ဒီပြသနာက ဘာသာရေးကို နွယ်လာတဲ့ အမျိုးသားရေးပြသနာလို့ မြင်ပါတယ်။ ပြသနာတခုကို ကြည့်တဲ့နေရာမှာ ရှုထောင့်တခုတည်းကကြည့်ရင် ကိုယ်လိုချင်တဲ့အဖြေပဲရတယ်။ အဖြေမှန်လိုချင်ရင် အလုံးစုံခြုံငုံသုံးသပ်ရပါတယ်။ ကဲ ပြသနာရဲ့အရင်းမြစ်ကိုကြည့်ရအောင်။ ၉၆၉ ဆိုတာဘာလို့ပေါ်လာလဲ။ ၇၈၆ နဲ့တဖက်သတ်အကျိုးစီးပွားကြောင့်ပေါ်လာတာ။ အရင်ကသူ့ဟာသူနေတာဘာမှမဖြစ်ဘူး။ ခုပြောတာမှာ ဥပဒေလွှမ်းမိုးမှုဆိုတဲ့စကားလုံးပျောက်နေတယ်။ လဝက ဥပဒေအသက်မဝင်တော့ ပြည်ပဝင်တဲ့ဘင်္ဂလီပြသနာစဖြစ်တယ်။ ကျူးကျော်သူကခြေကုပ်ဖို့လုပ်ဆောင်တာ နဲ့ ကာကွယ်သူတွေရဲ့ ကာကွယ်ရေးဗျူဟာလို့မြင်ပါတယ်။ ဒီတော့ဘာသာရေးနဲ့ အမျိုးသားအကျိုးစီးပွားနွယ်ပြီ။ သေနတ်ကိုင်တိုက်မှစစ်ဖြစ်နေတာမဟုတ်ဘူး။ မတူတဲ့အတွေးခေါ် ယုံကြည်မှု ယဉ်ကျေးမှုတွေထိပ်တိုက်တွေ့တာလည်း စစ်ပွဲဖြစ်နေတာပဲ။ ဒီတော့ မူရင်းကာကွယ်သူတွေမှာဘာရှိလဲ အမျိုးသားရေးအသိစိတ်နဲ့ပဲ စောင့်ရှောက်ကြရတယ်။ အဲလိုပြသနာတွေအတွက် ဘာသာရေးနဲ့ အမျိုးသားရေးယှဉ်တွဲအသက်ဝင်လာတယ်။ ပြည်တွင်းမူဆလင်အချို့နဲ့ ထိုင်လုံလိုချင်သူတွေက မူဆလင်ဘာသာနဲ့မူဆလင်လူမျိုးရောပြီး အစွန်းရောက်ဆန်တဲ့ပုံစံနဲ့ လူ့အခွင်းရေးစကားလုံးကိုတွင်တွင်သုံးပြီး ဝင်ပါလာတယ်။ ဒီတော့ တန်ပြန်တဲ့ အမျိုးသားရေးလက္ခဏာတွေ Socialism ဖြစ်လာတယ်။ ဒီထက်ပြင်းလာရင် Facic မူတောင်ဖြစ်လာမယ်။ ဒီတော့ အမျိုးသားရေးကို ဘာသာရေးနဲ့ခွဲခြားသိဖို့လိုသလို ဖြေရှင်းချင်ရင် ပြသနာဆိုတာလည်းနားလည်ဖို့လိုပါတယ်။ ဒါ ဘာသာရေးပြသနာတခုတည်းမဟုတ်ဘူး။ နိုင်ငံသားပြုမှုမှာ ဥပဒေလွှမ်းမိုးအရေးယူမှု အားနည်းလို့ဖြစ်လာတဲ့ မလုံခြုံတဲ့နိုင်ငံသားတွေရဲ့ အမျိုးဘာသာသာသနာအားနဲ့ စောင့်ရှောက်တန်ပြနမှုလို့မြင်ပါတယ်။ ဒီပြသနာမရှိအောင် လုပ်နိုင်တာနှစ်ချက်ပဲရှိတယ်။ ပြည်တွင်းနေမူဆလင်တွေ အများပြည်သူသံသယဖြစ်နိုင်တာကိုဆင်ခြင်ပြီးပြည်ပစိမ့်ဝင်ပြသနာတွေမှာ ဘာသာနဲ့မနွယ်ဖို့နဲ့ ဥပဒေလွှမ်းမိုးနိုင်ဖို့လို့ပဲ သုံးသပ်မိပါတယ်။ ပြသနာတခုကို စူးစမ်းတဲ့နေရာမှာ ရှုထောင့်စုံကကြည့်ပြီးမှ သုံးသပ်ချက်လုပ်ရင် ပိုပြည့်စုံမယ်ထင်ပါတယ်ခင်ဗျား။
ဗုဒ္ဓဘာသာမှန်ရင် မိလိန္တမင်းနဲ့ အရှင်နာဂသေနတို့ရဲ့ အမေးအဖြေတွေ ဘာလို့ပေါ်လာလဲဆိုတာ သိကြပါတယ်။ စစ်မှန်တဲ့ ထေရဝါဒကိုးကွယ်သူရဲ့ ဝိပသနာဥာဏ်စဉ်တည်ဆောက်တာနဲ့အတူ ပရိယတ် ပရိပတ် တွေမရှိရင် ထေရဝါဒမရှိတော့ဘူး။ သကျသာကီဆိုတာ ဗုဒ္ဓကိုးကွယ်တာကိုလိုက်သတ်တော့ တွေ့မိတွေ့ရာမြက်ကိုကိုင်ထားပြီး မုသာဝါဒမပြောချင်တာနဲ့ မင်းကဘာလဲဆိုတော့ မြက်ကိုပြပြီး သကျ လို့ပြောတာကစတာပဲလေ။ သာကိုးကွယ်တာ ယုံကြည်တာ သာသနာပြုတာ ထိန်းသိမ်းကာကွယ်တာ ကျင့်ကြံအားထုတ်တာ အားလုံးဟာ တခုကိုတခု အမှီသဟဲပြုနေကြတာပါ။ သီးခြားစီမဟုတ်ပါဘူး။ တခုမှာအားနည်းရင် ကျန်တာတွေပါလိုက်ပါအားနည်းတတ်ပါတယ်။ ဒီတော့ မိမိဘာသာအပေါ်မှာ သရဏဂုံတည်ရင် သာသနာသုံးရပ်လုံးကို ချိတ်ဆက်ရပါတယ်။ ဒါ အစဉ်ဆက် ဗုဒ္ဓဘာသာတည်အောင်ထိန်းခဲ့ကြတဲ့ အနေထားပါ။
ခေတ်စကားနဲ့ပြောရင် ဒီထက်ဒီမိုကရေစီကျတာမရှိတော့ဘူး။ ဗုဒ္ဓက ငါဘုရား၏တရားတော်ကိုပင် မျက်စိမှိတ်မယုံနှင့် ကိုယ်တိုင်ကျင့်ကြံအားထုတ်ကြည့်ပြီး မှန်တယ်လို့လက်ခံမှယုံလို့ ပြောခဲ့တယ်။ ခုလိုပြသနာတွေမှာ လုပ်ရပ်အားလုံးကို သုံးသပ်ခွင့်ပေးထားတယ်။ ဘာသာခြားတွေကိုကြည့်ပါ ဝါဒတူရင်ဝိုင်းကြတယ် သူတို့ချင်းအမြင်မတူရင် မပါပဲနေတာရှိမယ် လိုက်မကန့်သလို သူများကိုမထောက်ခံဘူး။ အဲတာ သူတို့ဘာသာစည်းကမ်းပဲ။ ဗုဒ္ဓဘာသာက ပြန်ဝေဖန်ခွင့်ပြုတယ် ဘယ်လောက်လွတ်လပ်သလဲ။ ဘာသာရေးရယ် အမျိုးသားရေးရယ် ဘာသာရေးနဲ့နွယ်တဲ့အမျိုးသားရေးရယ် ဒါတွေကိုတော့ ကျင့်ကြံသူသဘော ကိုယ့်သဘောကိုယ်ဆောင်ခွင့်ရှိပါတယ်။ ပြသနာအားလုံးရဲ့အဖြေကတော့ ရှိပြီးဥပဒေတွေ လွှမ်းမိုးမှုအားနည်းနေသေးတာပါပဲ။ အစိုးရလည်းဒါတွေသိလို့ အမျိုးသားအကျိုးစီးပွားနဲ့ နိုင်ငံတကာ image ကိုထိန်းပြီးလုပ်နေရတာဖြစ်မှာပါ။
1Like ·

About gwa toe

gwa toe has written 7 post in this Website..

j