သိုင်းဗျောင်းဗျန် စောခက်သူ နှင့် မိုက်ကယ်ဂျော်နီအောင်ပု

အခန်း ( ၁ ) အပိုင်း ( က )

“ဘယ့်နှယ်တော် ကျုပ်တို့က မျက်နှာမငယ်ရလေအောင် ဒင်းတို့ကိုဘဲလင်တော်ရမလို

ဒင်းတို့ကိုလင်တော်မှ မျက်နှာကြီးဂုဏ်တက်မလို ဂဒဲပြော ပြောခြင်ဘူး

ပြောခြင်ဘူးသာဆိုသော်ငြား ပြောပြီးလေပြီ

နေရာကား

ဒဘလျှူ ဒဘလျှူ ဒဘလျှူ ဒေါ့ မန်းဒလေးဂေဇက်ဒေါ့ကွမ်း ၏ တောင်ဖက်စူးစူး မြင်းတစ်ပြေးကြက်တစ်ခုန် ပေါ်တာတစ်ခါပြေး အကွာအဝေးခန့်တွင်ရှိသော ပင်လယ်ရေမျက်နှာပြင်အထက် လေးငါးခြောက်တောင်ခန့်တွင်

ရှိသည့် ဂေဇက်လေထန်ကုန်း ပေါ်တွင် တည်ရှိသော မီးကင်းတဲတစ်ခုတွင်ဖြစ်၏။

မီးကင်းတဲဆိုသော်ငြား ယိုင်နဲ့နဲ့မုဆိုးမတဲအိမ်တစ်လုံးကို ပြေးမြင်မိကြပါလေလျှင်အမှားကြီးမှားကြပေလိမ့်မည်။

လေကြောမရှည်ဘဲပြောရလျှင် နန်းတော်ကအိမ်သာဖြစ်သွားစေလောက်သည့် မုန့်ပျားသလက်ကုမ္ပဏီအဆောက်အဦးကြီးဖြစ်၏။

အကယ်စင်စစ်

အဆိုပါ မီးကင်းတဲကြီး၏ အလှူရှင်မှာ ဒဘလျှူ ဒဘလျှူ ဒဘလျှူ ဒေါ့ မန်းဒလေးဂေဇက်ဒေါ့ကွမ်း ၏

ဒိတ်ဒိတ်ကျဲ ကျိကျိတက်ချမ်းသာသော မုန့်ပျားသလက်ဂုမ္ပဏီပိုင်ရှင်

သူဌေးဂဒေါ် ( ဟုတ်ဘါဘူး ဘွာ !!!!!!! သူကအိမ်ထောင်မစိဘူး ) သူဌေးသူတော်ကောင်းမကြီး တစ်ဦး၏ ကိုယ်ကြိုးမစွက် ပက်ပက်စက်စက်လှူဒါန်းထားသည့် အာဝါသ အလှူဌာနကြီးတစ်ခုဆိုလျှင်

မှားမည်မထင်သည့်အတွက် အမှန်ပင်လျှင်ဖြစ်လေတော့၏ဟု မှတ်သားကြကုန်။

အကြောင်းအရာမှာကား အဆိုပါ ဒဘလျှူ ဒဘလျှူ ဒဘလျှူ ဒေါ့ မန်းဒလေးဂေဇက်ဒေါ့ကွမ်း ၏

အထင်ကရ အကျော်မော် ကြော်လှော်ချက်ပြုပ် မုန့်ဖက်ထုပ်လုပ်ခြင်းနည်းပညာကြီးကိုပင်လျှင် ပြိုင်ဖက်ကင်း တတ်မြောက်သော မန်ဘာ ရွာသူအပျိုကြီးတစ်ယောက်၏ အပျိုဂျီး အပျိုမကြီးတစ်ကြီး အပျိုပိစီကွေး များကို နှစ်ပတ်လည် ကွန်ဂရက်တွင် အာဘော်လက်ချာပေးနေခြင်းဖြစ်လေတော့သည်။

ဤကပင်လျှင်

သိုင်းဗျောင်းဗျန် စောခက်သူ နှင့် မိုက်ကယ်ဂျော်နီအောင်ပု မည်သော ဇတ်လမ်းမဟာကြီးသည်ဖြစ်ပေါ်လာရပေတာ့သတည်း။

ဒရန်တန်တန်တန်

…………………………………………………………………………………………………………………………………………………

အခန်း ( ၁ ) အပိုင်း ( ခ )

နေရာကား အပေါ်မှာရေးထားတဲ့အတိုင်းဖြစ်၏ အကြောင်းအရာမှာကား ဆက်ဖတ်ရပေမည်

“တံခွန်မရှိတဲ့နွားလှည်း အလှမစုံ ဘုံးကြီးပျံပွဲ ပါကင်ရပ်ရန်လက်မှတ်လို

“လင်မရှိတဲ့ မိန်းမ မျက်နှာငယ် လောကကို ရင်ဆိုင်ရန်မလွယ်

ဆိုခဲ့ပြီးပါသကဲ့သို့ ဒဘလျှူ ဒဘလျှူ ဒဘလျှူ ဒေါ့ မန်းဒလေးဂေဇက်ဒေါ့ကွမ်း ၏ နှစ်ပတ်လည် ကွန်ဂရက်တွင်

အထက်ပါ အဆိုကို ဆွေးနွေးဖြေရှင်းနေစဉ် သဘာပတိ ရွာသူအပျိုကြီးမှ ပေါက်ကွဲသွားသည်လား မဆိုသာသော်ငြား ကျေနပ်မှု့အလျှင်းရှိဟန်မထင်

“ဒါဟာ လူ့အခွင့်ရေးချိုးဖေါက်မှု့တစ်ခုဘဲ နွားလှည်းဒေဘုံးကြီးပျံပွဲဝင်မရတာက ကညန ဝံဂျီးဖြေရှင်းလိမ့်မယ်

ယ္ခုဖြေရှင်းရမှာက ဒို့များဘဝဟာ ဒင်းတို့ကိုလင်တော်မှ လူရာဝင်တင့်တယ်မယ်ဆိုတဲ့ အဆိုဟာ

အမျိုးသမီးတွေကို နှိမ်ချစော်ကားမှု့တစ်ခုဘဲ

ဘယ်နှယ့်တော် သူတို့ကဘဲ ကြီးကြီးကျယ်ကျယ် လုပ်ရသေးတယ်လို့ ဗျောင်းဗျန်

ဒို့များ လင်မယူဘဲနေလာတာ ခုဆို အပျိုဂျီးတောင်ဖြစ်နေဘီ တင့်တယ်လိုက်သမှ

တင့်တင့် တင့်တင့် နဲ့တောင်နေသေးတယ်

“ဖြောင်းဖြောင်းဖြောင်းဖြောင်း

အပျိုဂျီး အပျိုမကြီးတစ်ကြီး အပျိုပိစီကွေး များ နှစ်သက်လွန်း၍ လက်ခုတ်တီးကြသည်မှာ

ပျံကျားရေးဝံဂျီးပြုပ်သွားသည်ကို ဝမ်းသာလွန်း၍ ပျီသူများလက်ခုပ်တီးသကဲ့သို့ ဝက်ဝက်ကွဲမတတ်ပင်

တော်တော်နှင့်အတောမသတ် နိုင်အောင်လည်းဖြစ်သွားကြကုန်ပါသေးသည်။

အာဘော်လက်ချာပေးနေသော သဘာပတိ အပျိုကြီးမှာ ပရိတ်သတ်၏ထောက်ခံမှု့ကိုရ၍ ကျေနပ်လွန်းကာ ပိတိများယိုစီးကျလာသည်မှာ ပြောပြမတတ်အောင်ရှိရလေတော့သည်။

လက်ခုန်သံများ အတောသတ်သည့်အခိုက်ဝယ်တိတ်စိတ်သွားသည့်အခိုက်

“ကိုကိုနဲ့ဘဲနေမယ်စိတ်ကူးဒယ်

ပါတီမင်းစိုးရာဇာ ပွဲလမ်းသဘင်များကို စင်ကြယ်ဖိနပ်စီး၍ တက်လေ့တက်ထရှိသော အပျိုမကြီးတစ်ကြီး

ခပ်မိုက်မိုက် ခပ်ပိန်ပိန် တစ်ယောက်၏ အိုင်ဖုံး ဆဲဗင်း မှ ထွက်ပေါ်လာသော

တယ်လီဖုံး ( Ring ) သံဖြစ်လေသည်။

…………………………………………………………………………………………………………………………………………………

အခန်း ( ၂  ) အပိုင်း ( က )

“ ဟိတ်ကောင် မိုက်ကယ်ဂျော်နီအောင်ပု မင်းတို့သဂျီးနဲ့ဆွေးနွေးဘို့လာတာ

လေဒီယို လော်စပီကာ ဆက်သွယ်ရေးကရိယာများအပြင် လေးဂွ နားဖါချီးကော်တံ လက်နက်ကိရိယာတန်စာပလာ သွားကြားထိုးတံမှသည် ကွန်ဒုံ သန်ဆေး ထန်ဆေး သံချဆေး ဝမ်းနှုတ်ဆေး လျှက်ဆားများအထိ ဘာညာသာရကာများစုံလင်စွာရှိသော အလွန်ခေတ်မှီသော အဆောက်အဦးကြီးအရှေ့ရှိ ဝါးလုံးကို သဘောင်္ဆေး အဖြူနှင့်အနီသုတ်ပြီးတားထားသည့် ဂိတ်ပေါက်အတွင်းတွင်

ဒေါက်တာချက်ကြီးဆိုဒ်ကို ဆက်သွယ်ရေးဂြိုလ်တုမှတစ်ဆင့် တိုက်ရိုက်ကြည့်ရှု့နေသည့်

ခပ်ချောချောခပ်ဖြောင့်ဖြောင့် ဥပတိရုပ်အလွန်ကောင်းသော နှစ်လိုဖွယ်ရှိသော ရှု့ခြင်ဖွယ်ရှိသော လမ်းမှာတွေ့လျှင် အရက်ခေါ်တိုက်ခြင်စေသော ဘာသောညာသော သာရကာသော သောခြင်းဖေါခြင်းပေါခြင်းများဖြင့် ပြည့်စုံသော လူတစ်ယောက်ကို

မှုံကုတ်ကုတ် သစ်ဂျဘိုးကောင်ရုပ် သီဟိုစေ့ရုပ် ဗရုတ်သုက္ခရုပ် ဟိုကောာင်ရုပ်ဒီကောင်ရုပ် ပေါက်ပန်းလေးဆယ်

ပေါက်ကရရုပ်ပေါက်နေသော မြင်မြင်သမျှ ပျိုပျိုတိုင်းကို ဗျူးခြင်ဘူးခြင် နှူးခြင်သော

ပျိုတိုင်းကိုကြိုက်တဲ့ နှင်းဆီခိုင်ကြီး ဖြစ်သည့် လူတစ်ယောက်သည် လှမ်း၍ပြောလိုက်ခြင်းဖြစ်လေသည်။

ခပ်ချောချောခပ်ဖြောင့်ဖြောင့်ဥပတိရုပ်အလွန်ကောင်းသော နှစ်လိုဖွယ်ရှိသော ရှု့ခြင်ဖွယ်ရှိသော လမ်းမှာတွေ့လျှင် အရက်ခေါ်တိုက်ခြင်စေသော ဘာသောညာသော သာရကာသော သောခြင်းဖေါခြင်းပေါခြင်းများဖြင့် ပြည့်စုံသော မိုက်ကယ်ဂျော်နီအောင်ပု ဆိုသော ကိုလူချောမှာ အညွှန်းနှင့် အလွန်မင် လိုက်ဖက်လှစွာ

မှုံကုတ်ကုတ် သစ်ဂျဘိုးကောင်ရုပ် သီဟိုစေ့ရုပ် ဗရုတ်သုက္ခရုပ် ဟိုကောာင်ရုပ်ဒီကောင်ရုပ် ပေါက်ပန်းလေးဆယ်

ပေါက်ကရရုပ်ပေါက်နေသော မြင်မြင်သမျှ ပျိုပျိုတိုင်းကို ဗျူးခြင်ဘူးခြင် နှူးခြင်သော

ပျိုတိုင်းကိုကြိုက်တဲ့ နှင်းဆီခိုင်ကြီး ဖြစ်သည့် လူကဲ့သို့ အခွက်မမာဘဲ ယဉ်ကျေးပျူငှာစွာဖြေကြားလေသည်။

“ဝမ်းနည်းပါတယ် စယာကျောင်ဂျီးခင်ဗျား ယ္ခုအချိန်မှာ ကျုပ်သဂျီးမင်းအနေနှင့် ဖင်ယားရင်တောင် ကုတ်မအားအောင်ရှိနေပါတယ်ခင်ဗျား

“ဟေ !!!!!!! မင်းသဂျီးမင်းက ဘာတွေလုပ်နေလို့ဒုံးကွ

“ကျုပ်သဂျီးမင်း ဘားတွယ်နေလို့ပါခင်ဗျား

…………………………………………………………………………………………………………………………………………………

အခန်း ( ၂ ) အပိုင်း ( ခ )

15 comments

  • မောင် ပေ

    March 11, 2013 at 12:26 pm

    ကောင်းလား အစ်ကို
    ကောင်းလား အစ်ကို
    ကောင်းရင် ကောင်းတယ်မှတ်
    ကောင်းရင် ကောင်းတယ်မှတ်
    ( အိုဘာတဲ့… စားပြီး နားမလည် မလုပ်နဲ ့လေ ၊ တစ်ခုခုတော့ ပြောဦးမှပေါ့လို ့)
    ဟီဟိ

  • Moe Z

    March 11, 2013 at 12:38 pm

    ခွိခွိ
    😆
    😆
    😆

  • ဟက်လူ …
    ဟိုလူကို မလုပ်နဲ့ …
    ဒါဗျဲ ပြောမယ် … :mrgreen: :mrgreen:

    “”” အခန်း ( ၂ ) အပိုင်း ( ခ ) “””

    (((ရေးတာ မပီးသေးဘူး ထင်ဒယ် …
    အပေါ်မှာ ကော်ပီ ပေ့စ် ဖစ်နေဒယ်
    မှားနှိပ်မိဒါလား သိဝူးးး
    နို့ .. ဒါမျိုး မှားနှိပ်တာက ကိစန မချိပါဘူး … :mrgreen: )))

  • ဦး ကျောက်ခဲ

    March 11, 2013 at 1:06 pm

    အား… ဟိ…. ကိုအောင်ပုတော့ လုပ်ချလိုက်ပြန်ဘီ…
    အော်မေ့ဂိုဏ်းသူတွေဆူရင် ကျုပ်မပါဘူးနော့… ဟီ ဟိ…
    တဂျီး ယား တာတော့ ကျုပ်လည်း မတတ်နိုင်…
    :harr:

  • koaung

    March 11, 2013 at 3:27 pm

    အရေးအသားက ဂဲမိုုးရွာလောက်တယ် အဲလေ လေးစားလောက်တယ်.

  • etone

    March 11, 2013 at 4:21 pm

    အရမ်းကောင်းဒါဗြဲ ….. ဖတ်လို့ :kwi:
    ဂလို စာမျိုး များများ ရေးပါ အဘပု ။
    ဒါမှ အပိုရီးများ ဘွဟာ သနားစရာကောင်းတယ်လို့ ထင်ပြီး ၊ အော်တိုမစ်တစ် ဂရုဏာ သက်လာကြမှာလေ ….. ချိသော ညက်စိနဲ့ ကျိလာကြမှာပါ … ပစိပဇပ်များတာလည်း ဗွေမယူ ၊ အပြစ်မမြင် နိုင်ဂျတော့ဝူးလေ …. ခွစ်ခွစ်ခွစ် …..။ အဲ့ခါကျမှ အိမ်မက်ဆုံရာမှာ တီချင်း ပြေးဆို ပစ်လိုက် အူးမယ် ……. အမျိုးတမီးတွေ ရှေ့ထွက် ဆိုတဲ့ သီချင်းကို ။ 😆

    ယောကျာ်းရရေး ဒို့အရေး ..ယောကျာ်းရရေး ဒို့အရေး ..ယောကျာ်းရရေး ဒို့အရေး .. . ခွိခွိ :kwi:

    • etone

      March 11, 2013 at 4:38 pm

      အဲ ……. ကြိုရှင်းထားဦးမှ … ။
      အခုကော့မန့်က ဘယ် အပျိုကြီးကိုမှ စော်ကားလိုစိတ်မရှိပါဘူးနော် ။ ကိုယ်တိုင်လည်း အပိုရီးအရွယ်ထဲရောက်နေပါပြီ ။ တသက်လုံး အပိုရီး ဖြစ်နိုင်ခြေလည်း အတော်များနေပါတယ် … ။
      စိတ်ထဲနည်းနည်းလေနေလို့ … နဂို အကျင့် အတိုင်း စိတ်ညစ်လေ ၊ မျက်နှာ ပြောင်လေ လုပ်ရင်း ရေးမိသွားတာပါ ။ မွှားဒါချိယင် ဝင်ဒါမိ .. ခိခိ :harr:

      • Moe Z

        March 11, 2013 at 4:50 pm

        အူးလေး ဒေါက်တာရေ ကယ်နိုင်တော့ဘူးလားဂျ..
        ဒီမှာ တစ်သက်လုံးအပိုရီးပဲဖြစ်နိုင်ချေများတယ်တဲ့
        ဟိုသီချင်းလေးညည်းပါရစေ..
        ….တိုတိုဒေါက်တာ .. အတဲထဲကဝေဒနာ … ဘလာ ဘလာ ဘလာ
        ခွိခွိ :mrgreen:

  • Shwe Ei

    March 11, 2013 at 4:32 pm

    အော်..ရယ် ယောက်ကျားမယူဘဲ နေတာ တင့်တယ်ကြောင်း လက်ချာပေးနေတဲ့အချိန်ကျမှ
    ကိုကိုနဲ့ဘဲနေမယ်စိတ်ကူးဒယ် ရင်းတုန်းရီးက ထွက်လာသေးတယ် ခွစ်…ခွစ်
    မှတ်ထား…အပျိုဂျီးဆိုတာ အိုက်ဒါဘဲ
    သများက ယောက်ကျားယူမှာ… ဟိ :mrgreen:

    • etone

      March 11, 2013 at 4:40 pm

      တော်သေးတာပေါ့ အေ …. မမပြာ ယောကျာ်းယူမယ်ပြောလို့ … အစကတော့ မိန်းမယူမယ်ချည်း လွှတ်လွှတ်အော်နေသလားလို ့… 😳 :harr:

  • ကထူးဆန်း

    March 12, 2013 at 8:58 am

    ဒီမယ်
    ိဒီမယ်
    တန်းလန်းကြီးတော့ မထားနဲ့နော် …………. :harr:

  • ဦးကြောင်ကြီး

    March 12, 2013 at 9:00 am

    သဂျီးဘားတွယ်
    မငြီးအားဒယ်
    ပုတီးငါးဆယ်
    သမီးနွားသယ်
    ဂဒီးကြွားရယ်
    ငဖီးထွားရှယ်
    ခရီးသွားမယ်
    အနီးနားကွယ်..။

  • နေဝန်းနီ

    March 12, 2013 at 10:30 am

    အဒူလဲဟ သောခက်တူ ဆိုဒါ နာမယ်တွေ အပြောင်းအလဲကလည်းများပါ့ နာမယ်ပြောင်းတဲ့ အပေါက်ပိတ်ထားပါဗျို့ ….။ သူတို့ရေးတဲ့စာတွေဖတ်ရဒါ မျက်စိ လည်လွန်းလို့ပါ……။

Leave a Reply