ရူးချင်ယောင်ဆောင်

သူရႆဝါJuly 22, 20101min730

“ရူးချင်ယောင်ဆောင်”

ဘာဆိုဘာမှလည်းမသိချင်ဘူး

ကိုယ့်ကိုယ်ကို ဓါးသွေးကျောက်လို

စက္ကူဖြတ်တဲ့ကတ်ကြေးလို ထင်ယောင်ထင်မှား

လောကမှာ ပြောမရတာတွေ သိပ်များတယ

ဓါတ်လိုက်သလိုဖြစ်နေတာ

ငါနဲ့ တစ်ခုခုနဲ့ ဓါတ်မတည့်ဘူးဖြစ်နေတာ

ဟူး … စိတ်ဓါတ်ပဲ

ကျွန်တော်၊ ခင်ဗျား၊ မနက်ဖြန်နဲ

့ကောသလအိပ်မက် ဆယ့်ခြောက်ချက်

`ဖျတ်´ ခနဲ

လင်းသွား၊ မှောင်သွား၊ မှိတ်တုပ်မှိတ်တုပ်ဖြစ်သွား၊

ဘာဆိုဘာမှလည်း မသိချင်တော့ဘူး

ရူးချင်ယောင်ဆောင်နေ … ။             ။

သူရဿဝါ

ဇူလိုင် ၂၂ ရက် ၊ ၂၀၁ဝ ခုနှစ်