ဒါကတော့ အကြံပေးတာသက်သက်ပါ….အခုတလော ဖြစ်နေတဲ့ ပြသ၁နာ အချို့ကို ပြေလည်အောင် ဘယ်လို လုပ်ရမလဲဆိုတာကိုပါ….
လုပ်ရမှာက လွှတ်တော်မှာ စည်ပင်သာယာ အက်ဥပဒေ အသစ်တင်လိုက်ကြပါ…မည်သည့် ဆိုင်းပုဒ်မဆို သက်ဆိုင်ရာ လိုဂို တံဆိပ်မဖြစ်မနေထည့်ရမယ့် သဘောမျိုးပါ…ဗုဒ္ဒဘာသာဆို အရဟံလိုဖြစ်ဖြစ်…၉၆၉ ပဲဖြစ်ဖြစ်…မွတ်စလင်ဆိုင်ဆို ၇၈၆ အမှတ်အသားလိုဟာမျိုး…ခရစ်ယာန်ဆိုင်ဆို လက်ဝါးကပ်တိုင်လိုမျိုး…ဟိန္ဒူဆိုလဲ သူ့သက်ဆိုင်ရာ သင်္ကေတပေါ့…ကျန်တဲ့ ဘာသာတွေဆိုလဲ သူတို့နဲ့ သက်ဆိုင်ရာ အမှတ်အသားတွေ မဖြစ်မနေထည့်ခိုင်းလိုက်ပါ…ကြည့်လိုက်တာနဲ့ ဘယ်သူပိုင်…ဘယ်သူ့ဆိုင်…နောက်ပြီး ဘာဆိုင်ဆိုတာ တန်းပြီး သိနိုင်အောင်လို့ပါ….အားပေးချင်တဲ့သူတွေလဲ  အားပေးချင်တာ အားပေးပါစေ…
တူညီတဲ့ ဥပဒေအောက်မှာ နိုင်ငံသားတိုင်း…ဘာသာစုံကိုးကွယ်တဲ့ သူတိုင်း တတန်းထဲ ထားလိုက်ပါ…ဒီလိုတူညီတဲ့ ဥပဒေကို လူတိုင်းအတွက် ချပေးထားပါရက်ကယ်နဲ့ မနေနိုင်..မလုပ်နိုင်ရင်တော့ရှယ်သာတွယ်လိုက်ပေတော့…

ဒါကိုမှ မကျေနပ်လို့ ကွန့်လာ….ညွန့်လာလို့ကတော့ ဗုဒ္ဒဘာသာပဲဖြစ်ဖြစ်…မွတ်စလင်ပဲဖြစ်ဖြစ်…ခရစ်ယာန်ပဲဖြစ်ဖြစ်…ဘာ ဘာသာပဲဖြစ်ဖြစ် ဘယ်သူ့မျက်နှာမှ ထောက်မနေနဲ့….
အရာရာကို မျှမျှတတသာ ချပြပေးလိုက်ပါ…နေနိုင်တဲ့သူကတော့ လူကောင်းတွေပေါ့…မနေနိုင်မလုပ်နိုင်တဲ့ သူကတော့ လူယုတ်မာတွေပေါ့…မလုပ်နိုင်တဲ့သူ…မလိုက်နာနိုင်တဲ့ သူဆိုလို့ကတော့ ဘယ်လိုတွယ်မယ်ဆိုတာကော ဥပဒေထဲ ထည့်ပြပေးလိုက်ပါ…တခါတလေကျတော့လဲ ရောဂါဆိုတာ ဆေးခါးကြီးတိုက်သင့်ရင်လဲ တိုက်ရမှာပါ…ခွဲထုတ်သင့်ရင်လဲ ခွဲထုတ်ရမှာပါ…

(မျှတသော ဥပဒေဆိုတာ မိုက်ရိုင်းသော သူတွေအတွက် တကယ့်ဆေးခါးကြီးဖြစ်ပေမယ့် လူယဉ်ကျေးတွေအတွက်တော့ နတ်သုဒ္ဒါလို ချိုမြိန်တဲ့ စကားတခွန်းပါ)

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...