SEO အခြေခံ သင်ခန်းစာ | Website description meta tag optimization

Myanmar Web DesignerMarch 11, 20134min23919
မင်္ဂလာပါ..ဒီတစ်ခေါက်တော့ website meta tag ကို optimize လုပ်တာကို သင်ပြပေးမှာဖြစ်ပါတယ်။ ဒီသင်ခန်းစာကို ဖတ်မယ့်သူတွေဟာ အရင်တစ်ခေါက်က website title tag optimization သင်ခန်းစာကိုလည်း ဖတ်ဖူးရပါမယ်။ အဲဒီသင်ခန်းစာကို ဖတ်ထားဖူးရင်တော့ ဒီသင်ခန်းစာအတွက် အချိန် သိပ်မပေးရတော့ပါဘူး။ ဒါကြောင့်မို့ ဒီသင်ခန်းစာမှာ website တစ်ခုရဲ့ title tag နဲ့ meta tag ကို ဘယ်လိုရှာရမလဲဆိုတာပါ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီ blog မှာ ရေးတဲ့သင်ခန်းစာတွေဟာ ဘာမှမသိတဲ့လူတစ်ယောက်က စပြီး အလယ်အလတ်သိတဲ့ လူတစ်ယောက်အထိ ဖတ်လို့ရအောင် ရေးတာဖြစ်ပါတယ်။ ဒါကြောင့် သိပြီးသားလူတွေလည်း ပိုပြီး ပြည့်ပြည့်စုံစုံ သိစေပါတယ်။ ကဲ .. သင်ခန်းစာ စရအောင်ဗျာ။အရင်ဆုံး website တစ်ခုရဲ့ title နဲ့ description meta tag ကို ရှာဖွေနည်းကို ပြောပြပါမယ်။ ဒီတော့ နမူနာ website တစ်ခု လိုအပ်လာပါပြီ။ နမူနာ website ကို အရင်တစ်ခေါက်က ထားခဲ့တဲ့ Singapore SEO Service ကိုပဲ ထားပါမယ်။ ဒီတော့ အဲဒီ website ကို ကလစ်နှိပ်ပြီး ဖွင့်လိုက်ပါ။ ပွင့်လာပြီဆိုရင် မိမိသုံးတဲ့ browser ပေါ်မူတည်ပြီးတော့ နည်းနည်းလေး ကွဲပြားပါတယ်။ သင်သုံးတဲ့ browser က

Google Chrome, Firefox နဲ့ Opera ဆိုရင် keyboard shortcut (ctrl+u)

Safari ဆိုရင် keyboard shortcut (ctrl+alt+u)

Internet Explorer ဆိုရင်တော့ keyboard shortcut သုံးလို့ မရတော့ပဲ view menu ထဲက source ကို နှိပ်မှ ရပါမယ်။ (Menu bar မပေါ်ဘူးဆိုရင် keyboard က “alt” key လေး တစ်ချက်နှိပ်လိုက်ပါ။ menu bar မြင်ရပြီဆိုမှ ကျန်တာ ဆက်လုပ်ပါ။)

Internet Explorer ဆိုရင် နောက်တစ်နည်း page menu ထဲက view source ကိုနှိပ်ပြီးတော့လည်း ကြည့်လို့ရပါတယ်။ အောက်က ပုံကိုကြည့်ပါ။

ဒါဆိုရင်တော့ ကိုယ်ကြည့်နေတဲ့ website မှာ ရေးထားတဲ့ source code တွေကို မြင်ရပါပြီ။ ကျွန်တော်တို့ အဓိက ရှာချင်တာက အခုမြင်နေရတဲ့ code တွေထဲကမှ title ဆိုတာရယ် description ဆိုတာရယ်ပါ။ မျက်စိနဲ့ ရှာရင် ကြာနေမှာစိုးလို့ browser မှာပါတဲ့ search function နဲ့ ရှာပါမယ်။

keyboard ကနေ (ctrl+f) သို့မဟုတ် (f3) ကိုနှိပ်လိုက်ပါ။ စာရိုက်လို့ရတဲ့ box လေး ပေါ်လာပါလိမ့်မယ်။ အဲဒီထဲမှာ “title” လို့ ရိုက်ထည့်လိုက်ပါ။ အဲဒီမှာ title ကို တွေ့ရပါလိမ့်မယ်။

နောက်တစ်ခုက အဲဒီစာရိုက်လို့ရတဲ့ box ထဲက စာအားလုံး ပြန်ဖျက်ပါ။ “description” လို့ ရိုက်ထည့်လိုက်ပါ။ Description meta tag ကိုတွေ့ရပါလိမ့်မယ်။

ဒီနည်းလမ်းနဲ့ website တစ်ခုရဲ့ source code ကို ကြည့်လို့ရပါမယ်။

ဒီတော့မှ ကျွန်တော်တို့ ဒီနေ့ သင်ခန်းစာ စပြောပါတော့မယ်။ အထက်က နည်းအတိုင်း www.seo.sg website ကိုဖွင့်ပါ။ Source code ကို ထပ်ဖွင့်ပါ။ description meta tag ကို ရှာပါ။ ရေးပုံရေးနည်းကို လေ့လာပါ။ အဲဒီ website ကို အဓိက တက်စေချင်တဲ့ keyword တွေကိုတော့ အရင်တစ်ခေါက်က website title tag optimization post မှာ ပြောပြပြီးပါပြီ။ တက်ချင်တဲ့ keyword တွေနဲ့ ရေးပုံရေးနည်းကို ဆက်စပ်လေ့လာပါ။ ကိုယ်တိုင် လေ့လာပြီးပြီဆိုရင် description meta tag တစ်ခုမှာ ရှိသင့်တဲ့ လိုအပ်ချက်တွေကို ဖတ်ပြီးတော့ ကိုယ်ပိုင်လေ့လာမှုနဲ့ တိုက်စစ်ကြည့်ပါ။

Description meta tag တစ်ခုမှာရှိသင့်တဲ့အချက်တွေက-

(၁) space အပါအဝင် စာလုံးရေ ၁၅ဝ ထက်မပိုရပါ

(၂) website ရဲ့ အနှစ်ချုပ်ကို ဖော်ပြနိုင်ရပါမယ်။

(၃) keywords တွေ ပါရပါမယ်။

(၁) space အပါအဝင် စာလုံးရေ ၁၅ဝ ထက် မပိုရပါ ဆိုတာကတော့ google ကနေ search လုပ်တဲ့အခါမှာ description meta tag က စာတွေက search result မှာ လာပေါ်ပါတယ်။ ဒါပေမယ့် စာလုံးရေ ၁၅ဝ အထိပဲ ပြပေးပါတယ်။ စာလုံးရေတွက်ခြင်းကိုတော့ Microsoft Word မှာ word count function သုံးပြီးတော့ ရေတွက်လို့ရပါတယ်။

(၂) နံပါတ်နှစ်ကတော့ ရှင်းပါတယ်။ Description ဆိုတာ ရှင်းလင်းချက်ဆိုတဲ့ အဓိပ္ပါယ်အတိုင်း ကိုယ့် website ရဲ့ အနှစ်ချုပ်ကို ရှင်းလင်းပြသနိုင်ရပါမယ်။

(၃) Keywords တွေ ပါရမယ်ဆိုတာကတော့ title tag လိုပဲ Google နဲ့ အခြား search engine တော်တော်များများက description meta tag က keyword တွေနဲ့ ranking ပေးလေ့ရှိပါတယ်။ ဒါပေမယ့် keyword တွေချည်းပဲ စုပုံ မထည့်နဲ့ပေါ့ဗျာ၊ အဲလိုထည့်ရင် ခင်ဗျား website က ranking ကောင်းချင်ကေင်းမယ်။ ဒါပေမယ့် user တော်တော်များများကတော့ click လုပ်မှာမဟုတ်ဘူး။ user တွေက အဓိပ္ပါယ်ကိုပဲ ကြည့်တာလေ။

ကဲ .. ဒီနေ့သင်ခန်းစာကတော့ ဒီလောက်ပါပဲ။ ကျေးဇူးတင်ပါတယ်။
Myanmar Website Tutorials | SEO tutorials မှ ကူးယူဖော်ပြပါသည်။

19 comments

  • ကိုလူခါးရေ …
    ဗဟုသုတ အဖြစ် ဖတ်ရှုသွားပါတယ် ….
    အလျဉ်းသင့်တဲ့အခါ သူများထက် တစ်ပန်းသာနိုင်တာပေါ့ ခင်ဗျာ …
    ခုလို .. ပြန်လည် ဝေမျှပေးတာ ကျေးဇူးပါနော့ ….

  • kai

    March 11, 2013 at 11:37 pm

    ပြီးခဲ့တဲ့.. ၃-၄နှစ်လောက်က.. ရူံးမှာအလုပ်လုပ်နေတဲ့ ဝန်ထမ်းတယောက်က.. SEO ၁-၂-၃ လွယ်လွယ်ရှင်းပြပါဆိုပြီးလာမေးတယ်..။

    အင်တာဗျူုးသွားမလို့တဲ့..။ လွယ်လွယ်ပဲပြောပြလိုက်တာ..။ အဲဒါ.. တပါတ်လောက်နေတဲ့.. ပြောလာတယ်..။
    SEO နဲ့လစာပိုကောင်းတဲ့..အလုပ်သစ်ရသွားလို့ပါတဲ့..။

    နောက်တော့အလုပ်ထွက်သွားတယ်..။
    ပြောချင်တာက..
    အဲဒါတခုထဲနဲ့.. အလုပ်ကောင်း.. လွယ်လွယ်ရတတ်ပါတယ်လို့..။

    • လူခါး

      March 12, 2013 at 12:25 am

      တယ်ဟုတ်ပါလား။ SEO နဲ့ အလုပ်ရတယ်ဆိုတော့ ဘယ်နိုင်ငံမှာလဲဗျ? မြန်မာနိုင်ငံမှာတော့ အခုချိန်အထိ SEO နဲ့ အလုပ်ခေါ်သံတောင် မကြားရသေးဘူး၊ (ဒါပေမယ့် သိပ်မကြာခင်မှာပဲ ကြားရတော့မယ်လို့ ထင်လို့ ဒီသင်ခန်းစာတွေ တင်ပေးနေတာနော်၊ ဖတ်နေတဲ့လူတွေ စိတ်ဓာတ်မကျနဲ့၊ ကြိုတင်ပြင်ဆင်တာ အကောင်းဆုံးပဲ မဟုတ်လား 🙂 ) နိုင်ငံခြားမှာတော့ SEO သမားက လစာကောင်းမှာပါ။ အလုပ်လည်း ကောင်းမယ်ထင်တာပဲ။ 😀

        • လူခါး

          March 12, 2013 at 2:16 am

          ဪ … ဒါဆို LA မှာပေါ့။ ဒါဆိုရင် လစာကတော့ ရှယ်နေမှာပေါ့။ 🙂 ၊ ဒါနဲ့ စကားမစပ် ကိုခိုင်ကို ကျွန်တော် ဆက်သွယ်လို့ရမယ့် email or gmail or chat or something တစ်ခုခုလောက်ပေးပါလား။

        • kai

          March 12, 2013 at 3:53 am

          kai@myanmargazette.net ပါခင်ဗျ..။
          ဝက်ဘ်ဆိုက်တွေမှာ.. seo အလုပ်ကနေ.. ကပ်စတန်မာခေါ်လာပေးတာမို့.. အဲဒီအတွက် သီးသန့်လူခန့်ပြီးကို.. အလုပ်လုပ်ကြတယ်..။

        • ကျုပ် … သဂျီး အတွက် အလုပ်လုပ်ပေးဂျင်ဘာဒယ် …
          ((( အိမ်ဒါ ဆေးဒဲ့ အလုပ် )))
          တစ်ပတ်ကို ပေါင် ၈၀၀ဝ ပဲ ပေးဘာ … ငွင်းး ငွင်းးး
          ဒါတောင် … သဂျီးမို့ လျှော့ပြောဒယ် မှတ်ဘာ …
          ချယ်လ်ဆီးမှာဆို တစ်ပတ်လုပ်ခ က ဒီထက် မကဘဲ …
          ကိုင်းးး ဘိုလဲ … ညန်ညန်စဉ်းစား … :mrgreen:

        • kai

          March 12, 2013 at 7:50 am

          SEO Experts $10/hr – Browse 1,000’s of Top SEO Experts
          http://www.odesk.com/SEO
          Post Your Job For Free Today!
          1,808 people +1’d or follow oDesk

  • လူခါး

    March 12, 2013 at 3:58 am

    E-mail က google apps သုံးထားမယ်ထင်ပါတယ်၊ အဲဒါကြောင့် g talk မှာ အဒ်ထားပါတယ်။ SEO ဘာအတွက်လုပ်ကြသလဲဆိုတာကိုတော့ နားလည်ပါတယ်။ ဒီနိုင်ငံမှာ မလုပ်ကြသေးတာကို ပြောတာပါ။

  • ဦးဖွတ်ကျား

    March 12, 2013 at 7:12 am

    ဂျာ …. SEO အဲ့လောက်လွယ်ဒယ်…
    မထင်ပါနဲ့လေ…
    :byae:

    ဘယ် Business sector ထဲမလဲ ဆိုတာနဲ့ ပြောရင် ပိုတိကျမယ်
    ထင်ပါရဲ့…။ Retail ရဲ့ SEO က ဘယ်လို Service sector ရဲ့
    SEO က ဘယ်နည်း စသည်ဖြင့် လုပ်ရတဲ့အလုပ်က တူချင်တူမှာ
    ဖြစ်ပေမယ့် ဇောင်းပေးရတဲ့ ကဏ္ဍကွာသွားဦးမယ် ဆိုတာ လေးဗျာ..။
    HP ကို Analysis လုပ်ပြီး အော်.. ဂလိုလူတွေ လာသဟ ဆိုပြီး
    report လုပ်နိုင်ရုံသက်သက်နဲ့ မပြီးဘဲ Virtual world အရဆိုရင်
    e-Mail marketing နဲ့ တွဲပြီး Real world အရဆိုရင် Sales နဲ့ ချိတ်ဆက်ရတာမို့
    SEO လုပ်မယ့်လူရဲ့ Inter-personal skill ကလည်း အခရာကျလာပြန်ပါတယ်။
    ဆက်ဆွဲရရင် MkIS(Marketing Information Systems) နဲ့ MkRS(Marketing
    Research Systems) စတာတွေနဲ့ ချိတ်ဆက်တဲ့အခါ SEO ရဲ့ အလုပ်တာဝန်က
    ပိုမို ရှုပ်ထွေးလာပြန်ပါတယ်။ SNS Plug-In တွေ ထည့်တဲ့ ယနေ့ခေတ် ..
    သာလို့တောင် ရှုပ်သေးသဗျ။ end user ဆီက word-of-mouth information ကို
    product manager ဆီအထိ အထက်ကပြောတဲ့ systems တွေကတဆင့်
    အရောက်ပို့နိုင်ဖို့ ဆိုတာ သိပ်တော့ လွယ်တဲ့ကိစ္စ မဟုတ်…။

    အင်းလေ.. မလွယ်လို့ပဲ … ဒီတာဝန်ကို ဟို ဌာန က တွဲယူ ဒီ မန်နေဂျာကတွဲလုပ်
    ဆိုတာမျိုး မလုပ်ကြဘဲ…သီးခြား ရပ်တည်မှုအနေနဲ့ recruit လုပ်ယူကြရသကိုးဗျာ
    (မည်ကာမတ္တ မဟုတ်ဘဲ တကယ်လုပ်ချင်ရင်ပြောပါတယ်)
    :harr:

    ပြည်တွင်းမှာ မပေါ်သေးတာကတော့ …ကျုပ်တို့ လူမျိုးနှယ့် ရှုံးရင်အော်မယ်
    ညည်းမယ်.. အစိုးရကို ဆဲမယ်။ မြတ်ရင် စုမယ် လှူမယ် ဘုရားတကာဘွဲ့ခံမယ်..
    ဘယ်တုန်းကများ တိုးအောင် ပွားအောင် ဟဲ့ ဆိုပြီး innovation & marketing မှာ
    ငွေသုံးတယ် ကြားဖူးလို့တုန်း..။

    ခေတ်ကောင်းတုန်းက ရူးချင်ယောင်ဆောင်ခဲ့သမျှ ..ခေတ်လည်း ပျက်ရော
    သွက်သွက်ကို ခါနေရော ပဲ …။

    :byae:

    ပိုစ့်အတွက်တော့ ..ကျေးကျေးပါ ပိုစ့်ရေးတဲ့ဆြာရေ့..။ ဒီတေးလ်လေးတွေ
    စောင့်ဖတ်နေကြောင်းပါ…။

    ခင်တဲ့

    • kai

      March 12, 2013 at 7:45 am

      ဟင်း..ဟင်း..
      seo တတ်တယ်နားလည်တယ်ဆိုပြီး.. အလုပ်ထဲဝင်..
      ဟိုက.. ကပ်စတန်မာမရလို့.. ပြသနာရှာ ဖြုတ်လွှတ်လိုက်တဲ့သူတွေအကြောင်း.. မပြောသေးဖူးနော..
      မပြောသေးဖူး..။
      seo ဆရာ့ဆရာကြီးတွေက.. ဘယ်.. သူများအလုပ်သွားလုပ်မလည်း.. adword/adsense နဲ့တင်.. တလသောင်းချီယူနေမှာ.. :kwi:

      လောလောဆယ်.. မြန်မာသွားဆရာဝန်တယောက်က သူ့ဝက်ဘ်ဆိုက်ကနေ.. ကတ်စတန်မာမရလို့တဲ့..
      ရရင်..တယောက်ချင်းစီအတွက်.. ကော်မရှင်ပေးမယ်တဲ့..
      % နဲ့လုပ်ဖို့လာတောင်မေးနေတယ်..။

      =
      ကိုလူခါးရေ…
      ကျုပ်က.. g talk မသုံးတတ်..မသုံးဖူးဘူးဗျ..။
      ပြောရရင်.. fb တောင်.. တတ်တာသိပ်မကြာသေး.. :buu:
      =

      • ဦးဖွတ်ကျား

        March 12, 2013 at 7:58 am

        အိုက်ဒါ အိုက်ဒါ ..
        B2B ,B2C ကွာတာလည်း ထည့်တွက်ရလိမ့်မဗျ..။

        ဆြာဝန် စကားငှားပြောရရင်B2C က SEO က surgeon နဲ့တူတယ်..
        မေ့ဆေးပေး-ခွဲ-ပြန်သတိရ(ဒါမှမဟုတ်သေ) ချက်ခြင်းကို result သိရတယ်..ကိစ္စပြတ်..။

        B2B က SEO ကတော့ physician နဲ့တူတယ်.. (Chess ထိုးတာလို သွေးအေးဖို့လည်း
        လိုနေပြန်သေးတယ်…) ။ Physician စိတ်ညစ်ရသလို ဆီးချိုရှိလို့ သွေးတိုးရှိလို့
        ဟိုဆေး ဒီဆေးနဲ့ မတည့်ဘူး ဟိုဟာ မပေးကောင်းဘူး ဆိုတာလိုမျိုး ….။
        B2B SEO ဟာလည်း Security Dept: က ချီးပေါက်လိုက် ၊ Sales Dept: က
        ၆၃မကျလိုက် ၊ Mkt Dept: က ပလီပလာတွေပါ ပြောလွှတ်လိုက် နဲ့ …
        အားရီး. လုပ်ရကိုင်ရခက်တယ် တွေ့ဖူးပါဂျောင်း ။

        Pay-Per-Click နဲ့ Pseudo-Consuming အကြောင်း တိုက်ဆိုင်ရင် ရေးပါဦးမယ်ဗျာ..
        လူလည်ဂျီးဒွေ လုပ်ထားတဲ့ ဘစ်ဇနက်မော်ဒယ်ဒွေဘာ…

        :byae:

      • လူခါး

        March 12, 2013 at 10:04 am

        @kai
        adsense ကို စမ်းဖူးတယ်ဗျ။ content တွေကို မသင့်လျှော်လို့ မရဘူးဆိုလား ဘာလားပဲ ပြောတာ။ ဆိုလိုချင်တာက အင်္ဂလိပ်ဆိုက်မဟုတ်လို့ မရဘူးလို့ ပြောတာနေမှာပေါ့ဗျာ။ ဒါပေမယ့် သူများတွေလည်း ထည့်နေကြတာတွေ့တယ်။ ဘယ်လိုလုပ်ရမလဲ မသိသေးတာ ခက်တယ်။ မန်းဂေဇက်မှာလည်း ထည့်ထားတာတွေ့တယ်။ ကိုခိုင်က ကျွန်တော်ကို payment နဲ့ ပတ်သတ်ပြီး အကူအညီလိုရင် ကူညီပေးမယ်လို့ ပြောဖူးတော့ မချင့်မရဲ အကူအညီတောင်းလိုက်ဦးမယ်။ Adsense နဲ့ ပတ်သတ်ပြီးများ ကူညီနိုင်မလားလို့လေ … 🙂

        • kai

          March 12, 2013 at 2:29 pm

          ကိုယ့်ဆရာက.. ကိုင်မယ့်ကိုင်.. ဘီလီယန်ဘစ်ဇနက်ခေါင်း.. တက်ကိုင်တော့တာပဲ..
          ဆိုတော့…
          Adsense ကို ကျုပ်ထည့်ထားတာ.. seo အတွက်ပါ..။
          ပိုက်ပိုက်ကတော့.. တရက်.. အခုဆို.. ၁၅ဆင့်လောက်.. ကနေ.. ၇၅ဆင့်လောက်အထိ.. ရမယ်ထင်ရဲ့..
          အခွန်ဇယားရှုပ်တာနဲ့.. တန်တယ်တော့မဟုတ်..

          ဘာလို့အဲလောက်နည်းသလည်းဆိုတော့. မြန်မာစာနဲ့ရေးတဲ့ဝက်ဘ်ဆိုက် ဖြစ်လို့ပါပဲ..
          Adsence ကမြန်မာစာဆို.. လက်ကိုမခံတာလေ…။
          သူ့ ကတ်စတန်မာဖြစ်တဲ့.. Adword သမားက.. ဝယ်မှမဝယ်တာကိုး..

          ပြောရရင်.. မြန်မာပြည်ကနေ Adword bit နေသူရှိပုံမရတာမို့.. Adsense လုပ်ဖို့မဖြစ်နိုင်ပါကြောင်းလို့ပါပဲ..
          ယူအက်စ်က ကျုပ်ကလုပ်ပေးမရဘူးလားဆိုတာ့.. ကျုပ် tax, ssn, bank account အကုန်တောင်းတာမို့.. မဖြစ်နိုင်ဘူးပြောရမှာပါပဲ..
          လူတယောက် အကောင့်တခုထက်ပိုခွင့်မပြုဘူးလေ..

          payment နဲ့ပါတ်သက်ပြီးကူညီနိုင်တာ.. အိနိ္ဒယပြည်က Freelancers တွေနဲ့..ယှဉ်ဖိုက်နိုင်တဲ့.. Freelance အလုပ်တွေမှာပါနော… :kwi:

        • လူခါး

          March 12, 2013 at 3:21 pm

          @kai
          သိပါဘူးဗျာ … တော်တော်လေးများ ရသလားလို့၊ လုပ်ကြည့်သေးတယ်လေ၊ ထည့်မရဘူးဆိုတာနဲ့ အင်္ဂလိပ်လိုရေးရင် ကောင်းမလား စဉ်းစားလိုက်သေးတယ်။ နောက်ဆုံး မြန်မာလိုရေးတဲ့ site က ခပ်ရှားရှားဆိုတော့ မြန်မာနိုင်ငံကလူတွေကို ဖတ်စေချင်တာနဲ့ပဲ adsense ကို စွန့်လွှတ်လိုက်ရတာ။ Youtube video တွေကိုတောင် monitor လုပ်ပြီးနေပြီ။ adsense account မရတာနဲ့ monitor လုပ်ထားလဲ payment မရဘူးဆိုလို့ ခုတော့ ပြန်ဖြုတ်ထားလိုက်တယ်။ အခုနောက်ပိုင်းတော့ မြန်မာနိုင်ငံ က ထည့်တဲ့ ကြော်ငြာ တစ်ခုတော့ တွေ့တယ်။ company တစ်ခုတည်းကပဲ၊ တစ်ခါတစ်လေ Gmail မှာတောင် လာလာပေါ်တယ်။ ကားဝယ်လိုပါသလား ရယ် အိမ်ဝယ်လိုပါသလားရယ်၊ အလုပ်အကိုင်ရှာဖွေနေပါသလားဆိုတာရယ်။ ကြော်ငြာကို မြန်မာလိုမြင်တော့လည်း နှိပ်ချင်သလိုလိုဖြစ်လာတယ်။ ဟိုးးးအရင်တုန်းက အဲဒီလို ကြော်ငြာထည့်တာတွေက အလုပ်ကော ဖြစ်ရဲ့လားလို့ထင်နေတာ (သိတဲ့လူကျ ကလစ်မလုပ်၊ မသိဘဲ ကလစ်တဲ့လူကျ တစ်ကယ်စိတ်ဝင်စားတာမျိုး မဖြစ်နိုင် လို့ ထင်နေတာလေ)။ payment ကတော့ ခုနောက်ပိုင်း မြန်မာမှာ Western Union ရလာတော့ အတော်အဆင်ပြေသွားတာဗျို့။ ဈေးဝယ်ဖို့ဆိုရင် VISA တွေ ဘာတွေတောင် ရနေပြီလား မသိဘူး။ ဟိုတစ်လောက သတင်းထဲမှာတွေ့လိုက်တယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ကျေးဇူးတင်ပါတယ်။ 🙂

    • လူခါး

      March 12, 2013 at 9:59 am

      e-mail marketing ထက် online marketing ဆိုရင် ပိုမှန်မလားလို့ …. ပြီးတော့ ကိုယ်တွေ့မို့လို့ SEO ကို လွယ်တယ်လို့ ထင်ကိုမထင်တာပါ။ ကျွန်တော့် Myanmar Web Designer ကို local က web design company တွေနဲ့ SEO ယှဉ်ဖိုက်တာ လွယ်သလောက်။ အခုလက်ရှိ SEO Services ပေးနေတဲ့ Singapore SEO Services ဝဘ်ဆိုက်နဲ့ Singapore Web Design ဝဘ်ဆိုက်ကျတော့ မလွယ်ဘူးဗျို့ …. တစ်ချို့ keywords တွေနဲ့တော့ တက်နေပါပြီ။ ဒါပေမယ့် ထင်သလောက် မလွယ်တာကို ပြောတာပါ။ 🙂

  • ဦးဖွတ်ကျား

    March 12, 2013 at 10:15 am

    e-Mail Mkt ဆိုတာ ဂလိုဗျ. …
    ဆိုပါစို့ ..end user တယောက်ယောက်ရဲ့ mail, office address, business sector,
    phone no., business division key person, စတဲ့ information တွေရထားတယ်
    ဆိုပါစို့ .. MkIS တခုခုကို DB ထည့်ဆောက်ထားပြီး Output အနေနဲ့
    Mail Magazine ခေါ်တဲ့ mail automation system နဲ့ ချိတ်ထားတယ် ဆိုပါစို့…။

    ကိုယ်က exhibition တခု seminar တခု လုပ်တယ် ထား ..အဲ့သည့် activity ကို
    System မှာ Insert လိုက်တာနဲ့ .. Mail maga က end user ဆီ စာပို့တယ်…။
    ရှိသမျှလူကို ပို့တာမဟုတ်ဘဲ .. သက်ဆိုင်ရာ sector ကလူ စိတ်ဝင်စားနိုင်ဖွယ်ရှိတဲ့
    sector က လူတွေချည်း ရွေးပို့တာ … mail maga ကောင်းရင်ကောင်းသလို..
    personailzed e-mail mkt လုပ်နိုင်ရဲ့ … ဥပမာ …
    Mr. ဘယ်သူဘယ်ဝါ ရေ .. အစချီလို့ ..ပွဲကျင်းပရာနေရာကို လာရင်
    ခင်ဗျားရုံးကနေ ဘယ်ရထားကို စီးလို့ ဘယ်ဘူတာဘယ်အပေါက်ကထွက်ရင် အဆင်ပြေ
    ကြောင်းနဲ့ ကြာချိန်ဘယ်လောက် ရထားခ ဘယ်လောက် ဖြစ်ပါကြောင်းလေးပါ ပြနိုင်ရင်
    end user satisfication ပေါ့ဗျာ..။ SEO က ရလာမယ့် data တွေ ကို track လုပ်ရာမှာ
    system ထဲ ထည့်တာဟာ သိပ် အရေးပါကြောင်း ဆိုပါတော့ …။

    ဒါက ဒေတာပိုင်း Strategy ပိုင်း ကိုသွားရင် ..အောင်းမြလေးလေ့လေ့လေ တွေ
    တပုံတခေါင်း … ကိုယ်တိုင်လည်း ပိတ်မိနေဆဲ ..
    ဂိန် ဃိန် ကိန်..

    :harr:

    :kwi:

    • လူခါး

      March 12, 2013 at 10:21 am

      ဟုတ် … ကျွန်တော်က e-mail mkt တစ်ခုတည်းဆို မပြည့်စုံလို့၊ online mkt လို့ပြောရင် ပိုမှန်မယ်လို့ ပြောတာပါ။ 🙂

Leave a Reply