***2010 (၁၂)ရာသီခွင် ဟောကိန်းများ***

Yin Nyine NwayJuly 22, 20101min570

***2010 (၁၂)ရာသီခွင် ဟောကိန်းများ***

.

မိတ်ဆွေ ညီအစ်ကို မောင်နှမ အားလုံး Happy New Year ! 2010 လို့ နှုတ်ခွန်းဆက်သ လိုက်ပါတယ်။ အားလုံး နှစ်သစ်မှာ ကိုယ်ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်းတို့နဲ့ ပျော်ရွှင်နိုင်ကြပါစေ။ နှစ်သစ်တစ်ခု ကူးတိုင်းကူးတိုင်း ကံကြမ္မာ ကောင်းလေးတွေ ဖြစ်လာလို့ မျှော်လင့်ကြတဲ့ ညီအစ်ကိုမောင်နှမများအတွက် နှစ်သစ်ကူးလက်ဆောင် (၁၂)ရာသီခွင် ဟောကိန်းလေးတွေ တင်ဆက်ပေးလိုက် ပါတယ်။

ရာသီခွင်တစ်ခုတည်းမှာ ရက်လည်းမတူ၊ အချိန်လည်း မတူဘဲ မွေးဖွားလာကြသူများအတွက် ဒီဟောကိန်းတွေဟာ “ယေဘူယျ” ဟောကိန်းများသာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်သစ်ကူးချိန်မှာ “အပျော်ဖတ်ကြဖို့ဘဲ” ရည်ရွယ်ပါတယ်။ ဒါပေမယ့် “စည်းလွတ် ဝါးလွတ်” လျှောက်ရေးတာတော့ မဟုတ်ဘူးနော်။ နှစ်သစ်ကူး ည (၁၂)နာရီတိတိ “ဂရင်းနစ်” စံတော်ချိန်မှာ ရာသီခွင် အသီးသီးမှာ ရပ်တည်နေကြတဲ့ ဂြိုဟ်မြင် ဂြိုဟ်ယှဉ်တွေအပေါ် အခြေခံပြီး အနောက်တိုင်းစနစ်နဲ့ တွက်ချက်ရေးသားထား တာဖြစ်လို့ မွေးရက်၊ မွေးချိန်မတူကြပေမယ့် “ရာသီခွင်” တစ်ခုတည်းမှာ မွေးဖွားသူများအတွက် (65% – 70%) အထိတော့ မှန်ကန်မယ်လို့ တွက်ဆထားပါတယ်။

ကံသိပ်မကောင်းဘူးလို့ ဟောကိန်းထွက်တဲ့ ရာသီခွင်ဖွားများလည်း သိပ်စိတ်ညစ် မသွားကြနဲ့ဦးနော်။ ဖြစ်ချင်မှလည်း ဖြစ်မှာပေါ့။ ကောင်းတယ်လို့ ဟောထားတဲ့သူတွေက (65% – 70%) ပေးထားတဲ့ အမှန်ထဲမှာ ပါမယ်လို့ ယူလိုက်ပြီး ဆိုးမယ် လို့ဟောထားခံသူတွေက (30% – 35%) ပေးထားတဲ့ အမှားထဲမှာ ပါမယ်လို့ဘဲ ယူဆလိုက်ပါ။

နောက်ပြီး နှစ်သစ်ကူးလက်ဆောင် “ဘဝအတွက် အကောင်းဆုံး ယတြာ” ဆိုတဲ့ ဆောင်းပါးလေးကို လာမယ့် ရက်တွေအတွင်း ဆက်ပြီး တင်ဆက်ပေးသွားပါဦးမယ်။ ညံ့တယ် ဟောခံထားရတဲ့ ရာသီဖွားတွေလည်း ဒီ “ဘဝအတွက် အကောင်းဆုံး ယတြာ” ကိုသာ လုပ်သွား။ ဘာမကောင်းတာမှ မဖြစ်စေရဘူး။ ဟုတ်ပြီနော်။ ကဲ- ဒါဆို ဟောကိန်းလေးတွေကို ဖတ်လိုက်ကြရအောင်။

.

.

မိဿရာသီဖွားများ (မတ်လ 21 မှ ဧပြီ 19 အတွင်းမွေးဖွားသူများ)

2010 အနှစ်ချုပ်ကံကြမ္မာ။ ။ အလွန် ကံကောင်း တိုးတက်မယ့် နှစ်ဖြစ်ပါတယ်။ ကံတရားရဲ့ ဖေးမမှုကို ရလိမ့်မယ်။

စိတ်ပိုင်းဆိုင်ရာ။ ။ စိတ်ဓာတ် နိမ့်မြင့်တက်ကျများမယ်။ အကြံကောင်း ဉာဏ်ကောင်းတွေ ပေါ်ထွက်မယ်။ စိတ်ကူးကောင်းတွေကို လက်တွေ့ အသုံးချ နိုင်မှုကြောင့် လုပ်ငန်း၊ စီးပွားတိုးတက်မယ်။ ဘာသာရေးနဲ့ ပက်သက်ပြီး လေးနက်တဲ့ အတွေးအခေါ်တွေ ဖြစ်ထွန်းလိမ့်မယ်။ မိသားစုဘဝကို တန်ဖိုး ထားစိတ်တွေ ပိုများ လာမယ်။

စီးပွား၊ အလုပ်အကိုင်။ ။ အလုပ်အကိုင် စီးပွားရေးများ သိသိသာသာ တိုးတက်မယ်။ စပ်တူလုပ်ငန်း လုပ်နေသူများ ပိုမို အကျိုးထူးမယ်။ အစုစပ်လုပ်ငန်းများ လုပ်ကိုင်ဖို့ပေါ်လာမယ်။ လုပ်ရင်လည်း အကျိုးပေးနိုင်တယ်။ နိုင်ငံခြား၊ လူမျိုးခြား နှင့် ဆက်သွယ်လုပ်ကိုင်နေရသော လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်မယ်။ အထူး အကျိုးပေးမယ့် လုပ်ငန်းများက ရေနံ နှင့် တွင်းထွက်ပစ္စည်းများနှင့် ပက်သက်သော လုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဥပေဒလုပ်ငန်း၊ သင်ကြားပြသမှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဘာသာရေးနှင့် ပက်သက်သော လုပ်ငန်းများ၊ ရေထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းမျာ

း ၊ ချိန်ခွင် ကတ္တားကို အသုံးပြုရသော လုပ်ငန်းများ အထူးအကျိုး ပေးမယ်။ စက်မှု လက်မှု၊ စစ်ဘက်ဆိုင်ရာ၊ ဆေးပညာ များနှင့် အသက်မွေးသူများ လုပ်ငန်း အတက်အကျများမယ်။ ဝန်ထမ်းများ ရာထူးတက်ဖို့ အလွန်များတဲ့ နှစ်ဖြစ်ပါတယ်။

ငွေရေး၊ ကြေးရေး။ ။ ငွေကြေးကံ ကောင်းမယ်။ ငွေဝင်များမယ်။ လာဘ်လာဘ ရွှင်နေမယ်။ ဒါပေမယ့် အထွက်လည်း များမယ်။ နှစ်ကုန်လို့ စာရင်းချုပ်ရင် ဝင်ငွေ/ထွက်ငွေ မျှတနေမယ့် နှစ်ဖြစ်ပါတယ်။

ပညာရေး။ ။ ပညာရေး အထူးကံကောင်းမယ့် နှစ်ဖြစ်တယ်။ စာမေးပွဲများကို အဆင့်မြင့်မြင့် အောင်မြင်လိမ့်မယ်။ နိုင်ငံရပ်ခြား ပညာသင်ကြားရေးများနှင့် ဆက်နွယ်နေလျှင် ပိုမိုကောင်းမွန်မယ်။ မိမိကြိုးစားလျှင် ကြိုးစားသလောက် အသီးအပွင့် ခံစားရမယ့် နှစ်ဖြစ်ပါတယ်။

အချစ်ရေး။ ။ အချစ်ရေးကိစ္စတွေမှာ ပြဿနာ ရှိပါတယ်။ မိမိချစ်သူနဲ့ မကြာခဏ ကတောက်ကဆဖြစ်မယ်။ အဆင် မပြေဖြစ်မယ်။ ဒါပေမယ့် လမ်းခွဲရလောက်အောင်တော့ မဖြစ်နိုင်ပါဘူး။

အိမ်ထောင်ရေး။ ။ အိမ်ထောင်ပြုရန် ရည်ရွယ်ထားသူများ ဒီနှစ်ထဲမှာ အိမ်ထောင်ကျကြလိမ့်မယ်။ ကောင်းမြတ်တဲ့ မင်္ဂလာအခမ်းအနားမျိုး ပြုလုပ်ရတတ်တယ်။ ဒီနှစ် အိမ်ထောင်ပြုသူများ အခက်အခဲ သိပ်မရှိလှဘဲ လွယ်လွယ်ကူကူနဲ့ လက်ထပ် ဖြစ်ကြလိမ့်မယ်။

ကျန်းမာရေး။ ။ ကျန်းမာရေး နဲနဲ ချူခြာတတ်တယ်။ အသေးစား ထိခိုက် ရှနာမှု၊ သွေးထွက်သံယိုမှုတွေ ဖြစ်နိုင်တယ်။ Accident များ ဖြစ်နိုင်ချေ ရှိပေမယ့် သိပ်ပြင်းပြင်းထန်ထန် ဖြစ်စရာ မရှိဘူးလို့ ယူဆပါတယ်။ Stress များတတ်လို့ “စိတ်ကျန်းမာရေး” ကိုပါ သတိပြုပါ။ မိခင်ဖြစ်သူရဲ့ ကျန်းမာရေး ညံ့တတ်လို့ ဂရုပြုပါ။

သားသမီးကိစ္စ။ ။ သားသမီးအတွက် ပူပင်သောက ရောက်ရတတ်မှု ရှိနိုင်တယ်။ ကိုယ်ဝန်ဆောင်မိခင်များ သားပျက် ကျနိုင်တဲ့ အန္တရာယ်ရှိလို့ အနေအထိုင် သတိထား ဆင်ခြင်ပါ။ ဒီနှစ်ထဲမှာ မွေးတဲ့ သားသမီးဟာ အကြီးအကဲဖြစ်ဖို့ ဇာတာ ပါလာသူများ ဖြစ်တယ်။ ဘာသာရေး အလွန်ကိုင်းရှိုင်းမယ်။ မိဘကျေးဇူးသိတတ်မယ်။ သားသမီးကောင်းမွေးမယ့်နှစ် ဖြစ်ပါတယ်။

ခရီး၊ အပြောင်းအရွှေ့။ ။ ဒီနှစ်ဟာ ခရီးတို၊ ခရီးရှည်များ မကြာခဏ သွားရတတ်တယ်။ နိုင်ငံခြားခရီးများ ထွက်ရန် စီစဉ် နေသူများ မုချသွားရမယ်။ နိုင်ငံခြားသို့ ဘုရားဖူး ခရီးများ ထွက်ရမယ်။

ထူးခြားအဖြစ်အပျက်များ ။ ။ ဘာသာရေးနဲ့ ပက်သက်ပြီး ထူးခြားတဲ့ ကိစ္စတွေ ဆောင်ရွက်ရမယ်။ နိုင်ငံခြားရပ်ခြား၊ နိုင်ငံခြားသားများနှင့် ပက်သက်ပြီး ထူးခြားသောကိစ္စများ ဆောင်ရွက်ရမယ်။ မော်တော်ကား၊ အိမ်ခြံမြေနဲ့ ပက်သတ်ပြီး ထူးခြား တဲ့အကျိုးခံစားရတတ်တယ်။ မိခင် ဖခင်ရဲ့ အကျိုးကို ထူးခြားစွာ ခံစားရမယ်။

အထူးကောင်းမည့် ဂဏန်းပိုင်ရှင်များ ။ ။ 3 , 12 , 21 , 30 ရက်မွေး (3)ဂဏန်းသမားများ၊ (1 , 10 , 19 , 28) ရက်မွေး (1)ဂဏန်း သမားများ၊ 8 , 17 , 26 ရက်မွေး (8)ဂဏန်းသမားများ၊ 2 , 11 , 20 , 29 ရက်မွေး (2)ဂဏန်းသမားများ။

.

ပြိဿရာသီဖွားများ (ဧပြီ 20 မှ မေ 20 အတွင်းမွေးဖွားသူများ)

2010 အနှစ်ချုပ်ကံကြမ္မာ။ ။ အလုပ်အကိုင်၊ စီးပွားရေးများ အလွန် တိုးတက်ထွန်းကားမယ့် နှစ်ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ။ ။ စီးပွားရေး နှင့် ပက်သတ်ပြီး အကြံကောင်းတွေ ပေါ်ထွက်မယ်။ မိမိစိတ်ဟာ စီးပွားရေးအပေါ်မှာ အာရုံများနေမယ်။ စိတ်ဓာတ် တက်ကြွမှု များမယ်။ အကောင်းမြင် ဝါဒများလွန်းနေမယ်။ အလိုလိုနေရင်း ဒေါသစိတ် များနေ တတ်တာကို တော့ သတိထားသင့်ပါတယ်။

စီးပွား၊ အလုပ်အကိုင်။ ။ လုပ်ငန်း တိုးချဲ့ရမယ်။ လုပ်ငန်းသစ် ပေါ်ပေါက်တာ ဖြစ်နိုင်သလို၊ လုပ်ငန်းဟောင်းကို တိုးတက် ချဲ့ထွင်တာမျိုးလည်း ဖြစ်နိုင်တယ်။ ငွေကြေး ရင်းနှီးမြုတ်နှံရမှု အလွန်များမယ်။ မနိုင်ဝန် မထမ်းမိအောင်တော့ သတိထားပါ။ ပထမ နှစ်ဝက်မှာ လုပ်ငန်းထဲမှာ ငွေအားလုံးမြုတ်နေတတ်ပေမယ့် ဒုတိယနှစ်ဝက်နဲ့ နှစ်ကုန်ခါနီးမှာ သိသိသာသာ အကျိုးအမြတ် များပေါ်ထွက်လာမယ်။ စက်မှုလက်မှု လုပ်ငန်း၊ ကွန်ပျူတာဆိုင်ရာလုပ်ငန်းများ၊ ပစ္စည်းအဟောင်းကို ပြန်လည် အသုံးချတဲ့ လုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အကျိုးဆောင်လုပ်ငန်း၊ သင်ကြားပြသခြင်းလုပ်များ အထူးကောင်းမယ်။ လှောင်ကုန် လုပ်ငန်း လုပ်သူ များတော့ အကောင်းအဆိုး၊ အရှုံးအမြတ် ဒွန်တွဲနေမယ်။ ဒီနှစ်မှာ လုပ်ငန်းအောင်မြင်နေသူများ အလုပ်ပြိုင်ဖက် ပေါ်လိမ့်မယ်။ ရန်သူပေါ်လိမ့်မယ်။ ဝန်ထမ်းများ အလုပ်ရာထူး၊ တိုးတက်ဖို့က အလွန်အားကောင်းနေပါတယ်။ စစ်ဘက်၊ အုပ်ချုပ်ရေးဘက်၊ ဘဏ်လုပ်ငန်း နဲ့ စာရင်းအင်းလုပ်ငန်းများ၊ ဟော်တယ် ခရီးသွားလာရေးလုပ်ငန်းများမှာ လုပ်ကိုင်နေသူများ အထူးကောင်း မွန်မှာ ဖြစ်ပါတယ်။

ငွေရေး၊ ကြေးရေး။ ။ ငွေကြေး အစုလိုက် အပုံလိုက် ဝင်ကိန်း ရှိပါတယ်။ အတိတ်ကံ အကျိုးပေးကြောင့် ရတဲ့ငွေမျိုး ဖြစ်ပါလိမ့်မယ်။ အချို့သူများ ထီပေါက်မယ်။ အချို့သူတွေမှာ အမွေရမယ်။ ဒီလိုမရရင် လုပ်ငန်းက ငွေကြေးတိုးတက်မှုမျိုး ရမယ်။ ဒါပေမယ့် အချို့ပြိဿရာသီဖွားများမှာ ဒီနှစ်ထဲ အမှုအခင်းဖြစ်ကိန်းရှိလို့ ဒီအတွက် ငွေကြေးကုန်ကျမှုများနိုင်ပါတယ်။ ဒီနှစ်ထဲ အမှုဖြစ်ရင် ကိုယ်နိုင်မယ်။

ပညာရေး။ ။ ပညာရေးမှာ အကြိတ်အနယ် ယှဉ်ပြိုင်ပြီးမှ အောင်မြင်တတ်ပါတယ်။ ကိုယ်နဲ့ အပြိုင်တွေများလို့ ဒီနှစ် အထူးကြိုးစားဖို့လိုပါတယ်။ ခပ်ချောင်ချောင် အောင်မြင်မယ့်နှစ်တော့ မဟုတ်ပါ။ စာမေးပွဲဖြေဆိုခါနီး (သို့) ဖြေဆိုဆဲရက်များမှာ ကျန်းမာရေး ညံ့တာမျိုး ဖြစ်တတ်ပါတယ်။

အချစ်ရေး။ ။ အချစ်ရေးကိစ္စများမှာ စိတ်မချမ်းသာစရာတွေ ကြုံတတ်တယ်။ မိမိချစ်သူအတွက် စိတ်ဆင်းရဲမှု ဖြစ်ရ တတ်ပါတယ်။ အချစ်ရေးအတွက် သောကခံစားရလိမ့်မယ်။ နှစ်ဘက်မိဘ တစ်ဘက်ဘက်က သဘောမတူမှုမျိုးတွေ ဖြစ်ပေါ် တတ်ပါတယ်။

အိမ်ထောင်ရေး။ ။ အိမ်ထောင်ရေး ပြဿနာ များမယ်။ ခိုက်ရန်ဖြစ်ပွားမှု များမယ်။ တကျက်ကျက် ဖြစ်နေတတ်တယ်။ အိမ်ထောင်ဘက် နေအိမ်က ခေတ္တဆင်းသွားတတ်တယ်။ ဒါပေမယ့် အိမ်ထောင်ကွဲပျက်တဲ့ အထိတော့ မဖြစ်နိုင်လို့ဘဲ ယူဆပါတယ်။ သတိတော့ထားပြီး ပြဿနာကို ကိုယ်ကစ, မလုပ်မိအောင် သတိပြုပါ။ ဒါပေမယ့် လူပျိုလူလွတ်များမှာတော့ ဗြုန်းစားကြီး အိမ်ထောင်ကျကိန်း ရှိနေပါတယ်။

ကျန်းမာရေး။ ။ နဂိုကတည်းက နာတာရှည် ရောဂါ အခံရှိသူများကလွဲရင် ဒီနှစ် ကျန်းမာရေး ပြဿနာ သိပ်မရှိပါ။ နဂို ရောဂါခံရှိသူများ ဒီနှစ် ရောဂါ တိုးတတ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ထဲမှာ ဆရာကောင်း၊ သမားကောင်း ဆေးကောင်းဝါးကောင်း များနဲ့ တွေ့ရဖို့လည်း ရှိပါတယ်။ ဒီတော့ ယေဘူယျ ကောင်းပါတယ်။

သားသမီးကိစ္စ။ ။ သားသမီးသောက အနည်းငယ်ရှိမယ်။ သားသမီးများ အဝေးကို ပညာသွားရောက်သင်ကြားလို့ ဖြစ်စေ၊ အလုပ်သွားလုပ်လို့ဖြစ်စေ ခွဲခွာရတတ်တယ်။ နဂိုကတည်းက နိုင်ငံရပ်ဝေးမှာ သားသမီးများ ရောက်ရှိနေသူများလည်း သားသမီးရဲ့ ကျန်းမာရေးကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့် ဖြစ်စေ စိတ်ပူပန်စရာ ပေါ်ပေါက်တတ်တယ်။

ခရီး၊ အပြောင်းအရွှေ့။ ။ ခရီးတို၊ ခရီးရှည် သွားလာရမှု များမယ်။ ခရီးတို (သို့) ရက်တို ခရီး ပိုများမယ်။ နိုင်ငံခြား ခရီးသွားသူများ ခရီးသွားလျှင် အဆင်မပြေမှု နဲ့ ပြဿနာ အရှုတ်အရှင်း များတတ်တယ်။ ခရီးသွားတိုင်း စိတ်အနှောင့်အယှက် ဖြစ်စရာ တစ်ခုမဟုတ် တစ်ခု ဖြစ်နေမယ်။ နိုင်ငံခြားအလုပ်လုပ်ရန် ခရီးထွက်သူများ ရန်အနှောင့်အယှက်များကို ကျော်လွှားပြီးမှ ထွက်ဖြစ် တယ်။ ဟိုရောက်ရင်လည်း အစပိုင်း အဆင်မပြေတတ်ဘူး။ နောက်ပိုင်းမှ အဆင်ပြေလာမယ်။

ထူးခြားအဖြစ်အပျက်များ ။ ။ ဒီနှစ်ထဲမှာ အတိတ်ကံရဲ့အကျိုးပေးမှု တစ်ခုခုကို ခံစားရရှိနိုင်တယ်။ ထီပေါက်တာဖြစ်ချင် ဖြစ်မယ်။ အမွေရတာ ဖြစ်ချင်ဖြစ်မယ်။ မျှော်လင့်မထားတဲ့ ငွေကြေးဝင်ရောက်မှုမျိုး ဖြစ်နိုင်တယ်။ အမွေကိစ္စ၊ ပိုင်ဆိုင်မှုကိစ္စများ ကြောင့် အမှုအခင်းဖြစ်ပွားတတ်ပြီး ကိုယ်က နိုင်ဖို့များပါတယ်။ အမှုဟောင်းများ ရင်ဆိုင်နေရသူများ ဒီနှစ်ထဲမှာ အမှုအခင်း ပြီးပြတ်မယ်။ နာမည်နဲ့ လုပ်စားသူများ နာမည်ဂုဏ်သတင်း ကျော်စော ထင်ရှားတတ်တဲ့နှစ်လည်း ဖြစ်ပါတယ်။

အထူးကောင်းမည့် ဂဏန်းပိုင်ရှင်များ ။ ။ 3 , 12 , 21 , 30 ရက်မွေး (3)ဂဏန်းသမားများ၊ 4 , 13 , 22 , 31 ရက်မွေး (4)ဂဏန်းသမားများ၊ 7 , 16 , 25 ရက်မွေး (7)ဂဏန်းသမားများ။

.

မေထုန်ရာသီဖွားများ (မေ 21 မှ ဇွန် 20 အတွင်းမွေးဖွားသူများ)

2010 အနှစ်ချုပ်ကံကြမ္မာ။ ။ ငွေကြေးစီးပွား၊ ရာထူးအလုပ်အကိုင်များ တိုးတက် ကောင်းမွန်ပြီး ကျန်းမာရေး ညံ့တတ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ။ ။ ဒီနှစ်ထဲမှာ ထင်တာတွေက မဖြစ်ဘဲ မထင်မှတ် တာတွေ ဖြစ်လာလို့ စိတ်ပိုင်းဆိုင်ရာ စိတ်ဓာတ် ဖရိုဖရဲဖြစ်မှုများ ဖြစ်တတ်ပါတယ်။ စိတ်ဓာတ်ကျ ဝမ်းနည်းစရာတွေ ကြုံရတတ်ပါတယ်။ မိသားစု နေအိမ်ကို ခင်တွယ်စိတ် များမယ်။ တစ်နှစ်လုံး ဝမ်းသာလိုက် ဝမ်းနဲလိုက်နဲ့ စိတ်ဓာတ် တက်လိုက်ကျလိုက် ဖြစ်နေတတ်မယ်။

စီးပွား၊ အလုပ်အကိုင်။ ။ အလုပ်အကိုင် စီးပွားရေးများ တိုးတက် ကောင်းမွန်မယ့် နှစြ်ဖစ်ပါတယ်။ ငွေကြေး အများအပြား ဝင်ကိန်းရှိပါတယ်။ ယခင် ဆုံးရှုံးသွားပြီထင်သော အခွင့်အရေးများ ပြန်လည်ရရှိတတ်ပါတယ်။ ရင်းနှီးမြုတ်နှံမှု များမှ အကျိုးကျေး ဇူးများ ပြန်လည်ခံစားရရှိမယ့် နှစ်ဖြစ်ပါတယ်။ အစုရှယ်ယာ၊ ဖက်စပ်လုပ်ငန်းများ လုပ်ကိုင် နေသူများ အလွန်အကျိုးအမြတ် ရှိမှာ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားများနှင့် ဆက်စပ် လုပ်ကိုင်ရသော လုပ်ငန်းများလည်း အထူးကျေးဇူးများမယ်။ ဝန်ထမ်းများတွင် ရုတ်တရက် မထင်မှတ်ဘဲ အလုပ်နေရာ ပြောင်းလဲခြင်းများ ကြုံရနိုင်ပြီး ထိုသို့ အပြောင်းအလဲဟာ ကောင်းကျိုးဖြစ်ထွန်းဖို့ ဖြစ်ပါတယ်။ မိမိအလုပ်အကိုင်၊ လုပ်ဆောင်မှု များနဲ့ ပတ်သက်ပြီး နာမည်ဂုဏ်သတင်း ကျော်စောမှု အလွန်ရှိနိုင်ပါတယ်။ တန်ခိုး ဩဇာအရှိန်အဝါ အလွန်ကြီး လာတတ်ပါတယ်။ နာမည်နဲ့ လုပ်စားသူများ အလိုလိုနေရင်း နာမည်ကြီးနိုင်တဲ့ နှစ်ဖြစ်ပါတယ်။ ကျောက်လုပ်ငန်း၊ ကားလုပ်ငန်း၊ ရေ ၊ အရည် နှင့် ရေထွက်ပစ္စည်းဆိုင်ရာလုပ်ငန်း၊ အီလက်ထရောနစ် နှင့် ကွန်ပျူတာလုပ်ငန်း၊ ဘာသာရေးဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်သူများ အကျိုးကျေးဇူး ပိုများလိမ့်မယ်။

ငွေရေး၊ ကြေးရေး။ ။ ထူးခြားတဲ့ ငွေကြေးကံကောင်းမှုမျိုး ရှိတာကို တွေ့ရပါတယ်။ ငွေကြေးစုဆောင်းမိမယ်။ ဆုံးရှုံး သွားပြီလို့ ထင်ရတဲ့ ငွေကြေးတွေ ပြန်လည်ရရှိလာနိုင်တယ်။ ငွေနဲ့ ပတ်သက်ပြီး စိတ်မပူရတဲ့ နှစ်မျိုးဖြစ်လိမ့်မယ်။

ပညာရေး။ ။ ပညာရေးကံ အထူးကောင်း နေပါတယ်။ အလွန်အဆင့်မြင့်တဲ့ အောင်မြင်မှုမျိုးတွေ ရနိုင်ပါတယ်။ ပညာရဲရင့် ပွဲလယ်တင့် ဆိုတာလို့ ပညာကြောင့် ဂုဏ်သတင်းကျော်စောမယ့် နှစ်ဖြစ်ပါတယ်။ ဘယ်လို စာမေးပွဲ ဖြေဆိုမှုမျိုးမဆို အခက်အခဲမရှိ၊ လွယ်လွယ်ကူကူနဲ့ အောင်မြင်ပါလိမ့်မယ်။

အချစ်ရေး။ ။ အချစ်ရေးကံ သိပ်မကောင်းလှပါ။ နဂိုကတည်းက အဆင်မပြေဖြစ်နေတဲ့ ချစ်သူများ ဒီနှစ်ထဲ လမ်းခွဲ ရဖို့ ကြုံတတ်ပါတယ်။ ဒါပေမယ့် တစ်ချို့ကျပြန်တော့လည်း ဒီနှစ်ထဲမှာ အချစ်သစ်ကိစ္စ တွေ့ဖို့ရှိနေပါတယ်။ အတူနေ၊ အတူသွား သူငယ်ချင်းဘဝကနေ ချစ်သူဘဝကို ရောက်လာတာမျိုးတွေ ရှိပါတယ်။ ချစ်သူ ရှိပြီးသူများအတွက် မကောင်းပေမယ့် ချစ်သူမရှိသေးသူများအတွက် ကောင်းမယ့်နှစ်မျိုးပါ။

အိမ်ထောင်ရေး။ ။ အိမ်ထောင်ရေး အထူးကောင်းမယ့် နှစ်ဖြစ်ပါတယ်။ အိမ်ထောင်မကျသေးသူများ အိမ်ထောင်ကျဖို့ အားအလွန်များတဲ့ နှစ်ဖြစ်ပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ လက်ထပ်ထိမ်းမြားခြင်း မင်္ဂလာတွေ ဖြစ်လိမ့်မယ်။ အိမ်ထောင်ရှိပြီး သူများ မိသားစုနဲ့အတူ အပျော်ခရီး၊ ဘုရားဖူးခရီးများ သွားရတတ်ပြီး အိမ်ထောင်ရေး အဆင်ပြေချောမွေ့မယ့် နှစ်ဖြစ်လိမ့်မယ်။

ကျန်းမာရေး။ ။ ဒီနှစ်မှာတော့ အထူးဂရုပြုရပါမယ်။ ခဏခဏ ခြူချာနေမယ်။ နေမကောင်းဖြစ်နေမယ်။ အသေးစား ထိခိုက်ရှနာမှုတွေလည်း မကြာမကြာဖြစ်နေမယ်။ နဂိုရောဂါ အခံရှိသူများ ကျန်းမာရေး ဆိုးရွားမှုများ ဖြစ်နိုင်တယ်။ ကူးစက်ရောဂါ တွေကို အထူးသတိပြုရပါမယ်။

သားသမီးကိစ္စ။ ။ သားသမီး အပူတော့ရှိမယ့် နှစ်ဖြစ်ပါတယ်။ သားသမီးများ ကျန်းမာရေး ညံ့ခြင်း ကိစ္စများ ပေါ်ပေါက် တတ်ပါတယ်။ နိုင်ငံရပ်ခြား နဲ့ အဝေးမှာ ရောက်နေတဲ့ သားသမီးတွေအတွက် ဂုဏ်ယူစရာ ၊ စိတ်ချမ်းသာစရာ ကိစ္စတွေ ပေါ်ပေါက်မယ်။ အတူနေ သားသမီးများရဲ့ ကျန်းမာရေးကတော့ ပူပင်စရာတွေ ရှိနေပါမယ်။ ဒီနှစ်ထဲမှာ မွေးတဲ့ ကလေးဟာ ကျော်စောထင်ရှားမယ့်သူ ဖြစ်ပါတယ်။ လူပညာရှိ၊ ရဟန်းပညာရှိ ဖြစ်တတ်ပါတယ်။

ခရီး၊ အပြောင်းအရွှေ့။ ။ နိုင်ငံရပ်ခြားကို ထွက်မည့်သူများ လွယ်ကူစွာ ထွက်ခွင့်ရနိုင်မယ့် နှစ်ဖြစ်ပါတယ်။ နိုင်ငံခြားကံ ၊ ခရီးကံ အလွန်ကောင်းပါတယ်။ နိုင်ငံရပ်ခြား ဘုရားဖူးထွက်ရန် ကြံစည်နေသူများ အောင်မြင်ပါမယ်။ ပညာသင်ကြားရန် ထွက်မည့်သူများလည်း အောင်မြင်ကံကောင်းပါမယ်။ ထွက်ပြီးရင်လည်း ဟိုမှာ အဆင်ပြေမှုများကြပါလိမ့်မယ်။

ထူးခြားအဖြစ်အပျက်များ ။ ။ ဒီနှစ်ထဲမှာ နှစ်ရှည်လများ ဆုံးရှုံးနစ်နာမှုများကို ခံစားရသူများ အကျိုးပြန်လည်ခံစားခွင့် ရနိုင်မယ့် နှစ်ဖြစ်ပါတယ်။ ဂုဏ်ထူးဘွဲ့ထူး ပေးအပ်မှုများ ခံရမယ်။ ထူးခြားတဲ့ ဘာသာရေးကိစ္စတွေ ဆောင်ရွက်ရမယ်။ မိမိ အိမ်ထောင်ဘက်အတွက်လည်း ဂုဏ်ယူရမယ့် နှစြ်ဖစ်ပါတယ်။ အောင်မြင်ကျော်ကြားမှု အလွန်ရှိမယ့် နှစ်မျိုးဖြစ်ပါတယ်။ ဘာသာ ရေးကို စွဲစွဲမြဲမြဲ လုပ်ခဲ့သူများ အကျိုးထူး ပိုမိုခံစားရမယ့် နှစ်ဖြစ်ပါတယ်။ ကျန်းမာရေးကိုသာ ဂရုစိုက်ပါ။

အထူးကောင်းမည့် ဂဏန်းပိုင်ရှင်များ ။ ။ 2 , 11 , 20 , 29 ရက်မွေး (2)ဂဏန်းသမားများ၊ 3 , 12 , 21 , 30 ရက်မွေး (3)ဂဏန်းသမားများ၊ 4 , 13 , 22 , 31 ရက်မွေး (4)ဂဏန်းသမားများ၊ 7 , 16 , 25 ရက်မွေး (7)ဂဏန်းသမားများ။

.

ကရကဋ်ရာသီဖွားများ (ဇွန် 21 မှ ဇူလိုင် 22 အတွင်းမွေးဖွားသူများ)

2010 အနှစ်ချုပ်ကံကြမ္မာ။ ။ မိမိအလုပ်အကိုင် ပြောင်းလဲတိုးတက်မှုရှိပြီး အကျိုးထူးခံစားရမယ့် နှစ်ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ။ ။ ဒီနှစ်ထဲမှာ ဆုံးဖြတ်ဖို့ခက်တဲ့ စိတ်နှစ်ခွဖြစ်စရာ ကိစ္စတွေကြောင့် စိတ်ပိုင်းဆိုင်ရာ လေးလံ ဝန်ပိမှုများကို ခံစားတွေ့ကြုံနိုင်စရာ ရှိပါတယ်။ နေအိမ်ခြံမြေ ၊ ယာဉ်ကား ၊ အိမ်ထောင်ရေး ကိစ္စများကြောင့် စိတ်ဖိစီးမှုများ စိတ်ညစ် စရာများ ပေါ်တတ်ပါတယ်။ မိမိ အလွန်သံယောဇဉ် ထားရသူတစ်ဦး ကွယ်လွန် တတ်လို့ အလွန်ဝမ်းနည်းကြေကွဲရမှုကို ခံစားရဖွယ် ရှိပါတယ်။

စီးပွား၊ အလုပ်အကိုင်။ ။ ဒီနှစ်ဟာ စီးပွားရေး၊ အလုပ်အကိုင် အထူးတိုးတက် ကောင်းမွန်လိမ့်မယ်။ မိမိအလုပ်ကနေ အမြတ်အစွန်းများ တိုးတက်များပြားလိမ့်မယ်။ စက်မှုလက်မှုနဲ့ ပတ်သက်တဲ့ လုပ်ငန်းမျိုးဆိုရင် ပိုပြီး သိသာထင်ရှားမယ်။ စစ်ဘက် ဆိုင်ရာ၊ ဆေးဘက်၊ အင်ဂျင်နီယာ လုပ်ငန်းများနှင့် အသက်မွေးသူများ အကျိုးကျေးဇူး ပိုမိုရရှိလိမ့်မယ်။ အုပ်ချုပ်ရေးဘက်က အရာရှိတွေ ရာထူးတိုးမယ်။ အကြံကောင်း ဉာဏ်ကောင်းများကြောင့် ဝင်ငွေတိုးတက်များပြားမယ်။ ရွှေ နဲ့ အခြား သတ္တု အမျိုးမျိုး ရောင်းဝယ်သူများ အကျိုးများမယ်။ အစုရှယ်ယာများမှ အကျိုးကျေးဇူး ခံစားရမယ်။ စပ်တူလုပ်ငန်းများ အထူးတိုးတက် သိသာမယ်။ ရေ ၊ အရည် နဲ့ ရေထွက်ပစ္စည်း ရောင်းဝယ်သူများ အထူးအကျိုးများမယ်။ အရက်၊ ဘီယာလုပ်ငန်းများ လုပ်ကိုင်သူ များ လုပ်ငန်းတိုးတက်ပြီး အကျိုးအမြတ် လွန်စွာ များလိမ့်မယ်။

ငွေရေး၊ ကြေးရေး။ ။ ငွေကြေးကံ အထူးကောင်းမယ်။ ငွေကြေး စုဆောင်းမိမယ်။ ဒါပေမယ့် ဖခင်ရဲ့ ကျန်းမာရေးကြောင့် ငွေကြေးကုန်ကျရမှု များပြားတတ်တယ်။ ဒါပေမယ် ့တစ်နှစ်လုံး စာရင်းချုပ်ရင်တော့ ငွေကြေးကံ အလွန်ကောင်းပါလိမ့်မယ်။

ပညာရေး။ ။ အလယ်တန်း၊ အထက်တန်း အဆင့်များမှာ ပညာသင်ကြားနေသူများအတွက် ပညာရေးကံကြမ္မာဟာ ပုံမှန်အတိုင်းဘဲ ရှိပေမယ့် တက္ကသိုလ် နှင့် နိုင်ငံခြားတွင် ပညာသင်ကြားနေသူများ ပညာရေးကံ နိမ့်နေတယ်။ ခြေချော် လက်ချော် ဖြစ်တတ်ပါတယ်။ အလုပ်ခွင်၊ ဝင်ခွင့် စာမေးပွဲ ဖြေဆိုမည့်သူအားလုံး အလွန်ခက်ခဲစွာ ဖြေဆိုရတတ်ပါတယ်။ အောင်မြင်အောင် အတော်ကြိုးစားရမယ့် နှစ်ဖြစ်ပါတယ်။

အချစ်ရေး။ ။ ချစ်သူရှိသူများ အချစ်ရေးကံ ကောင်းတယ်ဘဲ ပြောရပါမယ်။ ရံဖန်ရံခါ ကတောက်ကဆ ဖြစ်မှုများ ရှိပေမယ့် ယေဘူယျ ကောင်းပါတယ်။ ချစ်သူမရှိသေးသူများ အချစ်ရေးကိစ္စ၊ ချစ်သူများ ပေါ်ပေါက်မယ့် နှစ်ဖြစ်ပါတယ်။

အိမ်ထောင်ရေး။ ။ ဒီနှစ်ထဲမှာ အိမ်ထောင်ရေး သာယာမှု များပြားမယ် ့ နှစ်ဖြစ်ပါတယ်။ အိမ်ထောင်မကျသေးသူများ အိမ်ထောင်ကျတတ်ပါတယ်။ အိမ်ထောင်ကျရှိပြီးသူအချို့မှာ “စုတ်အား” ကောင်းနေပြီး ဒါကို မဆင်ခြင်ဘဲ စိတ်ကို အလိုလိုက် မိရင်တော့ အိမ်ထောင်ရေး ပြဿနာ ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ အကောင်းများပါတယ်။ အိမ်ထောင်ကျတာနဲ့ အိုးအိမ်ကိစ္စ များမှာ အဆင်ပြေမှု၊ စိတ်ချမ်းသာမှုများ ရှိပါလိမ့်မယ်။ ဒီနှစ်ထဲမှာ ဇာတ်လမ်းရှုတ်ရင်တော့ ကံကောင်းမယ့် အိမ်ထောင်ရေးဟာ အဆိုးဖြစ်သွားတတ်တာကို ဂရုပြုပါ။

ကျန်းမာရေး။ ။ ကျန်းမာရေး ပြဿနာ မရှိပါ။ ငယ်ရွယ်သူများ ကျန်းမာရေး အထူးကောင်းမွန်နိုင်ပါတယ်။ စိတ်ပိုင်း ဆိုင်ရာ ဖိစီးမှုကလွဲရင် ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုမျိုး သိပ်မရှိနိုင်ပါ။ နာတာရှည်ရောဂါ ရှိသူများပင် ဒီနှစ်ထဲမှာ ကျန်းမာရေး တိုးတက်ကောင်းမွန်နိုင်ပါတယ်။

သားသမီးကိစ္စ။ ။ သားသမီး မရှိသေးသူများ သားသမီး ရနိုင်တဲ့ နှစ်ဖြစ်ပါတယ်။ ရှိပြီးသူများလည်း နောက်ထပ် ရနိုင် ပါသေးတယ်။ သားသမီးကို မှီခိုနေရသူများ သားသမီးရဲ့ အထောက်အပံ့ကို များစွာ ရရရှိခံစားရပါမယ်။ နိုင်ငံရပ်ခြားမှာ ရောက်နေကြတဲ့ သားသမီးများ အထူးကောင်းစားကြမယ့် နှစ်လည်း ဖြစ်ပါတယ်။

ခရီး၊ အပြောင်းအရွှေ့။ ။ ကရကဋ်ရာသီဖွားများအတွက် ဒီနှစ်မှာ ခရီး နဲ့ အပြောင်းအရွှေ့များ သိပ်ပြီး အဆင်မပြေတတ်ပါ။ ခရီး နဲ့ အပြောင်းအရွှေ့ကိစ္စများ မအောင်မြင်တတ်ပါ။ နိုင်ငံခြားထွက်ရန် ကြံစည်သူများ အလွန်အခက်အခဲ များပါမယ်။ ထွက်ဖြစ် ဖို့ပင် မလွယ်ပါ။ ထွက်ဖြစ်လျှင်လည်း အလုပ်အကိုင် အဆင်မပြေတတ်ပါ။ အလုပ်ပြောင်းလျှင် နောက်အလုုပ်မှာ အဆင်မပြေမှု များ တွေ့ရပါလိမ့်မယ်။

ထူးခြားအဖြစ်အပျက်များ ။ ။ ဒီနှစ်ထဲမှာ ကရကဋ်ရာသီဖွားများအတွက် အိုးအိမ်ခြံမြေကိစ္စများနှင့် ပတ်သက်ပြီး စိတ်ညစ် စရာရှိသလို အကျိုးထူးလည်း ခံစားရရှိနိုင်ပါတယ်။ အိုးသစ်အိမ်သစ်ဝင်ခြင်းများလည်း ဖြစ်တတ်ပါတယ်။ ဖခင်ကျန်းမာရေး အထူး ဂရုစိုက်ရမယ်။ မိမိနာမည် ဂုဏ်သတင်း ကျဆင်းစရာ ကိစ္စများ ကြုံတတ်ပါတယ်။ နာမည်ပျက်ကိန်း ရှိပါတယ်။ ကိုယ့်ဆရာသမား အကြီးအကဲတွေ ဒုက္ခ တွေ့တတ်ပါတယ်။ စိတ်ဖိစီးမှု အလွန်များနိုင်တဲ့ နှစ်ဖြစ်ပါတယ်။

အထူးကောင်းမည့် ဂဏန်းပိုင်ရှင်များ ။ ။ 2 , 11 , 20 , 29 ရက်မွေး (2)ဂဏန်းသမားများ၊ 4 , 13 , 22 , 31 ရက်မွေး (4)ဂဏန်းသမားများ၊ 8 , 17 , 26 ရက်မွေး (8)ဂဏန်းသမားများ၊ 9 , 18 , 27 ရက်မွေး (9)ဂဏန်းသမားများ။

.

သိဟ်ရာသီဖွားများ (ဇူလိုင် 23 မှ ဩဂုတ် 22 အတွင်းမွေးဖွားသူများ)

2010 အနှစ်ချုပ်ကံကြမ္မာ။ ။ အကောင်း နှင့် အဆိုးများ ဒွန်တွဲ အားပြိုင် နေပြီး အလွန်ထူးခြားသော နှစ်ဖြစ်ပါမယ်။

စိတ်ပိုင်းဆိုင်ရာ။ ။ ဒီနှစ်ထဲမှာ စိတ်ဓာတ် တက်ကြွမှု နဲ့ စိတ်ဓာတ် ကျဆင်းမှုများ အတူယှဉ်တွဲ ဖြစ်ပေါ်နေမယ်။ တစ်ခါတစ်ရံ အလွန် စိတ်ဓာတ် တက်ကြွပြီး အကောင်းမြင်ဝါဒ လွှမ်းမိုးနေမယ်။ ဒေါသစိတ်များမယ်။ စိတ်အထူးမြန်ပြီး ဆုံးဖြတ်ချက်တွေကို အလျှင် အမြန်ချမှတ်မိလိမ့်မယ်။ အတွေးအခေါ် မှားယွင်းမှုတွေ ဖြစ်လိမ့်မယ်။

စီးပွား၊ အလုပ်အကိုင်။ ။ ဒီနှစ်ဟာ သိဟ်ရာသီဖွားများအတွက် အလုပ်အကိုင်၊ စီးပွားရေး အလွန်တိုးတက်ကောင်းမွန် လိမ့်မယ်။ အထူးသဖြင့် ကိုယ်ပိုင် စီးပွားရေးသမားများထက် ဝန်ထမ်းများ ပိုမိုကောင်းစားမယ်။ ဝန်ထမ်းများ ထဲမှာ အုပ်ချုပ်ရေး နဲ့ စစ်ဘက်ဆိုင်ရာမှာ အမှုထမ်းသူများ အလွန်တိုးတက်မယ်။ ရာထူး တိုးမယ်။ Jump Promotion များ ဖြစ်နိုင်တယ်။ အထက် လူကြီးများရဲ့ ယုံကြည်မှုနဲ့ တာဝန်ပေးအပ်မှုများကို ခံရမယ်။ ကိုယ်ပိုင်လုပ်ငန်းရှင်များအနက် စက်မှုလက်မှု၊ မီး လျှပ်စစ် ဆိုင်ရာ လုပ်ငန်းများ၊ ရေထွက်ပစ္စည်း နှင့် အနံ့စူးရှသော (အရက်၊ ရေမွှေး . . စသည်) အရည်များ ရောင်းဝယ်ဖောက်ကားသူများ အထူး အကျိုးများမယ်။ ယာဉ် ကား၊ စက်ကရိယာ ရောင်းဝယ်သူများလည်း အကျိုးများမယ်။ ဒါပေမယ့် ငွေကြေးအရောင်းအဝယ် လုပ်သူများ၊ ငွေကစားကြသူများ၊ ကျောက်မျက်ရတနာ ရောင်းဝယ်သူများ ၊ လောင်းကစား ဒိုင်များ ငွေကြေး ဧရာမ ဆုံးရှုံးမှုကြီး များနဲ့ ကြုံဆုံနိုင်တယ်။ ဖြစ်နိုင်ရင် ဒီနှစ်ထဲမှာ သိပ်မစွန့်စားပါနဲ့လို့အကြံပေးချင်ပါတယ်။ လှောင်ကုန်လုပ်ငန်းလုပ်သူများလည်း အဆုံးအရှုံး ကြီးမားနိုင်ပါတယ်။

ငွေရေး၊ ကြေးရေး။ ။ ငွေကြေးကံ ကောင်းမည်ဟု မဆိုနိုင်သော နှစ်ဖြစ်ပါတယ်။ ငွေကြေးပြဿနာ ကြီးများ ဝင်ရောက် နိုင်ပါတယ်။ ပညာကို အရင်းတည်ပြီး ငွေရှာသူများအတွက် ပြဿနာ မရှိနိုင်သော်လည်း၊ ငွေကြေးဓနကို ရင်းနှီး မြုတ်နှံပြီး အလုပ်လုပ်သူများမှာ ပြဿနာကြီးများ တွေ့ကြုံနိုင်ပါတယ်။ ဒီနှစ်ထဲမှာ ဆုံးဖြတ်ချက် အမြန်ချမှတ် လုပ်ဆောင်ခြင်း၊ အကောင်းမြင်ဝါဒ လွန်ကဲခြင်းတို့ဟာ ငွေကြေးဆုံးရှုံးမှုကြီးများကို ရင်ဆိုင်ကြုံတွေ့နိုင်ပါတယ်။ အထူးသတိပြု ရမှာ ဖြစ်ပါတယ်။

ပညာရေး။ ။ ပညာရေးနဲ့ ပတ်သက်ပြီး ကောင်းအား/ဆိုးအား မပြင်းထန်သော နှစ်ဖြစ်ပြီး ကံတရားထက် ဝီရိယ အကျိုးကိုသာ ခံစားရမယ့် နှစ်ဖြစ်ပါတယ်။ မိမိကျိုးစားလျှင် ကျိုးစားသလောက် ပေါက်မြောက်ပါ။ ပညာရေးကံ ကတော့ အထူး ကောင်းခြင်း မရှိသလို၊ အထူးညံ့ခြင်းလည်း မရှိပါ။

အချစ်ရေး။ ။ ချစ်သူရှိသူများ မိမိချစ်သူနှင့် စိတ်တူသဘောတူဖြစ်ပြီး အချစ်ရေး တိုးတက်ကောင်းမွန်မယ့် နှစ် ဖြစ်ပါတယ်။ ချစ်သူမရှိသေးသူများလည်း ချစ်သူ၊ ကြင်နာသူ တွေ့ရမယ့် နှစ်ဖြစ်ပါတယ်။ အချစ်ရေး ပြဿနာ ထူးထူးခြားခြား မတွေ့ရပါ။

အိမ်ထောင်ရေး။ ။ အိမ်ထောင်မကျသေးတဲ့ လူလွတ်များ မိမိချစ်သူနဲ့ အိမ်ထောင်ကျဖို့ ရာနှုန်း (၈၀)% လောက် ရှိတဲ့ နှစ်ဖြစ်ပါတယ်။ အိမ်ထောင်ကျစ သူများအတွက် ပျော်ရွှင်စရာ နှစ် ဖြစ်နိုင်ပေမယ့် အိမ်ထောင်ကျပြီးသူများမှာ အိမ်ထောင်ရေး ပြဿနာ အလွန်ကြီးမားနိုင်တဲ့နှစ် ဖြစ်ပါတယ်။ နဂိုကတည်းက အိမ်ထောင်ရေး ပြဿနာတွေနှင့် လိပ်ခဲတင်းတင်း ဖြစ်နေသူများ ဒီနှစ်ထဲမှာ အိမ်ထောင်ကွဲတဲ့အထိ ဖြစ်နိုင်တာကို သတိပြုကြပါ။ မိမိဒေါသကို ထိန်းနိုင်မှ ပြဿနာနည်းပါမယ်။

ကျန်းမာရေး။ ။ သိဟ်ရာသီဖွားများ ယခုနှစ်မှာ အထူးသတိထားရမှာက Accident ဘဲဖြစ်ပါတယ်။ ကိုယ်တိုင် ကားမောင်းသူများ၊ ဆိုင်ကယ်စီးသူများ အထူးသတိပြုပါ။ သွေးထွက်သံယို ကိန်းရှိပါတယ်။ ရေအန္တရာယ် ရှိလို့ ရေလမ်းခရီးသွား လျှင် အထူးသတိထားပါ။ လျှပ်စစ်နှင့် စက်ပစ္စည်းများ ကိုင်တွယ်ရာတွင် သတိအထူးထားပါ။ မိခင်ဖြစ်သူလည်း ကျန်းမာရေး ညံ့တတ်ပါတယ်။ နှလုံးရောဂါ အခံရှိသူများ Heart Attack ဖြစ်နိုင်လို့ အထူးသတိထားပါ။ ဒီနှစ်ထဲမှာ ဒေါသပွားစရာ ကိစ္စများ အထူးသတိပြုပါ။

သားသမီးကိစ္စ။ ။ မိမိသားသမီးများထဲမှာ မင်္ဂလာကိစ္စ ပေါ်ပေါက်တတ်ပါတယ်။ သားသမီးများ အိမ်ထောင်ကျတတ် ပါတယ်။ ရပ်ဝေးတွင် နေထိုင်အလုပ်လုပ်သူ သားသမီးရှိသူများ ယခုနှစ်တွင် သားသမီးအကျိုး အထူးခံစားရပါမယ်။ ရပ်ဝေးနေ သားသမီးများ စီးပွားရေး အလုပ်အကိုင်များ အထူးအဆင်ပြေ တတ်ပါတယ်။ သားသမီးအတွက် ဝမ်းသာရမယ့် နှစ်ဖြစ်ပါတယ်။

ခရီး၊ အပြောင်းအရွှေ့။ ။ ပြည်တွင်း ခရီးတို သွားလာမှုများကို အထူးသတိပြုပါ။ ခရီးသွားရင်း Accident ဖြစ်တတ်ပါတယ်။ နိုင်ငံရပ်ခြားသို့ ခရီးသွာမည့်သူများ၊ အလုပ်သွားရောက်လုပ်ကိုင်မည့်သူများ၊ ပညာသွားရောက် သင်ကြားမည့်သူများအတွက် အထူး ကောင်းမွန်ပါတယ်။ နိုင်ငံခြားရောက်ရင်လည်း အဆင်ပြေ ချောမွေ့မှုတွေ ရှိဖို့များပါတယ်။

ထူးခြားအဖြစ်အပျက်များ ။ ။ ဒီနှစ်ထဲမှာ သိဟ်ရာသီဖွားများအတွက် ကြုံတွေ့နိုင်သော ထူးခြားဖြစ်ရပ်များကတော့ ငွေကြေးကြီးမားစွာ ဆုံးရှုံးမှု၊ အိမ်ထောင်ရေး ပြဿနာကြီးများ နှင့် Accident ဖြစ်မှုများ ဖြစ်ပါတယ်။ ဝန်ထမ်းများအတွက်တော့ ရာထူးတိုးတက်မှုများနဲ့ တာဝန်ကြီးများပေးအပ်ခံရမှု ရှိနိုင်ပါတယ်။ အချို့ ရာထူးခုန်တက်မှု Jump Promotion များ ရှိနိုင် ပါတယ်။ စီးပွားရေးသမားများကတော့ အထူးသတိကြီးစွာ ဖြတ်ကျော်ရမယ့် နှစ်တစ်နှစ် ဖြစ်ပါတယ်။

အထူးကောင်းမည့် ဂဏန်းပိုင်ရှင်များ ။ ။ 3 , 12 , 21 , 30 ရက်မွေး (3)ဂဏန်းသမားများ၊ 8 , 17 , 26 ရက်မွေး (8)ဂဏန်းသမားများ၊ 9 , 18 , 27 ရက်မွေး (9)ဂဏန်းသမားများ။

.

ကန်ရာသီဖွားများ (ဩဂုတ် 23 မှ စက်တင်ဘာ 22 အတွင်းမွေးဖွားသူများ)

2010 အနှစ်ချုပ်ကံကြမ္မာ။ ။ အကောင်းနည်းပြီး အဆိုးများသော နှစ်တစ်နှစ် ဖြစ်ဖို့များနေပါတယ်။

စိတ်ပိုင်းဆိုင်ရာ။ ။ မိမိစိတ်ဟာ ဒီနှစ်မှာ အလိုလိုနေရင်း ရန်လို နေတတ်တယ်။ အရာရာကို မကျေမနပ် ဖြစ်နေတတ်တယ်။ မိမိအိမ်ထောင်ဘက် အပေါ်မှာ အပြစ်မြင်ပြီး ပြဿနာရှာချင်နေတတ်တယ်။ ဘာမှမဟုတ်တာနဲ့ စိတ်ဆင်းရဲ နေတတ်ပါတယ်။

စီးပွား၊ အလုပ်အကိုင်။ ။ ဒီနှစ်ဟာ ကန်ရာသီဖွားများအတွက် ကံဇာတာ အကောင်းထက် အဆိုးများနိုင်ပါတယ်။ ဒီနှစ်ထဲမှာ အလုပ်အကိုင်များ တိုးတက်မှု နှေးကွေးနေတတ်ပါတယ်။ မိမိစိတ်ရှိသလောက် လုပ်ကိုင်မရတတ်သောနှစ် ဖြစ်နေ တတ်ပါတယ်။ လုပ်ငန်းသစ်များတိုးချဲ့ရန် ငွေကြေးမလုံလောက်မှုများ ကြုံရတတ် ပါတယ်။ အကြံအစည်ကောင်းများ ရှိသော်လည်း လက်တွေ့ အကောင်အထည် ဖော်ရန် အခက်အခဲများနေပါလိမ့်မယ်။ လုပ်ငန်းလုပ်ရာမှာ ရန်များမယ်။ အပြိုင်အဆိုင် များနှင့် ယှဉ်ပြိုင်လုပ်ရမယ်။ အလုပ်မှာ ရန်သူပေါ်မယ်။ မိမိအလုပ်နှင့် ပတ်သက်ပြီး တိုင်စာများ အပစ်ခံရမယ်။ လက်အောက် ဝန်ထမ်းများက ပြဿနာ ရှာမယ်။ အတော် သတိထားရမယ့် နှစ်ဖြစ်ပါတယ်။ ဝန်ဆောင်မှုလုပ်ငန်း လုပ်သူများ၊ အနုပညာ စာပေလုပ်ငန်းလုပ်သူများ၊ လူထု ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်သူများ ပြဿနာ များနိုင်ပါတယ်။

ငွေရေး၊ ကြေးရေး။ ။ ငွေကြေးကံ သိပ်မကောင်းလှပါ။ မိမိလုပ်ငန်း တိုးချဲ့ရန် ငွေကြေးမလုံလောက်မှုများနှင့် ရင်ဆိုင်ရ တတ်ပြီး ငွေကြေးချေးငှားယူရတတ်ပါတယ်။ အကြွေးတင် တတ်ပါတယ်။ တစ်ချို့ ကန်ရာသီဖွားများ ထီပေါက်ကိန်း ရှိပါတယ်။ ဒါပေမယ့် ထီပေါက်တဲ့ငွေအားလုံး အကြောင်းအမျိုးမျိုးနဲ့ကုန်ခမ်းသွားတတ်ပါတယ်။ အဖတ်မတင်တတ်ပါဘူး။

ပညာရေး။ ။ ပညာရေးမှာ အပြိုင်အဆိုင်ပေါ်မယ်။ ရန်ပေါ်မယ်။ အရင် ကိုယ့်အောက် အဆင့်မှာ ရှိတဲ့သူများ ကိုယ့်ကို ကျော်တတ်သွားမယ်။ စာမေးပွဲဖြေဆိုချိန်မှာ ကျန်းမာရေး ပြဿနာတွေ ပေါ်မယ်။ ဒီလို ရန်များ၊ အခက်အခဲများပေမယ့် စာမေးပွဲများကိုတော့ အောင်မြင်အောင် ဖြေဆိုနိုင်ပါလိမ့်မယ်။

အချစ်ရေး။ ။ အချစ်ရေးကံကောင်းမယ်။ ချစ်သူ မရှိသေးသူများ ချစ်သူ ရရှိမယ်။ ကိုယ့်ချစ်သူနဲ့ အတူနေဖို့ အခွင့် အလမ်းတွေ များလိမ့်မယ်။ အချစ်ကံတော့ အထူးကောင်းတတ်ပါတယ်။

အိမ်ထောင်ရေး။ ။ ဒီနှစ်အတွက် အိမ်ထောင်ရေး ပြဿနာကြီးတွေ တွေ့နိုင်ပါတယ်။ အိမ်ထောင်ရေးမှာ ရန်ပေါ်မယ်။ နဂိုကတည်းက ပြဿနာများနေတဲ့ အိမ်ထောင်တွေမှာ ပြဿနာပိုကြီးမယ်။ တစ်ချို့မှာ အိမ်ထောင်ရေး ပြဿနာ မဖြစ်ဘဲ ကိုယ့် အိမ်ထောင်ဘက် ကျန်းမာရေးညံ့မယ်။ ဒါမှ မဟုတ် အမှုအခင်း ပြဿနာတွေကြုံပြီး ထောင်၊ အချုပ် ကျနိုင်တယ်။ ဒီနှစ် အိမ်ထောင်ရေး ပြဿနာ လုံးဝမဖြစ်ရင် အစုစပ်လုပ်ငန်း၊ အစုရှယ်ယာ ကိစ္စတွေမှာ ဆုံးရှုံးမှုတွေ ကြုံရတတ်ပါတယ်။

ကျန်းမာရေး။ ။ ကန်ရာသီဖွားများ ယခုနှစ်မှာ ကျန်းမာရေး ချုခြာနေမယ်။ ကိုယ်ခံစွမ်းအား ကျဆင်းနေမယ်။ ဒါကြောင့် ကူးစက်ရောဂါတွေ သတိထားပါ။ အချိန်မှန်မှန် အိပ်ခြင်း၊ စားခြင်းကို ဂရုပြုပေးပါ။ ကျန်းမာရေး တစ်ခုပြီး တစ်ခု ဖြစ်နေ တတ်တယ်။ စိတ်ဓာတ်ကျဆင်းမှုတွေလည်း ဖြစ်နေမယ်။

သားသမီးကိစ္စ။ ။ ဒီနှစ်ထဲမှာ သားသမီးလိုချင်သူများ အလွယ်တကူ ရရှိနိုင်တယ်။ သားကောင်း သမီးကောင်း ထွန်းကားတတ်ပါတယ်။ ဒီနှစ်မှာ မွေးမယ့် ကလေးဟာ ဘုန်းတန်ခိုးအလွန်ကြီးပြီး အလွန် ကံဇာတာကောင်းတဲ့ ကလေး ဖြစ်လိမ့်မယ်။ သူမွေးပြီးရင် မိဘတွေ အထူးကောင်းစားလိမ့်မယ်။

ခရီး၊ အပြောင်းအရွှေ့။ ။ ပြည်တွင်း ခရီးတို သွားလာမှု နည်းပါးတတ်တယ်။ ခရီးသွားရင်း Accident ဖြစ်မှုများ ကြုံတတ် တယ်။ နိုင်ငံခြားခရီး သွားမည့်သူများ ဒီနှစ်အတွင်း လွယ်လွယ်ကူကူ ထွက်ရမှာ ဖြစ်ပြီး အဆင်ပြေချောမွေ့မယ်။

ထူးခြားအဖြစ်အပျက်များ ။ ။ ဒီနှစ်ထဲမှာ ကန်ရာသီဖွားများအတွက် ကြုံတွေ့နိုင်သော ထူးခြားဖြစ်ရပ်များကတော့ အမှုအခင်း ပြဿနာများ၊ ကျန်းမာရေး ညံ့ခြင်း နဲ့ အိမ်ထောင်ရေး ပြဿနာများ ဖြစ်ပါတယ်။ လုပ်ငန်းပြိုင်ဘက်ပေါ်ပြီး သူတို့ရဲ့ ဒုက္ခပေးမှုကို တော်တော်ခံရမယ်။ ဆွေမျိုးသားခြင်းများနှင့် မသင့်မတင့်ဖြစ်မယ်။ အိမ်ထောင်ရေး ပြဿနာ အလွန်ကြီးမား နိုင်ပါ တယ်။ ကျန်းမာရေးကလည်း တစ်နှစ်လုံး ချုခြာနေတတ်ပါတယ်။ အကောင်းသိပ် မရှိလှတဲ့ နှစ်တစ်နှစ် ဖြစ်သွားနိုင်ပါတယ်။

အထူးကောင်းမည့် ဂဏန်းပိုင်ရှင်များ ။ ။ 2 , 11 , 20 , 29 ရက်မွေး (2)ဂဏန်းသမားများ၊ 8 , 17 , 26 ရက်မွေး (8)ဂဏန်းသမားများ။

.

တူရာသီဖွားများ (စက်တင်ဘာ 23 မှ အောက်တိုဘာ 22 အတွင်းမွေးဖွားသူများ)

2010 အနှစ်ချုပ်ကံကြမ္မာ။ ။ ဘဝမှတ်တိုင် တစ်ခုဖြစ်သွား လောက်အောင် အလွန်ထူးခြားစွာ တိုးတက်ထွန်းကားမည့်နှစ် ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ။ ။ မိမိစိတ်ဟာ ဒီနှစ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိနေတတ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်လိမ့်မယ်။ ဘာသာ တရားအပေါ်မှာ သက်ဝင်ယုံကြည်စိတ်တွေများနေမယ်။ စိတ်အေးချမ်း တည်ငြိမ်မှု အထူးရှိလိမ့်မယ်။

စီးပွား၊ အလုပ်အကိုင်။ ။ ဒီနှစ်ဟာ တူရာသီဖွားများအတွက် ကံဇာတာ အလွန် တိုးတက်ကောင်းမွန်မယ့် နှစ်ဖြစ်ပါတယ်။ စီးပွားဥစ္စာ အလွန်တိုးတက်မယ့် နှစ်လည်းဖြစ်ပါတယ်။ မိမိလုပ်ကိုင်သမျှ အရာကိစ္စအားလုံးဟာ ချောချောမွေ့မွေ့ အဆင်ပြေနေတတ်ပါတယ်။ မိမိနာမည် နဲ့ လုပ်ငန်းနာမည်များ ဂုဏ်သတင်းထွက် ပါလိမ့်မယ်။ လူထု ထောက်ခံမှုကို အပြည့်အဝ ရရှိမယ့်နှစ် ဖြစ်ပါတယ်။ ချိန်ခွင်ကတ္တား ကို အသုံးပြုနေရတဲ့ ဈေးသည်၊ ကုန်သည်အားလုံး လုပ်ငန်းအထူး တိုးတက်ကြမယ့်နှစ် ဖြစ်ပါတယ်။ ရွှေ အပါအဝင် သတ္တုပစ္စည်းများ ရောင်းဝယ်ကြသူများလည်း အတော်အလုပ်ဖြစ် ကြပါမယ်။ ရေနံ၊ ဒီဇယ်၊ ဓာတ်ဆီ၊ အရက်၊ ဘီယာ၊ ရေမွှေး၊ အက်စစ်၊ ဓာတုဗေဒကုန်ပစ္စည်း ရောင်းဝယ်ကြ သူများလည်း အလွန် အကျိုးဖြစ်ထွန်း ကြပါလိမ့်မယ်။ စက်မှုလက်မှု လုပ်ငန်းနှင့် ရေလုပ်ငန်းဆိုင်ရာ လုပ်ငန်းများလည်း အလွန်တိုးတက် ကောင်းမွန်ပါမယ်။ လျှပ်စစ် နဲ့ အီလက်ထရောနစ်ပစ္စည်းဆိုင်ရာ လုပ်ငန်းများကတော့ ဒီနှစ်အတွက် ပြဿနာ နဲနဲရှိနိုင်ပါတယ်။ အခက်အခဲများ ကြုံနိုင်ပေမယ့် သိပ်အဆိုးကြီးတော့လည်း မဟုတ်ပါဘူး။ လူထု၊ လူအများနဲ့ ဆက်ဆံ လုပ်ကိုင်ရသူများ လူထုထောက်ခံမှုကို အများဆုံးရမယ့် နှစ်ဖြစ်ပါတယ်။

ငွေရေး၊ ကြေးရေး။ ။ ငွေရေး ကြေးရေးကိစ္စကတော့ ဒီနှစ် (12)ရာသီခွင်အဖွားအားလုံးမှာ သူအကောင်းဆုံး ဖြစ်ပါလိမ့် မယ်။ မိမိလုပ်ငန်းတိုးတက်မှုကြောင့် ရရှိတဲ့ ဝင်ငွေသာမက အခြားသော နည်းလမ်းများနဲ့ပါ ဝင်ငွေအစုလိုက် အပုံလိုက် ဝင်နိုင် ပါတယ်။ စီးပွားအလွန်တက်မည့် နှစ်ဖြစ်တာကြောင့် ဒီနှစ်ထဲရတဲ့ငွေများကို အိမ်ခြံမြေ စသည့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ကို ဝယ်ယူစုဆောင်းသင့်ပါတယ်။ အိမ်၊ အခန်း၊ မြေကွက် စသည်များလည်း ဝင်ရောက်ကိန်းရှိနေပါတယ်။

ပညာရေး။ ။ ပညာရေး အလွန်တိုးတက်အောင်မြင်မယ့် နှစ်ဖြစ်ပါတယ်။ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် အဆင့်၊ နိုင်ငံရပ်ခြားပညာ သင်ကြားနေသူများ အားလုံးအတွက် အလွန်ထူးခြားကောင်းမွန်တဲ့ နှစ်ဖြစ်ပါတယ်။ ဝင်ခွင့်စာမေးပွဲ များ၊ အလုပ်ဝင် စာမေးပွဲများကိုလည်း အလွယ်တကူ အောင်မြင်ကြပါလိမ့်မယ်။

အချစ်ရေး။ ။ အချစ်ရေး ကံကြမ္မာကတော့ ဒီနှစ်မှာ ထူးထူးခြားခြား ကောင်းမွန်နေပါတယ်။ ချစ်သူရှိသူများလည်း မိမိ ချစ်သူနှင့် အလွန်အဆင်ပြေချောမွေ့သော ဆက်ဆံရေးမျိုးရှိမှာဖြစ်ပြီး ချစ်သူမရှိသေးသူများလည်း ချစ်သူများရရှိလာနိုင်ပါတယ်။ ကာလကြာစွာ ချစ်ခွင့်တောင်းခံနေရတဲ့ အချစ်မျက်နှာမွဲကလေးများ ဒီနှစ်မှာ ကိုယ် ချစ်ခွင့်တောင်းခံသူ၊ ကိုယ်မျှော်လင့်ထား သူထံမှ အချစ်တုန့်ပြန်မှုကို ရရှိတတ်ပါတယ်။

အိမ်ထောင်ရေး။ ။ ဒီနှစ်အတွက်တော့ တူရာသီဖွားများဟာ ဘယ်နေရာမှ ကံညံ့တာ မရှိအောင်ကို ကောင်းနေပါတယ်။ အိမ်ထောင်ရေးချမ်းမြေ့သာယာမယ့် နှစ်ဖြစ်ပါတယ်။ အိမ်ထောင်မကျသေးသူများ အိမ်ထောင်ကျနိုင်တဲ့ နှစ်ဖြစ်ပါတယ်။ အိမ်ထောင်ပြုဖို့ စီးပွားရေးအခက်အခဲ၊ မိဘများ သဘောမတူတဲ့ အခက်အခဲ ရှိနေသူများ ဒီနှစ်ထဲမှာ ထူးထူးခြားခြား အဆင်ပြေ သွားတတ်ပါတယ်။ အိမ်ထောင်ရေးကံ အလွန်ကောင်းနေပါတယ်။

ကျန်းမာရေး။ ။ တူရာသီဖွားများ ယခုနှစ်မှာ ကျန်းမာရေးလည်း ပြဿနာ ကြီးကြီးမားမား မရှိတတ်ပါ။ နာတာရှည် ရောဂါရှိသူများသာ ဂရုစိုက်ရပါမယ်။ ခြေထောက်ပိုင်းမှာ မတော်တဆထိခိုက်မှုအနည်းအပါး ရှိနိုင်ပေမယ့် ပြဿနာ သိပ်မရှိပါ။ ကိုယ်မဖြစ်ရင် ကိုယ့်အိမ်ထောင်ဘက်မှာ မတော်တဆ အနည်းငယ် ဖြစ်နိုင်ချေ ရှိပါတယ်။

သားသမီးကိစ္စ။ ။ ဒီနှစ်ထဲမှာ သားသမီးရှိသူများ သားသမီးကျန်းမာရေးအတွက်ဖြစ်ဖြစ်၊ အခြားကိစ္စကြောင့် ဖြစ်ဖြစ် အပူသောက အနည်းငယ် ကြုံရဖွယ် ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ဒီနှစ်ကံကြမ္မာက သိပ်ကောင်းနေလို့ သိပ်ကြီး စိုးရိမ်ရ လောက်အောင် မဖြစ်နိုင်ပါ။

ခရီး၊ အပြောင်းအရွှေ့။ ။ ဒီနှစ်ထဲမှာ အိုးအိမ်၊ အလုပ်များ ပြောင်းရွှေ့ကိန်း ရှိတတ်ပါတယ်။ အထူးသဖြင့် ဝန်ထမ်းများ ဖြစ် ပါတယ်။ အလွန်ကောင်းသော ပြောင်းလဲခြင်းများ ဖြစ်ပါမယ်။ အိုးအိမ်ဆိုရင်လည်း နဂိုနေအိမ်ထက် ပိုမိုကောင်းမွန်တဲ့ အိမ်သစ်မျိုး၊ အလုပ်ဆိုရင်လည်း ရာထူးတက်ပြီးပြောင်းရခြင်းမျိုး (သို့) မိမိ ပြောင်းရွှေ့ချင်နေတဲ့နေရာကို စိတ်ကြိုက် ပြောင်းရတာမျိုး ဖြစ်နိုင်ပါတယ်။ ကိုယ်စိတ်ကြိုက်မဖြစ်တဲ့ အလုပ်ရာထူး ပြောင်းရရင်တောင်မှ ကိုယ်ထင်ထားသလိုမဟုတ်ဘဲ အကောင်းတွေ ကြုံရတတ်ပါတယ်။

ထူးခြားအဖြစ်အပျက်များ ။ ။ ဒီနှစ်ထဲမှာ တူရာသီဖွားများအတွက် “သက္ခတ်” ကောင်းများမှာ ရောက်နေတယ်ဆိုရင် ဘဝမှတ်တိုင် တစ်ခု ဖြစ်သွားလောက်အောင် တိုးတက်အောင်မြင်မယ့်နှစ်၊ ကြီးပွားချမ်းသာမယ့် နှစ် ဖြစ်ပါတယ်။ ဒီလိုနှစ်မျိုး နောက်ထပ် (၁၀)နှစ်နဲ့ ပြန်ရောက်ဖို့မလွယ်ပါ။ ဒါကြောင့် ဒီနှစ်ထဲမှာ ငွေများများ စားစား ဝင်ရင် အဖတ်တင်အောင် စုဆောင်းပါ။ အထူးသဖြင့် အိမ်ခြံမြေ၊ တိုက်ခန်း အဆောက်အဦးတွေမှာ ရင်းနှီးမြုတ်နှံပါ။ အလွန်အကျိုးထူးပါလိမ့်မယ်။ ဒီနှစ် (12)ရာသီဖွား အားလုံးမှာ ကံဇာတာ အမြင့်ဆုံး ရာသီဖြစ်လို့ ကံကောင်းမှုတွေကို အရယူနိုင်အောင် ယူစေလိုပါသည်။

အထူးကောင်းမည့် ဂဏန်းပိုင်ရှင်များ ။ ။ 2 , 11 , 20 , 29 ရက်မွေး (2)ဂဏန်းသမားများ၊ 8 , 17 , 26 ရက်မွေး (8)ဂဏန်းသမားများ၊ 9 , 18 , 27 ရက်မွေး (9)ဂဏန်းသမားများ။

.

ဗြိစ္ဆာ ရာသီဖွားများ (အောက်တိုဘာ 23 မှ နိုဝင်ဘာ 21 အတွင်းမွေးဖွားသူများ)

2010 အနှစ်ချုပ်ကံကြမ္မာ။ ။ ဝန်ထမ်းများ နှင့် အသိပညာရှင်၊ အတတ်ပညာ ရှင်များ အလွန်ထူးခြားစွာ တိုးတက်ထွန်းကားမည့် နှစ် ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ။ ။ ဒီနှစ်မှာ ဗြိစ္ဆာရာသီဖွားများအတွက် လေးနက်တဲ့ အတွေးအခေါ်တွေ၊ မိမိဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်မှုတွေ ဖြစ်ပေါ်နိုင် ပါတယ်။ ဘာသာရေး လုပ်နေသူများ (အထူးသဖြင့် ဝိပဿနာ) ထူးခြားတဲ့ ဉာဏ်အမြင်များ ရရှိ နိုင်ပါတယ်။ ရံဖန်ရံခါ ဒေါသကြီးတတ်ပေမယ့် တစ်လုံးအနေနဲ့ စိတ်အေးချမ်းတည်ငြိမ် မှု ရရှိနိုင်မယ့် နှစ်ဖြစ်ပါတယ်။ ယုံကြည်မှုအင်အား များလည်း တိုးပွားတတ်ပါတယ်။

စီးပွား၊ အလုပ်အကိုင်။ ။ ဒီနှစ်ဟာ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စကို ထုတ်ဖော်ပြသခွင့် ရမယ့်နှစ် ဖြစ်ပါတယ်။ ပညာရဲရင့် ပွဲလယ်တင့်မယ့်နှစ် ဖြစ်ပါတယ်။ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းရှင်များထက် ဝန်ထမ်း များက ပိုကောင်း နိုင်ပါတယ်။ ဝန်ထမ်းများ နာမည်ကောင်းထွက်ခြင်း၊ ဂုဏ်ပြုချီးမွမ်း ခံရခြင်း၊ ရာထူးတက်ခြင်း၊ လစာ တိုးတက်ခြင်းများ ကြုံတွေ့နိုင်ပါတယ်။ အထူးသဖြင့် အုပ်ချုပ်ရေးဆိုင်ရာ၊ စစ်ဘက်၊ ဆေးပညာရှင်၊ အင်ဂျင်နီယာ ပညာရှင်များ အထူး တိုးတက်အောင်မြင်ကြမယ့်နှစ် ဖြစ် ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်များအနက် စက်မှုလက်မှု၊ ဆေးဝါး ပစ္စည်း၊ ရေ , အရည် နှင့် ရေထွက်ပစ္စည်း ဆိုင်ရာလုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများ၊ ဟော်တယ် နှင့် ခရီးသွားလာမှုလုပ်ငန်းများ၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ သင်ကြားပြသခြင်း ဆိုင်ရာလုပ်ငန်း၊ ဘာသာရေးနှင့် ပက်သတ်သောလုပ်ငန်းများ လုပ်ကိုင်နေသူများမှာ အထူးကျေးဇူး ခံစား ရမယ်။ နိုင်ငံခြားနှင့် ဆက်သွယ်လုပ်ကိုင်နေသော လုပ်ငန်းအားလုံး အကျိုးထူးမယ်။ နိုင်ငံရပ်ခြားမှာ အလုပ်သွားရောက်လုပ်ကိုင် နေသူများ ဒီနှစ် ကံကောင်းကြလိမ့်မယ်။

ငွေရေး၊ ကြေးရေး။ ။ ငွေရေး ကြေးရေး ကံကောင်းမယ့်နှစ် ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်များမှာ လုပ်ငန်း အမြတ် အစွန်း များပြားသော်လည်း လုပ်ငန်းထဲမှာဘဲ ငွေပြန်ဝင်နေမယ်။ လုပ်ငန်းကို ပိုမိုချဲ့ထွင်ရမယ်။ ဒီနှစ်မှာ ဗြိစ္ဆာရာသီဖွားများ အိမ်ခြံ မြေ၊ နေအိမ်တိုက်ခန်းများနှင့် ပက်သတ်ပြီး ငွေကြေးမြောက်မြားစွာ ဝင်နိုင်တယ်။

ပညာရေး။ ။ အလယ်တန်း၊ အထက်တန်း အဆင့်မှာ သင်ကြားနေသူများအတွက် ပညာရေး အလွန်တိုးတက် ကောင်းမွန်မယ့် နှစ်ဖြစ်ပေမယ့် တက္ကသိုလ် နှင့် အဆင်မြင့်ပညာများ၊ နိုင်ငံရပ်ခြားမှာ ပညာသင်နေသူများအတွက်တော့ သင့်ရုံမျှ လောက်ဘဲ ရှိပါတယ်။ တစ်ချို့ ကြိုးစားအားထုတ်မှုနဲ့ ဝီရိယ နည်းသူများ ခြေချော်လက်ချော် ဖြစ်နိုင်လို့ သတိပြုပါ။ လုပ်ငန်းခွင် စာမေးပွဲဖြေဆိုသူများကတော့ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပါတယ်။

အချစ်ရေး။ ။ ချစ်သူရှိသူများ ဒီနှစ်ထဲမှာ အချစ်ရေး ပြဿနာတွေ အကြီးအကျယ် ဝင်ရောက်တတ်ပြီး ရေစက်မပါသူများ ဒီနှစ်ထဲမှာ လမ်းခွဲရဖို့ များပါတယ်။ ဒီနှစ်ထဲမှာ ချစ်သူနှစ်ယောက်မှာ တစ်ယောက်ယောက်မှာ နောက်ထပ် အချစ်သစ် တွေ့ဖို့ရှိပြီး အချစ်ဟောင်းနဲ့ လမ်းခွဲရတတ်ပါတယ်။ ချစ်သူမရှိသေးလို့ ချစ်ခွင့်စောင့်စား နေကြသူများလည်း အဆင်မပြေတတ် ကြသေးပါဘူး။

အိမ်ထောင်ရေး။ ။ ဒီနှစ်အတွက်ဗြိစ္ဆာရာသီဖွားများမှာ အိမ်ထောင်ရေး ပြဿနာ ထူးထူးခြားခြား မရှိသလို အိမ်ထောင်ရေးလည်း ထူးထူးခြားခြား ကောင်းစရာမရှိဘဲ ပုံမှန်အတိုင်းဘဲ ရှိနေပါမယ်။ အိမ်ထောင်ပြုဖို့ အစီအစဉ်ရှိသူများ ဟိုဟာ ချင့်ချိန်၊ ဒီဟာ စဉ်းစားနဲ့ လက်မထပ်ဖြစ်ဘဲ နှောင့်နှေးကြန့်ကြာနေတတ်တယ်။ အိမ်ထောင်ရေး ပြဿနာ ထူးထူးခြား မရှိပါ။ တစ်ချို့ ဗြိစ္ဆာရာသီဖွားများအတွက် အိမ်ထောင်ဘက်ဖြစ်သူ ခရီးတို အလွန်များခြင်း၊ နိုင်ငံခြားခရီး ထွက်ခွာရခြင်းများ ရှိတတ်ပါတယ်။

ကျန်းမာရေး။ ။ ဗြိစ္ဆာသီဖွားများ ယခုနှစ်မှာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှု အားကောင်းတဲ့အတွက် ကျန်းမာရေး အထူးကောင်းမွန်နေတတ်ပါတယ်။ ရာသီအပြောင်းအလဲကြောင့် အနည်းငယ် နေမကောင်းထိုင်မသာ ဖြစ်တတ်တာက လွဲရင် ကျန်းမာရေး ပြဿနာကြီးများ မရှိပါ။ ဒါပေမယ့် မိခင်၊ ဖခင်တို့ရဲ့ ကျန်းမာရေး ထိခိုက်တတ်ပါတယ်။ အထူးသဖြင့် မိခင်ကျန်းမာ ရေးကို ဂရုပြုပါ။

သားသမီးကိစ္စ။ ။ သားသမီးရှိသူများ သားသမီးကျန်းမာရေး နဲ့ ပညာရေးကြောင့် စိတ်ဆင်းရဲစရာ ကြုံတတ်ပါတယ်။ သားသမီးဖြစ်သူတွေမှာ ကျန်းမာရေး ညံ့မှုအပြင် မတော်တဆ ထိခိုက်မှုများလည်း ဖြစ်တတ်လို့ သတိအထူးထားပြီး ဂရုစိုက် ပေးစေလိုပါတယ်။

ခရီး၊ အပြောင်းအရွှေ့။ ။ ဒီနှစ်ထဲမှာ အလုပ်ကိစ္စကြောင့် ခရီးတို သွားလာရမှု များတတ်ပါတယ်။ နိုင်ငံခြားသို့ ပညာသင် ဖြစ်စေ၊ အလုပ်လုပ်ဖို့ဖြစ်စေ ခရီးထွက်မည့်သူများ ဒီနှစ်အတွင်း ထွက်ဖြစ်မှာဖြစ်တယ်။ ဒီနှစ်ထဲမှာ နိုင်ငံရပ်ခြားများကို ထွက်ခွာ သူတွေဟာ ဟိုမှာဘဲ အပြီး အခြေချနေထိုင်ရဖို့ ကံ ရှိတတ်ပါတယ်။

ထူးခြားအဖြစ်အပျက်များ ။ ။ ဗြိစ္ဆာရာသီဖွားများအတွက် ယခုနှစ်မှာ ဘဝတိုးတက်မြင့်မားမှုကို ထူးခြားစွာကြုံရမယ်။ ဝန်ထမ်းလုပ်သူများမှာ အလွန်သိသာမယ်။ ငွေကြေးကံကောင်းသော်လည်း စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းထဲ ငွေမြုတ်နှံရမှု များလိမ့်မယ်။ ဝိပဿနာတရားကို အားထုတ်နေကြသူများ “တရားထူး၊ ဉာဏ်ထူး” ရရှိဖို့အခွင့်အလမ်းများနေပြီး ဒီအခွင့်အလမ်း ဟာ နောက် (၁၂)နှစ်နဲ့ ပြန်ကြုံဖို့ မလွယ်တာကြောင့် ဝီရိယကို စိုက်ထုတ်ပြီး ကြိုးစားသင့်ပါတယ်။ တရားလုပ်သူဘဲ ဖြစ်ဖြစ် တရားမလုပ်သူဘဲ ဖြစ်ဖြစ် ဒီနှစ်ထဲမှာ မြင့်မားတဲ့ အတွေးအခေါ် ဒဿနတွေ နှလုံးသားမှာ ကိန်းအောင်းနိုင်တဲ့ နှစ်ဖြစ်ပါတယ်။

အထူးကောင်းမည့် ဂဏန်းပိုင်ရှင်များ ။ ။ 2 , 11 , 20 , 29 ရက်မွေး (2)ဂဏန်းသမားများ၊ 4 , 13 , 22 , 31 ရက်မွေး (4)ဂဏန်းသမားများ၊ 7 , 16 , 25 ရက်မွေး (7)ဂဏန်းသမားများ၊ 9 , 18 , 27 ရက်မွေး (9)ဂဏန်းသမားများ။

.

ဓနု ရာသီဖွားများ (နိုဝင်ဘာ 22 မှ ဒီဇင်ဘာ 21 အတွင်းမွေးဖွားသူများ)

2010 အနှစ်ချုပ်ကံကြမ္မာ။ ။ စီးပွားရေး အလွန်တိုးတက် ကောင်းမွန်မည် ဖြစ်သော်လည်း ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခု ကြုံတွေ့ရန် ရှိပါတယ်။

စိတ်ပိုင်းဆိုင်ရာ ။ ။ ဒီနှစ်မှာ ဓနုရာသီဖွားများအတွက် စိတ်လှုပ်ရှားမှု၊ ခံစားရမှု အလွန်များပြားရမယ့် နှစ်ဖြစ်ပါတယ်။ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်တက် ကြွခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အားတက်ခြင်း၊ အားငယ်ခြင်း၊ မျှော်လင့်ခြင်း၊ တွေဝေခြင်း စတဲ့ ဆန့်ကျင်ဘက် အသွင်ကိုဆောင်နေတဲ့ စိတ်ခံစားမှုများ ဆက်တိုက်ဖြစ်ပွား နိုင်တဲ့ နှစ်ဖြစ်ပါတယ်။

စီးပွား၊ အလုပ်အကိုင်။ ။ ဒီနှစ်ဟာ ဓနုရာသီဖွားများအတွက် စီးပွားရေး နှင့် အလုပ်အကိုင်များ အလွန်တိုးတက်မယ်။ ငွေကြေး အမြောက်အများ ဝင်ရောက်နိုင် တယ်။ အချို့ သက္ခတ်ကောင်းထဲ ရောက်နေသူများ “လက်ညှိုးညွှန်ရာ ရေဖြစ် လောက်အောင်” အောငြ်မင်မယ့်နှစ်ဖြစ်တယ်။ ချိန်ခွင် ကတ္တား အသုံးပြုရသော ဈေးသည်၊ ကုန်သည်လုပ်ငန်းလုပ်သူများ အထူးအောင်မြင်လိမ့်မယ်။ ဆောက်လုပ် ရေး နှင့် အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများလည်း အထူးအကျိုးကျေးဇူးရှိမယ်။ ရေနံ နှင့် တွင်းထွက်ပစ္စည်းများ လုပ်ကိုင်နေသူများ အလွန်အမြတ်အစွန်းများပြားမယ်။ စာအုပ်၊ စာရွက်၊ စာနယ်ဇင်း ၊ သတင်းဆက်သွယ်ရေး၊ ဝန်ဆောင်မှု၊ ကြော်ငြာလုပ်ငန်းများ အလွန်တိုးတက်ကောင်းမွန်လိမ့်မယ်။ ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း၊ ရွှေ နှင့် ဓာတ်သတ္တု၊ ရေနံ တူးဖော်ရေးလုပ်ငန်းလုပ်သူများလည်း အလွန်ကြီးမားတဲ့ “ရတနာသိုက်” တွေကို တွေ့ရတတ်တယ်။ အချို့ ဓနုရာသီဖွားများ “ထီ” ပေါက်တတ်ပါတယ်။ အမွေအနှစ်များလည်း ရတတ် ပါတယ်။ ရှေးဘဝက ကုသိုလ်အကျိုးပေးကို ခံစားရမယ့်နှစ် ဖြစ်ပါတယ်။ ဝန်ထမ်းများထက် ကိုယ်ပိုင်လုပ်ငန်းသမားများ ပိုမိုကောင်းမွန်လိမ့်မယ်။ ဝန်ထမ်းများလည်း ထိုက်သင့်တဲ့ အကျိုးကျေးဇူး ခံစားရမယ့် နှစ်ဖြစ်ပါတယ်။

ငွေရေး၊ ကြေးရေး။ ။ အရင်းအနှီးကြီးမားစွာ ရင်းနှီးမြုတ်နှံ လုပ်ကိုင်နေသူများ အလွန်ကြီးမားတဲ့ အကျိုးအမြတ်ကြီးများ ကို ရရှိမယ့် နှစ်ဖြစ်ပါတယ်။ သာမန်ဝင်ငွေ ရှိသူများလည်း ထူးထူးခြားခြား ဝင်ငွေ တိုးတက်ကြမှာ ဖြစ်ပါတယ်။ ဝန်ထမ်း လုပ်သူများလည်း ဝင်ငွေ၊ လစာ တိုးမြင့်မှုများကို ခံစားရကြမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အတိတ်ကံအလိုက် ဒီနှစ်မှာ ငွေကြေး အစုအပုံလိုက် ဝင်ကိန်းရှိကြမှာ ဖြစ်ပါတယ်။

ပညာရေး။ ။ ပညာရေးဘက်မှာ အားနည်းချက်တွေ ရှိပါတယ်။ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် အဆင့် အားလုံးပါဘဲ။ ပညာရေးမှာ ဝီရိယမကောင်းသူများ ပိုမိုထင်ရှားစွာ အညံ့ပြလိမ့်မယ်။ ကြိုးစားသူများသော်မှ ကြိုးစားသလောက် အရာမထင်တတ်ကြပါဘူး။ အလယ်တန်း၊ အထက်တန်းများ ပိုမို အညံ့များပါတယ်။ လုပ်ငန်းခွင်ဝင်ဖို့ စာမေးပွဲဖြေဆိုမည့် သူများလည်း သိပ်ကံအကောင်းကြီး မဟုတ်ပါဘူး။

အချစ်ရေး။ ။ အချစ်ရေးကိစ္စတွေမှာ ကတောက်ကဆဖြစ်မှု၊ အထင်လွဲမှုများ ဖြစ်ပေါ်နိုင်ပေမယ့် သိပ်ဆိုးဆိုးဝါးဝါး ဖြစ်ဖို့မရှိပါ။ ချစ်သူမရှိသေးသူများ အချစ်ရှာဖွေနေသူများ အဆင်ပြေပါမယ်။ ချစ်သူခင်သူ တွေ့ရမယ့် နှစ်ဖြစ်တတ်ပါတယ်။ ထူးခြားတဲ့ အချစ်ရေး ပြဿနာ မရှိပါ။

အိမ်ထောင်ရေး။ ။ အိမ်ထောင်ရှိသူများ အိမ်ထောင်ရေး ပြဿနာကြီးများ မရှိပေမယ့် အိမ်ထောင်ဘက်ရဲ့ ကျန်းမာရေး ကို အထူးဂရုစိုက်ပါ။ အိမ်ထောင်ဘက် ကျန်းမာရေး အလွန်ညံ့တတ်ပါတယ်။ ရှောင်တခင် ရုတ်တရက် ကျန်းမာရေး ဖောက်တတ် ပါတယ်။ ကျန်းမာရေး ကိစ္စကလွဲရင် အိမ်ထောင်ရေး ပြဿနာ သိပ်မရှိလှပါ။ နဂိုကတည်းက သိပ်အဆင်မပြေလှတဲ့ အိမ်ထောင်ရေးတွေကလွဲရင် ကျန်အိမ်ထောင်ရေးများအတွက် အားလုံးနီးပါး အဆင်ပြေချောမွေ့မယ့် နှစ်တစ်နှစ် ဖြစ်ပါလိမ့်မယ်။

ကျန်းမာရေး။ ။ မိမိကိုယ်တိုင် ကျန်းမာရေးပြဿနာ ထူးထူးခြားခြား မရှိတတ်ပါ။ လှုပ်ရှားသွားလာရမှု များသူများ ကျန်းမာရေးပင် ပိုကောင်းနိုင်ပါတယ်။ ခရီးတိုများ သွားလာစဉ် မတော်တဆ ထိခိုက်မှုများ ဖြစ်ကောင်း ဖြစ်တတ်ပေမယ့် စိုးရိမ် စရာမရှိပါ။ မိအို ဖအို ရှိသူများ မိဘများရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါ။ တတ်နိုင်သလောက် ပြုစုပါ။ အသက်အရွယ် အိုမင်းနေတဲ့ မိဘတစ်ဦးဦး ကွယ်လွန်တတ်ပါတယ်။ အချို့ နှစ်ဦးစလုံး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်တတ်ပါတယ်။ (အသက်ငယ်သေးသော မိဘများကို မဆိုလိုပါ၊ အသက်အရွယ် ကြီးရင့်နေ