေးကြတယ်။

  • မရိုးသားတဲ့သူများက လုပ်ငန်းအသွားအလာကိုနဲ့လုပ်ပုံကိုင်ပုံကို ကြည့်ပြီး လုပ်စားလေးရှိတတ်ပါတယ်။
    ရောင်းပြီးသားဆိုမှ ဈေးမကိုက်တာတို့ ကျနော်ကခင်ဗျားဆီပို့ခိုင်းတာမဟုတ်ဘူးတို့လုပ်တတ်ပါတယ်။
    ကျနော်တို့ ဆီမှာက အဆင်ပြေသလိုကြည့်လုပ်ရတဲ့အနေအထားတွေရှိပါတယ်။
    တစ်ခါတရံမှာကိုယ့်ကုန်သည်က အကြောင်းမကြားဘဲပို့လိုက်တာမျိုးလဲရှိနိုင်တာကိုး။
    အဲတော့ ရိုးရိုးသားသားနဲု့လက်တွေ့လုပ်ကိုင်စားခဲ့တဲ့အသက်(70)နီးပါးရှိနေပြီဖြစ်တဲ့
    လုပ်ငန်းအောင်မြင်မူ့ ပိုင်ဆိုင်မူတွေကိုလေနဲ့မဟုတ်လက်တွေ့ပြနိုင်တဲ့လုပ်ငန်းရှင်တစ်ဦးစကားကို
    ပြောပြချင်ပါတယ်။
    “အရောင်းအဝယ်ဆိုတာအမြဲရှင်သန်ပြောင်းလဲနေတာ။
    အထူးသဖြင့်မူဝါဒ အမျုးိမျိုးပြောင်းလဲတတ်တဲ့နိုင်ငံမှာက ပိုဆိုးတယ်။
    အဲတော့ စစ်တိုက်သလိုဘဲ ဒေါင့်ပေါင်းစုံက မလွတ်အောင်စဉ်းစားမှ တော်ရုံဘဲရှိတယ်။
    တကယ်လို့ကိုယ့်ဘက် နာမှာစိုးလို့ စည်းတွေဘောင်တွေကန့်သတ်ချက်တွေအများကြီး
    ထားမိပြန်ရင်လဲ ကိုယ်နဲ့ဆက်ဆံကြတဲ့ သူတွေမှာအခက်အခဲတွေရှိလာနိုင်တယ်။
    အဲတော့ သတိကြီးကြီးထားပြီး ဂရုစိုက်လုပ်။
    အေး ဒါပေမယ့် ကြောက်စိတ်တော့မမွေးလိုက်နဲ့ ကြောက်တတ်ရင်ခံသွားရမယ်”ပါတဲ့။
    ဒါကတော့ သူ့ဘဝဖြတ်သန်းမူ့အရ လက်တွေ့ကြုံခဲ့ရတဲ့အပေါ်က ထွက်လာတဲ့ကောက်ချက်ပါဘဲ။
    လူတိုင်းအတွက်မှန်ချင်မှ မှန်ပေမယ့် မြန်မာပြည်မှာတော့ မှန်ပါလိမ့်မယ်။

    • မောင် ပေ

      March 12, 2013 at 9:13 pm

      မှန်လိုက်လေချင်း
      mirror follow air ginger
      မြန်မာနိုင်ငံမှာ ဖြစ်တဲ့ ကိစ္စတွေဟာ ကမ်ဘာ့ စံချိန်နဲ ့တော့ နှိုင်းယှဉ်လို ့မရပါဘူး
      ဥပမာဆိုရရင်
      မြန်မာက စာရေးဆရာတွေက ကိုရီးယားကားတွေ ၊ ဟောလီးဝု တွေ နဲ ့ဇါတ်လမ်း ဆင်အောင် ရေးတယ်
      အပြင်ရောက်နေတဲ့လူကြ ဂူဂဲဆက်ရှ်အင်ဂျင်ကနေ တွေ ့သမျှ ကို ခပ်တည်တည်နဲ ့ သူရေးတာလိုလို လုပ်တယ်
      ကာလံ ဒေသံ ကေဖန်

    • MaMa

      March 13, 2013 at 6:08 pm

      ပုဂ္ဂလိက လုပ်ငန်းဆိုတော့လည်း ကိုယ်နဲ့ ဆက်ဆံသူတွေ အဆင်ပြေအောင် စည်းတွေဘောင်တွေကန့်သတ်ချက်တွေအများကြီးထားလို့ မရပါဘူး။
      ထားမိပြန်ရင်လဲ ကိုယ်နဲ့ဆက်ဆံကြတဲ့ သူတွေမှာအခက်အခဲတွေရှိလာနိုင်တယ်။
      နယ်က ကုန်ပို့တဲ့သူတွေဆိုတာလည်း တောသူတောင်သား ရိုးရိုးအအတွေက ခပ်များများ။
      တချို့ဆို စာတောင် မတတ်ကြဘူး။
      အခုလိုအဖြစ်မျိုးကလည်း တစ်သက်နဲ့တစ်ကိုယ် ဒီတခါပဲ ဖြစ်ဖူးတာပါ။

      • MaMa

        March 13, 2013 at 6:11 pm

        မောင်ပေရေ-
        ဒီမှာတော့ သူ့ဂွင်နဲ့ သူ့အဆင် ဒီလိုပဲ သင့်သလို စခန်းသွားကြတာ ထုံးစံဖြစ်နေပါပြီ။

  • padonmar

    March 13, 2013 at 1:57 am

    လုပ်ငန်းသဘော နောကြေနေတဲ့ စောမေခံလိုက်ရပုံပေါ့နော်။:P
    ဒီအကြောင်းကြားကာစက နားမလည်နိုင်ဘူး။
    ကုန်ပစ္စည်းပိုင်ရှင်ရဲ့ consent မပါပဲနဲ့ ဘယ်လို ရောင်းပေးသလဲလို့။
    ဒါပေမယ့် လုပ်ငန်းတစ်ခုနဲ့ တစ်ခု သဘာဝမတူတော့ အထားမခံတဲ့ ကုန်ပစ္စည်းတွေမှာ အဆောတလျင် လုပ်ပေးရတဲ့ သဘာဝဆိုတာ နားလည်လာတယ်။
    ဒီလုပ်ငန်းလုပ်နေတဲ့သူ အချင်းချင်းတော့ နားလည်ရမှာပါပဲ။
    မရောင်းပေးခင် ကားဂိတ်ကို confirm မေးထားပြီးမှ ရောင်းတာဆိုတော့ ကိုယ့်အလွန်မရှိပါဘူး။
    အကွက်စေ့စေ့ ကာထားပေမယ့် ကားဂိတ်ရဲ့ တာဝန်မဲ့လုပ်မှုက ပတ်သက်မိတဲ့ ကိုယ့်ကို ဂယက်ရိုက်ခံရတာပါ။
    ဒီ ကားဂိတ်နဲ့ ဆက်ဆံရင် ဒီလိုဖြစ်တတ်တယ်ဆိုတာ လုပ်ငန်းတူတွေကို သတိပေးသင့်ပါတယ်။
    ကိုယ့်ကုန်သည်တွေကိုလည်း ဖြစ်နိုင်ရင် ဒီဂိတ်မသုံးပါနဲ့လို့ (မရှောင်နိုင်လို့ သုံးကာမှသုံးရော)မှာထားလိုက်ပါ။
    (အသေဝနာစ ဗာလာနံ)
    ကုန်ပေးကုန်ယူ ငွေပေးငွေယူ အားလုံးမှာ စာအုပ်ထဲ လက်မှတ်ထိုးပြီးမှ ပေးဖို့ ယူဖို့ ဝန်ထမ်းတွေကို သေချာကျင့်ပေးပါ။
    (ဒီစနစ်ကျင့်သုံးနေမှာ သေချာပေမယ့် ဝန်ထမ်းတွေက ပေါ့ပေါ့လျော့လျော့နေတတ်ပါတယ်)
    ………
    since 1986 ရဲ့ အတွေ့အကြုံတွေနဲ့ မှားတတ်တာတွေ ခံခဲ့ရတာတွေ များလွန်းလို့
    အရာရာ သတိရှိဖို့ အောက်လူကို အတန်တန်မှာတော့လည်း
    ဇီဇာကြောင်တဲ့ ဘွားတော်ဖြစ်ရပြန်ရော။
    ပြဿနာပေါ်လို့ သေချာစစ်မေးရင် ကိုယ်ချပေးတဲ့ စနစ်ကို ကျော်ချန်မေ့လပ် တွေလုပ်သွားလို့ ဖြစ်ရတာတွေချည်းပါပဲ။
    ဘာမဆို စနစ်တကျလုပ်ခဲ့ရင် ပြဿနာပေါ်တောင် ဖြေရှင်းလို့ လွယ်ပါတယ်။
    ဒါပေမယ့် တခါတရံ ကုန်သည်ပွဲစားလောကမှာ ဇွတ်အတင်းငြင်းချင်တဲ့ လက်တစ်လုံးခြားလုပ်တတ်သူတွေရှိပြန်တော့
    ပေမရှည်ချင်တဲ့ ကိုယ်ပဲခံရပြန်တာပါပဲ။
    (ဒါကြောင့် ဘာဖြစ်ဖြစ် ရုံးရောက် ဂတ်ရောက် မကြောက်တဲ့ မောင်ဝင်းတွေရဲ့ ဗီဇကို အားကျမိတယ်)

    • MaMa

      March 13, 2013 at 6:18 pm

      ဒီကားဂိတ်နဲ့ ဆက်ဆံရင် ဒီလိုဖြစ်တတ်တယ်ဆိုတာ လုပ်ငန်းတူတွေကို သတိပေးဖြစ်ပါတယ်။
      ကိုယ့်ကုန်သည်တွေကိုလည်း ဖြစ်နိုင်ရင် ဒီဂိတ်မသုံးပါနဲ့လို့ မှာတော့ သူတို့မှာလည်း မရှောင်နိုင်တဲ့အကြောင်းလေးတွေရှိတာကို ပြောကြတယ်။
      အဲဒီအကြောင်းတွေကျတော့ ကိုယ်လည်း မဖြေရှင်းနိုင်။
      အဲလိုနဲ့ပဲ ခုလည်း အဲဒီကားဂိတ်နဲ့ပဲ ကုန်ပို့နေကြတော့…
      ကိုယ့်ဘက်ကလည်း သတိကြီးကြီးထားပြီး ကုန်လက်ခံတာ၊
      ကားခရှင်းပေးတာတွေလုပ်တော့…
      ကြားထဲက ကားသမားတွေခမျာ သနားစရာတောင် ကောင်းနေတော့တယ်။

  • kai

    March 13, 2013 at 10:21 am

    အာမခံစနစ်လိုနေတာပါ..။
    ဆိုတော့..
    ဘယ်သူမှမလုပ်.. အမတော်မမတို့ ပွဲရုံက ထလုပ်လိုက်ပေါ့…။
    အနှစ်၃ဝမှာ.. အဲဒါမျိုးအခါ ၁ဝဖြစ်တယ်သဘောထား..
    တခါကို.. ၃သိန်းလောက်လျှော်ရတော့ကာ… သိန်း၅ဝ ထား..။
    တနှစ် ပရီမီယံကြေး ၁သိန်းသွင်းရင်.. အဲလိုပြသနာဖြစ်ရင် ကြားထဲကဝင်လျှော်ပေးလိုက်ပေ့ါ..။ :kwi:

    • MaMa

      March 13, 2013 at 6:25 pm

      သဂျီးရေ-
      မြန်မာပြည်က အာမခံလုပ်ငန်းက အစိုးရပဲ လုပ်ခွင့်ရှိသေးတာ။
      ပြောရရင် ဒီလိုအဖြစ်မျိုးကလည်း တစ်သက်နဲ့တစ်ကိုယ် ခုမှဖြစ်ဖူးတာ။
      တစ်နှစ်ပရီမီယံကြေးတစ်သိန်းသွင်းခိုင်းပြီး ငွေဖောင်းလာတော့မှ ဟုတ်ပေ့ ဖြစ်နေပါအုံးမယ်။

      • kai

        March 15, 2013 at 5:45 am

        အမှတ်မမှားရင်အာမခံစနစ်စလုပ်တာ အင်္ဂလန်ကပဲ..
        (အဲဒီခေတ်က) ပင်လယ်ထဲ.. ဘယ်ဆီမှန်းမသိထွက်သွားတဲ့.. သင်္ဘောတွေကို အာမခံပေးရာက.. အဲဒီစနစ်စတာပေါ့..
        လူလုပ်လို့ရတာတွေပါ..။ သိပ်ရှုပ်ထွေးထွေးမရှိပါဘူး..။ :harr:

        ဆိုတော့…
        မကြာခင်သူတို့ကိုယ်တိုင်မြန်မာပြည်ဲဝင်လာမယ်.. ထင်ပါကြောင်း..
        အခုလည်း.. ထပ်ခါဝင်ရောက်လေ့လာနေတယ်.. ကြားရပါကြောင်း..။

  • nozomi

    March 13, 2013 at 6:12 pm

    အခက်အခဲတွေ ပြသနာတွေကို ဘယ်လိုဖြေရှင်းလဲ ဆိုတာက တကယ် စိတ်ဝင်စားဘို့ ကောင်းတယ်

    ရွှေဥဒေါင်း ရဲ့ စုံထောက်ဝတ္တုတွေ ၊ မြဝတီက လာတဲ့ တရုတ်ကား ရတနာရွှေအိုး(လို့ထင်တယ်) တို့ က အခက်အခဲ ဖြေရှင်းနည်းလေးတွေ သဘောကျမိတယ်

    အန်တီမမရဲ့ ဖြေရှင်းနည်း နဲ့ မန့်တဲ့ သူတွေရဲ့ အကြံဉာဏ်တွေကလဲ မှတ်သားစရာတွေချည်းပဲ
    မှတ်သား အတုယူ အသုံးချ မှ နို့ မို့ ဆို ကြားဖူးတဲ့ စကားလေး အရ အရူးဖြစ်သွားမယ်

    လူကောင်းတွေက သူတစ်ပါးရဲ့ အတွေ့အကြုံက သင်ခန်းစာယူပြီး
    အရူးတွေကတော့ ကိုယ့်အတွေ့အကြုံကပဲ သင်ခန်းစာယူတတ်ကြတယ် တဲ့

    • MaMa

      March 14, 2013 at 3:19 pm

      ကိုရီးယားဇာတ်လမ်းတွေ ခေတ်မစားခင် တရုတ်ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေ ခေတ်စားတုန်းက
      ပေါင်ချိန်ဇာတ်လမ်းတွဲဆိုရင် ဇာတ်လမ်းတိုင်းမှာ အတွေးအခေါ်အသိအမြင်တွေပေးထားတာ အရမ်းသဘောကျဖို့ကောင်းတယ်။
      မှတ်မိသလောက်ဆိုရင်….
      ခင်ပွန်းဖြစ်သူကို မတရားဆုံးဖြတ်ပြီး အသတ်ခံလိုက်ရလို့ သား၂ယောက်နဲ့ ကျန်ခဲ့တဲ့ မိခင်ဖြစ်သူက ရေထဲခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေသွားတယ်။
      အဲဒီမှာ သားကြီးဖြစ်သူက တစ်သက်လုံးနာကြည်းစိတ်နဲ့ ရှင်သန်ခဲ့ပြီး ကို်ယ်တိုင်တရားသူကြီးဖြစ်အောင် ကြိုးစားတယ်။
      သူဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အခါမှာ သူ့အဖေကို မတရားလုပ်ခဲ့တဲ့လူရဲ့ ကျန်ရစ်သူမိသားစုတွေကို အငြိုးနဲ့ လက်စားချေတဲ့ဇာတ်လမ်းမှာ ပေါင်ချိန်ပြောတဲ့စကားတွေက တကယ်မှတ်သားစရာကောင်းတယ်။

  • အရီးခင်လတ်

    March 14, 2013 at 4:22 am

    ချစ်မမ ရေ – ဝင်ပြီး အားပေးသွားကြောင်း ခြေရာလေးပါ။
    ဝင်မဆွေးနွေး ခဲ့တာကို တော့ သွေးသောက်ညီအစ်မချင်းမို့ နားလည်ပြီးသားလို့ ယုံကြည်ပါတယ်။ :-)))

    • MaMa

      March 14, 2013 at 3:46 pm

      မအားမလပ်တဲ့ကြားထဲက အားပေးခြေရာလေးချပေးသွားတာနဲ့တင် ဝမ်းသာပါတယ်။

  • etone

    March 14, 2013 at 4:43 pm

    တစ်နေ့မှာ….
    ထုံးစံအတိုင်းမဟုတ်ပဲ ကုန်ပစ္စည်းအပေါ်မှာ ပွဲရုံနာမည်မရေးထားသလို
    ကုန်ပို့စာလည်းမပါတဲ့ ကုန်ပစ္စည်းတွေ ပွဲရုံကိုရောက်လာပါတယ်။

    ပွဲရုံမှားချတာမျိုးဖြစ်မှာကို စိုးရိမ်လို့ ကိုယ့်ပွဲရုံကို ပို့တဲ့ကုန်ဟုတ်မဟုတ် သေချာအောင်
    ကုန်သယ်လာတဲ့ ကားသမားကို မေးမြန်းစုံစမ်းခဲ့ပါတယ်။

    ကားသမားကလည်း ကုန်လက်ခံစီစဉ်ပေးလိုက်တဲ့ ကားဂိတ်ကို သေချာအောင် ဖုံးပြန်ဆက်မေးတဲ့အခါ
    ကားဂိတ်က ဒီပွဲရုံကိုပို့တာ သေချာကြောင်း အတည်ပြုပြီးပြောကြားပါတယ်။

    အဲဒီလိုနဲ့ ရောက်လာတဲ့ ကုန်ပစ္စည်းကို ရေထွက်ကုန်ပစ္စည်းပွဲရုံတို့ရဲ့ လုပ်ငန်းခွင်ထုံးစံအတိုင်း ရောင်းချလိုက်ပါတယ်။

    ဆိုတာနဲ့ တင် အန်တီ မမတို့ဘက်က လုပ်သင့်တာလုပ်ပြီးပြီလို့ပြောလို့ ရပါတယ် ။ ကွန်ဖမ်းပေးခဲ့တဲ့ ကား ဂိတ်က လွယ်လွယ်နဲ့ အတည်ပြုပေးထားတဲ့ ကိစ္စ သူတို့တာဝန်ယူပေးသင့်တာပါ ။ ကုန်ပစ္စည်းမှား ချတာတယ်(ဂွင်ဆင်ပြီးချသွားတာပဲဖြစ်ဖြစ်) ၊သေချာအောင် ဆက်သွယ်တော့ မှန်ကန်ကြောင်းအတည်ပြုတယ်ဆိုတာတွေနဲ့တင် ဘယ်သူ ့ဘက်က ပေါ့လျော့မှုလဲဆိုတာ မြင်သာနေပါတယ် ။

    အဲဒီနေရာမှာ လူကိုယ်တိုင်မလိုက်နိုင်ပဲ ကုန်ချည်းပဲပို့လွှတ်လိုက်တဲ့အခါမှာ……

    သူတို့ရဲ့ ကုန်ပစ္စည်းကို ပွဲရုံက ရောင်းချပေးထားမယ်ဆိုတာကို လုပ်ငန်းခွင်သဘာဝအရ ကုန်ပို့တဲ့ကုန်သည်ဘက်ကလည်း အလိုအလျှောက်သိရှိနေပြီးသား ဖြစ်ပါတယ်။

    ဆိုတာကတော့ လုပ်ထုံးလုပ်နည်းအတိုင်း အရင်က ကျင့်သုံးခဲ့ပေမယ့် ၊ နှုတ်တစ်ရာ စာတလုံး စကားပုံလိုပေါ့လေ ပြသနာ မတက်ခင်တော့ ၊ ပြစရာအထောက်ထား အာမခံချက်ဘာမှ မရှိတဲ့ ၊ နားလည်မှုတာမျိုးနဲ့ သွားခဲ့တာတွေကြောင့်လို့ ထင်ပါတယ် ။ သမီးတော့ လုပ်ငန်းရှင် မဖြစ်ဘူးတော့ ၊ တွေးတောနိုင်စွမ်းအားနည်းပါတယ် ။ လူဗြိန်းဦးနှောက်နဲ့ တွေးမိတာလေးရေးတာပါ ။ အန်တီရေ … ဒီပြသနာကို အကောင်းဆုံး အနေထားနဲ့ ဘယ်လိုဖြေရှင်းလိုက်လဲ ဆိုတာ သိပါရစေ ။

    • MaMa

      March 14, 2013 at 5:54 pm

      အီတုံးရေ-
      ဖြေရှင်းနည်းကတော့ ပညာသားပါပါ :kwi:
      အချိုးကျ လျှော်ပေးလိုက်ရပါတယ်။ :eee:

  • nature

    March 14, 2013 at 10:14 pm

    မှန်တာမှားတာခဏထား။ တရားရုံးရောက်ရင်တော့ ရှေ့နေခက သူ ၅သိန်း ကိုယ်၅သိန်းပဲ + တရားရုံးစရိပ်ပဲ။

    • တစ်ခါက ကျနော်တို့နဲ့အငြင်းပွားရဘူးတဲ့ ကားဂိတ်တစ်ဂိတ်ရှိတယ်။
      ကျုနောတို့ဆီကုန်ပို့သူကိုအဲဒီဂိတ်ကနေမပို့ပါနဲ့ပြောတော့
      အိမ်ချင်းကပ်နေတာ မပို့ဘဲနေလို့မရဘူးဆိုတော့ ခက်ပြန်ရော။။

      • MaMa

        March 15, 2013 at 7:44 am

        @ nature
        အဲဒီရှေ့နေခ တရားရုံးစရိတ်တွေကို တွက်ချက်ပြီး
        ပြီးပြတ်အောင် လုပ်လိုက်ကြတာပါပဲ။
        @ကိုပေါက်
        အဲလိုပဲ မကင်းနိုင်တဲ့ အကြောင်းလေးတွေ ရှိနေတယ်။
        ဒါပေမယ့် အဲဒီကားဂိတ်ကလည်း ပုံစံလာလို့ ဆက်ဆံရတာ အဆင်တော့ ပြေလာသား။ :hee:

  • marga thagyar

    March 15, 2013 at 4:24 pm

    If you don’t know the sender(trader) you should not receive the commodity.If you receive,you will find unavoidable problems certainly.

    • MaMa

      March 15, 2013 at 5:34 pm

      မြန်မာလို မရေးနိုင်ပေမယ့် မြန်မာလို ဖတ်တတ်မယ်တော့ထင်ပါတယ်။
      ပိုင်ရှင်မသိတဲ့ ကုန် ရောက်လာတတ်တာ ဓမ္မတာပါ။
      တချို့ဆိုရင် ကိုယ့်နယ်က သယ်ယူပို့ဆောင်ပေးတဲ့ယာဉ် (သင်္ဘော၊ စက်လှေ၊ ကား) တွေကို ထည့်ပေးလိုက်ပြီး အဲဒီလူတွေကပဲ ကုန်ဖိုးကို ရှင်းယူပြီး ကုန်သည်ကို ပြန်ပေးတာမျိုးတွေလည်း ရှိတတ်ပါတယ်။
      ပုံမှန် ပို့နေကျ မဟုတ်တဲ့ ကုန်ပို့သူ (ကုန်သည်) နဲ့ ရောင်းချပေးတဲ့ ပွဲရုံကြားမှာ သယ်ယူပို့ဆောင်ပေးတဲ့ လုပ်ငန်းက ကြားခံ တာဝန်ခံအနေနဲ့ ဆက်ဆံကြရပါတယ်။
      တခါတလေမှာ ကုန်သည်က ကားနဲ့ ကုန်ပို့လိုက်ပြီး ကုန်ဖိုးလာရှင်းတဲ့အခါမှာ ကုန်ပိုင်ရှင်ဖြစ်ကြောင်းနဲ့ ကုန်ဖိုးရှင်းပေးနိုင်ကြောင်း သက်သေခံအနေနဲ့ ကားသမား (သို့) ကားဂိတ်က ကြားခံပေးပါတယ်။

Leave a Reply